SPORT CLIMBING အကြောင်း ဘာညာ ကွိကွ

SPORT CLIMBING အကြောင်း ဘာညာ ကွိကွ 

( ဘာညာ ကွိကွ ဆိုတဲ့ အတိုင်း ရေးထားတာဟိုရောက်လိုက်ဒီရောက်လိုက်ဖြစ်နေတဲ့အတွက် ကြိုပြီးတောင်းပန်ပါတယ်/စာမရေးတတ်လို့ပါခင်ည)

Sport Climbing ဆိုတာ ကတော့ လွယ်လွယ် ပြောရရင် မတ်ဆောက် မြင့်မားတဲ့  ကျောက်တောင်တွေကို (DRILL) လွန်း နဲ့ဖောက်။။ (hanger) လို့ခေါ်တဲ့ ဂျိတ်ချိတ်လို့ရတဲ့ဟာလေးတွဲရက်ပါတဲ့ (BOLT) လို့ခေါ်တဲ့  ဝေါပလပ်လိုမျိုး ဟာတွေ ကျောက်သားထဲကိုအခိုင်အမာ ငုတ် လို ရိုက်ထည့်….. ပြီးတော့ အဲ့ဒီ ငုတ် လေးတွေမှာ တောင်တက်ရင်သုံးတဲ့ ချိတ် ( တခု တည်း ဆိုရင် (Carabiner) လို့ ခေါ်ပါတယ် အဲ့ ချိတ် ၂ ခုကို အလယ်က(Sling) ကြိုးနဲ့တွဲထားတာကိုတော့ (Quickdraw) လို့ ခေါ်ပါတယ် ခင်ဗျ ) အဲဒီ (Quickdraw) လေးတွေချိတ် အဲ့ဒီ မှာ တောင်တက်သမားရဲ့ တောင်တက်ခါးပတ်နဲ့ တွဲချည်ထားတဲ့ တောင်တက်ကြိုး နဲ့ ချိတ်ချိတ်သွား ပြီး အပေါ်ကို တက်သွားတဲ့ တောင် တက်အားကစား နည်း ကို  (Sport Climbing )လို့ခေါ်ပါတယ် ခင်ဗျ

TRADITIONAL/TRAD CLIMBING (coming soon 😛 )

( Trad/ Traditional Climbing ) ဆိုတာရှိပါသေးတယ် သူကတော့ပိုပြီး နက်နဲပါတယ်(Climbing Gear) ကရိရာတွေ (Anchor Placing Technique) နည်းစနစ်တွေ ပိုပြီးလိုအပ်ပါတယ် ကြိုးစားပြီး ရေးသွားမှာဖြစ်ပါတယ်…….. ဤကား စကားချပ်)

CLIMBING ROPE

( Climbing Rope တောင်တက်ကြိုး သုံးရာမှာလဲ  အနည်းငယ် အလျော့အတင်း ရှိတဲ့   Dynamic Rope ကိုပဲ သုံးပါတယ်  အလျော့အတင်း မရှိတဲ့  Static Rope ကိုတော့မသုံးပါဘူး   ဘာလို့ ဆိုတော့ ပြုတ်ကျတဲ့အခါ ဆွဲအားတွေက တောင်တက်သမားရဲ့ အပေါ် (အထူးသဖြင့် ခါးရိုးပေါ်) ကိုမကျရောက်စေပဲ ကြိုးပေါ်ကိုသာ ကျရောက်စေလိုတဲ့အတွက်ပါ ပြီးတော့ထပ်ဖြည့်ပြောရရင် ကြိုး ရဲ့စံက မီတာ ၆၀ ( Standard 60m rope / sometimes 70m ) ကိုပဲ အသုံးများပါတယ်  ဤကား နောက်ထပ် စကားချပ်)

