တောင် တက် အ ဖွဲ့ လာ ပြီ (MYANMAR HIKING OFFICIALSONG )

တောင် တက် အ ဖွဲ့ လာ ပြီ ( တေး ဆို- ကို အံ့ ကြီး)

“တောင်တက်အဖွဲ့လာပြီ” ဆိုတဲ့ သီချင်းဟာ မြန်မာနိုင်ငံ ခြေလျင်တောင်တက်အဖွဲ့ချုပ်ကြီးအတွက် ရေးဖွဲ့သီဆိုထားတဲ့ သီချင်းတပုဒ်ဖြစ်ပါတယ်
နိုင်ငံကျော် အဆိုရှင် ဦးအံ့ကြီး က ဂုဏ်ပြုသီဆိုခဲ့ပြီး တေးရေးဆရာ ကတော့ ကိုမြတ်မင်း ဖြစ်ပါတယ်။  (အမှားအယွင်း ပါခဲ့ပါက အားမနာတမ်း ကွန်းမန့် ရေး၍ ပြင်ဆင်ဖြည့်စွက်နိုင်ပါတယ် ခင်ဗျာ -ဤကား စကားချပ်)

မြန်မာ့ အားကစား အဖွဲ့ချုပ် များစွာ ရှိတဲ့ အထဲကမှ အဖွဲ့ ချုပ် သီချင်း သီးသန့် ရှိတဲ့ အားကစားအဖွဲ့ အလွန်ရှားပါတယ်။ တောင်တက် အဖွဲ့ ချုပ် အနေနဲ့ ဒီလို သီချင်းရှိတာ   တောင်တက်သမားထု အတွက် ဂုဏ်ယူစရာ ဖြစ်သလို သီချင်းဆိုရင်း ပျော်စရာလည်းကောင်း ကြက်သီးထစရာ စာသားတွေ ကို သူငယ်ချင်းတွေ တောင်တက်အဖွဲ့ဝင်တွေ အတူတူ သံပြိုင် အော်ဟစ် သီဆိုရတာ တွေ ကလည်း အားတက် စရာ ကောင်းလှပါတယ် ဒီနေ ရာမှာ ကျွန်တော် အဓိ က ဆွေးနွေး လိုတာကတော့ သီချင်းစာသားနဲ့ ပတ်သက်ပြီး အနည်းငယ် အကျယ်ချဲ့လိုပါတယ်…………….

MYANMAR HIKING MOUNTAINEERING FEDERATION’s OFFICIAL SONG ( Taung tat a phwe lar p -by- U Ant Gyee)

download link  ; https://soundcloud.com/nyi-nyi-aung-doelone/qb6rbt4buzz6

https://www.facebook.com/photo.php?v=3096172662612&set=vb.1812979652&type=3&theater

အလျင်းသင့်တုန်း “တောင်တက်အဖွဲ့လာပြီ” ဆိုတဲ့သီချင်းအကြောင်းကိုပြောပြလိုရင်းကနေ တောင်တက်အဖွဲ့ချုပ်ကြီးရဲ့ သမိုင်းကြောင်းကို မကျဉ်းမကျယ် လိုရင်းတင်ပြပါရစေ ခင်ဗျာ……………

မြန်မာနိုင်ငံ ခြေလျင်တောင်တက်အဖွဲ့ချုပ် ကို ၁၉၆၀ ပြည့်နှစ် ဇန်နဝါရီ လ ၅ ရက်နေ့မှာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ် ။ စတင်ဖွဲ့စည်းတည်ထောင်ခဲ့သူများကတော့ ကာယဗလ ဦးရှိန် ရယ် စစ်ကြိုခေတ် အလေးမ ချန်ပီယံ တဦးဖြစ်တဲ့
ကာနယ်စမိုက် (ခေါ်) ဗိုလ်မှူးကြီးလှအောင် တို့ဖြစ်ပါတယ်။

ကျွန်တော်အဓိကပြောချင်တာက သီချင်းစာသားအကြောင်းအရာတွေပါ
သီချင်း စာသားထဲမှာ ပါတဲ့ “စစ်မှုထမ်း အထောက်အပံ့ ဖြစ်စေမည်”  ဆိုတာဟာ ဒီခေတ် တောင်တက်ကြတဲ့ ပညာတတ် လူငယ်တွေ အတွက်တော့ နားထောင်ရတာ ကန့်လန့်ကြီးဖြစ်လို့နေနိုင်ပါတယ်

