တောင်တက်မြေဖြူ အကြောင်းအပျင်းပြေဖတ်ဖို့ ( abcd about climbing chalk )

556113_3261674880064_1320087115_n

 ကျောက် တောင် တက် တဲ့ အခါ  သုံးရတဲ့ မြေဖြူ အကြောင်းကို  ပြောပြချင်ပါတယ်

                   Climbing Chalk  ကို ဒီနေရာမှာ “ တောင်တက်သုံး မြေဖြူမှုန့် ” လို့ ဒဲ့ထိုးကြီးပဲ ဘာသာပြန်လိုက်ပါရစေ
Climbing Chalk  တောင်တက်သုံး မြေဖြူမှုန့်  ဆိုပြီးတော့ ၁၉၅၀ ပြည့်နှစ်တွေကနေ စပြီး သုံးခဲ့ ကြတာ မဂ္ဂနီစီယမ်ကာဘွန်နိတ် ဒြပ်ပေါင်းဖြစ် ပါတယ်
                 ဟိုး အရင်ကတော့ (Drying Agent) လက် က ချွေး တွေခြောက်စေတဲ့ မဂ္ဂနီစီယမ်ဆာလဖိတ်ကိုသုံးခဲ့ကြပေမဲ့ ခုတော့ သဘာဝပတ်ဝန်းကျင်ကို ကော လူကိုကော ဆိုးကျိုးအနည်းဆုံးဖြစ်တဲ့ မဂ္ဂနီစီယမ်ကာဘွန်နိတ် ကိုပဲ သုံးတော့ ပါတယ်( ဒါပေမဲ့လဲ ဒီအမှုန့်တွေလေထဲလွင့်တဲ့ အခါ မျက်လုံးထဲ နှခေါင်းထဲ တွေ မတော်တဆ ဝင်နိုင်ပြီး အံန္တရာယ် ဖြစ်တာ ဓာတ်မတဲ့တာမျိုးတွေ ကြီးကြီးမားမားမရှိခဲ့ပေမဲ့မဝင်အောင်ရှောင်နိုင်ရင်တော့အကောင်းဆုံးပါ)
Climbing Chalk  တောင်တက်သုံး မြေဖြူမှုန့်  ကို   အဓိက သုံးရခြင်း ရည်ရွယ်ရင်းကတော့ ကုပ်ဖဲ့တွယ်တက် ရာမှာ ကုပ်အားပိုကောင်းစေဖို့ လက်မြဲစေ ဖို့….. တောင်တက်စဉ်လက်မှာအဆီပြန်တာရယ် ချွေးထွက်တာတွေရယ် ကြောင့် လက်မမြဲတာမဖြစ်ရလေအောင်……အရမ်း ချောမွတ်တဲ့ကျောက် သားမှာကုပ်အားပိုကောင်းစေဖို့…. ၊အရမ်း ကြမ်းတမ်းတဲ့ကျောက် သားတွေမှာဆိုလဲ လက်တွေပွန်းပဲ့တာကိုအနည်းအကျဉ်းတော့ကာကွယ် နိုင်လို့……. ၊ကျောက်တောင်တက်သမားရဲ့လက်ဖျား လေးတွေနဲ့ ကျောက် သားရဲ့ကြားက ပွတ်တိုက်အား(Friction) ပိုကောင်းလာဖို့…အဓိက ရည်ရွယ်ပါတယ်။…………………….
ကျောက် တောင် တက် မြေဖြူအမျိုးအစားက
  • အမှုန့်(Powder Chalk) နဲ့
  • အရည် (Liquid Chalk )ဆိုပြီး ၂မျိုးရှိပါတယ် ။။
. (Powder Chalk)  အမှုန့်မှာက၂မျိုးထက်ခွဲပါတယ်
  • အမှုန့်အပြေ အလွင့်(Loose Chalk) နဲ့
  • အမှုန့်တွေသိပ်ထည့်ထားတဲ့ အထုပ်  (Chalk Ball )              (ပုံထဲမှာ ပြထားတဲ့အတိုင်း 1.အရည် (Liquid Chalk ) 2. အမှုန့်တွေသိပ်ထည့်ထားတဲ့ အထုပ် ရယ် (Chalk Ball )  3. အမှုန့်အပြေ အလွင့်(Loose Chalk)  ရယ် ဆိုပြီး ) ၃မျိုး၃စား ဖြစ်သွားတာပေါ့…….
 အထူးသဖြင့် Climbing Chalk  အသုံးကြီးသုံး ရတာကတော့ ပူနွေးအိုက်စပ်တဲ့နေရာတွေ ရာသီတွေမှာ၊ စိုထိုင်းစများတဲ့ နေရာ ။ပင်လယ် တွေကမ်းခြေတွေ ကျွန်းစွယ်တွေနဲ့တောနက်တွေ ကကျောက်နံရံ တွေမှာပေါ့ ။။
( နေရာအားလုံး နီးပါး အသုံးဝင်ပါတယ် ၊ စိုထိုင်းစများပြီး ချွေးထွက်လွယ်တဲ့ နေရာတွေမှာ ဆိုရင် တောင်တက်မဲ့ လက်ကို ခြောက်သွေ့နေဖို့အတွက် တွေကို သုံးတာအကောင်းဆုံးပါပဲ ).။