TOP ROPING

Sport Climbing မှာ အခြေခံအားဖြင့်တော့ Top Roping ဆိုတာရှိပါတယ် အဲ့ဒါကတော့ နောက်ဆုံး က Final Anchor  မှာ ကြိုး ကို ကြိုတင် ချိတ်ထားဆင်ထားပြီး တက်တာပါ (မီတာ ၃၀အောက် တွေကို တောင်တက်သမားအသစ်တွေလေ့ကျင့်နိုင်ဖို့ အစအဦးကျောက်တောင်တက်တဲ့ လူတွေ တခါတလေတက်ဖူးတယ်ရှိအောင်တတ်တဲ့ သူတွေ အတွက် အထူးသင့်လျော်ပါတယ် အဲ့ဒီတက်နည်းက အခြားနည်းတွေထက် စိတ်အချရဆုံး မို့ပါ

LEAD CLIMBING

အရေးကြီးတဲ့အပိုင်းဖြစ်တဲ့ Sport Climbing ရဲ့ အဓိကအသက်သွေးကြော LEAD CLIMBING က တော့ Ground Up ဆိုတဲ့ အောက်ခြေကနေစပြီး  အပေါ်Anchors /Bolts  ကို Quickdraw  ချိတ်တွေတခုပြီးတခု( အထက်မှာ ရေး ပြ ထားသလို) ချိတ်ပြီးတော့မှ နောက်ဆုံး Final Anchor/Last Anchor ချိတ်ထိရောက်အောင်တက်တာ ကို လို့ခေါ်ပါတယ် ပိုပြီး ပညာသားပါပါတယ် ခွန်အား နည်းစနစ် သက်လုံ ကိုယ့်ကိုယ်ကို ယုံကြည် မှု တွေကိုပေါင်းစပ်ပြီး စွန့်စားတက်ရောက်ရတဲ့ အားကစားပါ အ န္တ ရာယ် ရှိ မရှိ ဆိုတာ ကတော့ ကိုယ့်ရဲ့ တိကျ မှူ့နဲ့ လေ့ကျင့်မှုပေါ်မှာပဲ တည်မှီပါတယ် အကျိုးအကန်း အသေအပျောက် အလွန်နည်းပေမယ် လို့ အမှားမခံ အတိမ်းအဆောင်းမခံတဲ့ အားကစားလို့တော့ ကြိုတင်သတိပေးပရစေ ခင်ဗျာ………..

ပြီးတော့ သူ့ရဲ့  တက်ပုံတက်နည်း စတိုင် ပေါ်မူတည်ပြီး အခေါ်အဝေါ် Terms မတူတာလေးတွေလဲ ရှိပါသေးတယ်  နားလည်သလောက် သိသလောက် ရေးပါမယ်………….. အမှားပါရင်လဲ ထောက်ပြနိုင်ပါတယ် ပွင့်ပွင့်လင်းလင်းဝေဖန်နိုင်ကြပါတယ် ဒါမှတိုးတက်မှာ ပေါ့ ဗျာ ဟုတ်တယ်ဟုတ်

ONSIGHT

 လမ်းကြောင်းတခု တောင်နံရံတခုကို အောက်ခြေကနေအပေါ်အထိ တက်သွားတာကို  onsight လို့ သုံးနှုန်းပါတယ် onsight တက်သွား တယ်ဆိုတာက unknown route ကို lead အရင် တတ်ပီး Quickdraws တွေ ချိတ်ပီး တက်တာ ဗျ…..

