အိမ်မက်မဟုတ်တော့တဲ့ ဂမ်လန်ရာဇီ

အိမ်မက်မဟုတ်တော့တဲ့ ဂမ်လန်ရာဇီ

ဂမ်လန်ရာဇီ ရေခဲတောင် ကိုတက်ရောက်မည့် တောင်တက် အဖွဲ့ရဲ့ ခရီးစဉ် မနက်ဖြန်မနက်မှာ စတင်ပါပြီ။        မြန်မာ့ရေခဲတောင်တွေ အများဆုံးရှိရာဒေသရဲ့ လှပတဲ့ ဝင်ပေါက်မြို့ လေးဖြစ်တဲ့ ပူတာအိုမြို့ကို မနက်ဖြန် ၁၃ ဩဂုတ်လ၂၀၁၃ နေ့မှာ တောင်တက်အဖွဲ့ဟာ ရန်ကုန်ကနေ  ၁၃ ရက်နေ့ မနက် ပိုင်း အဲ ပုဂံ လေယာဉ်နဲ့ ထွက်ခွါပြီး ဂမ်လန်ရာဇီတောင်တက်ခရီးစဉ်စတင်မှာဖြစ်ပါတယ်။ ပူတာ အိုမှာ  ၁၄ ရက်နေ့ သန်ဘက်ခါ တရက် ရပ်နားပြီး အထမ်းဝန်ထမ်း ရိတ္ခာ စတာတွေ ပြင်ဆင်ရင်း ပူတာအို (မလိခ ဟိုတယ်) မှာပဲ အုတ်ခဲပုံမှာဖြစ်ပါတယ်။ပြီးရင်တော့ ၁၅ ရက်နေ့ကနေ စတင်လို့ ပူတာအိုမြို့ကနေ မချမ်းဘော့ ကို ကားနဲ့ထွက်ခွါမှာဖြစ်ပြီး မချမ်းဘော့ ကနေ အလန်ဂါး ရွာကို ခြေလျင်ခရီးစတင်လျှောက်ပြီး  အရောက်သွားမှာဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ ခရီးစဉ် အတိုင်း

•  အလန်ဂါး – ထန်ဂါး
• ထန်ဂါး- ဘာဘော့
•  ဘာဘော့- ရပ်ဘော့ (ဂါးထု)
•  (ဂါးထု) – ကော်လဲ
•  ကော်လဲ -ပန်နန်းဒ
• င်ပန်နန်းဒင် – (လုံနတ်) ငဝါ  တောစခန်း/ဘိုတဲ
• ငဝါ- (ဝမ်စီးဝမ်) ဂဝိုင်
•   ဂဝိုင်- ဒဇွန်ဒမ်း
• ဒဇွန်ဒမ်း- တဆူထု
•  တဆူထု – တဟောင်ဒမ်း
• တဟောင်ဒမ်း- မဆင်စန်  တောစခန်း
• မဆင်စန်-ဂမ်လန်ထု
• ဂမ်လန်ထု-ဇွန်ဒမ်း
• ဇွန်ဒမ်း- ဂမ်လန် မြစ်ဖျား တောင်ခြေ တောစခန်း

အထက်ပါ အစီအစဉ်အတိုင်း ခြေလျင် ခရီးကြမ်း အဆင့်ဆင့်  ရွာစဉ်အလိုက် စခန်းစဉ် ဖြင့် မိုင်ပေါင်း များစွာ  ဝေးတဲ့  ဂမ်လန်ရာဇီ တောင်ပေါ် အခြေစိုက် စခန်း စီသို့ စက်တင်ဘာလ ၁ ရက်နေ မတိုင်မီအရောက် တောစခန်း ချ၍ ခြေလျင်ခရီးသက်သက် ချီတက်ကြမှာဖြစ်ပါတယ်။

စက်တင်ဘာလ ၁ ရက်နေ့ ကနေပြီး  စက်တင်ဘာလ ၉ ရက်နေ့အထိက တော့ ဂမ်လန်ရာဇီ တောင်တက်ခရီးစဉ်ကြီးရဲ့ ရင်အခုံ ရဆုံး အပိုင်း ဖြစ်ပါတယ်။

