တောင်တက်ခြင်းဟာ ရိုးစင်းစွာပဲ တောင်တက်ခြင်းဖြစ်ခဲ့တယ် ဖြစ်နေကြတယ် ဖြစ်နေဦးမယ် ။

တောင်တက်ခြင်းဟာ ရိုးစင်းစွာပဲ တောင်တက်ခြင်းဖြစ်ခဲ့တယ် ဖြစ်နေကြတယ် ဖြစ်နေဦးမယ် ။

August 21, 2013 at 6:13pm

 မြန်မာ့မြောက်ဖျား ကချင်ရေခဲတောင်တွေဆီကို သွားရတဲ့ ခရီး

တကယ် သဲထိတ်ရင်ဖိုစွန့်စားခန်းကြီး

ဘယ်လောက်တော်ပါပေ့ဆိုတဲ့ ဒိပ်ဒိပ်ကြဲ တောင်တက်သမားတွေ ပဲဖြစ်ဖြစ်

ကမ္ဘာ့ရဲ့ အနှံ့ တောင်မြင့်ကြီး ဘယ်နှစ်တောင် တက်ခဲ့ သူပဲဖြစ်ဖြစ်

မြန်မာ့ ရေမြေတောတောင်သဘာဝကို ကမ္ဘာ့သူကမ္ဘာ့သားတွေ ဩချရစမြဲ

မြန်မာ့ အလှကို တအံ့တအော မှင်သက်ရ စမြဲ

ကြမ်းခက်ပြီး ပစ်မျိုးမှဲ့ထင်တဲ့ အရိုင်းသဘာဝမြန်မာ့ တောတောင်တွေအရောက်မှာ

တောင်တက်သမားတွေ မာနကို ခဝါ ချရစမြဲ

အန္တရယ် နဲ့ အလှအပ ရောပြွမ်းနေတဲ့ မြန်မာ့စွန့်စားခန်းတွေမှာ သတိထူထူကို ချပ်ဝတ်တန်စာဆင်ကြရစမြဲ

ကမ္ဘာ့အတော်ဆုံးတောင်တက်သမားတွေတောင်

သူတို့ဘဝရဲ့ အခက်အခဲဆုံးခရီးပါလို့ ရိုက်စစ်စရာမလိုပဲ ဝန်ခံကြစမြဲ

တောင်တက်ခြင်းဟာ ရိုးစင်းစွာပဲ တောင်တက်ခြင်းဖြစ်ခဲ့တယ် ဖြစ်နေကြတယ် ဖြစ်နေဦးမယ် ။

လမ်းမရှိဘူးထင်ရအောင် ပိန်းပိတ်နေတဲ့ တောတွေကိုတိုးရတဲ့ခရီး ရေတွက်မကုန်နိုင်တဲ့ (ဝမ် လို့ခေါ်တဲ့) ရေစီးသန်တဲ့ ချောင်းတွေများစွာကို( ခ လို့ခေါ်တဲ့) မြစ်ကျဉ်း မြစ်ရိုင်းများစွာကို  ခနော်ခနဲ့ လွှဲရမ်းနေတဲ့  ကြိမ်ကြိုးတံတားလေးနဲ့ ဒူးခြေတုံ ကူးဖြတ်ရင်းနဲ့  တဖုံရေခဲမတတ်အေးနေတဲ့ ဟုန်းဟုန်းဒိုင်းဒိုင်းစီးနေတဲ့ ချောင်းရေထဲက တမျိုး အမျိုးမျိုး မရိုးရအောင်ဖြတ်တခါတလေလည်း (ရဝမ် ဘာသာအရ ဒမ်း လို့ခေါ်တဲ့) မြေပြန့်လွင်ပြင်ရှိရာ ရွာလေးတွေရဲ့ တဖက်တချတ်  ရွှေဝါရောင်ကောဇောကြီးခင်းထားသလားထင်ရအောင် ဝင်းဝါအိမှည့်နေတဲ့ စပါးပြောင်းခင်းတွေ ကိုဖြတ်ရင်း အနီ အဝါ အစိမ်း ဖိပ်ဖိပ်တောက်နေတဲ့ ငရုပ်ခင်း မုံညင်းခင်းတွေ ကို ဖြတ်ရရင်လည်း ခရီးဟာ အမောတွေပျောက် လို့ ကြည်နူးစရာတောင်တက်ခြင်းဟာ ရိုးစင်းစွာပဲ တောင်တက်ခြင်းဖြစ်ခဲ့တယ် ဖြစ်နေကြတယ် ဖြစ်နေဦးမယ် ။

ခရီးစဉ်ရဲ့ ကိုယ့်ကျောပိုးအိပ်ကြီး ပေါင် ၆၀လောက်ကို လေးလှပြီထင် သူတွေ တောင်တက်ခရီး မထွက်ခဲ့ခင် အိမ်နဲ့ အလုပ် အလုပ်နဲ့အိမ် နိစ္စဒူဝ ဘဝကို ပင်ပန်းလှချေ့ လို့ ကိုယ့်ကိုယ်ကို သနားစဖွယ် ဟန်ပါပါ ညည်းတွားခဲ့သူတွေကချင် မြောက်ဖျား အသီအခေါင်တောရွာလေးရဲ့ တနေရာက ၈နှစ် ၁၀နှစ် ကောင်လေးကောင်မလေးတွေ ခါးမှာ ဓားကိုချိပ်ပြီး အပူချိန်ကျဆင်းတဲ့ ညတာတွေကို အံတုဖို့ထင်းတွေ ဝါးပလိုင်းအပြည့်   နဖူးမှာသိုင်းလွယ်သယ်လာတဲ့ မြင်ကွင်းကို တွေ့တဲ့အခါ ကိုယ့်ဘဝကိုယ် ညည်းတွားခဲ့မိလို့ ရှက်တတ်စိတ်တွေကို ပေးလိမ့်မယ် တောင်ပေါ်ဒေသတိုင်းရင်းသားချင်းတွေကို ချစ်ခင်စိတ် စာနာစိတ်တွေကို ပေါက်ဖွားစေလိမ့်မယ်  တောင်တက်ခြင်းဟာ ရိုးစင်းစွာပဲ တောင်တက်ခြင်းဖြစ်ခဲ့တယ် ဖြစ်နေကြတယ် ဖြစ်နေဦးမယ် ။

