“ရေနက် ကျောက်တောင် ကျောက်ဆောင်” တက် ခြင်း (Deep Water Soloing)

1017058_4353929865756_1408338372_n

(Deep Water Soloing) တဲ့ဗျ………….. ကျောက်တောင်တက်တဲ့ အားကစားထဲကတခုပါ

သူကတော့ ” ကြိုးတွေ ကရိရာတွေမပါပဲ တက်တဲ့နည်းပါ

တိုက်ရိုက်ဘာသာပြန်ရရင်တော့…………… (Deep Water )ဆိုတာကတော့ရှင်းပါတယ်

Deep Water = ရေအနက်ကြီး ပေါ့( အဓိကအားဖြင့်  ပင်လယ်ကမ်းပါး ကျောက်ဆောင်တွေ ကျွန်းစွယ်တွေ ကစလို့ မြစ်ချောင်းတွေ ကန်တွေအိုင်တွေဘေးက ကျောက်ဆောင်တွေကျောက်တောင်တွေရဲ့အောက်မှာ ရေအနက်ကြီးရှိနေဖို့ပါ ရေတိမ်လို့ကတော့ ရေထဲပြုတ်ကျတဲ့အခါ ထိခိုက်ဒဏ်ရာနိုင်ပါတယ်)       (Soloing)ဆိုတာကတော့ ကရိရာအကူအညီ (ကြိုးတွေ ချိတ်တွေ) မပါပဲ အလွတ် ကျောက်တောင်တက်ခြင်း ကိုဒီနေရာမှာ ဆိုလိုပါတယ်

1011734_4358180132010_1365695626_n

အောက်မှာရေနက်နက်ရှိတဲ့ပင်လယ်ကကျောက်ဆောင်တွေ ကျွန်း ကမ်းပါးတွေကိုကရိရာတွေမပါပဲတက်တဲ့(Deep Water Soloing- DWS) ကျောက်တောင်တက်အားကစားလို့ ဆိုရပါမယ်…………………သမိုင်း အထောက်အထားလေးနဲ့မှကြိုက်တဲ့သူများအတွက် သူ့ရဲ့ သမိုင်းလေးကိုအကျဉ်းချုပ်ပြောရရင် DWS ဆိုတာ၁၉၆၀ ပြည့်နှစ်များအလွန် ၁၉၇၀ အစဦး နှစ်ကာလများက အင်္ဂလန်ပြည် တောင်ပိုင်းမှာ မွေးဖွား စတင်ခဲ့တယ်လို့ဆိုပါတယ်

၁၉၉၀ ခုနှစ်တွေကနေစတင်ပြီး DWS စတိုင် ကျောက်တောင်တက်အားကစားအာ ပိုမိုစနစ်ကျလာပြီး ဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်………..DWS ကို psicobloc လို့လည်း အရင်ကခေါ်ဝေါခဲ့ပါတယ် (စပန်းနစ်(ရှ)ဝေါဟာရပါ)…………အဓိပ္ပာယ်ကတော့ “Psycho Bouldering”. “စိတ္တဇကျောက်တောင်တက်ခြင်းဆိုပါတော့

၁၉၇၈ခုနှစ်များက  စပိန်ပိုင်နက် မဂျော်ကာကျွန်းမှာ  စပိန်တောင်တက်သမား မိကြွဲ ရဲရာ (Miquel Riera)  နဲ့ သူ့ဘောဒါတွေကျောက်တောင်အရှာထွက်ကြ….တက်ကြနဲ့ သူတို့ရဲ့ခရီးလေးတွေအကြောင်းကို စာတွေရေးကြနဲ့ DWS တောင်တက်နည်းဟာ  ဥရောပမှာပိုမိုတွငကျယ်လာခဲ့ပါတယ် အိုင်ယာ လန် စပိန် ဂရိ စတဲ့ နေရာတွေမှာစတင် ခေတ်စားခဲ့ပါတယ် အခုအခါမှာတော့ ကမ္ဘာ အရပ်ရပ်ကိုပြန့်နှံ့လို့နေပါပြီ

( ဟဲဟဲ အမှန်တော့ ကျွန်တော်လည်း မမှီလိုက်တော့ သေချာသိဘူး ဗျ ဂူးဂယ်တို့ ဝီကီတို့ကရေးထားတဲ့ဟာတွေအနှစ်ချုပ်ပြီး   ပြန်ရွှီးတာနော်)