မြန်မာအမေရိကန် ချစ်ကြည်ရေး တောင်တက်အဖွဲ့ တောင်တက်သမား ၇ဦးတို့ဟာ အဲ့ဒီ ရက်ပိုင်း အတွင်းမှာ လူသူအရောက်အပေါက် လုံးဝမရှိသေးတဲ့ (Virgin Peak ) ဖြစ်တဲ့ ဂမ်လန်ရာဇီ ရေခဲတောင်ကြီးရဲ့ တောင်ထိပ်စီသို့ တက်ရောက်ဖို့ ကြိုးပမ်းကြမှာဖြစ်ပါတယ်။   ဂမ်လန်ရာဇီ တောင်တက် အဖွဲ့မှာ  အလွန် ကောင်းမွန်ပြည့်စုံတဲ့ ကိုသက်ထွန်း တို့ ကိုစန်းဝင်းကျော်တို့ ဦးဆောင်တဲ့ နောက်ချန်ပံပိုးမှုအဖွဲ့ တွေရှိတာ၊ ခါကာဘိုတောင်ထိပ်ကို တက်ခဲ့တဲ့ အန်းစေး (ဝါ) နမားဂျွန်ဆင်လည်း တောင်တက်အဖွဲ့ကို ကူညီဖို့ ပါတာ၊   ခေတ်အမီဆုံးတောင်တက် ကရိယာတွေ နဲ့ တန်ဆာဆင်ထားပြီး နည်းစနစ်ပိုင်း လေ့ကျင့်မှူပြည့်ဝတဲ့ တောင်တက်သမား  ၇ဦး ရဲ့  အဖွဲ့လိုက် လုပ်ဆောင်မှုတွေ ကောင်းမွန်တာ ၊ ကျန်းမာကြံခိုင်ပြီး အတွေ့အကြုံရင့် တောင်တက်သမားတွေ နဲ့ တောင်ထိပ်ကို ရောက်ရှိရေးကို ကြိုးပမ်းကြမှာ စတဲ့ အချက်တွေဟာ  လူသားများ တစ်ကြိမ် တစ်ခါမှ ခြေချနိုင်ခြင်း မရှိသေးတဲ့ မြန်မာ့ နဲ့ အရှေ့တောင်အာရှမှာ အမတ်ဆောက်ဆုံးနဲ့ အခက်ခဲဆုံးဖြစ်တဲ့ ဂမ်လန်ရာဇီ ရေခဲတောင်အောင်နိုင်ရေး အိမ်မက်ကို အကောင်အထည်ဖော်ပေးမယ်လို့ ယူစနိုင်တဲ့ အားတက်စရာ အချက်များဖြစ်ပါတယ်။

ရာသီဥ တု ဖြစ်စဉ်တွေ နဲ့ သဘာဝ ဖြစ်စဉ်တွေ ဖြစ်တဲ့ (မိုးရွာတာ ၊ ဆီးနှင်းတွေ အဆမတန် ကျတာ ၊ ရေခဲတွေ တောင်ဆောင်းတလျှောက်ပြိုကျတာ ရေခဲမှတ်အောက် ဒီဂရီပေါင်းများစွာ အထိ အပူချိန်ကျဆင်းတာ ၊ တောင်ခိုးတွေမြူတွေ ပိတ်ပြီး တက်မဲ့လမ်းကို မမြင်ရတာ) စတဲ့ အချက်တွေ ဟာ တောင်တက်ခရီမှာ တောင်ထိပ်ကို တက်ရောက်မဲ့ တောင်တက်သမားတိုင်းလိုလို သတိထားပြီး  ကြိုတင်တွက် ဆ ပြင်ဆင်ထားပြီးသားဖြစ်သလို လိုအပ်တဲ့ တောင်တက်ကရိယာ အပြည့်အဆုံလည်း ရှိပြီး ဖြစ်တဲ့ အတွက် အဲ့ဒီ သဘာဝအဟန့်အတားတွေနဲ့ ကြုံခဲ့ရင်တောင်မှ တောင်တက်အဖွဲ့ဟာ အကောင်းဆုံး ရင်ဆိုင်ကျော်လွှားပြီး  5850m (19,192ft). မီတာပေါင်း ၅၈၅၀ (အမြင့်ပေ ၁၉၁၉၂ပေ မြင့်တဲ့)  အပျိုစင် ဂမ်လန်ရာဇီ တောင်ထိပ်ကို အောင်မြင်စွာနဲ့  အရောက် လှမ်းနိုင်မယ်လို့ လည်း (စိတ်ပူတဲ့ ကြားက ပဲ ရင်ခုံ စွာနဲ့) ယုံကြည်မိပါတယ်။

