အချစ်နဲ့ မိုဗင်ဘာ…..

မိုဗင်ဘာ Movember ဆိုတာကတော့ မနှစ်ကတုံးက အသိတောင်တက်သမားတစ်ယောက်ပြောပြလို့ သိလိုက်တဲ့ ကျန်းမာရေး အသိပညာပေး annual event လှုပ်ရှားမှုတစ်ခုရဲ့ ဝေါဟာရပါ။ သီးခြား စကားလုံးနှစ်ခုဖြစ်တဲ့ moustache (နှုပ်ခမ်းမွှေး/ပါးပြိုင်းမွှေး) ဆိုတာရယ် and “November” (နိုဝင်ဘာလ) ဆိုတာတယ် ကိုပေါင်းပြီး ခေါ်လိုက်တဲ့ အခါ မိုဗင်ဘာ Movember ဖြစ်သွားတာ။ နိုဝင်ဘာလ တစ်လလုံး မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေး ထားတဲ့ အဓိပ္ပာယ်ကို ရည်ညွန်းပါတယ်။

မုတ်ဆိတ်မွှေးတွေ နှုတ်ခမ်းမွှေးတွေ ကို နိုဝင်ဘာလတစ်လလုံး မရိပ်ပဲထားတာတဲ့ မိုဗင်ဘာ Movember ရဲ့ ရည်ရွယ်ချက်ကတော့ အမျိုးသားတွေမှာ ဖြစ်တတ်တဲ့ မျိုးပွါးလမ်းကြောင်းဆိုင်ရာ (ပရောစတိတ် ကင်ဆာ ) နဲ့ အခြားသော ကင်ဆာ ရောဂါ စိတ်ကျရောဂါ စတဲ့ ရောဂါ တွေ အကြောင်းကိုအသိပညာမြင့်တင်ပေးဖို့ awareness raisingလုပ်ဖို့ ရယ် ဒီလတစ်လလုံး မိုဗင်ဘာ Movember မုတ်ဆိတ်မွှေး ထားပြီးတော့ အဲ့ဒီ ကင်ဆာ   ဝေဒနာရှင်တွေအတွက် ဆေးကုသဖို့ အလှုငွေကောက်ခံ ရရှိဖို့ အဓိကရည်ရွယ်ပါတယ်။

ဒီလိုနဲ့ ကျွန်တော်လည်း နိုဝင်ဘာလမှာ Movember လုပ်ဖို့အတွက် မရှိမဲ့ ရှိမဲ့ မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေး လေးတွေကို Movember အကြောင်းပြပြီုး မရိတ်သင်ပဲထားလာလိုက်တာ မနေ့က အထိ (၁၇ နိုဝင်ဘာအထိ ဆိုတော့ လဝက်ကျော်ကျော် ထိ ) ဆိုပါတော့။ အထက်လူကြီးမရှိတုံးဆိုပါတော ( ကျွန်တော့ အထက်လူကြီး ဖြစ် သူ ပုံ့ပုံ့ က နိုဝင်ဘာလထဲမှာ ခရီးသွားနေတာက တစ်ကြောင်း သူရန်ကုန်ပြန်ရောက်တော့လည်းအင်တာနတ်လိုင်းမကောင်းလို့ မတွေ့ဖြစ်တာကတစ်ကြောင်းနဲ့ နှစ်ယောက်သား အွန်လိုင်းမှာ မတွေ့ဖြစ်ကြဘူး ဖုံးပဲပြောဖြစ်တော့ ကျွန်တော့ရဲ့ မိုဗင်ဘာနှုတ်ခမ်းမွှေးတွေကို သူသတိမထားမိဘူးပေါ့။ ( ကျွန်တော်ကလည်း သူ့ကို အဲ့ဒီအကြောင်းကြိုပြောပြမထားမိဘူး )

ဒီလိုနဲ့ ယူအေအီးမှာ မိုးတွေရွာတဲ့ မနေ့က ညခင်းမှာ သူနဲ့ skype ပြောဖြစ်ကြတော့ ကျွန်တော့ရဲ့ မိုဗင်ဘာ မျက်နှာကြီးကိုမြင်ပြီး သူ့ခမျာ လန့်သွားရှာတယ်၊ ကျွန်တော်ရှင်းပြတဲ့ မိုဗင်ဘာ Movember ကမ်ပိန်းအကြောင်းကိုလည်း နားထောင်ရှာပါတယ်။ ဒါပေမဲ့ အထက်အမိန့်ကျလာတာကတော့ အခု ချက်ခြင်း ရိတ် ဆိုတာပါပဲ။ ဟာဒါမျိုးလာပြောလို့ကတော့ ဘယ်ရမလဲ ချက်ခြင်းကို မစဉ်းစားပဲ ပြန်ပြောလိုက်တာပေါ့ ………………………………………………………………….( ဟုတ်ကဲ့ ပါ ခင်ည လို့   )

ရက်ပေါင်းများစွာ သံရောဇဉ်တကြီးနဲ့ ထားခဲ့တဲ့ နှုတ်ခမ်းမွှေး ရည်ရွယ်ချက်ကြီးမားစွာနဲ့ awareness raisingလုပ်ဖို့ ပြုစုပျိုးထောင်လာခဲ့တဲ့ မိုဗင်ဘာ နှုတ်ခမ်းမွှေး တွေပဲ ။ နှမြောတသတော့ ဖြစ်မိပါရဲ့ ။ဒါပေသိ ဖြည့်တွေးလိုက်ပါတယ် နှုတ်ခမ်းမွှေးထားပြီး အမျိုးသားတွေ ဖို့ (ပရောစတိတ် ကင်ဆာ ) campaign လုပ်သကဲ့တို့ နှုတ်ခမ်းမွှေး ရိပ်ပြီး အမျိုးသမီးထုအတွက် ရင်သားကင်ဆာ awareness raisingလည်းလုပ်နိုင်သေးတာပဲလို့ (ဆိုင်ဆိုင်မဆိုင် ကိုယ့်ကိုကိုယ် ဖြည့်တွေးလိုက်ပါတယ် )နိုဝင်ဘာလရဲ့ အမှတ်တရကတော့ မနေ့က သူခိုးကြီးညမှာ မိုဗင်ဘာနှုတ်ခမ်းမွှေးတွေကို အချစ် ဆိုတဲ့ စိတ္တဇနာမ်တစ်ခုက ခိုးယူသွားခဲ့ပါကြောင်း  

စာကြွင်း (ဘော်ဒါတို့လည်း မိုဗင်ဘာနှုတ်ခမ်းမွှေး ထားချင်သပဆိုရင် နောက်မကျသေးဘူး ထားနိုင်ပါတယ်၊ ကျွန်တော်ကတော့ လဝက်နဲ့တင် မိုဗင်ဘာကို အချစ်နဲ့ အလဲအထပ်လုပ်ခဲ့ပါပြီ ဒီနှစ်တော့ အပြီးအပိုင် ထွက်စို့ ခေါ်လိုက်ပါတယ် )

my movember face

my movember face

MOVEMBER CLIMBING

MOVEMBER CLIMBING
Advertisements
This entry was posted in Essay and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s