996856_4353927505697_371961779_n

ဟုတ်ကဲ့ သမိုင်းတွေပြီးပြီဆိုတော့ ပထဝီ ( အဲ့စောရီး ) ကျွန်တော်တွေ့ကြုံခဲ့သလောက်လက်တွေ့ ပိုင်းလေးကိုဆက်လင်းပါရစေ

(1)  Deep Water Soloing Climbing Route တွေက ၃မီတာကနေလွန်ရောကျွန်ရော မီတာ၂၀ လောက်ပဲ

(2) ဒီလိုမျိုးတောင်တက်ဖို့ကတော့ ရေကူးတက်ဖို့လိုအက်ပါတယ် ( ရေမကူးတက်ရင်လည်း တက်ချင်ရင်ဖြစ်ပါတယ် အသက်ကယ်ဝတ်စုံ Buoyancy Aid ဝတ်ပြီးတက်ပေါ့….Safety First ကိုး …. ကျောက်တောင်ပေါ်ကပြုတ်ကျရင်ရေထဲပဲကျမှာ)

(3) အဲ့ဒီလိုတက်ဖို့အတွက်မော်တော်ဘုတ် စတဲ့ လှေလိုပါတယ် (တယောက်စီး နှစ်ယောက်စီးလောင်းလှေ သို့မဟုတ် Canoe/Kayak ကနူးကရက်လှေပါသွားရင် ကျောက်ဆောင်အခြေကို ဘုတ်နဲ့ကပ်မရအောင် လေထန်လှိုင်းထန်နေရင် အသုံးဝင်ပါတယ် ဒါမှမဟုတ်လဲ တောင်တက်ရာကနေ အပြောင်းအလဲလေး အပန်းပြေ လှေလှော်ပေါ့)

ရေအနက်ဘယ်လောက်ရှိသင့်သလဲဆိုတာနဲ့ပတ်သက်လို့ကတော့ ကြိုးစားပြီးရှင်းပြပါ့မယ် အခြေခံကတော့ တက်ရောက်မဲ့ ကျောက်တောင်ရဲ့ အမြင့်ပေါ်မူတည်ပြီးအချိုးကျပါတယ် ( Deep Water Soloing Route တွေက ၃မီတာကနေလွန်ရောကျွန်ရော မီတာ၂၀ လောက်ပဲ တက်ကြပါတယ် ဒီတော့ကာ ရေအနက်ကတော့အနည်းဆုံး ၁၅မီတာထက်တော့မတိမ်သင့်ပါဘူး…. ၃မီတာနဲ့ ၅မီတာ အမြင့်လောက် route ပဲတက်မယ်ဆိုရင်တော့ ၁၀မီတာရေအနက်ကို ချွင်းချက်အနေနဲ့ စဉ်းစားလို့ရပါတယ် Standard ကတော့ 15 meters မိတာအနက်ရှိသင့်ပါတယ်

နေရာသစ်ရှာဖွေတက်မဲ့သူများအနေနဲ့ ကျောက်သားကောင်းကောင်းတွေ့တိုင်းပျော်လို့မရပါဘူး ရေထဲပြန်ကျရင် ကင်းလွတ်ရေအနက်ကောင်းကောင်းရှိမရှိ မဖြစ်မနေရေထဲကိုဆင်းပြီး ရေငုပ်ပြီးကြည့်ဖို့လိုပါတယ် ရေငုပ်ကိရိရာတွေမလိုပါဘူး သွာ;မယ်ဆိုရင် ရေကူးကြွမ်းတဲ့ ရေငုပ်ကောင်းတဲ့ သူငယ်ချင်းပါရင်အားကိုးရပါတယ်

1010263_4353696699927_987883984_n

Nikola ( machina de Bulgaria ) on the start of Generation-X 7b+ photography ©doelone2013

ကျောက်တောင်တတ်တဲ့နည်းစနစ်နဲ့ပတ်သက်လို့ …….

