ဟိမဝန္တာ တောင်တက်သင်တန်း (NOLS GAR 01/04)

NOLS GAR 01/04 Himalaya MountaineeringImage

ဟိမဝန္တာ တောင်တက်သင်တန်း ရက်၄၀ မှာ တောင်တက်ကရိရာနဲ့ တောင်တက်ရိက္ခာပြင်ဆင်တာက ၂ရက်
ကျန်တဲ့၎ရက်က မြို့ကနေ တောင်တွေရှိတဲ့ ရထားတစ်တန် ကားတစ်တန်နဲ့ ခရီးသွားတဲ့ကြာချိန်က ၄ရက် (စုစုပေါင်း frontcountry မှာ ၆ရက် )
(သင်တန်းသား ၁၁ယောက် ကျောင်းသား ၈ယောက် ကျောင်းသူ ၃ယောက် ၊ သင်တန်းဆရာ ၄ယောက် ) စုစုပေါင်း ၁၅ ဦး….
တောထဲတောင်ထဲ ခြေလျင် စခန်းချထွက်ခဲ့တာ Wilderness မှာ Backcountry မှာ က ၃၄ ရက် ခရီး
လိုဟာခက် ဘိုတဲ Loharkhet ( 5741 ft ) ၊
ဒါကူရီ ဘိုတဲ Dhakhuri ( 8802 ft ) ၊
ခတ္တိကျေးရွာ Khati village ( 7831 ft ) ၊
ဂျိုဟာပါနီ တောစခန်းJoarpani- ( Pindar Riverside Camp) ( 7481 ft ) ၊
ဒွါလီ ဘိုတဲDwali ( 8969 ft ) ၊
ဖူကီရာ ဘိုတဲPhurkiya ( 10527 ft ) ၊
ရေခဲပြင် အခြေစခန်း Zero Point – ( Base Camp ) ( 12660 ft ) ၊
စခန်း၁ Camp 1 ( 15215 ft ) ။
စခန်း ၂ Camp 2 ( 16149 ft )
စခန်း ၄ (စခန်း၃ဘူတာကျော် ) Camp 4 ( 17860 ft )
စခန်း ၆ (စခန်း၅ ဘူတာကျော် ) Camp 6 ( 15877 ft )
ကာဘီစီရာ ရေခဲပြင် စခန်း Karbecya ( 14299 ft ) ၊
မာတိုလီရွာ Martoli ( 13579 ft ) ၊
ရေးကော့ Railkotia ( 10306 ft ) ( အိန္ဒိယ တိဘက် နယ်ခြားစောင့် စစ်တပ် ITBP-India Tibet Border Police ) ၊
နာဟာ စခန်း Nahar ( 9067 ft ) ၊
ဘူဂဒီရာ စခန်းBougdiyar ( 7792 ft ) ၊
ရာရာဂါရီစခန်း Raragari ( 7647 ft )(တောင်ဆိတ်စခန်း) ၊
ဂျင်မီဂါရွာ Gimighat (4972 ft ) ၊
မွန်ဆီရာရီ မြို့Maunsiari ( 7220 ft ) အထိ Himalayas High Pass Traverse Expedition ခြေလျင်ခရီး ) 

Hiking / Bushwhacking နဲ့ Mountaineering က ၁၈ရက် လမ်းလျှောက် 

ကျန်တဲ့ ၁၆ရက်က acclimatization လုပ်ရင်း တောင်တက် နည်းစနစ်နဲ့ ပက်သက်တဲ့ သင်တန်းတွေ နဲ့ အနီးက တောင်ကုန်းတွေကို တက်
နှင်းမုန်တိုင်းကျလို့ တဲကို ဂေါ်ပြား နဲ့ ရေခဲထဲကနေပြန်တူးဖော်နဲ့ စတဲ့ မနားရတဲ့ active acclimatization နေ့တွေ
ရေခဲပြင် ထဲမှာ ၂၃ရက် 
ခြေလျင် နဲ့ တောင်တက် ခရီးမိုင်ပေါင်းက ၈၅မိုင် Trekking

