စာရာမေတိ တမ်းခြင်း

စာရာမေတိ ဆိုတဲ့ နာမည်ဟာ အားလုံးနဲ့ အကြွမ်းဝင်ပြီးသားဖြစ်မှာပါ အထူးအဆန်းအမည် နာမည် စိမ်းရယ် ဖြစ်နေမယ်လို့ မထင်ပါဘူး ၊ ငယ် ငယ် က ကြက်တူရွေးနှုပ်တိုက်စာအော်ကျက်ခဲ့ကြတာ မြန်မာနိုင်ငံရဲ့ အမြင့်ဆုံးတောင်များမှာ ခါကာဘိုရာဇီတောင် စာရာမေတိတောင် နှင့် ဝိတိုရိယတောင်တို့ ဖြစ်ကြပါသည် ဆိုပြီးတော့ ပြဌာန်းစာမှာ အဲ့သလိုပါတာကိုး ၊ သင်ရိုး ညွန်းတမ်း မှားတာ မှန်တာ တွေဆွေးနွေးရင်း နောက်ဆုံး အပြစ်တင်စရာ ကျွန်တော်တို့အပေါ် တစ်သက်လုံး မကောင်းခဲ့တဲ့ အစိုးရ ဘူတာကိုပဲ ဆိုက်တော့မှာမို့ လမ်းကြောင်းလေးပြန်တည့်ပြီး တောင်ပေါ်တက်ကြ ဦးစို့ရဲ့ ။

Image

(photography credit/copyright Aung Myoe (MPS) AllRightsReserved / Archived Photo credit to Col.HlaAung family& YUHM)

စာရာမေတိ တောင် ဆိုတာ ဒေသခံ နာဂလူမျိုးတွေ ရဲ့ ရုံကြည်မှုအရ မကူရီ နတ်မင်းကြီး ရှိတဲ့ တောင်အဖြစ်နဲ့ လေးစား ရိုသေကျပါတယ် ပေပေါင်း ၁၂၅၅၃ စာရာမေတိတောင်ထိပ် ဟာ မြန်မာပြည်နယ်နိမိတ်ပိုင်ဖြစ်ပြီးတော့ အိန္ဒိယ မြန်မာနယ်စပ် အနောက်ဖက်တောင်တန်း ဒေသရဲ့ နာဂတောင်တန်းတွေပေါ်မှာတည်ရှိပါတယ် ၊အတိအကျဆိုရရင်တော့ စစ်ကိုင်းတိုင်း ခန်းတီး ခရိုင် လေရှီး မြို့နယ်မှာ တည်ရှိပါတယ်။ ‌

စာရာမေတိ တောင်ထိပ်မှာ မြန်မာ့နယ် ခြားမှတ်တိုင် အမှတ် (၁၃၇) ကို ၁၉၇၁ ခုနှစ်မှာ ဗိုလ်မှူးကြီးလှအောင် ဦးဆောင်တဲ့ မြေတိုင်း တောင်တက်အဖွဲ့ဟာ နယ်ခြားကျောက်တိုင် စိုက်ထူခဲ့ပါတယ် ။ စာရာမေတိတောင်နဲ့ ပက်သက်လို့ တောင်ရဲ့ အကြောင်းကို တောင်တက်အဖွဲ့ချုပ်ရဲ့ ဖခင် ဗိုလ်မှူးကြီးလှအောင် (စည်သူ )ဦးလှအောင် ရဲ့ တောင်တက်လက်စွဲ စာအုပ် ၊သစ်တောဦးစီးမှ ဆရာကြီး ဦး (ချစ်ကိုကို ရဲ့ စာရာမေတိခရီးသည် ) စာအုပ်နဲ့၊တက္ကသိုလ် တောင်တက်အသင်း ရဲ့ ခေါင်းဆောင် ပဲ့ကိုင် မြန်မာစာ ပါမောက္ခ ဆရာ ဦးမျိုးသန့်ရဲ့ “စာ ရာ မေတိ သွား တော လား ” စာအုပ်တို့မှာ အသေးစိတ် အကြယ်တဝင့်ရေးထားလို့ စိတ်ပါဝင်စားသူများ ရှာဖွေဖတ်ရှူနိုင်ပါတယ် ။