(1) အရင်ကျွန်တော်တို့ ( Sport Climbing /Aid Climbing/ Bouldering )လုပ်ခဲ့ကြတုံးကနဲ့ ဘာတွေကွာခြားသလဲ ဘာတွေသတိထားရမလဲဆိုတော့ကာ အရင်တုံးက ကျောက်တောင်တက်ဖို့ Crag  တွေကိုသွားတဲ့အခါကား ( သို့ ) ခြေလျင်သွားရတာပါပဲ ဒါကတော့ရှင်းပါတယ် ( Deep Water Soloing DWS) မှာတော့ လှေနဲ့သွားတယ်…..  တခါတရန် ကိုယ်တက်မဲ့ ကျောက်တောင် လမ်းကျောင်း အောက်ခြေအနားထိ Motor Boat/ Speed Boat ဘုတ်ကမောင်းလို့မရရင် လှေအသေးစားကလည်းမပါခဲ့ရင် မဖြစ်မနေ ရေကူးပြီးသွားရပါတယ်….. အဲ့ဒီအခါ လက်ဖျားတွေနဲ့ တောင်တတ်ဖိနပ်ရေစိုသွားတဲ့အခါ သာမန်တက်မနေကျ (F4/5 or 5.9/5.10 ) လိုလွယ်တဲ့ climbing route တွေတောင် ခက်သွားတာမျိုးဖြစ်တက်ပါတယ်

(2) ပြီးတော့ လက်မချောအောင်သုံးတဲ့ (Climbing Chalk ) ကိုလည်း Liquid Chalk ကိုသာသုံးသင့်ပါတယ် …..ဘာလို့အရည် (Liquid Chalk) ကိုအဓိကသုံးရလဲဆိုတော့အဲဒီ Bouldering / Deep Water Soloing တွေက ၃မီတာကနေလွန်ရောကျွန်ရော မီတာ၂၀ လောက်ပဲ တက်ကြတာများတယ် ဆိုတော့ သူကခဏခဏ (Chalk) သုံးစရာမလိုပါဘူး မတက်ခင်မှာ တခါထဲလက်မှာတင်ယူသွားရင်လုံလောက်တယ်ဆိုပါတော့…….. ပြီးတော့ အထူးသဖြင့် (Deep Water Soloing ) ရေနက်ကျောက်ဆောင်တွေတွယ်တက်ကြတဲ့အခါ တက်ရင်းနဲ့ရေထဲကို အချိန်မရွေးပြုတ်ကျနိုင်တော့ အ မှုန့်(Loose Chalk or Chalk Ball with Chalk Bag) ခါးမှာသယ်သွားရင် ရေထိပီး ခဲသွားမှာဆိုတော့သုံးမရဖြစ်ကုန်ရောခင်ဗျ ဒီတော့မတက်ခင်မှာ အရည် (Liquid Chalk) ကို လက်ထဲစွတ်ပြီး ဗူးကို ဘောင်းဘီအိပ်ပါရင်အိပ်ထဲထည့်သွား တက် အားရပါးရ တက်း) ပြီးရေထဲခုန်ချ အေးဆေးပဲ

(3) ရေထဲကနေ ကျောက်ဆောင်ပေါ်တက်တဲ့အခါမှာလည်းဒီရေအတက်အကျ ကြောင့်ရေတိုက်စားခံထားရတဲ့ ကျောက်သားတွေဟာ တခါတလေချွန်ထက်နေတက်ပါတယ်……….ဒါမှမဟုတ်လဲအဆူးတွေရှိတဲ့ဂုံးလိုကောင်ဖြူဖြူလေးတွေအများကြီးကပ်နေတက်တာရယ်ကြောင့် ခြစ်မိ ခိုက်မိမှာကို တော်တော် သတိထားပြီး ချဉ်းကပ်ဖို့လိုပါတယ်

(4) အဆင်ပြေပြေနဲ့ ကိုယ်တက်မဲ့ လမ်းကြောင်းပေါ်ရောက်သွာပြီဆိုရင်တော့ Enjoy your Climb…  ပျော်ပျော်ကြီးတက်ပေတော့ ဆရာ

(5) အဲ့ပြီးတော့ ပြန်ဆင်းဖို့ကျန်သေးတယ် ရှင်းပါတယ် ရေထဲကို ခုန်ချတာပါပဲ ( တချို့ တွေကတော့ တက်နိုင်သလောက် Down Climb ပြန်ဆင်းပြီးမှ ရေထဲခုန်ချတယ်)

7137_4358180172011_327197485_n

ရေထဲ ပြုတ်ကျသွားပြီး ပြန်အတက်မှာ ချွန်ထက်နေတဲ့ ကျောက်စွန်း ..ဒါမှမဟုတ်လဲအဆူးတွေရှိတဲ့ဂုံးလိုကောင်တွေနဲ့ ထိခိုက်မိမှာကို သတိထားဖို့လိုပါတယ်