                            အဲဒီမှာ ကျောက်တုံးတွေ ကျောက်နံရံတွေကိုကုပ်ဖဲ့တွယ်တက်ကြတဲ့အ ခါ သာမန် ချွေးထွက်တဲ့သူတွေတောင် လက်ဖဝါးတွေအဆီပြန် ချွေးပြန်ကြပါတယ်…………. ဒီ တော့ တောင်တက်တဲ့အခါမှာ လက်ကိုခြောက်သွေ့နေစေဖို့ ဟာ အတွက်အသုံးဝင်ပါတယ် လက်ဖဝါးတွေအဆီအရမ်းပြန်တဲ့သူတွေအတွက်ကတော့ မှုန်နေအောင် လက်ဖဝါးကြီးတခုလုံး ဖြူဖွေးနေအောင်းကို ဖောဖောသီသီ သုံးတာပဲ ။။,။
ဒါကိုဘယ်လို သယ်သလဲ ဆိုတာ ???? ။
ကျောက်နံရံပေါ်တက်ရင်းဘယ်လိုသယ်လဲဆိုတော့ ( Chalk Bag) လို့ခေါ်တဲ့ လက်တလျှို စာ အဝဖွင့်အိပ်သေးလေးတွေရှိပါတယ်
ကြိုးကလေးနဲ့ခါးမှာပဲချည်ချည် တောင်တက်ခါးသိုင်းကွင်း ခါး ပတ် (Harness) မှာ ချိတ်ပြီးတော့ တက်နေတုန်း သုံးဖို သယ်သွားလို့ရပါတယ် ဒါကတော့အ မှုန့်၂မျိုး (Loose Chalk & Chalk Ball) အတွက်ပါ အမှုန့်အပြေ အလွင့်(Loose Chalk) နဲ့ အမှုန့်တွေသိပ်ထည့်ထားတဲ့ အထုပ် ရယ် (Chalk Ball) ကို ထည့်ပြီးသုံးလို့ အဆင်ပြေပါတယ်
    အမှုန့်အပြေ အလွင့်(Loose Chalk) ဆိုတော့ သူကလွယ်လွယ်နဲ့လက်ထဲကိုရောက်ဖို့သိပ်လွယ်သလို ပြန့်လွင့်လဲလွယ်ပါတယ်။
(Chalk Ball) အမှုန့်တွေသိပ်ထည့်ထားတဲ့ အထုပ် ကတော့ဒီအမှုန့်အပြေ တွေကိုပဲ ပိတ်မထူမပါးလေးထဲကိုလုံးကျစ် သိပ်ပြီးထည့်ထားတာပါ
အဲဒီ အထုပ် လေး (Chalk Ball) ကို ဖြစ် ညှစ် မယ်ဆိုရင် ပိတ်သားကြားထဲက အမှုန့်တွေ လက်ကိုရောက်ပါမယ် ဒါပေမဲ့ အမှုန့်အပြေ အလွင့်(Loose Chalk) လိုလွယ်လွယ်နဲ့မပြန့်လွင့်နိုင်တာကအားသာချက်ပါ …………
 မတော်တဆ ဘော်ဒါတို့လက်ထဲက အမှုန့်အပြေ အလွင့်(Loose Chalk) ရယ် အ မှုန့်တွေသိပ်ထည့်ထားတဲ့ အထုပ် ရယ် (Chalk Ball) ရယ် တပြိုင်ထဲလွတ်ကျ ရင်(Loose Chalk) ကတော့တဝက်လောက်ပြန်ရရင်ကံကောင်းပေါ့ (Chalk Ball) ကတော့အေးဆေး ပဲ ကျတဲ့နေရာမှာ အမှုန် နဲနဲကပ်ကျန်တာကလွဲလို့ပြန်ရပါတယ်။
အမှုန် ပြီးတော့ အရည် (Liquid Chalk)။။။
အရည် က ဗူးတွေ ပုံစံအမျိုးမျိုးနဲ့လာပါတယ် ၊ဘာလာလာ အဖုံးဖွင့်ပြီးလက်ထဲ ညှစ်ချလိုက် ပါ ( ရှင်းသွားတာပဲ ဟဲဟဲ)
ခပ်ပြစ်ပြစ်အရည်ကို ဘော်ဒါတို့လက်ထဲမှာ ဘယ်ညာပွတ်လိုက်ရင် အမှုန့်အာနိသင်အတိုင်းရပါတယ် ဒီကောင်ကနဲနဲပိုဈေးကြီးတယ်ဗျ သူကလက်ပေါ်မှာနဲနဲ ကြာကြာခံပါတယ် ဒါပေမဲ့ ကပ်စေးစေးကြီးလဲမဖြစ်ပါဘူး ပြီးတော့သူကနောက်ဆုံးပေါ် ကိုးဗျ
(လိုအပ်ချက် ရှိလို့ပေါ်လာတာဆိုပါတော့။။။။။။. သူ့ကိုတော့ အီသနော လို အယ်လကိုဟော်လ လို အငွေ့ပြန်တဲ့အရည်ရယ်အမွှေးရနံ့တွေရယ်ကို မဂ္ဂနီစီယမ်ကာဘွန်နိတ် နဲ့ပဲရောပြီးလုပ်ထားတာပါ အလေးမသမားတွေနဲ့ ကြွမ်းဘား သမားတွေလဲ လက်မြဲအောင်သုံးကြပါတယ်)…………..
………….အဲ တခါ ဘယ်နေရာမှာဘာကိုဘယ်လိုသုံးရမလဲတဲ့ အဲဒါကတော့ရှင်းပါတယ်ကြိုက်တဲ့နေရာမှာ ကြိုက်သလို ရှိတဲ့ဟာနဲ့သုံးပါလို့