ကျွန်တော်ကိုယ်တိုင်လည်း ဒီစာသားကို သိပ်မကြိုက်ခဲ့ပါ ကိုယ့်နည်းကိုယ့်ဟန်နဲ့ စာသားပြောင်းလဲပြီး ဆိုခဲ့တဲ့ အကြိမ်အရေအတွက်လည်း မနည်းခဲ့ပါ ဒီလိုနဲ့ စာသားရဲ့ နောက်ကွယ်က သမိုင်း ကြောင်းကို ရှာဖွေမိရင်း စာသားလေးရဲ့ အတိမ်အနက်ကို သွားပြီး ရေးရေးမြင်မိပါတယ်…..
သမိုင်းကြောင်း အရ တောင်တက်အဖွဲ့ချုပ်ကြီး ကို ၁၉၆၀ ခုနှစ်မှာ စမဖွဲ့ခင်က မြန်မာပြည် ခြေလျင်အသင်းကြီး ဆိုပြီး ရှိခဲ့ပါတယ် တောင်တတ်အဖွဲ့ ချုပ်ကြီးပေါ်ပေါက်လာစေတဲ့ အမာခံ ဒေါက်တိုင်ကြီး လို့ပြောနိုင်ပါတယ်

အဲ့ဒီ မြန်မာပြည် ခြေလျင်အသင်းကြီးကို ၁၉၃၀ ခုနှစ် (ကိုလိုနီ ခေတ်အတွင်းမှာ)စတင်တည်ထောင်ခဲ့ပါတယ် ခြေလျင်အသင်းကြီးကို စတင်တည်ထောင်သူတွေကတော့ ကာယဗလ ဦးရှိန် ( တောင်တက်အဖွဲ့ချုပ်ကြီး ကို ဗိုလ်မှူးကြီးလှအောင် နဲ့အတူ ၁၉၆၀ မှာတည်ထောင်ခဲ့သူ) မိုးကြိုး ဦးအုန်းခင် (ဗမာ့ခေတ်) ၊ ကာယ ဗလ ဦးဇော်ဝိတ် စတဲ့ ပုဂ္ဂိုလ်များဖြစ်ပါတယ်။ စစ်ကြိုခေတ် ကိုလိုနီ ဆန့်ကျင်ရေး နဲ့ အမျိုးသားရေး လှုပ်ရှားမှုတွေမှာ တတပ်တအားပါဝင်ခဲ့ပါတယ် ။

ရန်ကုန်မြို့ကနေအစပြုလို့ မြန်မာ နိုင်ငံတဝှမ်း အသင်းခွဲတွေ ဖွဲ့စည်းခဲ့ပြီး ၁၀မိုင် ကနေ မိုင် ၄၀ ထိ ခြေလျင်ခရီး ကြမ်းတွေ စီစဉ်ခဲ့ပါတယ် မြန်မာနိုင်ငံ့ အဝှမ်း ဗမာပြည်သားတွေ လမ်းလျှောက် ခြင်းဖြင့် ကျန်းမာရေးလိုက်စားရန် ဇွဲသတ္တိ ကာယ ကြံ့ခိုင်မှု မွေးမြူကြရန် အားပေး လှုံ့ဆော်ခဲ့ပါတယ် ၁၃၀၀ ပြည့် အရေးတော်ပုံ ကြီးမှာလည်း ဝင်ရောက်ဆင်နွှဲခဲ့ပါတယ် ချောက် မြို့ ကနေ ရန်ကုန် အထိ ခြေလျင် ချီတက်လာကြတဲ့ အရေးတော်ပုံ တပ်သားတွေကို အသင်းကြီးကကြိုဆိုခဲ့ပြီး လိုအပ်သမျှကို ပံ့ပိုးကူညီခဲ့ကြပါတယ် ။ ဒုတိယ ကမ္ဘာစစ်ဖြစ်တဲ့ အခါမှာတော့ အသင်းကြီးရဲ့ လှုပ်ရှားတွေ ရပ်တန့်ခဲ့ပါတယ် ။

ပြီးတဲ့ နောက် ခရစ်နှစ် ၁၉၄၈ ဇန်နဝါရီလ လေးရက်နေ့မှာ မြန်မာပြည်ကြီး ကိုလိုနီလက်အောက်မှ လွတ်မြောက် ခဲ့ပြီး လွတ်လပ်ရေး ရခဲ့ပါတယ်။