1422980_1411993182376190_1584160014_o

ကျွန်တော်မီသလောက် ပြောရရင် ဆရာ မျိုး ဒူး ခေါင်း က တောင် တွေ တက်ခဲ့ လွန်း လို့ ဒဏ် ဖြစ် တာ ကို ဆရာ ဝန် ကြီး တွေ က နား ခိုင်း ခဲ့ တာ တစ်ထောင့်ကိုးရာ့ကိုးဆယ့်ရှစ် ၁၉၉၈ ခု နှစ် က တည်း က ပါ။။။.။ ဆ ရာ့ ခြေဖ ဝါး က အ ရိုး အတက် ထွက် ခဲ့ ပီး ဆရာ ဝန် ကြီး တွေ က ခွဲ စိပ် ကု သ ပီး နား ခိုင်း ခဲ့ တာ နှစ်ထောင့်သုံး လေး ၂၀၀၃/၂၀၀၄ လောက် က ပါ။။။။။။။။။။။။ ပီး တော့ ဒေါင် ဒေါင် မြည် တောင် တက် သ မား တွေ တောင် အီ စ လန် ဝေ အောင် ခ ရီး ကြမ်း တာ ။ အတက် အ ဆင်း မတ် တာ က စာ ရာ မေတိ ခေါ် တဲ့ တောင် ကြီး ပါဒါ ပေမဲ့ဆရာ………စာ ရာ မေတိ တောင် ကို ၂၀၀၉ မှာ တ ကြိမ် ၂၀၁၁ မှာ ထပ် တ ကြိမ် ၂ ကြိမ် တက် ခဲ့ တယ် ( အောင် အောင် မြင် မြင် နဲ့ တောင် ထိပ် အ ထိ အောင် နော)။ပြီး တော့.”စာ ရာ မေတိ သွား တော လား ” စာ အုပ် တ အုပ် ဖြစ် လာ အောင် ( ခြေတင် မ ဟုတ်။လက် တွေ ပါ အနား မပေး ပဲ ပြု စုခဲ့ တယ်)

ကျွန် တော် တို့ ဆ ရာ  ဆရာ မျိုး   အပါအဝင် ရှေ့ရှေ့က တောင်တွေပေါ် စွန့်စားသွားလာ အနစ်နာခံပြီး စာပေစာတမ်းများ ကြိုးပမ်း ပြုစုခဲ့ကြတဲ့  တောင်တက်သမား များ ရဲ့ ချွေး နဲ့ ရေးတဲ့ နေ့စွဲတွေဟာ နောင် လာ နောင် သား တွေ အ တွက် ဆို တာ ပါ။

Image

ကျွန်တော့အနေနဲ့ကတော့ တမ်းခြင်းဆိုတဲ့အတိုင်း စာရာမေတိနဲ့ ပက်သက်လို့ သတိရစရာ အမှတ်ရစရာတွေ ကမ္ဘာလောက်ကြီးတဲ့ ခရီးစဉ်ကြီးကမှ တစ်ချို့တစ်လေ မှတ်မိသလောက် လေးကို ချရေးသွားမှာပါ။

166894_187791774570919_6040498_n

စာရာမေတိ လို့ ဆိုလိုက်တာနဲ့ ကျွန်တော်ပြေးမြင်တာက လိမ္မော်သီးပဲခင်ဗျ ၊ နာဂ ဒေသရဲ့ တောင်စောင်းတွေတစ်လျှောက်မှာ လှေခါးထစ် စနစ်နဲ့ စိုက်ပျိုးထားတဲ့ လိမ္မော်သီးဆိုတာ အမြဲငတ်ပြတ်ဆာလောင်နေတဲ့ ကျွန်တော်တို့လို တောင်တက်သမားတွေအဖို့တော့ နတ်သုဒ္ဒာ ပဲလေ ၊ အပင်အောက်မှာ ကြွေကျနေတဲ့ လိမ္မော်သီးတွေကို နာဂပြည်ပေါက် ဝက်လေးတွေနဲ့ အပြိုင် အပင်အောက်က လုယက်ကောက်စားခဲ့ကြတဲ့ အရသာ ၊
အများစုသော လိမ္မော်သီးတွေက မစားခင် အခွံနွှာချိန်မှာတင် အမောပြေလောက်အောင် သင်းလို့ မွှေးလို့ ရေငတ်ပြေစားကြတဲ့အခါများ ချို လို့ အေးလို့ ချဉ်တဲ့အသီးရှိပေမဲ့ ရှားပါတယ်။

