အင်းဝ ဆောင် ရဲ့ ဘေစင်

အင်းဝ ဆောင် ရဲ့ ဘေစင်

အင်းဝ ဆောင် ရဲ့ ဘေစင်မှာ သံချေးတက်နေတဲ့ သံ ဇ ကာ တချပ် ရှိတယ်
အင်းဝ ဆောင် ရဲ့ ဘေစင် မှာ ကျီးစာ ငှက် စာကြွေးဖို့ အုတ် ဘောင် လေး ရှိတယ်
အင်းဝ ဆောင် ရဲ့ ဘေစင် မှာ ရေပိုက်ပိတ် မရတဲ့ ဘုံဘိုင်ခေါင်း တခုရှိတယ်
အင်းဝ ဆောင် ရဲ့ ဘေစင်မှာ အမှိုက်ဆို့ တတ်တဲ့ ရေဆင်းပိုက်တခုရှိတယ်
အင်းဝ ဆောင် ရဲ့ ဘေစင်မှာ ရေဆင်းပိုက်ကို ထိုးသွင်း ပိတ်ပင်တာတွေကို ရှင်းလင်းဖို့ ကြေးနန်းကြိုး ရှည်ရှည် တချောင်းလည်း ရှိရဲ့
အင်းဝ ဆောင် ရဲ့ ဘေစင်မှာ မရွံမရှာ အဲ့ဒီပိုက်ကို အားရပါးရ မှုတ်ထုပ်ဖို့ စေတနာ ဘလပွနဲ့ ခပ်ဆိုးဆိုး ကျောင်းသားတွေရှိတယ်
အင်းဝ ဆောင် ရဲ့ ဘေစင်မှာ ကြမ်းတိုက် တယ် ဆိုတဲ့ ဝေါဟာရကို မသိရှာတဲ့ အခင်းကြွေပြား ဖြူဖြူလေးတွေရှိတယ်
အင်းဝ ဆောင် ရဲ့ ဘေစင် မှာ အတုမရှိ ဆရာ တယောက်ရဲ့ လက်ရေးနဲ့ သတိပေးစာတမ်းလေးတွေရှိတယ်
အင်းဝ ဆောင် ရဲ့ ဘေစင် မှာ ဒေါ်အရှာဘီ ပြောတဲ့ ဆရာမျိုးရဲ့ ပိဋကတ် ၃ပုံ (အပေါ်မှာရေးခဲ့တဲ့ ဆရာ့ရဲ့ စာတမ်းလေးတွေ) ရှိတယ်
အင်းဝ ဆောင် ရဲ့ ဘေစင် မှာ တူးချစ်လေ့ ရှိတဲ့ ဟင်းချက် ဒန်အိုးတွေရှိတယ်
အင်းဝ ဆောင် ရဲ့ ဘေစင် မှာ အဝေးရောက် နေတောင် စိတ်ပူလေ့ရှိတဲ့ ဟော့ပလိပ် တွေရှိတယ်
အင်းဝ ဆောင် ရဲ့ ဘေစင် မှာ မီးပိတ်ဖို့ မေ့လျော့ ခံရပေမဲ့ ကွိုင်လောင်ရုံ ပျက်ရုံက လွဲလို့ သိပ်ဒုက္ခမပေးတက်တဲ့ လျပ်စစ်မီးဖိုတွေရှိတယ
အင်းဝ ဆောင် ရဲ့ ဘေစင် မှာ ရေငွေ့ပြန်နေတဲ့ ဆားထုပ်တွေရှိတယ်
အင်းဝ ဆောင် ရဲ့ ဘေစင် မှာ ဖင်ကပ် ကျန်နေတဲ့ ငံပြာရည် ပုလင်းတွေ ရှိတယ်
အင်းဝ ဆောင် ရဲ့ ဘေစင်မှာ လက်ကိုင်ပဲ့နေတဲ့ ငရုပ် ကျည်ပွေ့ တခုရှိတယ်
အင်းဝ ဆောင် ရဲ့ ဘေစင်မှာ ငွေရောင် တိပ်နဲ့ ဖာထားတဲ့ ဒန်အိုးတလုံးရှိတယ်
အင်းဝ ဆောင် ရဲ့ ဘေစင်မှာ နံရံက သံချောင်းမှာ တွဲလွဲ ခိုနေကျ (အချက်များလို့ အပူရှိန်ကြောင့် ) အနားကွဲ ဒယ်အိုးလေးတလုံးရှိတယ်