ဂမ်လန်ရာဇီ ရေခဲတောင် ကို မြန်မာ-ဖုံရင် ခရီးသွားလုပ်ငန်းရဲ့ တောင်တက်ခရီးစဉ်အနေနဲ့ မြန်မာ – အမေရိကန် ချစ်ကြည်ရေး ပူးပေါင်းတောင်တက်အဖွဲ့ဟာ မကြာမီ တက်ရောက်ကြ တော့မှာဖြစ်ပါတယ်။  မြန်မာ – အမေရိကန် ချစ်ကြည်ရေးတောင်တက် အဖွဲ့ကို အဓိက ပံပိုးကူညီတာကတော့ ထူးဖောင်ဒေးရှင်း၊ Air Bagan,  AGD ဘဏ် စတဲ့ ပြည်တွင်း ကုမ္ပဏီများ၊ တောင်တက်ခရီးစဉ် စီစဉ်ပေးတဲ့  မြန်မာ-ဖုံရင် ခရီးသွားလုပ်ငန်း၊ နည်းစနစ်ပိုင်းနဲ့ တောင်တက်သမားတွေ နဲ့ ပါဝင် ကူညီပေးတဲ့ TCCM(Technical Climbing CLub of Myanmar ) တို့စတဲ့  ပြည်တွင်း အဖွဲ့အစည်းများ အပြင် ၊( NOLS- National Outdoor Leadership School ) စတဲ့ အပြည်ပြည်ဆိုင်ရာ တောင်တက်သင်တမ်းကျောင်း ( Patagonia, Juniper System, Black Diamond ) စတဲ့ ပြည်ပ လုပ်ငန်းများ  တောင်တက် ကိရိယာထုပ်လုပ်သူများ အဖွဲ့အစည်းများစသည်ဖြင့် ပါဝင်ပါတယ်။

လူသားများ တစ်ကြိမ် တစ်ခါမှ ခြေချနိုင်ခြင်း မရှိ သးတဲ့ မြန်မာ့ နဲ့ အရှေ့တောင်အာရှမှာ (ဒုတိယ အမြင့်ဆုံးလို့ မှတ်တမ်းဝင်ပေမဲ့လို့)  အမတ်ဆောက်ဆုံးနဲ့ အခက်ခဲဆုံးဖြစ်တဲ့ ဂမ်လန်ရာဇီ ရေခဲတောင်အောင်နိုင်ရေး အိမ်မက်တွေ ဟာ လက်တွေ့မှာ အကောင်အထည် ပေါ်လာတော့မှာ ဧကန် မလွဲ ဖြစ်ပါတော့တယ် ခင်ဗျာ။

Area Map of Gamlangrazi ( map credit to Niomadwe Madwe

Area Map of Gamlangrazi ( map credit to Niomadwe Madwe )

Satellite Image of Gamlangrazi ( North Face) satellite image credit to GamlangRazi facebook account

Satellite Image of Gamlangrazi ( North Face) satellite image credit to GamlangRazi facebook account

Topographic Map of Mt. Gamlang Razi / Rock Type : Granite

5368 meters UTM : 47 R 0351 500 E / 3129 000 N

Copyright & Published by Ministry of Agri & Irra under Survey Dept.

First Edition :2008. , Scale = 1:50,000 , Contor interval 20meters

Complied 1:50,000 aerial foto (taken Dec03 to Mar04)

Field completion done 2005./ UTM Zone: 47 / Spheroid :Everest1830

Projection : Universal Transverse Mercator

Vertical Datum : MSL @ Kyaikkhami

Horizontal Datum : MM datum 2000

Topographic Map of Mt. Gamlang Razi / Rock Type : Granite 5368 meters UTM : 47 R 0351 500 E / 3129 000 N Copyright & Published by Ministry of Agri & Irra under Survey Dept. First Edition :2008. , Scale = 1:50,000 , Contor interval 20meters Complied 1:50,000 aerial foto (taken Dec03 to Mar04) Field completion done 2005./ UTM Zone: 47 / Spheroid :Everest1830 Projection : Universal Transverse Mercator Vertical Datum : MSL @ Kyaikkhami Horizontal Datum : MM datum 2000
Advertisements
This entry was posted in Gamlangrazi, History, News, Trip Forecast and tagged , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s