အမြင့်ပေ Elevation Gain အနေနဲ့ ၁၈၅၅၀ ပေ 
တောင်ကြားလမ်းနှစ်ခုဖြစ်တဲ့ ပေ ၁၇၈၀၀ မြင့်တဲ့ Kafni Col ရယ် ………ပေ ၁၈၅၅၀ မြင့်တဲ့ Dana-Dura Pass ရယ်ကို ( Pindari Glacier , Changuch Glacier , Shalang Glacier ) ရေခဲမြစ် ၃ခုပေါ်က ရေခဲချောက်တွေ ဆီးနှင်းတောင်စောင်းတွေ ကျောက်သားနံရံ မတ်မတ်တွေ ပေါ်ကနေ လျှောက်ရင်း အပြန်လမ်းတောင်နဲ့ အနီးဆုံး မာတိုလီရွာကနေ ၂၇မိုင်ဝေးတဲ့ မွန်စီယာရီမြို့နယ်လေးကို ဂိုရီဂင်္ဂါ မြစ်ဘေးက ၃ပေသာသာ ရှိတဲ့ လူသွားလမ်း လေးအတိုင်း တစ်ဖက်က တောင် တစ်ဖက်က ပေရာကျော်မြင့်တဲ့ ချောက်ကမ်းပါးအတိုင်း ပေါင်၇၀ကျော် ၈၀နီးပါးအိတ်တွေနဲ့ အန္တရယ်များတဲ့ တောင်ဆင်းခရီး
( အသွားခရီးမှာ Zero Point ထိကို တောင်တက်ကြိုးတွေ တောင်ပေါ်ရိက္ခာတွေကို potter တွေအကူအညီနဲ့ ခရီးမစခင်ကကြိုတင်ပြီး ရိက္ခာပုံထားလို့ လိုဟာခက် ကနေ Zero Point ထိကို ကျောပိုးအိတ် ပေါင်၆၀ကျော်လောက်နဲ့ပဲ မလေးမပေါ့ သွားဖြစ်ပေမဲ့ Zero Point ကနေစပြီး နောက်ထပ် ရက်၂၅ကျော် တောက်လျှောက်က ၁၄ရက်စာ တောင်ပေါ် ရိက္ခာ High Altitude ရယ် တောင်တက် ကရိယာတွေ တောင်တက်ကြိုးတွေ၊ တဲ ၊မီးဖိုအတွက် Liquid Fuel- လောင်စာက ၄လီတာ…. သောက်ရေ အနည်းလေး ၃လီတာရယ် တစ်ယောက်ကို ပေါင်၈၀ကျော် နဲ့
ည၁၁နာရီတို့ မနက်၁နာရီတို့မှာ အိပ်ယာထဲက အတင်းထပြီး ရာသီဥတုအခြေအနေကြည့် weather check လုပ်ပြီး အေးခဲနေတဲ့ ကြားက တဲတွေခေါက်သိမ်းရင်း အဆင်ပြေရင်လည်း မနက်စာလေး/ညလည်စာလေး အပြေးအလွှားစား ပြီး နဂါးငွေ့တန်း တွေ Milky Way နဲ့ ပြိုးပြ ကြယ်ရောင် အောက်မှာ လရောင်အောက်မှာ မနက်ခင်း နေခြည်ဖြိုးဖြမှာ ရေခဲပြင်ထဲ နစ်ရင်း ရုန်း 
( အဖွဲ့ထဲက တစ်ယောက် အားနည်းလို့ ယူပြီး ဝိတ်လျှော့ပေးတဲ့ နေ့တွေဆို ပေါင်၉၀နီးပါးနဲ့ တစ်ခါ တစ်လေ ဒူးလောက်နစ်နဲ့ နှင်းထဲမှာ ခြေကုပ်မရှိတဲ့ ရေခဲပြင်ပေါ်မှာ (Kafni Col ပေ ၁၇၈၀၀ နဲ့ ပေ ၁၈၅၅၀ မြင့်တဲ့ Dana-Dura Pass ) ကိုကျော်ပြီး Changuch Glacier/ Shalang Glacier ကိုဖြတ် ရာသီဥတုပြီမျက်နှာသာပေးလို့ High Camp ( Camp 3 & Camp 5 ) ကိုကျော်ပြီး Camp 4 & 6 ထိသွား တောင်ပေါ်က ပြန်ဆင်းတော့ ရိက္ခာက ကုန်လုနီးပါးမို့ ရှလန် ဂလေဆီရာ ရေခဲပြင်ကနေ ရေခဲချောက်တွေကို ကျော်ပြီး အဆင်း ပေ၁၀၀၀ ကျော် ၉မိုင်ခရီးကို ရေခဲထဲမှာ တနေကုန် အပြင်းနှင်ပြီး မာတိုလီရွာကို စားစရာဝယ်ဖို့နဲ့ အထမ်းဝန်ထမ်းတွေရဖို့ မျော်လင့်ချက်နဲ့ အရောက်သွားပေမဲ့ ရွာရောက်တော့ အိမ်အခွံတွေပဲတွေ့ရ လူတစ်ရောက်မှမရှိ ( လွန်ခဲ့တဲ့လက နှင်းမုန်တိုင်းကြောင့် ဒေသခံတွေ လီလန်ရွာဘက်ကို အစိုးရ ကယ်ဆယ်ရေးနဲ့ အားလုံးပြောင်းသွားကြပြီး နောက်၂ပတ်လောက်နေမှ ပြန်လာကြမယ်လို့သိလိုက်ရ ) စားစရာမရှိပေမဲ့ ငတ်တော့မငတ်သေး နို့နဲ့ သကြားမပါတဲ့ လက္ဘက်ရည်ကြမ်းလက်ကျန်ကိုသောက်ပြီး အိန္ဒိယနယ်ခြားစောင့်စစ်တပ်ကပေးတဲ့ ၂နာရီပြုတ်လည်းမနူးတဲ့ ပဲလုံးကို ရှိစုမဲ့စုနောက်ဆုံးလက်ကျန်ဆားလေး ချွေချွေတာတာ ခပ်ပြီး ဆားပေါ့ ပဲပြုတ်ရည်နဲ့ ၆နပ်ကျော် နှစ်ပါးသွား
၃နပ်တစ်ခါလောက်တော့ ITBP ကပေးတဲ့ ဂျုံမှုန့်ကိုနယ်ပြီး ပူရီလုပ်စားရပါရဲ့ ၊
မာတိုလီကအဆင်းတောက်လျှောက်က ဂိုရီဂင်္ဂါ မြစ်ရဲ့ ကော်ဖီရောင်ထနေတဲ့ရေနဲ့ပဲချက်
တောင်ကျချောင်းနဲ့ ရေထွက်စမ်းရှာမတွေ့တဲ့ ရက်ဆိုရင် အဲ့ဒီ မြစ်ရေကိုပဲသောက်နဲ့ ၊
ရွာတွေမှာလူမရှိလို့ အထမ်းဝန်ထမ်းမရတော့ တောင်ပေါ်မှာ စီးတဲ့ ရေခဲစီး ဖိနပ် ကအစ တောင်တက်ကြိုး စတာတွေ နင့်ပိုးတွဲလောင်းနဲ့ မနိုင့်တနိုင်သယ်ရင်း တစ်ချက်အမှားမခံတဲ့ တောင်ပေါ်လမ်းကျဉ်းအတိုင်းပြန်လာခဲ့ကြ ၊ 