164848_187791751237588_1597633_n

နောက်တစ်ခုက ရေတံလျှောက် လေးတွေ ၊ ဝါးပိုးဝါးကို အလယ်က နေ ထက်ခြမ်းဝက်ပြီးတော့ အောက်က သစ်ကိုင်း ဝါးကိုင်း နှစ်ချောင်းပေါ်တင်လို့ အကွေ့တွေမှာဆိုရင် သုံးချောင်းဆိုင်ဖိုခနောက်ပေါ်မှာ ဝါးခြမ်းတွေတင်လို့ တောင်ကျရေ
ထွက်စမ်းကနေပြီးတော့ ရွာဆီအရောက် ရေသွယ်တမ်းတဲ့ ချစ်စရာ စနစ်လေး ၊ စာရာမေတိတောင်ပေါ်တက်တဲ့ ခရီးတစ်ထောက်နားရာ ရွာလေးနာမည်က ရော်ပါးမီ တဲ့ ၊ နာမည်လေးက မလှဘူးလား ၊ သူ့ရဲ့ မြန်မာလို အဓိပ္ပာယ်က “ရေတံလျှောက်” တဲ့ ရောပါးမီရွာတင်မကပဲ အခြားတောင်ပေါ်ရွာတွေမှာပါ ရေတံလျှောက် လေးတွေ နဲ့ သောက်ရေ သုံးရေ သွယ်ယူတဲ့ ဒလေ့လေးက ချစ်စရာ အဲ့ဒီ ရွာလေးတွေ အဝင်မှာ ရွာထဲမှာ ရွာကအထွက်မှာ ရေတံလျှောက် လေးတွေ နဲ့ အပြိုင်သွားရတာ ၊ ရေတံလျှောက် လေးတွေ အောက်ကနေ ခေါင်းငုံ့သွားရတဲ့ အရသာ ၊ ရေငတ်ရင် ပါလာတဲ့ ခွက်ကလေးခံပြီးသောက်လို့ ရင်အေးရသလို ရေတံလျှောက် လေးရဲ့ ဝါးပိုးဝါးခြမ်းထဲကျနေတဲ့ သစ်ရွက်လေးကို ဖယ်ပေးခဲ့ရတာလည်း လူမသိသူမသိ ကြည်နူးစရာလေးတွေထဲက တစ်ခုတစ်လေပေါ့ ။

418518_2428080640729_447062754_nပူတာအို ဘက် ရေခဲတောင်ဘက်ကရွာတွေမှာလည်း အလားတူ တွေ့ရပါတယ့် 