FLASH

flash လုပ်တယ်ဆိုတာက တောင်နံရံပေါ်က  ( anchor) ငုပ်တွေမှာ အခြားတယောက်က  ( Quickdraws) ချိတ်တွေ ချိတ်ထားပြီးသား ကို လိုက်တက်တာ ပါ ကိုယ့်ဟာကိုချိတ်တွေလိုက်ချိတ်စရာမလိုတော့ပေမဲ့လို့ ကိုယ့်ခါးကကြိုးကိုတော့ချိတ်မှာ ချိတ်တွဲသွားပြီးတက်ရတာပါ (တက်တော့ အဆင်သင့်ရှိပြီးသား ချိတ်ခဲ့တဲ့ Quickdraws တွေ ကို ပဲ ဆက်ချိတ်ပီး တက်တာ ကိုပြောတာပါခင်ည)

REDPOINTING

Redpoint/ (Redpointing) ဆိုတာ လဲ ရှိသေးပါတယ် ခင်ဗျ ။။။။။Onsight တို့ Flash တို့ လုတ်ပြီးတက်တာ ROUTE ကို အပြီးခဲ့ဘူး နောက်ဆုံး Anchor အထိ မတက်နိုင် ခဲ့ ဘူး ဆိုရင် (ဥပမာ ပြုတ်ကျလိုက် ကြိုး ပေါ်မှာ ပဲ လေထဲမှာ တွဲ လောင်း နဲ့ နားလိုက် ဆက်တက်လိုက် / Belayer စိတ်ရှည်ရင်ရှည်သလိုပေါ့) အဲ့လိုတက်ပြီးမှ route ပြီးတယ် ဆို ရင် Redpoint လို့ ခေါ်ပါတယ်

( တခုရှိ တာ က ဒါ တွေ ဒီClimbing Terms တွေက Sport Climbing နဲ့ ပဲသက်ဆိုင်ပါတယ် ) ပြီးတော့ Toprope နဲ့တက်တာကို Redpoint အနေနဲ့ လုံးဝ ထည့်မတွက်ပါဘူး Leading ကိုပဲ အကျုံးဝင်ပါတယ် ) တချို့ တွေ ကျတော့ ခဏခဏ ကြိုးစားထား ပြီးသား ROUTE တခုကို ကိုကိုယ်တိုင်Quickdraws တေချိတ်တက်တာကိုမှ လို့ခေါ်ပါတယ် Quickdraws ချိတ်ထားပီးသား ကို တက်တယ်ဆိုရင် Pinkpoint လို့ သုံးတဲ့ တွေရှိပါတယ် ရှားတော့ရှားပါတယ် အများစုကတော့အလွယ် Redpoint လို့ပဲ ပြောကြတာပါပဲ…..အရမ်းတက်ရခက်တဲ့ Overhanging Sport Route တွေ ( 8b/9a or 5.13/ 5.14) လောက်ထိ ပက်ပက်စက်စက် ခက်တဲ့ Route ဆိုရင် Christ Sherma/ Patxi Usobiaga/ Doelone တို့လို ဂုရု ကြီးတွေတောင် Redpointing နဲ့ ကြိုးစားရပါတယ် အကြိမ် ပြုတ်ကျလိုက် ပြန်တက်လိုက်ပေါ့

( ဘဝ နေနီး နဲ့ အလွန်နီးစပ်လို့ ဒီအားကစားကို ရိုး တွင်းချဉ်ဆီ ထဲက ကို ကြိုက်ပါတယ် ဗျာ)…..

 နိဂုံး ချုပ် အနေနဲ့ကတော့

လွတ်လပ် စွာ ဖတ်ရှု ဝေဖန် နိုင်ကြပါကြောင်း ပါခင်ဗျာ

ဟို တက်ဒီတက် ဒိုးတလုံး

နောက်ဆုံး Final Anchor

(hanger) လို့ခေါ်တဲ့ ဂျိတ်ချိတ်လို့ရတဲ့ဟာလေးတွဲရက်ပါတဲ့ (BOLT) လို့ခေါ်တဲ့ ဝေါပလပ်လိုမျိုး ဟာတွေ ကျောက်သားထဲကိုအခိုင်အမာ ငုတ် လို ရိုက်ထည့်

Quickdraw

Steve, who makes our dream come for vertical world, THE MASTER OF ROCK………

Quickdraw clipped into an anchor of the Bolt on the crag ….
Advertisements
This entry was posted in Know_How, Rock Climbing and tagged , , , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s