အသင်းကြီးရဲ့ အမာခံ ပုဂ္ဂိုလ်တွေက အသင်းလှုပ်ရှားမှူတွေ ပြန်အသက်ဝင်စေဖို့ ပြန်လည် ကြိုးပမ်း ရင်း ၁၉၆၀ ပြည့်နှစ် ဇန်နဝါရီ လ ၅ ရက်နေ့မှာ တောင်တက်အဖွဲ့ချုပ်ကြီး ကို ကာယဗလ ဦးရှိန် ရယ် ဗိုလ်မှူးကြီးလှအောင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ကြပါတယ် ။ သူတို့ ခေတ် သူတို့ အခါမှာ ကိုလိုနီဆန့်ကျင်ရေးစိတ်ဓာတ်တွေ အမိမြေကို ကာကွယ်ဖို့အတွက် စစ်ပညာမှာ အရေးပါပုံတွေ အမျိုးသား ကျန်းမာကြံ့ခိုင်မှုဟာ တိုင်းပြည်နဲ့ လူမျိုးအတွက်အရေးကြီးပုံတွေကို အမြော်အမြင်ကြီးတဲ့ လူကြီးတွေပီသစွာ လူငယ်တွေကို မြေတောင်မြှောက်ပေးဖို့ အတွက် အသင်းကြီးရဲ့ ရည်ရွယ်ချက်မှာ နိုင်ငံတော် ကာကွယ် ရေးနှင့် အမျိုးသား စစ်မှုထမ်းပညာ လေ့ကျင့်ရေးအတွက် အထောက် အကူဖြစ်စေရန် ဆိုတဲ့ အချက်ကို ထည့်သွင်းခဲ့ကြပါတယ် ( ဒီတော့ သီချင်းစာသားထဲ မလဲ ပါဝင် သွားတာပေါ့ခင်ဗျာ )

ဒီလို ခြေလျင်အသင်းကြီးရဲ့ ကိုလိုနီခေတ်မှာ လှုပ်ရှားမှူတွေကို သိရ တဲ့ အခါမှာတော့ ကျွန်တော်ဟာ အဲ့ဒီ သီချင်း စာသားကို အရင်ကထက်ပိုပြီး ခံစားလို့ရလာတာတော့ အမှန်ပါပဲ ( ဒါပေမဲ့ ခုနေခါ ကျွန်တော့ကို စစ်ထဲဝင်ပြီး တိုက်မလားဆိုရင် မတိုက်နိုင်ပါ၊စစ်ပွဲတွေကို လူတိုင်း မုန်းတီး တယ်ဆို ဒါပေမဲ့ ကျွန်တော်တို့ မြန်မာပြည်လို အိမ်နီးချင်း မကောင်းရှာတဲ့ တိုင်းပြည်အတွက်တော့ စစ်ဟေ့ဆိုရင် ကျွန်တော်လည်း မုန်းတီးတာထက်အားလုံးအသက် အိုးအိမ်စည်းစိမ် အတွက် ကြောက်ရွံ့စိတ် စိုးရိမ်မိစိတ်တွေကပိုပါတယ်)

ဒီတော့ တောင်တက်ဖူးသူတွေ တောင်တက်သမားတွေရဲ့ ခရီးစဉ် အတွေ့အကြုံတွေဟာ ဘဝစစ်ပွဲ လောကစစ်ပွဲ မှာ လက်တွေ့ အသုံးဝင်မဲ့

ဇွဲ သတ္တိ လုံ့လ နဲ့ ထုပ်ပိုးထားတဲ့ ကျောပိုးအိတ်နဲ့

မဖြစ်မနေ ဆန္ဒ ထက်စွာ ကိုယ့်ကိုယ်ကို ယုံကြည်စွာနဲ့

တိုက်ပွဲဝင်ဖို့ အသင့် ဖြစ် မဲ့ တောင်တက်ရဲဘော်တွေကို

တောင်တက်အသင်းက မွေးထုပ်ပေးနိုင်တယ် ဆိုတာ ကတော့ မြေကြီးလက်ခတ်မလွဲပါပဲ ခင်ဗျာ

ခရီးကြမ်း ခရီးခဲ တခု မှာ လေချွန်စရာ ညည်းဆို စရာ သီချင်းကောင်း တပုဒ် ရှိတာဟာ နည်းတဲ့ ကုသိုလ်မဟုတ်ပါလားခင်ဗျာ

 

ခြေလျင်ချီတက်မည့် တောင်တက် အဖွဲ့လာပြီ
ရည်ရွယ်မျော်မှန်းချက် ကိုယ်လက်ကြံ့ခိုင်ရည်
စည်းကမ်းကျန စေမည် နည်းလမ်းအစစဝေစည်
စစ်မှုထမ်း အထောက်အပံ့ဖြစ်စေမည်

ဇွဲသတ္တိကို ရှေ့ဆောင် အောင်နိုင်ရမည်
ဆီးနှင်းလွှမ်းကာ စခန်းကွာ တောင်ထိပ်များဆီ
ခြေလျင်ကိုယ်စီ ဒို့ရောက်ခဲ့ပြီ ( ဒို့ရောက်ခဲ့ပြီ )
အပြန်အလှန်ကူညီ ရိုင်းပင်းစိတ်ညီ
အောင်ပြီ အောင်ပြီ
အောင်ပြီ အောင်ပြီ အောင်ပြီ
ဒို့တောင်တက်အဖွဲ့သားများစွမ်းရည် ဒို့အောင်ပြီ