(ရေထဲကို အမြင့်မီတာ ၂၀မပြောနဲ့ ၅မီတာ လောက်ကနေကျတယ်ဆိုရင်ပဲ ဒီ ကိစ္စဟာတယ်မလွယ်လှပါဘူး အန္တရယ်များပါတယ် ဒီတော့နည်းစနစ်လေးတွေအသုံးချနိုင်ရင် ပိုမို အန္တရယ်နည်းပါးနိုင်ပါတယ် )

ပြန်အဆင်းရေထဲခုန်ချတာနဲ့ပတ်သက်လို့အဲ့ဒီအပိုင်းမှာ ၂ပိုင်းကွဲပါတယ်

(1)Unconscious Fall  အားရပါးရတက်နေရင်းနဲ့မှ ရေထဲကို ပြုတ်ကျတာ ( ခြေကုပ်လက်ကုပ်မမြဲတော့လို့ လက်ချော်လို့ အားကုန်လို့ စတဲ့ စိတ်ကအသင့်ကြိုတင်ပြင်ဆင်မထားပဲ ရေထဲကိုပြုတ်ကျတာမျိုး ဒါမျိုးကတော့များသောအားဖြင့် ကြောင်ကျမကျတတ်ပဲ ရေထဲကို တင်ပါးနဲ့တို့ ကျောနဲ့တို့ ရိုက်မိပြီး ခွေးကျဝက်ကျ ကျတတ်တာများပါတယ် အခန့်မသင့်ရင်ရေမွန်းတတ်ပါတယ်ဖြစ်တတ်တာလေးတွေပါ အစတက်တက်ချင်းအခေါက်တွေမှာဖြစ်တက်ပါတယ် (နောင်အကျမနာအောင်လေ့ကျင့်ယူလို့ရပါတယ်ခင်ဗျာ )

(2) Conscious Fall နောက်တပိုင်းကတော့ တက်နေရင်းနဲ့ အပေါ်ဆုံးကိုရောက်သွားတာ

သို့မဟုတ်ထပ်မတက်ဖို့ဆုံးဖြတ်လိုက်ပြီး   ဒီတော့ စိတ်ထဲမှာ ရေထဲကိုပြန်ခုန်ချဖို့က အသင့်ပြင်ထားပြီးသား ကိုယ့်ရဲ့ ဟန်ချက် ကိုယ်အနေအထားကိုလည်းထိမ်းလို့အချိန်ရှိလိုက်တယ်ပေါ့ ရေထဲကို ခုန်ကျပြီး ရေကူး ပြီးလှေပေါ်ပြန်တက်ဖို့ပါပဲ

999676_4353651738803_1808734627_n

DWS လုပ်မယ်ဆိုရင် ရေကူးတတ်ဖို့ရယ် အကျကောင်းဖို့ရယ် လိုပါတယ်

Tips : ဒီလိုခုန်ချတဲ့နေရာမှာ (တော်ပီဒို “Torpedo posture” ဆိုတဲ့ နည်းစနစ်လေးကို အသုံးချနိုင်ရင်ပိုကောင်းပါတယ်  ခန္တာကိုယ်ကို မတ်မတ်ထား မျက်နှာကိုရှေ့တည့်တည့်ကြည့်ပြီး ခုန်ချ ရေထဲရောက်ခါနီးမှာ လက်နှစ်ဖက်ကိုကိုယ်တစ်ဖတ်တစ်ချက်စီမှာတင်းတင်းကပ်ပြီး ( ရေမျက်နှာပြင်နဲ့ လူ့ခန္တာကိုယ်နဲ့ ထောင့်မတ်ကျ ပြီး ) ရေထဲကို ခြေထောက်နဲ့ တော်ပီဒိုလိုတိုးသွားတာမျိုးပါ  အကျတော်တော်သက်သာပါတယ် ( တချို့လူတွေက ရေမွန်းမဆိုးလို့ နှာခေါင်းကိုလက်တဖတ်နဲ့ပိတ်ပါတယ် အစဉ်ပြေသလိုလုပ်ပါ ကျွန်တော်ကတော့ အသက်အောင့်ထားပြီးခုနလို ပုံစံနဲ့ ခုန်ချဖို့အကြံပေးပါတယ် ( ငယ်ငယ်ကကျွန်တော်တို့ ဗွက်အိုင်တွေထဲရွှံ့အိုင်တွေထဲ ခုန်ချဘူးဆော့ဖူးတဲ့သူတွေသိပါတယ်) ဒီနည်းလေးကို အသုံးချရင် အတွေ့အကြုံရှိလာတာနဲ့အမျ Unconscious Fall  တွေကိုပါ အကျတော်လာမှာပါ