ပြီးတော့အက္ခရာ S ပုံပေါ်နေတဲ့ တောင်ထိပ် ၊ အဲ့ဒီ တောင်ထိပ်ကိုရောက်ဖို့ နောက်ဆုံး နာဂရွာ လတ္တဲ ရွာလေး ကနေ တောစခန်း အဆင့်ဆင့်ဖြစ်တဲ့ ခဗာကဇူ တီရှိတီ ကသာဝေါင်သီ တို့ကိုကြော်ဖြတ်ပြီးမှရောက်ပါတယ် (တော စခန်း နာမည်လေးတွေကလည်း သွားချင်စရာနော့ ) အဲ့ဒီတောင်ထိပ်က တိုက်ဆိုင်စွာပဲ အင်္ဂလိပ် အက္ခရာ S ပုံလေးပေါ်နေတာဗျ စာရာမေတိ တောင်ထိပ်နဲ့ မနီးမဝေးမှာ ဘယ်သူကများ ပေါက်ပေါက်ရှာရှာ…ရှာတွေ.ပြီး Sတောင်ထိပ်ရယ်လို.ဖြစ်သွားလဲမသိပါဘူး……ဆရာမျိုးပြောတဲ့အတိုင်း ရိုးရာဓလေ့ကို လေးစားလိုက်နာပါဆိုလိုအားလုံးလေးလေးစားစားနဲ့ဓလေ့အတိုင်း ပါတဲ့ ပစ်စည်းတခုထားခဲ့ရတယ်.ပါလာတဲ့ သကြားလုံးခွံလေးပဲဖြစ်ဖြစ် ကိုယ်ဝတ်လာတဲ့ အင်္ကျီက ချည်စလေးကို လုံးလို့ပဲဖြစ်ဖြစ်ပေါ့ .. ( ..ဘုမသိ ဘမသိနဲလည်းပါတာပေါ့ . )….အမှတ်တရပါပဲ။ တောပိုင် တောင်ပိုင်တွေကို ပူဇော်ပြီသရတဲ့ သဘောပေါ့ ဒေသခံတွေထားခဲ့တဲ့ မီးချစ်တို့ ကျည်ခွံတို့ ရူပီးအကြွေစေ့တို့ကိုလည်း ပသဖို့
ရည်စူးထားတယ်လို့ ယူစရတဲ့ ကျောက်ဖျာပေါ်မှာ တွေ့ရပါတယ် ။ S ပုံဖြစ်နေတာကpressureကြောင့်ကျောက်လွှာတွန့် ခေါက်သွားတာ ကြောင့်ဖြစ်နိုင်တယ်လို့လည်း သူငယ်ချင်း ဘူမိဗေဒသမားတွေက ခပ်တည်တည်နဲ့ ရွှီးတာလည်းခံရပါတယ် ၊ ဒီတောင်တန်းက စာရာမေတိ တောင်တန်းရယ်လို့ ခေါ်တွင်တဲ့ နေရာဖြစ်နေတာရယ် တိုက်တိုက်ဆိုင်ဆိုင်ပဲ “S ” အက္ခရာပုံ ကျောက်ဖြာက တောင်ထွပ်တခုပေါ်မှာ ပေါ်နေတာတွေရယ်ကြောင့် ဒေသခံတွေက ထူးဆန်းတဲ့ ကိုးကွယ်ရာ ရာတောင်အဖြစ် အသွားအလာ အပြောအဆို ဂရုစိုက်ကြပါတယ်

167197_187791287904301_1545667_n

ဟိုးယခင်ခေတ်ကဆိုရင် ဒီတောင်ကြီးကို မကူရီ နတ်မင်းကြီးက အုပ်စိုးတယ်လို့ ယုံကြည်ကျလို့ တောင်ပေါ်တက်ဖို့ လမ်းပြနဲ့ အထမ်းဝန်ထမ်းတွေရဖို့တောင် အတော်လေးအခက်ကြုံခဲ့တယ်လို့ တောင်တက်အသင်းရဲ့ အပူဇော်ခံနာရကဆရာကြီးရဲ့ (ချစ်ကိုကို) စာရာမေတိခရီးသည်” စာအုပ်မှာ ရေးထားပါတယ် ။။။။။။။.။တိုက်ဆိုင်မှုတွေကလည်း အလွန် ကြောက်စရာကောင်းခဲ့ပါတယ် ဒေသရဲ့ ယုံကြည်မှုတွေကို လျစ်လျူရှူလို့မရဘူးဆိုတဲ့ သင်ခန်းစာတွေတသီကြီးရခဲ့ပါတယ် သွားဖူးသမျှ တောင်တက်ခရီးတွေမှာ တောင်တက်ခရီး ခက်ခဲကြမ်းတမ်းတဲ့ခရီးခဲတွေထဲကတခု ပြီးတော့ သိပ္ပံပညာနဲ့ ရှင်းလို့မရတဲ့ ထူးဆန်းမှူတွေ မြောက်များစွာကြုံတွေ့ခဲ့ရတဲ့ ထူးဆန်းတဲ့ တောင်တလုံးပါပဲခင်ဗျ

အမှတ်တရတွေ စိတ်ဝင်စားစရာတွေကျန်ပါသေးတယ် အချိန်ပေးပြီး ကြိုးစားရေးသွားပါဦးမယ် ၊ ရယ်စရာတစ်ချို့လည်း ရှိတယ် ဗျ ။ မရိုးရတဲ့ တောင်တက်သမား ညီအကို မောင်နှမ မိသားစုဝင်တွေနဲ့ ခရီးစဉ်တွေတိုင်းမှာ အမျိုးမျိုးအဖုံဖုံ ကြုံရတဲ့  တစ်ကယ့် သဘာဝကျတဲ ဟာသလှလှတွေဆိုပါတော့။