အင်းဝ ဆောင် ရဲ့ ဘေစင်မှာ ဆရာ ပစ်ထည့်နေကျ ကြက်သွန်နီခြောက် ပုလင်း တလုံး (ဘီစကစ်မုန့် တထုပ်တလေလည်း ရှီနိုင်တယ်)
အင်းဝ ဆောင် ရဲ့ ဘေစင်မှာ ပန်းကန်ဆေး ဖော့ နဲ့ ရှင်ကွဲ ကွဲနေတက်တဲ့ ရေပျော်နေတဲ့ ဆပ်ပြာခွက်တခွက်တလေရှိမယ်
အင်းဝ ဆောင် ရဲ့ ဘေစင်မှာ ဘာကြောင့်မှန်းမသိ သွယ်ထားတဲ့ (လက်နှီးချိတ်ဖို့ အသုံးဝင်တဲ့) ရှေးဟောင်း ကြေးရေပိုက်ခေါင်း တခုရှိတယ်
အင်းဝ ဆောင် ရဲ့ ဘေစင်မှာ ရေကဲ့ဖို့ ရေပုံးအမဲ တလုံးရှိတယ်
အင်းဝ ဆောင် ရဲ့ ဘေစင်မှာ ဆရာ့ရဲ့ စတုဒီသာတွေ ကိုသုံးဆောင်ပြီး အစွန့်ပြစ်အမေ့လျော့ခံ ပန်းကန်လှလှ လေးတွေရှိမယ်
အင်းဝ ဆောင် ရဲ့ ဘေစင်မှာ သီချင်းတွေ ညည်း စကားတွေများနဲ့ မငြီးမငြူသန့်ရှင်းရေးလုပ်သွားတတ်တဲ့ တပည့်မတွေရှိပါတယ်
အင်းဝ ဆောင် ရဲ့ ဘေစင်မှာ ဆူညံတတ်တဲ့ (သဘောကောင်းသလောက်) စိတ်မထင်ရင် ကတ်ကြေးနဲ့ လိုက်ထိုးတတ်တဲ့ အန်တီမမတွေရှိပါတယ်
အင်းဝ ဆောင် ရဲ့ ဘေစင်မှာ နွားနို့ သီးသန့်ကြိုဖို့ အလူမီနီရံ အိုးလေးရှိပါတယ်
အင်းဝ ဆောင် ရဲ့ ဘေစင်ဟာ နှလုံးလှ ဆရာ ဒါန ပါရမီ ပြုရာ နေရာလည်း ဖြစ်ရဲ့
အင်းဝ ဆောင် ရဲ့ ဘေစင်ဟာ အဆင်:လှ ကြာ အာဟာရ ကုသိုလ် ပေးရာ နေရာ ဆိုလည်းဟုတ်ရဲ့
အင်းဝ ဆောင် ရဲ့ ဘေစင်မှာ (ကျွန်တော့လို) ဟင်းရဲ့ အရသာကို မသိတဲ့ ယောက်မတွေ ရဲ့ ထံနီးလုပ်ကြွေး (တမုံ့ ထံနီးကပ်စားရာ ) လည်းဖြစ်ခဲ့
အင်းဝ ဆောင် ဘေစင်ရဲ့ အပြင်မှာ လာနားတဲ့ ကျီးငှက်တွေ အရင်ကလို ကောက်စရာ မုန့်ပဲသွားရည်စာ ရှိပါလေစ
အင်းဝ ဆောင် ရဲ့ ဘေစင်ရဲ့ နေရာမှာ အရင်ကလို အင်းဝဆောင် ဘေစင်ရှိပါလေစ……

Advertisements
This entry was posted in Biography, Poem and tagged , , , , , . Bookmark the permalink.

One Response to အင်းဝ ဆောင် ရဲ့ ဘေစင်

  1. Bala says:

    Really touch me .

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s