ဧဝရတ် အကြောင်း ဖတ်မိဖတ်ရာ

ဧဝရတ် တောင်ထိပ်က ကျောက်သားဟာ (Limestone)ထုံးကျောက်လွှာဖြစ်ပါတယ်တဲ့

ဧဝရတ်တောင်ကြီးရဲ့ အမြင်.၈၂၀၀မီတာကနေ ၈၆၀၀မီတာမှာရှိတဲ့ သိသိသာသာ အဝါရောင်အရောင်ထနေတဲ့အလွှာကို Yellow Band လို့ ခေါ်ပါတယ် ။ ရွှေအိုရောင်လို ဝါကြင့်ကြင့်အရောင်ထနေတဲ့ အဲ့ဒီYellow Band ရဲ့ အနည်ကျကျောက်/နုန်းကျောက်အလွှာ ဟာ တစ်ချိန်တုံးက သမုဒ္ဒယာကြမ်းပြင်ဖြစ်ခဲ့ဖူးကြောင်း ကျောက်ဖြစ်ရုပ်ကြွင်းအထောက်အထားတွေကသက်သေပြနေပါတယ်။ Lhotse Face (လုတ်စီ လို့ခေါ်တဲ့ တောင်ရီ အနောက်ဖက်နံရံကနေဧဝရတ် တောင်တက်ရတဲ့လမ်းမှာ Lhotse Faceဆိုတဲ့အပိုင်းရဲ့အထက်မှာ အဝါရောင်အလွှာYellow Band ရှိပါတယ် )   အဲ့ဒီ အဝါရောင်အလွှာYellow Band တစ်ဝိုက်မှာ သန္တာကျောက်တန်းနဲ့ ပင်လယ်သတ္တဝါတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို တွေ့ရတတ်ပါတယ်။
ခမ်ဘူဂလေဆီရာKhambuGlacier ရေခဲမြစ်ထဲမှာ တွေ့ရတဲ့ ကျောက်အပိုင်းအစတွေ တောင်ခြေအချို့ ကျောက်အလွှာတွေကတော့ နှမ်းဖတ်ကျောက်သား ( ဂရင်းနိုက် Granite) ပါတဲ့

ဧဝရတ်တောင်ကြီးဟာ ၄နှစ် ကို ၁ လက္မနှုန်းနဲ့ ပိုမိုမြင့်တက်ဆဲပါတဲ့
ဟိမဝန္တာတောင်တန်းကြီး တစ်ခုလုံးဟာလည်း ဆက်လက် မြင့်တက်လျက်ရှိပါတယ်တဲ့
(ဂမ်လန်တို့ ခါကာဘိုတို့လည်း အဲ့ဒီမြင့်လာတဲ့ ဟိမဝန္တာတောင်တန်းကြီးရဲ့ တစ်စိတ်တစ်ဒေသအဖြစ်ပါဝင်ပါတယ် )

မီတာ ၈၀၀၀နှင့် အထက် တောင်ပေါ်အမြင့်ကို Death Zone သေမင်းတမန်နယ်မြေလို့ သက်မှတ်ခေါ်ဝေါ်ကြပြီး ယင်းရဲ့ လေထုထဲမှာ အောက်ဆီဂျင်ပါဝင်မှုဟာ သာမန်မြေပြင်ရဲ့ ၃ပုံပုံ ၁ ပုံသာရှိလို့ အောက်စီဂျင်ဗူးတွေရဲ့အကူအညီနဲ့ တက်ဖို့လိုပါတယ်တဲ့
(အနည်းစုသော တောင်တက်သမားတွေကတော့ အောက်စီဂျင်ဗူးမပါပဲ တက်ခဲ့ကြ ပါတယ်တဲ့ )