ကျောက် တောင်တက်လမ်းကြောင်း ခက်ခဲမှုအဆင့်သက်မှတ်ချက်နဲ့ပက်သက်လို့

DWS Grading နဲ့ပက်သက်လို့ ကတော့ အရင်သုံးနေကျ ( ပြင်သစ် French System

+ > ) တို့ ( ယိုစီမိတေး YDS Yosemite Decimal System ) စနစ်တို့နဲ့အတူ  ( Deep Water Soling ) အတွက် ဒီနေရာမှာ ” S Grade   စနစ်ကိုသုံးပါတယ်( ဥပမာ F6b+  S”0″  / 5.12c S”1″ etc  )  ၁၉၉၀နှစ်ကာလများစီကနေ UK ကောင်တွေ ဗြိတိရှတွေပေါ့ဗျာ သူတို့စပြီးသက်မှတ်ခဲ့တာ  ( S”0″  ) ဇီးရိုး ကနေ (S”3″) သုံး ထိပဲရှိပါတယ်

DWS ဘာကြောင့်လူတွေသဘောကျ ကြသလဲ >> Why Deep Water Soloing ???

တက်တဲ့ကောင်မလေးတွေက Swim Suit လေးတွေ ဘာမှမဟုတ်လဲ Bikini ဘီကီနီလေးတွေနဲ့မို့လို့ ( လို့ထင်ရင်မှား မပေါ့ ကွယ်….)

1010647_4353928745728_1799582578_n

>>>>> ကျွန်တော့အမြင်ကတော့(များသော အားဖြင့် ဒီလိုတက်ဖို့ သာယာလှပတဲ့ ပင်လယ် ကျောက်ဆောင် ဘက်တွေကိုမဖြစ်မနေထွက်ရတဲ့ခရီးဖြစ်တာရယ်……

>>>>  ပြီးတော့ တောင်တက်ရုံတင်မကပဲ Sea Canoeing /Kayaking  ကနူးကယက် လှေလှော်တာ

>>>>>  (Snorkeling ) စနောကဲလင်း ရေတိမ်သန္တာကျောက်တန်းတွေမှာရေငုပ်တာတွေကိုပါ တပါတည်းလုပ်လို့ရလို့ လူကြိုက်များပါတယ်…………

(ဒါနဲ့ စကားမစပ်ကျွန်တော်တို့အိမ်နီးချင်း တိုရဇ်ဇင်ဆရာကြီး ယိုးဒရားတို့ ဗီရက်နမ်တို့ အင်ဒို ဖိလစ်ပင်း မကျန် DWS တက်ဖို့နေရာတွေကိုဖော် ဆောင်ထားပြီး ပိုက်ပိုက်ကောင်းကောင်းရှာနေကြပါပြီ)

ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း အလားအလာရှိတဲ့ နေရာတွေအများကြီးရှိပါတယ် တချို့ဆို ကမ္ဘာတောင်ကျော်သင့်အောင်ကို ပထဝီဝင်အနေအထားရော ချဉ်းကတ်ဖို့ခရီးကော ကျောက်သားမာအဆင့်ကော သဘာဝအလှအပကောအဆင့်မှီတဲ့ DWS climbing site တွေ မြိတ်ကျွန်းစု ဖက်တွေမှာ ရှိပြီးသားပါ

ကျွန်တော် တက်နိုင်တဲ့ဘက်ကနေပြီး ကျွန်တော်တို့နိုင်ငံသားတွေ ဒေသခံတွေ အတွက် ဒီစာကိုရေးပါတယ်

မြန်မာနိုင်ငံသားအားလုံး တောင်တက်ဝါသနာပါသူအပေါင်း တောင်များများတက်နိုင်ကြပါစေဗျား…

ဝါသနာမပါတဲ့ သူတွေလည်း အပျင်းပြေ တောင်တက်ချင်စိတ်လေးပါလေးပေါက်လာပါစေ 🙂

dws

Photo 1   (Photo:Lulukyaw)

