ဧဝရတ် နှစ်၆၀ နှင့် ခါကာဘို အတွေးများ

သမိုင်း ကြောင်းကိုပြန်ကြည့်ရင် ၁၉၅၃ ခုနှစ်မှာ ရှာပါ တန်းဇင်းနော်ဂေး က နယူးဇီလန်က အက်ဒမန်ဟီလာရီ နဲ့ အတူ ဧဝရတ် တောင်ထိပ်ကို သမိုင်းမှတ်တမ်းနဲ့ တကွ ပထမဦးဆုံးရောက်ခဲ့ပါတယ် (လွန်ခဲ့တဲ့ ရက်ပိုင်း မေ ၂၉ ကမှ ကျွန်တော်တို့ ဧဝရတ် အောင်နိုင်ခြင်း နှစ် ၆၀ ဆိုပြီး ဆင်နွှဲခဲ့ပါတယ် ) တကယ်တော့ တန်းဇင်းနော်ဂေးက နီပေါ/အိန္ဒိယ ၂ နိုင်ငံသားပါ တောင်ထိပ်ရောက်ပြီး တနှစ်အကြာမှာပဲ ၁၉၅၄ ခုနှစ်အတွင်းမှာ အိန္ဒိယ နိုင်ငံ ဒါဂျီလင်မြို့မှာ “ဟိမဝန္တာ တောင်တက်ကျောင်း” ဆိုပြီး တည်ထောင်နိုင်ခဲ့ပါတယ် ( ကျွန်တော်တို့ မြန်မာနိုင်ငံ ခြေလျင်တောင်တက် အဖွဲ့ချုပ်ကြီး ကို စတင်အဦး တည်ထောင်ခဲ့သူ စည်သူဦးလှအောင် ( ဗိုလ်မှူးကြီးလှအောင် ) ဟာ အဲ့ဒီ ဒါဂျီလင် ဟိမဝန္တာ တောင်တက်ကျောင်းဆင်းပါ ၁၉၆၂ခုမှာ သူအဲ့ဒီမှာ”ဟိမဝန္တာ တောင်တက်သင်တန်း” သွားတက်ခဲ့ပါတယ်) အဲ့ဒီလို တောင်တက်သင်တန်းကျောင်းတွေ တည်ထောင်လာခဲ့တာဟာ ဟိမဝန္တာတောင်တက် လမ်းပြတွေ အောင်မြင်တဲ့ ခရီးစဉ်တွေ အတွက် လိုအပ်တဲ့ တောင်တက်သမားတွေရဲ့ အခြေခံ အရည်အချင်းကို ဖြည့်ပေးနိုင်ခဲ့တာ ကစလို့ အောင်မြင်တဲ့ ခရီးစဉ်တွေ ဖြစ်လာတာဟာ တောင်တက်နဲ့ နီပေါနဲ့အိန္ဒိယတောင်ပေါ်ဒေသတွေရဲ့ သဘာဝ အခြေခံ ခရီးသွားလုပ်ငန်းရဲ့ အောင်မြင်မှူလျို့ဝှတ်ချက်လည်းဖြစ်ပါတယ်……….

မြန်မာပြည်ရဲ့ အမြင့်ဆုံးတောင် ( နောင်မွန်းမြို့နယ် ကချင်ပြည် နယ် မြောက်ဖျားမြန်မာပြည်က ) အမြင့်ပေ (၅၈၈၁ မီတာ / ၁၉၃၁၅ပေ) မြင့်တဲ့ အရှေ့တောင်အာရှ အခွင်မှာလည်း အမြင့်ဆုံးဖြစ်တဲ့ ခါကာဘိုရာဇီတောင်ကို မြန်မာနိုင်ငံသား တိဘက်လူမျိုး လမ်းပြ နမားဂျွန်စိန် နဲ့ ဂျပန်တောင်တက်သမားအိုဇာကီ (ကွယ်လွန်) တို့ ၁၉၉၆ ခုနှစ်စက်တင်ဘာလ ၁၅ရက်နေ့ နေ့လည် ၃း၁၂မိနစ် မှာအောင်မြင်စွာ ခြေချနိုင်ပြီးခဲ့ပါပြီ အခုဆိုရင် ခါကာဘိုအောင်မြင်မှူ ၁၀နှစ်ကျော်ခဲ့ပြီးလို့ နှစ်၂၀တောင်ပြည့်ပါတော့မယ် ( ဒီစာကိုရေးတဲ့ အချိန်မှာ ၁၇နှစ်ပြည့်နီးပါးရှိပါပြီ ) မြန်မာပြည်မှာ တောင်တက်နဲ့ပက်သက်တဲ့ သင်တန်းကျောင်း မပေါ်ပေါက်ခဲ့ပါဘူး ကျွန်တော့အနေနဲ့ ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး ဒါပေမဲ့ ကျွန်တော်တို့ မြန်မာတွေ မညံ့ပါဘူး လုပ်နိုင်ပါတယ် အခြေအနေ အချိန်အခါသာ လိုတာကလား (ပိုက်ပိုက်လည်း အဓိကလိုတာကိုး)