တောင်တက်ခြင်းအနုပညာဟာ လူသားဆန်မှုတွေ ပြိုးပျက်လင်းလက်စေတတ်တာကို အလန့်တကြားသတိပြုမိ လိမ့်မယ်လက်ရှိထက်ပိုပြီး သဘာဝကို အသေးစိတ်မြင်တတ်လာစေတယ် အသွင်သဍာန်တွေရဲ့ နောက်ကွယ်က အလှတရားကို ပိုပြီးနက်ရှင်းလာစေလိမ့်မယ် မရှိမဖြစ်ပါလို့ တဖွဖွပြောနေတဲ့ ကိုယ့်အတ္တ ကို (အနည်းဆုံး တခဏတာ ပါးလွှာစေလိမ့်မယ်)တောင်တက်ခြင်းဟာ ရိုးစင်းစွာပဲ တောင်တက်ခြင်းဖြစ်ခဲ့တယ် ဖြစ်နေကြတယ် ဖြစ်နေဦးမယ် ။

တောင်တက်ခြင်းဆိုတာ တောင်ကိုတက်တာမဟုတ် ကိုယ့် စိတ်စာရိတ္တကို ကိုယ် ပြန်တက်တယ်ဆိုတာကို ခပ်ရေးရေးသဘောပေါက်လာလိမ့်မယ် တောင်တက်ခြင်းဆိုတာ လူလူခြင်းအနိုင်ယူတာမဟုတ် သဘာဝတရားကိုယ်လည်း အနိုင်ယူတာမဟုတ် မြင့်မတ်တဲ့ကျောက်တောင်ကမ်းပါးကြီးတွေကို အနိုင်ယူရတာလည်းမဟုတ် တောင်တက်ခြင်းဆိုတာချမ်းအေးတဲ့ ရေခဲ ပြင်မှာ နစ်လိုက်ရုံးရင်း ရာသီဥတုကို အံတုရတာဆိုတာ လည်းမဟုတ်တောင်တက်ခြင်းဟာ ရိုးစင်းစွာပဲ တောင်တက်ခြင်းဖြစ်ခဲ့တယ် ဖြစ်နေကြတယ် ဖြစ်နေဦးမယ် ။

တောင်တက်ခြင်းဆိုတာ တကယ်တော့ လူသားရဲ့ ဖြစ်တည်မှုဟာ လောက၃ပါးနဲ့ တသားတည်းကျမှု ဓာတ်ကြီးလေးပါး နဲ့ သဟဇာတဖြစ်မှု ။။။.ကံစိတ် ဥတု အဟာရ ရဲ့ မျခြေဖြစ်မှု  လူသားရဲ့ အပ္ပမာဒေထ မနုသတိ ပွါးမှု  နဲ့ အညမည ပစ္စယ တွေကို ခပ်ရေးရေးပုံဖော် မသိရင်တော့ တကိုယ်တော်စွန့်စား မဟာလူသားလို့ ကိုယ့်ကိုယ်ကို အထင်ရောက်စေတဲ့ (အန္တပုထုစဉ် တချို့ရဲ့ ဥမ္မတကော အရူးထခြင်းသက်သက်သာဖြစ်ပြန်တယ်)တောင်တက်ခြင်းဟာ ရိုးစင်းစွာပဲ တောင်တက်ခြင်းဖြစ်ခဲ့တယ် ဖြစ်နေကြတယ် ဖြစ်နေဦးမယ် ။

တောင်တက်ခြင်းဟာ လူသားခြင်းအနိုင်မယူဘူး (တောင်တက်ခြင်းမှာ လူသာခြင်းမယှဉ်မပြိုင်ဘူး) တောင်တက်ခြင်းမှာ အနိုင်အရှုံးတွေ တချို့အတွက်ရှိတတ်တယ် တချို့အတွက်မရှိဘူး။တောင်တက်ခြင်းဟာ ရိုးစင်းစွာပဲ တောင်တက်ခြင်းဖြစ်ခဲ့တယ် ဖြစ်နေကြတယ် ဖြစ်နေဦးမယ် ။

ထပ်ပြောမယ်။။။။။။။။။။။။။။။။။။။။။။။။။

တောင်တက်ခြင်းဟာ ရိုးစင်းစွာပဲ တောင်တက်ခြင်းဖြစ်ခဲ့တယ် ဖြစ်နေကြတယ် ဖြစ်နေဦးမယ် ။

တောင်တက်ခြင်းဟာ ရိုးစင်းစွာပဲ တောင်တက်ခြင်းဖြစ်ခဲ့တယ် ဖြစ်နေကြတယ် ဖြစ်နေဦးမယ် ။

တောင်တက်ခြင်းဟာ ရိုးစင်းစွာပဲ တောင်တက်ခြင်းဖြစ်ခဲ့တယ် ဖြစ်နေကြတယ် ဖြစ်နေဦးမယ် ။
ion222
Advertisements
This entry was posted in Essay, Publication and tagged , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s