“Because it’s there” ……..George Mallory

” တောင်တွေ ရှိနေလို့ တောင်တက်တာပေါ့ ” ရယ်လို့ ကမ္ဘာကျော် စကားတစ်ခွန်းကို ပြောခဲ့သူကတော့
ပုံထဲမှာဦးထုပ် ကျောပိုးအိပ်နဲ့တောင်တက်ဖိနပ်ကလွဲလို့ ကိုယ်တုံးလုံးချွတ်နဲ့ အဝတ်အစားမကပ် မြင်ရတဲ့ ဗြိတိရှ တောင်တက်သမား ” ဂျော့မယ်လိုရီ” ပဲဖြစ်ပါတယ်…

16293_10200099717375030_1688617293_nအင်္ဂလန်သား စစ်စစ်ဖြစ်တဲ့ “မယ်လိုရီ”ကို ၁၈၈၆ ဇွန်လမှာ ၁၈ရက်နေ့ ဖွားမြင်ခဲ့ပြီး သူ့ရဲ့အသက် ၃၈နှစ်အရွယ် ၁၉၂၄ခုနှစ် ဇွန်လ အတွင်းမှာပဲ ဧဝရတ်တောင်ရဲ့ အရှေ့မြောက်တောင်ကျောပေါ်မှာ သူ့ရဲ့ တောင်တက်လက်တွဲဖော် အာဗင်း နဲ့အတူ ပျောက်ဆုံးခဲ့ပြီး အဲ့ဒီနှစ် ဇွန်လ ၈ရက်နေ့(သို့မဟုတ်) ၉ရက်နေ့မှာ ကွယ်လွန်ခဲ့တယ်လို့ ခန့်မှန်းကြပါတယ်။

” ဂျော့မယ်လိုရီ” ဟာ ၁၉၂၀ပြည့်နှစ်များ တစ်ဝိုက်က ဗြိတိရှ တောင်တက်အဖွဲ့တွေရဲ့ကမ္ဘာအမြင့်ဆုံး ဧဝရတ်တောင် အောင်နိုင်ရေးကြိုးပမ်းမှုတွေမှာ အကြိမ်ကြိမ် အဖွဲ့ဝင်အဖြစ်တစ်ဖုံ ခေါင်းဆောင်အဖြစ် တစ်လှည့်နဲ့ ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။
သူဟာ ၁၉၂၁ခုနှစ်မှာ ဧဝရတ်တောင်တက်ကော်မတီနဲ့အတူမြောက်ဖက်တောင်ကြားအထိ စူးစမ်းလေ့လာနိုင်ခဲ့ပြီး အဲ့ဒီခေတ်အခါမှာ ဧဝရတ်တောင် ဒေသတစ်ဝိုက်ရဲ့ အတော်ပြည့်စုံတဲ့မြေပုံရေးဆွဲတဲ့ အဖွဲ့မှာလည်းကောင်းစွာပါဝင်နိုင်ခဲ့ပါတယ်။
နီပေါရှာပါ တစ်ဒါဇင်ခန့်ပါဝင်တဲ့ သူဦးဆောင်တဲ့တောင်တက်အဖွဲ့ငယ်ဟာ ဧဝရတ်တောင်တစ်ဝိုက်က တောင်ထိပ်ပေါင်းများစွာကို တက်ရောက် လေ့လာမှတ်တမ်းပြု နိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့သူ တစ်ဦးလည်းဖြစ်ခဲ့ပြီး ဧဝရတ်တောင်တက်ခရီးစဉ်တစ်ခုမှာ ရေခဲပြိုကျမှုကြောင့် ရှာပါ ၇ဦးအသက်ဆုံးရှုံးခဲ့ပြီး ကျန်တောင်တတ်ဖွဲ့ဟာ အသက်ဘေးမှသီသီလေး လွတ်ခဲ့တဲ့ အဖြစ်မှာ သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ စီမံခန့်ခွဲမှုညံ့မှုကြောင့်ဖြစ်ရတဲ့အတွက် အဖွဲ့ခေါင်းဆောင်အဖြစ်မှ ဖယ်ရှားခံခဲ့ရသူလည်းဖြစ်ပါတယ်။ ဝေဖန်ရေးဆရာများကတော့ ” ဂျော့မယ်လိုရီ”ဟာ စိတ်အားထက်သန်ပြီး ထူးချွန်တဲ့ တောင်တက်သမားဖြစ်ပေသလို တောင်ထိပ်ရောက်လိုဇောပြင်းပြလှပြီး တစ်ဇောက်ကန်းဆုံးဖြတ်ချက်ချတတ်သူအဖြစ် သမိုင်း သင်ခန်းစာများစွာယူစရာ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ ၁၉၂၄ခုနှစ် ဧဝရတ်တောင်ပေါ်မှာ သူ့နဲ့အာဗင်း နဲ့အတူကမ္ဘာအမြင့်ဆုံး တောင်ထိပ်ကိုတက်ဖို့ ကြိုးပမ်းရင်း ပျောက်ဆုံးပြီးတာ ၇၅နှစ်ကြာပြီးတဲ့နောက် ၁၉၉၉ခုနှစ်မှာမှ သူတို့ရဲ့ ရုပ်အလောင်းကို တောင်ပေါ်မှာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ နယူးဇီလန်က အက်ဒမန်ဟီလာရီ က ၁၉၅၃ ခုနှစ်ရောက်မှ ရှာပါ တန်းဇင်းနော်ဂေး နဲ့ အတူ ဧဝရတ် တောင်ထိပ်ကို သမိုင်းမှတ်တမ်းနဲ့ တကွ ပထမဦးဆုံးရောက်ရှိကြောင်း ကမ္ဘာကို ကြေငြာနိုင် ခဲ့ပါတယ် ။ ၁၉၂၄ခုနှစ်က နောက်ချန်အဖွဲ့ဝင်တွေဟာ ” ဂျော့မယ်လိုရီ” နဲ့”အာဗင်း” တို့ကို တောင်ထိပ်နဲ့ မီတာ ၂၄၅မီတာ အမြင့်ပေ ၈၀၀ကျော် အကွာမှာ မှန်ပြောင်းကနေတစ်ဆင့် နောက်ဆုံးမြင်တွေ့ခဲ့ကြရတာဖြစ်ပါတယ်။ ” မယ်လိုရီ” နဲ့”အာဗင်း” တို့နှစ်ယောက် အလောင်းတွေကို မတွေ့ခင်ကရော အလောင်းရှာဖွေတွေ့တဲ့ အချိန်ထိပါ သူတို့နှစ်ယောက် မသေခင် တောင်ထိပ်ကို ရောက်ခဲ့သလား မရောက်ခဲ့ဘူးလားဆိုတာဟာ ပဟေဋိ ဖြစ်လို့နေပါတယ်။ အခုထိလည်း စူးစမ်းလေ့လာမှုတွေ “အင်္ဂလိပ်တွေ တောင်ထိပ်ကို အရင်ရောက်တာကွ မရောက်ဖူးကွ” ဆိုတဲ့ အငြင်းပွါးမှုတွေ နဲ့
အတူ ကမ္ဘာ့တောင်တက်အသိုင်းအဝိုင်းရဲ့ မပြီးသေးတဲ့ ပန်ချီကား တစ်ချက်အဖြစ်ရှိနေဆဲပါပဲ ။

Q : “Why do you want to climb Mount Everest?”

A : “Because it’s there”
………..George Mallory

Advertisements
This entry was posted in Biography, History, Memorial, Mountaineering and tagged , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s