နီပေါ ဆိုတာ မြန်မာနဲ့ ယှဉ်ရင် တိုးတက်မှူ သူမသာ ကိုယ်မသာအဆင့်ပဲလေ နီပေါ တွေက တိုးရစ်ဇင် နဲ့ ဧဝရတ်တောင်ကြီးနဲ့ လုပ်စားနေတာ အံတိုနေပြီ ဆိုပါတော့ ဗျာ ဒါပေမဲ့ နီပေါက ဆင်းရဲပေမဲ့ ကျွန်တော်တို့ထက်ပိုပြီး နိုင်ငံရေး တည်ငြိမ်အောင်ထိမ်းနိုင်တဲ့ အစိုးရရှိတော့ တိုးရစ်ဇင် နဲ့ တိုင်းပြည်ဝင်ငွေဖြောင့်တယ် တောင်တွေနားက ကွန်မြူနစ်တီတွေ တိုးတက်တယ် စာတတ်ကြတယ် အင်္ဂလိပ်စကား/စာကောင်းကောင်းပြောနိုင် ရေးနိုင်ကြတယ် တောင်တက်နဲ့အသက်မွေးဝမ်းကြောင်းတဲ့ အောက်ခြေအထမ်းဝန်ထမ်းကစလို့ ရှာပါတွေလမ်းပြတွေအထိ ဝင်ငွေကောင်းကြတယ် ချမ်းသာ ကြတယ် ( အသက် အန္တရယ် နဲ့ အလွန်နီးတဲ့ အလုပ်လဲဖြစ်တာကလည်းတကြောင်းပေါ့ ခင်ဗျ ဒါပေမဲ့ အလုပ်အကိုင်အခွင့်အလမ်းလုံးဝမရှိတာထက် တော့သာပါတယ်) ဒီတော့ သူတို့ကို နမူနာယူဖို့လိုပါတယ် ကျွန်တော်ဆိုရင်တော့ ဧဝရတ်တောင်တက်မလား ဆိုရင်တော့ မတက်ဖူးလို့ပဲဖြေမှာပဲ တောင်တက်နဲ့ ပက်သက်တဲ့ သင်တန်းကျောင်း ထောင်ရလောက်အောင်လည်း အရည်အချင်းတွေ ပိုက်ဆံတွေက မရှိတော့ အသေးစား ကျောက်တောင်တက်လေ့ကျင့် ရုံလေးထောင်နိုင်ရင်တော်ပါပြီ အဲ့ဒီဧဝရက်တော့မတက်ဘူးဗျာ (ကျွန်တော်က အာလူးတော့များတယ် သည်းခံပြီးဖတ်ပေါ့ဗျာ ကိုယ့်အာလူးတွေကို မနည်းမှီအောင် အိုင်ယာလန်ထီလည်းထိုးထားပါတယ် ပေါက်ရင်တော့ ဖာရာရီပြိုင်ကားလည်းဝယ်မစီးဘူး ဧဝရက်တောင်လည်းမတက်ဘူး အများတကာ လေ့ကျင့်နိုင်မည့် တောင်တက်စင်တာလေးပဲ
ဆောက်မယ်ဗျာ လာလည်ကြပေါ့ ကော်ဖီ တိုက်ပါ့မယ် ) ဒါနဲ့ ဧဝတောင်တက်ရတာကောလွယ်လားဆိုရင် မလွယ်ပါဘူး သေနိုင်ပါတယ် အလေ့အကျင့်မရှိပဲနဲ့ အနားတောင်သီလို့မရနိုင်ပါဘူး ဒီတော့ လုံးဝလျှော့တွက်လို့မရပါဘူး သွား သူတွေလဲ တက်ဖို့တက်နိုင်ကြပါစေလို့ မျော်လင့်မိပါတယ် ဧဝရတ်တောင်အောင်မြင်ခဲ့တာ ( တောင်ထိပ်ကိုလူရောက်တာ နှစ် ၆၀ ပြည့်ပြီးခဲ့ပါပြီ )
တောင်ထိပ်ကို ရောက်ခဲ့တဲ့ သူအရေအတွက်လဲ လူပေါင်း ၃၁၀၀ကျော် က တောင်ထိပ်ရောက်တဲ့ အကြိမ်အရေအတွက် ၅၁၀၀ကျော်ခဲ့ပြီတဲ့ ခင်ဗျ ( တချို့က ၂ကြိမ်မြောက်ပြန်ပြီးတောင်ထိပ်ကိုပြန်တက်တာ နီပေါကြီးတယောက်ဆို ၂၁ကြိမ်တောင် တောင်ထိပ်ကိုရောက်ပြီးပြီ ခင်ဗျ ) ဒီလောက်တောင် တက်နေကြတာ လွယ်လို့လားဆိုရင် မလွယ်ဘူးလို့ ထပ်ဖြေရမှာပဲ သေတဲ့သူတွေပျောက်တဲ့သူတွေလည်းသောက်သောက်လဲပါခင်ဗျ