အမှတ်တရ ဟာသ တစ်ချို့

စာရာမေတိ တမ်းခြင်း (၁) ကျွန်တော့ ဘဝမှာ ခရီးတွေ အများကြီးသွားခဲ့ပေမဲ့ ချင်းတွင်းမြစ်ရိုးတလျှောက်မှာ ရှော်တယ်လို့ ဒေသိယခေါ်ဝေါ်ကြတဲ့ ရှပ်ပြေးအမြန် မော်တော်အရှည်ကြီးတွေ စီးပြီး မုံရွာကနေ ထမံသီ ထိ ၂ညအိပ်၃ရက် ဆန်တက်ရတဲ့ ရေလမ်းခရီးလောက် စိတ်ဝင်စားစရာကောင်းတာ ဒေသန္တရဗဟုသုတပေးနိုင်တာ ဒေသစာတွေ ပေါချင်းသောချင်းစားနိုင်တာ ဒေသခံတွေရဲ့ ဘဝကိုလေ့လာနိုင်တာ အမှတ်တရတွေများတာ ရှိမယ်မထင်။ စာရာမေတိတောင်တက်ခရီးစဉ်ရဲ့ တောင်ခြေကို ချဉ်းကပ်တဲ့ နေ့တွေပေါ့။ သိကြတဲ့ အတိုင်း စစ်ကိုင်းတိုင်း ဘက်က ရွာတွေမြို့တွေ နာမည်တွေက ပြောင်းပြန်ပြန်လို့ မဖြစ်တာ တော်တော်များများသိကြပြီးသားပါ ။

