ဘာဘာကြီး { သို့ } (လူတစ်ဦးမှ လူထုသို့ ) 


ဘာဘာကြီး { သို့ } (လူတစ်ဦးမှ လူထုသို့ ) 
Babaji ( A Hindu Holy Man who dedicated his life on Meditation in the valley of 12,000 feet on Sub Zero Pindari Glacier and actively fund raising for (HIMVED- Himalayan Villages Education And Development Program ) for the basic education support for local schools of Khati, Vacham, Jatoli and Jhuni in the Pindari region in Uttarakhand. For more information & donations, please visit his websitehttp://www.himved.org/ )

ဘာဘာကြီး ဆိုတာ ရေခဲတောင်တွေပေါ်မှာတရားကျင့်တဲ့ ဟိန္ဒူ သူတော်စင် ကြီးပါ
ဘာဘာကြီးလို့လူသိများတဲ့ သူ့ရဲ့ နာမည်အရင်းက ” ဆွာမိ ဓမ္မာနန် – Swamy Dharmanand” လို့ခေါ်ပါတယ် ၊ အမြင့်ပေ တစ်သောင်းနှစ်ထောင်ကျော်မှာ ပင်ဒါရီရေခဲပြင်ပေါ်မှာ သဘာဝကျောက်ဂူလေးကို အမှီပြုပြီး အဲ့ဒီဂူလေးနဲ့ ဆက်လျက် ကျောက်တုံးအိမ်လေးဆောက်ပြီး နေပါတယ်။ သူဟာ Zero Point ( 12660 ft ) လို့ခေါ်တဲ့ နေရာမှာ တရားထိုင် ယောဂကျင့်ပြီးနေလာခဲ့တာ ၁၉၉၀ခုနှစ်ကတည်းကပါ ။ ပေတစ်သောင်းရှစ်ထောင်ကျော်မှာ ဘာဘာကြီးတရားထိုင်တဲ့ ကျောက်ဂူလေးရှိပါသေးတယ်။( ပုံထဲက အိမ်က သူကိုယ်တိုင် ၂၄ကျော် ဖြည်းဖြည်းချင်း ဆောက်ခဲ့တာပါ )

ဘာဘာကြီးဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုလည်း လေ့လာသူတစ်ယောက်ဖြစ်ပြီး တစ်ဝိုက်က သစ်ပင်တွေနဲ့ သားရဲတွေကို ကိုထိမ်းသိမ်းဖို့ ဒေသခံတွေကို အသိပညာပေးလုပ်ငန်းတွေ ဖော်ဆောင်ခဲ့ပါတယ်၊ ရေခဲပြင်နဲ့ပက်သက်တဲ့ သုတေသနလုပ်ငန်းတွေမှာလည်း ကူညီပေးလေ့ရှိတယ်။

သူ့ရဲ့ အဓိက လူမှုအကျိုးပြုလုပ်ငန်းအနေနဲ့ကတော့ “ဟဉ်း(မ)ဗက်- HIMVED” လို့ခေါ်တဲ့ NGO လေးပါ။ အိန္ဒိယနိုင်ငံ မြောက်ဖျားစွန်း ဥတ္တရာကန်ပြည်နယ် ဂါဝါဒေသ ဘဂက်ရွှားခရိုင် အစွန်အဖျား ရွာလေးတွေက ကလေးတွေရဲ့ ပညာရေး ကိုအဓိက ထားပြီးလုပ်တဲ့ education Project ပေါ့……… ကျွန်တော်တို့ သင်တန်း တစ်ထောက်နား ရောက်ခဲ့တဲ့ ခတ္တိ ရွာ ၊ ( Khati, Vacham, Jatoli and Jhuni) ဗာချမ်၊ဂျာတိုလီ နဲ့ ဂျူနီ ရွာ တွေက မူလတန်းကနေ ၁၀တန်းအထိ ကျောင်းသားတွေ ပညာသင် အထောက်အပံ့အတွက် သူရသမျှ အလှူငွေတွေကို ကျောင်းဆရာလခပေးတာတို့ (အစိုးရကျောင်းဆရာ ဦးရေမလောက်လို့ ဘာဘာကြီးက လခပေးပြီး ကျောင်းတွေအတွက် ဆရာ တွေခန့်ထားတာ ) ကျောင်းအဆောက်အဦ၊ ရေ၊အိမ်သာ educational infrastructure စတာတွေ ဖြည့်တင်းပေးတာတွေကို ဆောင်ရွက်လျက်ရှိပါတယ်။

