သူလို ဆရာ
သူဟာ ဒေါက်တာ ဘွဲ့ မရယူခဲ့ဘူး
သူ နိုင်ငံခြား ပညာတော်သင်ဆုတွေမယူခဲ့ဘူး
သူ ပါမောက္ခ ဌာနမှူးမလုပ်ခဲ့ဘူး
သူ ကျူရှင်တွေ မပြခဲ့ဘူး
သူဟာ ဖားမရိုက်ခဲ့ဘူး
သူဟာ ဆရာ စစ်စစ်တစ်ဦး
သူ ဆရာသမားရဲ့ ရိုးဂုဏ်ထက် ဘာကိုမှ မမက်မောခဲ့
သူ မော်တော်ကား မမောင်းဘူး
သူ အိမ်ထောင် မပြုခဲ့ဘူး
သူ့မှာ သားသမီး မရှိဘူး
သူပင်စင်မယူခင်က မအားခဲ့ဘူး
သူ ပင်စင်ယူပြီတော့လည်း မနားခဲ့ရှာဘူး
သူ အခန်းဆောင်ဌားစား ခေါင်းရှောင် ဆရာသမား မဟုတ်ခဲ့ဘူး
သူ ကျောင်းသား အဆောင်ခ ချူယူ အဿပြာအဆောင်မှူး မလုပ်ခဲ့ဘူး
သူ တနယ်အဝေး ကျောင်းသားတွေဖို့ အခန်းသော့အပေး လက်မနှေးခဲ့ဘူး
သူ မြတ်စောညီနောင် ရဲ့ ဂုဏ်အစဉ်ကို မငယ်စေခဲ့ဘူး
သူ ပန်း ရေချမ်း ဆီမီး မပျက်ကွက်စေခဲ့ဘူး
ပြီးတော့ သူဟာ အမေ့လျော့ခံ ဗိုလ်ချုပ်ပိတ်ပန်းချီကို နံရံချိတ်စွဲရဲ သတ္တိမနည်းခဲ့ဘူး
သု့ မွေးသဖခင်ဟာ လွတ်လပ်ရေးမော်ကွန်းဝင် ဗိုလ်ဗတင် ဖြစ်ကြောင်း မပြောရှာဘူး
သူဟာ စာပေမျိုးရိုး ဖခင် (သခင်ဗတင်) ရဲ့ လက်သီးပုန်း စာအုပ် အထင်ကရ ရှိခဲ့ကြောင်း မကြွားဝါခဲ့ဘူး
သူ့ ခြေ ဖဝါးက အရိုးအတက် မခွဲ ခဲ့ဘူး
သူ ဒူးခေါင်း အရွတ်ဆုတ်သော်ငြား မနားခဲ့ရှာရက် ဘူး
ကျောင်းသားတွေနဲ့ တောင်အတက်ပျက်မှာ ဆိုးသတဲ့လေ
သူဟာ ဆရာ ဝန်ကြီးတွေရဲ့ စကားကို ပညာရှိဆန်စွာ နားမထောင်သူ တစ်ဦးလည်းဖြစ်ရဲ့
သူ ဆေးမျိုးစုံ ကို ယဉ်ပါး အာဂ အံကြိတ် တောင်တက်သမား တစ်ဦး ဆိုလည်ဟုတ်ရဲ့
သူ့ခြေသလုံးဟာ တပည့်တွေပေးသမျှ လိမ်းဆေးမြီးတို စုဝေးရာ
သူ အနစ်နာဆိုတာထက် ပိုတဲ့ ကိုယ်လက်ကြွက်သားအစိုင်အခဲထက်ပိုတဲ့ အနာခံ သမိုင်းကိုရေးခဲ့
သူဟာ မုန့်ဟင်းချက်ရင် ထန်းလျက်ခဲ ဘီစကွတ် စတာတွေ ပစ်ထည့်တတ်သူ
သူဟာ တပည့်တွေလက်တည့် စမ်းရာ စားဖိုဆောင်ပေးခဲ့သူ
သူ ရပ်နီး ဝေး ဧည့်အစုံ ဖွယ်ရာအကုန် ထုတ်ကြွေးရမှ ကျေနပ်သူ
သူ ဗာလတွေကို ပန္ဋိတဖြစ်စေသူ
သူ ပူဇာစဂုဏ မင်္ဂံလာရှိသူ
သူ ဗလငါးတန်နှင့်ပြည့်စုံသူ
သူဟာ မျိုးစဉ်စက် ချမ်းသာသော်လည်း ယောင်ဝါ ပကာသနမမက်မောသူ
သူ ပြောင်လက် ပျိုးပျက် ရွှေငွေ လင်းလက်တွေရှောင်သူ
သူ တပည့်များကန်တော့တဲ့ တောင်တက်အသင်းဘက်တံဆိပ်ရွှေရင်ထိုးလေးကိုသာ
သူ့ အခမ်းအနားတက်တိုက်ပုံမှာ ခဏထိုးချိတ်ဖို့ ဖုန်သုတ်တပ်ပေး ရုံလောက်တော့ တပည့်တွေကို အလိုလိုက်သူ
သူ မလိုအပ်ပဲ မစွန့်စားဖို့ အေးဆေးချိုစကား မြွက်ကြားသူ
သူ အမြင့်ဆုံးသို့ရောက်ဖို့ရာ ခြေနာမောဟိုက်ခြင်းကို မာကျောစွာဆက်ဆံ ဌာန်ကရိုဏ်းကျ ရွတ်ဆိုသူ
သူ ပညာမေတ္တာနေခြည်ဖြာနဲ့ နှင်းဖုံးမောဟ တွေ ပျော်ကျစေခဲ့သူ
သူတောင်တွေနဲ့ မြန်မာစာပေနဲ့ ချစ်ကြွမ်းဝင်ခဲ့ပါတယ်
သူ သဘာဝ တရားကြီးနဲ့ ကြမ်းဂန်တွေနဲ့ အာဝါဟ ခဲ့ပြီးနောက် သူ
သူဟာမြန်မာစာပညာရှင်တွေကို တောင်ငူဆောင်မှာ သန္တေတည်စေခဲ့ပါတယ်
သူပါပဲ တောတောင်အထပ်ထပမှာ ခက်ခဲစွာ တောင်တက်သမားတွေကို ညှစ်ချမွေးထုပ်
သူကတော့ ချုပ်ရိုးကြောင်း အထပ်ထပ်အနာခံ အံကြိပ်ပြန်ချုပ်လို့ပေါ့
သူဟာ ထာဝရ ဆရာသခင်ဖြစ်ရဲ့
သူ ကောင်းချီးတွေပြောမလောက်တော့ပြီ
သူ့ ဂုဏ် သူ့ မွှေးရနံ့ သင်းပြန့်မကုန်ပြီ
သူ့ ကောင်းသတင်း အေးမြ ကမ္ဘာတည်
သူ ဒီလိုနဲ့ သူဟာ ဆရာ ဆိုတဲ့ ဂုဏ်အရှည်တည်ခဲ့
သူဟာ အဆင်းလှတောင်ထိပ်က ကြာ
သူဟာ အင်းဝဆောင်ရိပ်က ဆရာ
63rd HPBD Saya Myo 2013