169036_162113677167640_2250526_n

ချင်းတွင်းမြစ်ရိုးအတိုင်း အညာကို ဆန်တက်သွားလိုက်ရင် ရှိတဲ့ မြို့တွေ ဖြစ်တဲ့ ဖောင်းပြင် ( စကားလိမ်နဲ့ ပြောင်းပြန် လှန်လိုက်တော့ ဖင်ပြောင်း )
ပြီးတော့ ချင်းတွင်းမြစ်ကမ်းဘေး မြို့ကလေး ထမံသီကနေ တောင်ပေါ်ဘက်ပိုင်းကို မိုင် ၁၀၀ရာကျော်လောက်သွားရင် ရောက်တဲ့ နာဂလူမျိုးတွေရှိတဲ့ မြို့ကလေးက
ဘာတဲ့ လေရှီး တဲ့ ခင်ဗျ ( ဘာသာမပြန်ကြေး နော် ) နာမည်နဲ့ပက်သက်ပြီး မြို့ရွာတွေ နာမည်တင်မက လူတွေရဲ့ တိုင်းရင်းသား နာမည်တွေက လွှားချီး တို့ ရယ်ချား တို့လို နာမည်လှလှတွေရှိသလို လိုင်ပီး တို့ လပြတ် တို့ စတဲ့ နာမည်တွေလည်းရှိသဗျ။ ဒီလိုနဲ့ မုံရွာ ကနေ ညဘက်ကြီး မော်တော်ခေါင်မိုးပေါ်မှာတောင်တက်အဖွဲ့ကိရိယာတွေ အိုးတွေခွက်တွေ တောင်တက်ကျောပိုးအိပ်တွေနေရာချ စာကလေးအိမ်လို အိပ်စဉ်လို့ ခေါ်တဲ့ အခန်းလေးထဲမှာ တချို့ ခြေချစရာမရှိအောင် ကုန်တွေပြည့်နေတဲ့ မော်တော်ဝမ်းထဲက ခရီးသည်ထိုင်ခုံကျပ်ကျပ်သိပ်သိပ်တွေမှာ တောင်တက်အဖွဲ့ဝင် ယောက်ကျားလေးတချို့တို့နေရာအသီးသီးယူကြပြီး မှောင်ကြီးမဲထဲမှာ ချင်းတွင်းမြစ် ကိုစန်တက်ကြတာပေါ့။
လှေဦးကိုသွားဖို့ မောင်းခန်းနဲ့ အိပ်စင် တွေရဲ့ခေါင်မိုးပေါ်ကနေဖြတ်လျှောက်လို့ရတယ် ၊ ရေစူး တိမ်တဲ့ မြစ်ရဲ့ တချို့နေရာတွေမှာ မော်တော်က ပိုးဟက်လိုမျိုးဗျ ၊ လှေသားတွေက လက်နှိပ်ဓာတ်မီးနဲ့ ထိုးပြီး ဘယ်ညာဝါးလုံးတယောက် တချောင်းစီနဲ့ ရေထဲကိုထိုးပြီး ရေစူးတိုင်းတာများ ပိုးဟတ်တွေမသွားခင် နှုတ်ခမ်းမွှေးနဲ့ အာရုံခံတဲ့ အလားပဲ။ မော်တော်နဲ့ မြစ်ကြမ်းပြင်နဲ့ ခုပ်မိလို့ ပန်ကာ ဒလက်တွေ လဲရတာမျိုးလည်းရှိတတ်တယ်ဗျ။
ဒီလိုနဲ့ မိုးချုပ်သွားလိုက် မိုးလင်းမိုးသောက် အလင်းရောက်လာလိုက်နဲ့ ဒီမော်တော်ကြီးပေါ်မှာ အေးလာလိုက် ပူသွားလိုက် ကျပ်လာလိုက် ချောင်သွားလိုက် ကမ်းကပ်လိုက် ဆက်မောင်းရင်းခရီးနှင်လိုက် စားလိုက်သောက်လိုက် ပါလိုက်ပေါက်လိုက်နဲ့ မိုးချုပ်နေဝင်တွေကို ပိုးဆိုးပက်စက် တဝကြီးခံစားလိုက် ဖြတ်သွားတဲ့ မြစ်ကမ်းဘေးက ရွှေဝါရောင် ပန်းနှမ်းခင်းတွေကို ငေးလိုက် (တခါတလေလည်းပါလာတဲ့ ဂစ်တာနဲ့ သီချင်းတွေ ဆရာနဲ့အတူအော်ဆိုလိုက် အဖွဲ့လိုက် ကစားနည်းတွေကစားလိုက်) ကမ်းဘေးက စေတီတွေကို ငေးလိုက် တင်ကြီး အော်ရော် ပိန်ညင်း အောက်ချင်း ဝမ်းဘဲဟင်္သာ အစရှိတဲ့ ငှက်တွေကို ကိုရဲမင်းကြီးရဲ့ မှန်ပြောင်းကို ငှါးပြီး ငေးလိုက်၊ အမျိုးမျိုးမရိုးနိုင်တဲ့ အသွင်တွေနဲ့ ကမ်းပါးက သဲသောင်တွေကို ငေးလိုက်နဲ့ပေါ့ဗျာ ။ ဒီထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံး နဲ့ ကျွန်တော်အကြိုက်ဆုံးက က မော်တော်ပေါ်က ဒေသခံတွေနဲ့ စကားပြောရတာပဲခင်ဗျ၊

ဒီလိုနဲ့ တွေးကြငေးကြ အာလူးဖုတ်ကြရင်း ကိုရဲမင်းပြောပြတဲ့ ဟာသလေးတခုကို ခုထိ မှတ်မိနေတုံးပဲ ၊ဦးရဲက အပြောကောင်းကောင်းနဲ့ သိတဲ့ အတိုင်း အကိုးအကား အချီအချလေးတွေနဲ့ စိတ်ဝင်စားစရာကောင်းသဗျ

