ပရိုတက်ရှင်း ဆိုတာကို ဆီလျော်အောင် ဘယ်လိုဘာသာပြန်ရပါ့
“”” တောင် တက်သမားရဲ့ တောင်တက်ကြိုး နဲ့ ကျောက်သား မျက်နှာ ပြင် တို့ ရဲ့ အချိတ်အဆက် အမှတ်တခု”””” လို့ဘာသာပြန်ရင် နား ရှုပ်သွားမလား ပဲ
( ရှုပ်လက်စနဲ့ မြန်မာလို ထက်ပြီး အကျယ် ချဲ့ ရှုပ်ရမယ် ဆို ရင် တော့ တောင် တက်သမားရဲ့ တောင်တက်ကြိုး နဲ့ ရောက်ရှိတက်ရောက်နေသော မြေမြက်နှာ သွင် ပြင် “””ထူး ခြားမှုများ“””” တ ခုနှင့် တခုအကြား မြဲမြံစေရန်”””””အမျိုးမျိုးသော ကိရိရာ“”””” များကို အ သုံးပြု၍ချိတ် ဆက်ထားသောအမှတ်တခု လို့ဆိုရမလား ခင်ဗျာ)
“””အမျိုးမျိုးသော ကိရိရာ များ“””””””ကို ဆို တဲ့ ဟာကို ရှင်းရရင် တော့ အဓိကအားဖြင့် ၃ မျိုး ရှိပါတယ်……
- သဘာဝ အလျှောက် ဖြစ်ပေါ်နေတဲ့ (NATURAL PROTECTION)……………သစ်ပင် ကျောက်ဆောင် စတာတွေရယ်
- လုံးဝအသေ(FIXED PROTECTION )………………………………………..ဝေါပလပ်လို ဆွဲထားတဲ့ ( ဘို့ BOLT )..သံ ငုပ် ( PITON ပစ်တွန် လို့ ခေါ်ပါတယ်) ရယ်
- အရှင် တပ်နိုင် ဖြုတ် နိုင်တဲ့(REMOVABLE PROTECTION)……………………(နပ် NUT/ကမ် CAM/ဟက် HEXES )ရယ် ဆိုပြီး ရှိပါတယ်
သဘာဝ အလျှောက် ဖြစ်ပေါ်နေတဲ့ (NATURAL PROTECTION)…………သစ်ပင် ကျောက်ဆောင် စတာတွေရယ် လုံးဝအသေ (FIXED PROTECTION ) ကျောက်သားထဲကို အပေါက်ဖောက်ပြီး ဝေါပလပ်လို ဆွဲထားတဲ့ ( ဘို့ BOLT ) လို့ခေါ်တဲ့ ဟာရယ်။။။။(REMOVABLE PROTECTION) အရှင် တပ်နိုင် ဖြုတ် နိုင်တဲ့ အရာတွေ ဖြစ်တဲ့ ( ဥပမာ ကျောက် သားက လှိုင်ခေါင်းလို တိုး လျှိုပေါက်လေး ဖြစ်နေတယ်ဆိုရင် အဲ့ဒီထဲကို SLING နိုင်လွန် ကြိုးလုံး (သို့) နိုင်လွန် ကြိုး ပြား(သို့) တောင်တက်ကြိုးအတိုလေး ကို လျှိုထည့်ပြီး ချည်နှောင်ပြီး တောင်တက်ချိတ်CARABINER နဲ့ တောင်တက်ကြိုးကို ချိတ်ထားလို့ရပါပြီ အခြားသော အရာတွေလဲ ရှိသေးပါတယ်……….. အဲ့ဒါတွေကတော့ နိုင်လွန် ကြိုးလုံး (သို့) နိုင်လွန် ကြိုး ပြား နှင့် ချိတ်ဆက်ထားသော သ တ္တု ကို အထူး ပုံဖော်ထားသော (နပ် NUT/ CHOCKS/ STOPPER/ TRICAM) လို့ ခေါ်တဲ့ သ တ္တု တုံးသေးသေးလေးတွေ ( ဟက် HEXES ) လို့ ခေါ်တဲ့ ဆဋ္ဌဂံ ပုံစံ ထွင်း သ တ္တု တုံး အလတ်စား မှ အကြီးစားအရွယ်တွေ ( ကမ် CAM /aka FRIEND or SPRING LOADED CAMMING DEVICE)လို့ ခေါ်တဲ့ စပရိန် မောင်း ပါ သော . စပရိန် မောင်းအားဆွဲထား လျှင် ကျုံ့သွားပြီး