( ဒါပေမဲ့လဲ တချို့နေရာတွေမှာ ချွင်းချက်တော့ရှိပါတယ်)
အမှုန့်အပြေ အလွင့်(Loose Chalk) ကို (Indoor Climbing Gym ) အားကစားရုံတွေမှာပေးမသုံးကြပါ……
တချို့Artificail Climbing Gym ကလေဟာပြင်မှာ…..တချို့Climbing Gym ကတော့ Indoor အလုံပိတ်ခမ်းမကြီးတွေမှာလေအေးပေးစက်နဲ့ သီချင်းလေးနဲ့ ညိမ့်လို့ဇိမ်ကျလို့ပေါ့ ….. အလုံပိတ် တွေမှာဆိုရင်တော့ (Loos Chalk ) ကိုပေး မသုံးပါဘူး အမှုန့်တွေသိပ်ထည့်ထားတဲ့ အထုပ် (Chalk Ball) တို့ အရည် (Liquid Chalk) တို့ပဲသုံးရပါတယ်
အဲ အပြင်မှာ တက်ကြရင်တော့ အမှုန့်အပြေ အလွင့်(Loose Chalk) ကအားသာပါတယ် အေးဆေး ပဲ နှိုက်သလောက်ပါပါတယ် ။။။။ဟဲဟဲတောင်ပေါ်ကုပ်ကပ်တက်နေတုံး အရည် (Liquid Chalk) ဗူးကြီးဖွင့်ပီးတော့ သုံးဖို့ကတော့ ရူးတာပဲ မဖြစ်နိုင်ဘူး ပေါ့ ၊၊၊၊၊ဟုတ်ပါတယ် ဘယ်သူမှလဲ အဲ့လိုမသုံးကြပါဘူး ။
ဒါဆိုရင်……..
အရည် (Liquid Chalk) ကိုဘယ်မှာသုံးကြတာလဲ ????
ဒါက နောက်များမှာ ထပ်ပေါ်လာတဲ့ (Bouldering) အိမ်လောက်ရှိတဲ့ကျောက်တုံးတွေကို ကပ်သပ်တွယ်တက်တာတို့ ပြီးတော့…….
အောက်မှာရေနက်နက်ရှိတဲ့ပင်လယ်ကကျောက်ဆောင်တွေ ကျွန်း ကမ်းပါးတွေကိုတက်တဲ့(Deep Water Soloing) တို့ပေါ်လာတဲ့နောက်မှာ အရည် (Liquid Chalk) ကို လိုအပ်ချက်တခုအနေနဲ့သုံးကြတာပါ ။။။
(……အထက်ပါ BOULDERING တို့ DWS DEEP WATER SOLOING တို့ ကကြိုးတွေကရိရာတွေမပါပဲတက်တဲ့နည်းတွေပါ…….ဤကား စကားချပ်)
……ဘာလို့အရည် (Liquid Chalk) ကိုအဓိကသုံးရလဲဆိုတော့အဲဒီ Bouldering / Deep Water Soloing တွေက ၃မီတာကနေလွန်ရောကျွန်ရော မီတာ၂၀ လောက်ပဲ တက်ကြတာများတယ် ဆိုတော့ သူကခဏခဏ (Chalk) သုံးစရာမလိုပါဘူး မတက်ခင်မှာ တခါထဲလက်မှာတင်ယူသွားရင်လုံလောက်တယ်ဆိုပါတော့ ပြီးတော့ အထူးသဖြင့် (Deep Water Soloing ) ရေနက်ကျောက်ဆောင်တွေတွယ်တက်ကြတဲ့အခါ တက်ရင်းနဲ့ရေထဲကို အချိန်မရွေးပြုတ်ကျနိုင်တော့ အ မှုန့်(Loose Chalk or Chalk Ball with Chalk Bag) ခါးမှာသယ်သွားရင် ရေထိပီး ခဲသွားမှာဆိုတော့သုံးမရဖြစ်ကုန်ရောခင်ဗျ ဒီတော့မတက်ခင်မှာ အရည် (Liquid Chalk) ကို လက်ထဲစွတ်ပြီး ဗူးကို ဘောင်းဘီအိပ်ပါရင်အိပ်ထဲထည့်သွား တက် အားရပါးရ တက်း) ပြီးရေထဲခုန်ချ အေးဆေးပဲ အဲလိုအဲသလိုပါခင်ဗျ ။။။.။
ဒီတော့ စိတ်ဝင်စားလို့တက်ကြမယ်ဆိုရင်
  • အမှုန့်အပြေ အလွင့်(Loose Chalk)
  • အရည် (Liquid Chalk)
  • အမှုန့်တွေသိပ်ထည့်ထားတဲ့ အထုပ် (Chalk Ball) တို့ကိုအဆင်ပြေသလို အလျှင်းသင့်သလိုသုံးနိုင်ကြပါစေခင်ဗျာ
(စကားမစပ် ဈေးတွေကတော့ (Loose Chalk) နဲ့ (Chalk Ball) က ၂၅၀၀ ၃၀၀၀ ဝန်းကျင် (Liquid Chalk) က ၅၀၀၀ ဝန်းကျင်ရှိပါတယ် အမြို့မြို့ဆိုင်တိုင်းတွင်မေးဝယ်ပါ 😀 )……