စံနမူနာ အမှန်ယူစရာ အလေ့အကျင့်တွေရှိသည်
မမောမပမ်း အစွမ်းနဲ့ လှမ်းခဲ့ပါသည်
(စံနမူနာ အမှန်ယူစရာ အလေ့အကျင့်တွေရှိသည်
မမောမပမ်း အစွမ်းနဲ့ လှမ်းခဲ့ပါသည်)

တောင်ကြီးတွေ ဒို့ခြေဖဝါးအောက်မှာရှိသည်
သွားပါများခရီးရောက်မည် ဒို့အောင်ပြီ

ဇွဲသတ္တိကို ရှေ့ဆောင် အောင်နိုင်ရမည်
ဆီးနှင်းလွှမ်းကာ စခန်းကွာ တောင်ထိပ်များဆီ
ခြေလျင်ကိုယ်စီ ဒို့ရောက်ခဲ့ပြီ ( ဒို့ရောက်ခဲ့ပြီ )
အပြန်အလှန်ကူညီ ရိုင်းပင်းစိတ်ညီ
အောင်ပြီ အောင်ပြီ
အောင်ပြီ အောင်ပြီ အောင်ပြီ
ဒို့တောင်တက်အဖွဲ့သားများစွမ်းရည် ဒို့အောင်ပြီ

221377_1529845945423_659151_o

မြန်မာနိုင်ငံ ခြေလျင်တောင်တက်အဖွဲ့ချုပ် ဖခင်ကြီး စည်သူဦးလှအောင် ( ဗိုလ်မှူးကြီးလှအောင် – အငြိမ်းစား ညွန်ချုပ် မြေတိုင်း ဦးစီးဌာန ) လွတ်လပ်ရေး မော်ကွန်းဝင် ( ဒုတိယအဆင့်) နိုင်ငံဂုဏ်ရည် ( ပထမအဆင့်) စည်သူဘွဲ့ ၁၉၁၄ ဒီဇင်ဘာ ၃၁ တွင်ဖွားမြင် ၁၉၃၆ တွင် ရန်ကုန်တက္ကသိုလ် မှ သိပံ္ပံဂုဏ်ထူးဘွဲ့ ၁၉၄၄ ဗမာ့ကာကွယ်ရေးတပ်မတော် ဘီဒီအေ တွင် ဗိုလ်ကြီးအဆင့် ၁၉၃၆ တက္ကသိုလ်ကျောင်းသား သပိတ် ၁၉၄၅ ဖက်ဆစ်တော်လှန်ရေးတွင်ပါဝင်ခဲ့ ၁၉၆၀ မှ ၁၉၈၅ မြန်မာနိုင်ငံ ခြေလျင်တောင်တက်အဖွဲ့ချုပ်တွင် ဥက္ကဌတာဝန် ထမ်းဆောင် ငှက်ကမ္ဘားကြောင်မျိုးရင်းဝင်တိရစ္ဆာန်ကြီးများ။ တောင်တက်လက်စွဲစာအုပ်များ စာပေဗိမန့်စာပေဆု ရရှိခဲ့ ၂၀၀၃ ဧပြီ ၁၀ရက် အသက် ၉၀အရွယ်တွင် ကွယ်လွန် Sithu U Hla Aung, the father of Myanmar Mountaineering. if you wonder who is the father of Mountaineering in Myanmar, it is U Hla Aung, who is a Myanmar weightlifting champion, who served in military to strike against the British Colonial government and also Anti-Fascist movement against the Japans for Independent of the country. U Hla Aung together with U Zaw Weik, formed the MHMF, Myanmar Hiking and Mountaineering Federation in 5th Januray 1960 at Aung Sann Sports ground. He was the first president of MHMF from 1960 til 1985 over 25 years , organizing a lot of Mountaineering and Hiking trips for students all around the country. Not only being a “paper president” , he led most of the trips with the team. He alsi graduated from Himalaya Mountaineering School in Nepal, was with the instructions of awe-inspiring mountaineer Tenzing Norgay. His historic climbs are , Mt.Victoria in Chin State, Mt.LunkruMardin, Imawbum, Phungam in norther Kachin state and Mt.Saramayti in sagaing division. We all are grateful to have a such great mountaineer like U Hla Aung. (Ref:Call Of Nature Hiking Journal 2010. Dr.Sein Tuu article : THE FATHER OF MOUNTAINEERING) ( PHOTO CREDIT : YUHM )

(ကိုးကား : တောင်တက်လက်စွဲ :ရေးသူ ဗိုလ်မှူးကြီးလှအောင်)
(ကိုးကား : သဘာဝခေါ်သံ စာစောင်: တက္ကသိုလ်များ ခြေလျင်တောင်တက်အသင်း)

Advertisements
Link | This entry was posted in History, Music and tagged , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s