ဒါပေမဲ့ တခြားတောင် တွေထက်တော့ စိန်ခေါ်မှူ စွန့်စားမှုအပိုင်းမှာ ခရီးစဉ်စီစဉ်မှုအပိုင်းတွေက ပျင်းစရာကောင်းလောက်အောင်ကို လွယ်ကူပြီး အဆင်ပြေချောမွေ့လွန်းတယ် ဒေါ်လာ ၅သောင်းလောက်စပြီးပေးရမဲ့ တောင်တက်ခရီးမှာ ခင်ဗျားသွားမဲ့ တောင်ပေါ်တောင်ဆောင်းမှန်သမျှကို နီပေါတွေကကြိုးဆင်ပေးပြီးသား   ရေခဲချောက်တွေပေါ်ကနေ အလူမီနီရမ် လှေခါးတွေ ကိုကြိုးနဲ့ သိုင်းထားပြီးသား အဆင်သင့် ကျောက်တက်ရင် နီပေါက ရှာပါတွေက ခင်ဗျားကို လက်တွဲပြီး ခေါ်သွားပေးတယ် စခန်းရောက်ရင် ဝင်အိပ်စရာ တဲအဆင်သင့် စခန်းတိုင်းမှာ စားစရာအသင့် အောက်စီဂျင်ဘူးတွေဆိုတာလဲ သေမင်းတမန်နယ်မြေ ( အမြင့်ပေ အရမ်းမြင့်လာတော့ လေထုထဲမှာ အောက်စီဂျင်ပါဝင်မှုပမာဏနည်းလာတာ ) Death Zone  မှာလည်း မြင်မကောင်းအောင်တောင်ပုံရာပုံ အဲ့ ခင်ဗျားက တယောက်ကို ဒေါ်လာ ၈သောင်းလောက်ပေးရတဲ့ အဖွဲ့ရဲ့ (package trip) နဲ့ဆိုရင်တော့ တဲထဲမှာ အိပ်ယာခင်း အိပ်ရာလိပ်အဆင်သင့် ကော်ဖီ စားစရာ အဆင်သင့်အပြင်ကို ကျောပိုးအိပ်ကိုလည်း ပေါင်၂၀တောင်မှပြည့်အောင်လွယ်ချင်မှလွယ်ရတော့မှာ ပေါ့ပေါ့ပါးပါး သာသာယာယာပေါ့ ဒါတွေက တခြားတောင်တွေမှာ မရနိုင်တဲ့ အခြေအနေတွေပါ ( ဒါပေသိ မကြံ့ခိုင်ရင်တော့ စန့်သွားမှာပါ ကံမကောင်းလို့ ရေခဲဆီးနှင်းတောင်တွေပြိုကျတာနဲ့ တိုးရင်လည်း ဂန့်နိုင်ပါသေးတယ်) ဒါတွေကတော့ ဘယ်တောင်တက်တက် ကြုံနိုင်တဲ့ အန္တရယ်တွေပေါ့