မောင်းအား လွှတ်လိုက်ပါက ပြန့်ကားလာစေသော အထူးသဖြင့် ကျောက်တောင် အက်ကြောင်းကွဲများအတွင်း သို့ ထိုး သွင်း ၍ မြဲမြံစေရန် ချိတ် ဆက် နိုင် သော ကိရိရာ (ပစ်တွန် PITON ) လို့ ခေါ်တဲ့ ပုံစံအမျိုးမျိုးသော သံသ တ္တု ငုတ် များ ကို ကျောက်သား အတွင်း တူဖြင့်ရိုက်သွင်း ၍ မြဲမြံစေရန် ချိတ် ဆက် နိုင် သော ။ (တျူ့ TUBE/ SPRING LOADED TUBE CHOCK) လို့ ခေါ်တဲ့ လိုသလို ဒုလုံးရှည် ပုံအရှည်အတိုကို ကျောက်သား အက်ကြောင်းကွဲ အရွယ်ပေါမူတည်ပြီး ပြန့်ကား ထွက်လာ အောင် ဒုလုံးရှည်ရဲ့အထဲကနေစပရိန်နဲ့ ကျုံ့ အောင် ဆန့်လာအောင် ညှီ ပေး ပြီး လိုအပ်တဲ့အနေရောက်ရင် ကျပ်ပေးရ တဲ့ကိရိရာ စတာတွေ ပါဝင်ပါတယ် ( အချိတ်အဆက် protection ကိရိရာတွေ အကြောင်း ကို အသေးစိတ်တခုချင်းစီ အခြား နုပ် တခုချင်းစီ သပ်သပ်ခွဲပြီးရေးပါဦးမယ်….ဤ ကား စကားချပ်) 😀
နောက်ပြီး မြေမြက်နှာ သွင် ပြင် ထူး ခြားမှုများလို့ ရေးထားတဲ့နေရာမှာ ဘာကြောင့် ( ထူး ခြားမှုများ) ဆိုတဲ့ စကားလုံးလေးကို ထည့်ထားရသလဲဆိုတာကို နည်းနည်း လင်းပါရစေ ။ တောင်တက်ရာမှာ အထိအခိုက် အနည်းဆုံးဖြစ်စေဖို့ ဒီလိုမြဲမြန်တဲ့ အရာတွေနဲ့ ချိတ်ဆက်ကြ တဲ့အခါ မှာ အမျိုးမျိုးသော သွင်ပြင်တွေကို ကြုံတွေ့ရပါတယ် ဥပါမာ အကြမ်းမျဉ်းအားဖြင့် ROCK PROTECTION ကျောက်တောင်တက်ရင် ကျောက်သား မျက်နှာ ပြင် က ကျောက်သား အက်ကြောင်းကွဲ ကျောက် သား လှိုဏ်ခေါင်း စတဲ့ အပေါ်မှာ မူတည်ပြီး သင့်တော်တဲ့ လူလုပ် ကိရိရာတွေကိုသုံးရမှာ ဖြစ်သော်လဲ တခါတရံမှာ တောင်တက် ကြိုး ထိမ်း သူရဲ့ “”” PROTECTION အချိတ်အဆက် အမှတ်တခု”””” ဟာ အနီးနားက NATURAL PROTECTION သစ်ပင် တပင် လဲ ဖြစ်နိုင်ပါတယ် ပြီးတော့ ICE PROTECTION ရေတွေအတိခဲနေတဲ့ မတ်စောက်လှတဲ့ ရေခဲ ရေတခွန် ကြီးလဲဖြစ်နိုင် သလို တောင်ပေါ်မှာ ရေပြင်ညီ (သို့) ဆင်ချေ လျှောစောက် တွေမှာဆိုရင်လဲ အခြားသော ကျောက်လပို့ ပုံစံ ကျောက်တွေမှာ နိုင်လွန် ကြိုး (သို့) တောင်တက်ကြိုး ကို လျှိုထည့်ပြီး ချည်နှောင်ပြီး တောင်တက်ချိတ်CARABINER နဲ့ တောင်တက်ကြိုးကို ချိတ်ထား တဲ့ တောင်တက်သမားတွေနဲ့ ချိတ်ဆက် တာတွေစသော မြောက် မြားစွာသော အ စီအမံ တွေကို သတိဝရိရ နှင့် ဉာဏ် ရှိသ၍ တောင်တက် ကိရိရာရှိသ၍ မြေမြက်နှာ သွင် ပြင် အခြေအနေပေးသလို ဆောင်ရွက် ၍ တောင်ထိပ်များဆီသို့တက်လှမ်းနိုင်ပါ စေကြောင်း….