Photo 1 >> ဒါကကော့သောင်းကနေ မော်တော်ဘုတ်ခရီး ၂နာရီစာ ပဲဝေးပါတယ် လုံးဝအလန်းပါ ကျောက်ဂူလိုဖြစ်နေတာ ပိုးလိုးပက်လက်လန်တက်ချင်တဲ့ကမ္ဘ္ဘာကျော်တောင်တက်သမားတွေအကြိုက်ပါ (ကျွန်တော်တော့ ဘောဒါ လူလူ ဓာတ်ပုံးဆရာ ဆရာဝန်တောင်တက်သမား WHO နဲ့ နေပူစပ်ခါး ကျွန်းကြိုကျွန်းကြား တောင်ကြိုတောင်ကြား ရွာစဉ်လိုက်ပြီး ဆေးကုရင်း အားရင် တက်ဖို့တောင်လိုက်ရှာရင်းရိုက်ပြီး ကျွန်တော့ကိုပို့ထားတဲ့ ပုံပါ ) Photography Copyright & Credit to  ©Lulukyawtinoo

dwws

Photo 2 – ( Photo   Lulukyaw)

Photo 2 >  မကြုံဂလက်ဖက်ပါ ဒီတောင်ကလဲ အပီ အမှဲ့ပါပဲ ဓာတ်ပုံက ကိုလူ့လက်ရာပါ ကျွန်တော့ကိုပို့ထားတဲ့ ပုံပါ ) ဗီရက်နမ် ဟာလွန်ဘေးက DWS climbing site ဆိုက်တွေကိုသနားတယ်ဗျာ ဒီကရေကလည်းကြည်သန့် ကျောက်ကလည်းသက်ရင့် တက်စရာလမ်းကြောင်းတွေလည်း အလွယ်ကလေးကနေ အတန်ခက်မဲ့အထိရှိတာမြင်နေရတယ် Photography Copyright & Credit to  ©Lulukyawtinoo

 

 

 

263387_4264291624856_654863994_n

Photo -3 

Photo-3  ဒါကတော့ အိုမန်ဖက်မှာပါ လမ်းကြောင်းအသစ်ရှာတဲ့ မနှစ်က ၂၀၁၂မေလက ခရီးပါ တယောက်ကရေထဲမှာငုပ်ပြီး ရေအနက်ကိုအကဲဖြတ်ပါတယ် နောက် တယောက် ကကျောက်တောင်ပေါ်အစမ်းတက်ကြည့်ပြီး ပြန်ကျမဲ့လမ်းကြောင်း တတ်မဲ့လမ်းရဲ့ အခက်အခဲ (climbing grading ) အဆင့်တွေကို သုံးသပ်ပြီးမှ တက်ဖို့အဆင့်မှီမမီဆုံးဖြတ်ပါတယ် ပုံပါထဲကနေရာကိုကျွန်တော်တို့ အဆင့်မမှီလို့skip လုပ်ခဲ့ပါတယ် Toby on “Billion Dollar Man” 6c + (S0) Maurizio on “Theo’s Flake 5+”S0” DWS……….New area near Read’s Stack ( DEEP WATER SOLOING TRIP < OMAN 2012>တိုဘီ ဆိုတာ UAE ROCK CLIMBING ( guide book ) ကိုရေးခဲ့တဲ့ သူပါ. ကျွန်တော် တောင်ဆက်တက်ဖြစ်အောင်သူ့ရဲ့ အားပေးကူညီမှု တွေအများကြီးပါ ပါတယ် ) ပြည်ပမှာတော့ ကျွန်တော့ရဲ့ လက်ဦးဆရာလို့ ပြောလို့ရပါတယ် (photo © DL 2012)

 

sssss


1010942_4353930105762_1350448306_n

Frank- on Yoda’s roof F6a+ ( FA: David Watson ) Photo : © Doelone

1014332_4353927225690_1766136752_n

ကံကောင်းရင် DWS trip မှာ လင်းပိုင်လေးတွေနဲ့ တွေ့နိုင်ပါသေးတယ် Photo : © Doelone

481257_2843377902901_1574299404_nကျွန်တော့ရဲ့ ပထမဆုံးDWS Trip ကပထမဆုံးအကြိမ်ရေထဲခုန်ချတဲ့ပုံပါ။

Advertisements
This entry was posted in Know_How, Rock Climbing and tagged , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s