အသေးစိတ်ကို သူ့ရဲ့ ( http://www.himved.org/ ) မှာလေ့လာနိုင်ပါတယ်။ ဘာဘာကြီးနဲ့ ဆက်သွယ်လိုပါက pindaribaba@gmail.com ကိုစာရေးပြီးဆက်သွယ်နိုင်ပါတယ် ။

(စာရေးချင်ရင်လည်း ခတ္တိ ရွာ စာတိုက်ကနေတစ်ဆင့် စာထည့်ရင် သူ့ဆီကိုရောက်ပါတယ် ) PO-Khati, Dist-Bageshwar (Uttaranchal) PIN-263 679 ဆိုပြီးလိပ်မူရင် ရပါတယ် ။ 

Image

(ကျွန်တော်တို့ ဘာဘာကြီး နဲ့ ခတ္တိရွာမှာတွေ့ပါတယ်၊ ရွာသားတွေ ဖိတ်လို့ ခဏပြန်လာနဲ့ ကြုံတာပါ၊ သူ့အိမ်မှာ သက်သက်လွတ် ညစာ ချက်ကြွေးပါတယ် (ကျွန်တော် ၅ပန်းကန်စားပါတယ် ဒါနမြောက်အောင်  )။ ကျွန်တော်တို့အဖွဲ့ ခတ္တိရွာကနေ သူ့ရဲ့ တဲရှိတဲ့ Zero Point ကို ၄ရက်ခရီးသွားရပါတယ်၊ သူက တစ်ရက်တည်းနဲ့ သွားပြီး ကျွန်တော်တို့ထက် ကြိုရောက်နှင့်နေပါတယ်။ Zero Pointကိုကျွန်တော်တို့ရောက်တော့ သူက လက္ဘက်ရည်နဲ့ စောင့်ကြိုပါတယ်၊ ကျွန်တော်တို့ NOLS ကျောင်းသားတွေကို ကြုံရင်ကြုံသလို လိမ္မော်ရည် အချို မုန့်တွေအတင်းကြွေးသူပါ ၊ တစ်ရက် မနက် ၂နာရီထပြီး တစ်ဖွဲ့လုံး တောင်ပေါ်တက် Camp 1 အတွက် ရိက္ခာပုံတဲ့နေ့မှာ Zero Point ကိုနေ့လည် ၁နာရီမှပြန်ရောက်ပါတယ် ၊ အားလုံး ပင်ပန်းလာပြီး နေ့လည်စာကိုပဲ ချက်စားမလား အားလုံး ရှိတဲ့ Snack အခြောက်အခြမ်းလေးပဲစားပြီးအိပ်ကြမလားလို့ လုပ်နေတုံးမှာ ဘာဘာကြီးက နေ့လည်စာ စားဖို့ အားလုံးကိုဖိတ်ပါတယ်၊ ပေ ၁၂၀၀၀ကျော်က ဘာမှ မရှိတဲ့နေရာမှာ တစ်ယောက်တည်းနေတဲ့ ပုဂ္ဂိုလ်က လူ ၁၅ယောက်စာချက်ထားတာဗျာ၊ ပူရီ ကြော်ပူပူလေးရယ် မန်ကျည်းသီးအုပ်ထားတဲ့ ပဲလုံး ဟင်းရည်ရယ် သရက်သီးသနပ်ရယ် ဘာဘာကြီးကိုယ်တိုင်ချက်တာ (မောမောနဲ့ ပူရီ ၉ချပ်စားတယ် အဲ့နေ့က  ) ၊ ဆွေမျိုးမေ့တဲ့ နေ့လည်စာပါပဲ ၊ အရမ်းချစ်ဖို့ကောင်းတဲ့ Babaji ပါ )

( စာကြွင်း – ဘာဘာကြီးနဲ့တွေ့တော့ တောင်ပေါ်မှာ ဆရာမျိုးကို အရမ်းသတိရတာပေါ့၊ မျက်စိထဲမှာတောင် ဆရာ့ကို ရေခဲတောင်ပေါ်မှာ ဝတ်ဖြူစင်ကြယ်နဲ့ မြင်ရောင်မိသေးတယ်  ၊ ဆရာက လူဝတ်နဲ့သာဆိုပေမဲ့ အကျင့်သီလက ဖြူစင်ပြီး အတ္တပါးပါး ပရဟိတများများလုပ်နေတဲ့ လူသူတော်စင် ပဲကိုး )

http://www.himved.org/
pindaribaba@gmail.com

Advertisements
This entry was posted in Biography, Fact, History and tagged , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s