ဒါမေမဲ့ မြန်မာ့ ခါကာဘိုရာဇီတောင်ကိုတက်မယ် ဆိုရင်တော့ ဒါမျိုး နုလို့မရတော့ပါဘူး မြန်မာပြည်ထဲက ခါကာဘိုရာဇီ ဂမ်လန်ရာဇီ စတဲ့ တောင်တွေဟာ အမြင့်ပေအားဖြင့် နိမ့်ပါတယ် (ဧဝရက်တောင်နဲ့ ယှဉ်ရင် ပေ ၁သောင်းနီးပါး ကွာပါတယ် ) ဒါပေမဲ့လည်း တောင်အနားကို ကပ်ဖို့ရန် ခရီး အလွန် ကြမ်းတမ်း ခက်ခဲပါတယ် တောင်ပေါကို ကိုယ့်ဘာသာကို လမ်းထွင်ပြီး တက်ရမှာပါ ရာသီဥတုနဲ့ ပက်သက်တဲ့ အချက်အလက် တပြေးညီရဖို့ ဆိုတာကလည်း မလွယ်ပါဘူး
စိန်ခေါ်မှုတွေ ပြည့်နှက်နေပါတယ် ခရီးစဉ် စီစဉ်မှူအပိုင်း မှာရော အစစအရာရာ မှာ အခက်အခဲတွေကို မည်သူ့အကူအညီမှ မပါပဲ တောင်တက်အဖွဲ့တွေကိုယ်တိုင် ရင်ဆိုင်ကျော်လွှားရမှာဖြစ်ပါတယ် စိတ်ထဲမှာ ရှိတာလေးတွေ ချရေးဖြစ်တာပါ ဒီလောက်ပါပဲ မြန်မာပြည်သားတွေ ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ကော မြန်မာ့အမြင့်ဆုံး ခါကာဘိုရာဇီ ဂမ်လန်ရာဇီ တောင်ကော တတ်နိုင်ကြပါစေဗျာ
စိတ်ကူးမိတာတော့”” မြန်မာ့တောင်တက် ကောလိပ် “”တို့ဘာတို့ ပူတာအိုမြို့ဘက်မှာ ဒါမှမဟုတ်လည်း ရှမ်းပြည် ကလော ဘက်မှာ တောင်တက် ပညာ အတတ်သိပ္ပံတို့ ဘာတို့ တည်ထောင်နိုင်ပြီး လူငယ်တွေကို တောင်တက်နည်းစနစ်တွေပျိုးထောင်ပေးနိုင်ရင်တော့ အတိုင်းထက်အလွန်ပါပဲလို့….

ImageOzaki & Nama Gwaltsen @ the summit of Mt,KKBo (5881 m)
မြန်မာနိုင်ငံသား တိဘက်လူမျိုး လမ်းပြ နမားဂျွန်စိန် နှင့် ဂျပန်နိုင်ငံသား တောင်တက်သမား အိုဇာကီ (ကွယ်လွန်)
နေရာ။ အရှေ့တောင်အာရှ ခေါင်မိုး ခါကာဘိုရာဇီ တောင်ထိပ် ( နောင်မွန်းမြို့နယ် ကချင်ပြည် နယ် မြောက်ဖျားမြန်မာပြည်)
အမြင့်ပေ။ (၅၈၈၁ မီတာ / ၁၉၃၁၅ပေ)
အချိန်။ နေ့လည် ၃း၁၂မိနစ် စက်တင်ဘာလ ၁၅ရက်နေ့ ၁၉၉၆ ခုနှစ်
ဓာတ်ပုံ (အိုဇာကီ နှင့် သူ၏ Tripod  )
Mt.KhahaBo, roof of Southeast Asia & Myanmar Highest Summit
(i would like to credit Takashi Ozaki , the photographer of this photo who took it at the summit
)

162791_1390557223292_1714814_n   ရှာပါ တန်းဇင်းနော်ဂေး

Advertisements
This entry was posted in Essay, History and tagged , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s