(Left to Right – အရည် (Liquid Chalk)……. အမှုန့်တွေသိပ်ထည့်ထားတဲ့ အထုပ် (Chalk Ball) ….အမှုန့်အပြေ အလွင့်(Loose Chalk) )

တောင်တက်သုံးမြေဖြူမှုန့်အိတ်ကို တောင်တက်သမားရဲ့ ခါးမှာ ခုလိုချိတ်ပြီး လိုရင်လိုသလိုယူသုံးလို့ရပါတယ်

9114_4353928945733_1839161834_n

(Deep Water Soloing) လို့ခေါ်တဲ့ ပင်လယ် ရေနက်နက်အောက်မှာရှိတဲ့ ကျောက်တောင်တွေကို တက်တဲ့အခါမှာတော့ ဘယ်သူမှ chalk bag ကို ခါးမှာ သယ်သွားလေ့မရှိပါဘူး ၊ အရည် liquid chalk ကိုပဲ လက်ထဲ ထည့်သွားပြီးတက်ကြတာမျိုးပါ

ခုလိုမျိုး ဟိုတွယ်ဒီတွယ်တက်တဲ့အခါမှာ သုံးပါတယ်

ခုလိုမျိုး ဟိုတွယ်ဒီတွယ်တက်တဲ့အခါမှာ သုံးပါတယ် ( ဟီးဟီး)
Advertisements
This entry was posted in Know_How, Rock Climbing and tagged , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s