ဧဝရတ်တောင်တက် ကုန်ကျစရိတ် ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ကို တက်တဲ့ အလုပ်ဟာမလွယ်ပါဘူး ကုန်ကျစရိတ်အလွန်များပါတယ်တဲ့ ဒါ့အပြင် အဲ့ဒီကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ဆိုတဲ့ ဂုဏ်ပုဒ်ဟာ တောင်တက်အားကစား စွန့်စားမှုအသွင်ကနေ စီးပွါးရေးအဖြစ် အသွင်ပြောင်းခဲ့တာ နှစ်ပေါင်း ၂၀ကျော်ခဲ့ပါပြီတဲ့၊ တောင်တက်ဖို့လိုတဲ့ တစ်ကိုယ်ရေသုံး ကိရိယာ တောင်တက်ဂီယာတွေကတင် ဒေါ်လာ ၈၀၀၀ ကျော်ရှိပါတယ် တောင်ပေါ်တက်ဖို့ (ပါမစ် အောက်စီဂျင် အထမ်း ၊ လမ်းပြ ရှာပါ စသည် )က ဒေါ်လာ ခြောက်သောင်းခွဲ အနည်းလေး ကနေ ဒေါ်လာ ရှစ်သောင်းကျော်ထိ ၊ ကုန်ကျနိုင်ပါတယ်တဲ့။

ဧဝရတ် တောင်ပေါ်မှာ (အထူးသဖြင့်ဒီတောင်ပေါ်မှာ) တောင်တက်သမား ကျင့်ဝတ်နဲ့ ပက်သက်တဲ့ အငြင်းပွါးဖွယ်ရာတွေလည်းအများကြီးရှိပါတယ်တဲ့။ မသေသေးတဲ့ အားနည်းနေပြီဖြစ်တဲ့ တောင်တက်သမားကို (အဖွဲ့နှောင့်နှေးမှာဆိုးလို့ /သူ့ကိုကယ်ရင် တစ်ခြားသူတွေသေမှာဆိုးလို့ စသည်ဖြင့် ) သေပြီလို့ ကြေငြာပြီး ထားခဲ့တာ ၊ တောင်ထိပ်ကိုတက်ဖို့ ထွက်သွားတဲ့တောင်တက်သမားတွေရဲ့ တောင်ပေါ် ကမ့်၂ မှာချန်ခဲ့တဲ့ ရိက္ခာတွေ အောက်စီဂျင်ဘူးနဲ့ အခြားသောတောင်တက်ဂီယာတွေ အခိုးခံရလို့ အဲ့ဒီအကြိုးဆက်ကြောင့် သေသွားတဲ့ တောင်တက်သမားတွေ စသည်ဖြင့် မကောင်းတဲ့ သမိုင်းတွေရှိခဲ့ပါတယ်တဲ့။

နယူးဇီလန်က အက်ဒမန်ဟီလာရီ က ၁၉၅၃ ခုနှစ်မှာ ရှာပါ တန်းဇင်းနော်ဂေး နဲ့ အတူ ဧဝရတ် တောင်ထိပ်ကို သမိုင်းမှတ်တမ်းနဲ့ တကွ ပထမဦးဆုံးရောက်ရှိကြောင်း ကမ္ဘာကို ကြေငြာနိုင် ခဲ့ပါတယ် ။ ၁၉၂၄ခုနှစ်က ” ဂျော့မယ်လိုရီ” နဲ့”အာဗင်း” တို့နှစ်ယောက် မသေခင် တောင်ထိပ်ကို ရောက်ခဲ့သလား မရောက်ခဲ့ဘူးလားဆိုတာဟာ ခုချိန်ထိ ပဟေဋိ ပါတဲ့

Image

PHOTO CREDIT to Rock & Ice Magazine

( ဝီကီရယ် ဘီဘီစီရယ် နက်ဂျီအိုရယ် လက်လှမ်းမီသလောက်စာအုပ်တွေရယ်ထဲကတွေ့တဲ့ စွဲမိစွဲရာတွေချရေးထားတာရယ်ပါ …..
ဓာတ်ပုံက Rock & Ice Magazine 2012 oct ထဲက မနှစ်က အောက်တိုဘာ R&R Everest Issue ထဲကပုံကိုသဘောကျလို့  ……………………………

Advertisements
This entry was posted in Fact, History and tagged , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s