၊ကျွန်တော်ပြောတတ်သလောက်ပြန်ပြောရရင် ဒီချင်းတွင်းမြစ်ကြီးရဲ့ ကမ်းနဖူးက ရွာကလေးတွေမှာ နာမည် လှလှလေးတွေရှိသတဲ့ဗျ ၊ ရွာလေးက မြစ်ကမ်းဘေးမှာ ကုန်းကလေး သောင်ကလေးပေါ်နေတဲ့ အတွက် ဒီလိုစိုက်ကောင်းပျိုးကောင်းနဲ့ သာယာလှပတဲ့ ရွာလေးကို ကုန်းယဉ် ရွာဆိုဆိုပြီး ခေါ်ကြပါသတဲ့ ကမ်းနားက ရွာကလေးတွေနဲ့ ဆက်နေတဲ့ ကုန်းတွင်းပိုင်းရွာလေးတွေလည်းရှိကြသတဲ့ အဲ့ဒီရွာတွေထဲကမှ နာမည်ခပ်တိုတိုနဲ့ ရွာတွေလည်းရှိသဗျ ရွာတရွာရဲ့အမည်က တုံ ရွာ တဲ့ ယား ရွာဆိုတာလည်းရှိသတဲ့ ၊ တုံရွာကို သွားချင်ရင် မြစ်ကမ်းဘေးက ကုန်းယဉ် ရွာ မှာ ဆင်းပြီး ကုန်းတွင်းပိုင်းကို လမ်းလျှောက်သွားရင် တုံရွာကို ရောက်သတဲ့ဗျ၊ ဒီလိုနဲ့ ယားဆိုတဲ့ ရွာမှာနေတဲ့ အဒေါ်ကြီးတရောက်က ရှော်တယ် စီးပါလေရော သူက တုံရွာကိုသွားမည့်ခရီးသည်ပေါ့ ၊ ဒီတော့ တုံကိုသွားဖို့ ကုန်းယဉ် ရွာမှာဆင်းပြီး တုံထိအောင် လမ်းလျှောက်သွားမှာပေါ့ ၊ အဒေါ်ကြီးက ရှော်တယ် ပေါ်ကိုရောက်တော့ မော်တော်သမား ကောင်လေးတွေကို ပြောတာ တစွန်းတစကြားမိပါရဲ့ ( ဘာတဲ့ )

အဒေါ် ယားနေတာ ကြာပြီ ငါ့တူရဲ့ တုန် သွားအောင် ကုန်းရင် ချပေးစမ်းပါ တဲ့ဗျ

Image

စာရာမေတိ တမ်းခြင်း (၂) …….အီ စ လန် ဝေ ဆိုတဲ့ ဝေါဟာရကို ငြင်းကြတာ မှတ်မိသေးတယ်

စာရာမေတိက အပြန် ကျဲကော့ ကနေ ပိန္နဲကုန်းဝင်တာ တော်တော်မိုးချုပ်တယ်
ရွာရောက်တော့ ချမ်းလာတဲ့ အဖွဲ့ကို မီးပုံကြီးနဲ့ ကြိုဆိုထားတယ်
အဲ့ဒီမှာ ဘယ်သူက စပြီး အီ စ လန် ဝေ ကိုပြောလိုက်သလဲတော့ မမှတ်မိတော့ဘူး
ကိုစိန်အောင်က အီ စ လန် ဝေ ဆိုတာ တရုပ်စကားကလာတာတဲ့
ဟီးဟီး အဲ့ဒီမှာ သွားတွေ့တာပဲ ကျွန်တော်တို့ရဲ့ ကိုရဲမင်းကြီးနဲ့
ကိုရဲမင်းက ကိုစိန် ဟုတ်ရဲ့လားဗျ တကယ်တော့ အီ စ လန် ဝေ ဆိုတာ ကိုလိုနီခေတ်ကအင်္ဂလိပ်တွေ ( it’s a long way ) လို့ညည်းတာကို မြန်မာမှုပြုရင်း အီ စ လန် ဝေ ဖြစ်သွားတာလို့ပြောကြငြင်းကြရင်းရယ်ရ အမောပြေရတဲ့ ည ဗျာ
ဆရာမျိုးကလည်း ဟာသအနေနဲ့ တို့ငယ်ငယ်ကကြားဖူးတာတော့ ရန်ကုန်မြို့ထဲက ချောင်းတနေရာကို အင်္ဂလိပ်သင်္ဘောတွေကပ်တော့ ကမ်းနားက အလုပ်သမားတွေကူလီတွေအလုအရက်တက်ကြတော့ အင်္ဂလိပ်တွေက (pushing down …pushing )လို့ပြောတာကို
အစွဲပြုပြီး ပုဇွန်တောင်ဖြစ်သွားသတဲ့ ………………ဟီးဟီး ဘယ်တော့မှမေ့မတဲ့ နေ့စွဲတွေပါဗျာ……… အမှတ်တရဟိုက်ကင်ပေါ့ခင်ဗျ

ImageImageImage

Advertisements
This entry was posted in Essay, History and tagged , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s