အဖွဲ့ ၁၅ရောက်မှာ ကျန်းမာရေးနဲ့ ကြံ့ခိုင်မှုအခြေအနေကြောင့် ကျောင်းသား ၃ရောက်နဲ့ အတူ ဆရာ ၂ယောက်က ကနေ ဆက်မတက်ပဲနေခဲ့ ပြီး ကျန် ၁၀ဦးသာ ခရီအစအဆုံး သွားပြီး တောင်ပေါ်က စာသင်ခန်းတွေမှာ လေ့လာသင်ယူဖြစ်ခဲ့ကြ ၊ 

ခရီးစဉ်အပြီး သင်တန်း လည်း ပြီးသွားပေမဲ့ ဒါဟာ နောက်ထပ်တောင်တွေတက်ဖို့အတွက် အခုမှ အစပျိုးရုံ ရှိသေးတယ်လို့ ထင်မိတာပဲ

ImageImage

Senior Citizens of Northern India, Khati Village of Uttrakhand region.

Image

the entrance to Ancient Hindu Temple of Bageshwar

Image

Local Men at Chai/ Tea shop on the way to Maunsiari

Image

Hiking from Phukira to Zero Point along the Pindar River towards Pindari Glacier

Image

Milam valley as seen through the Hanging Bells from Hindu Temple on the hill nearby Martoli village
( Martoli is an abandoned village with about 50 houses, 2 Gov Tourist Rest-house and a beautiful temple, local villagers left the place as of the Snow Fall and Heavy Rain, )

on the way back to Maunsiari town, we met few people near Jimiga & Raragari Kyaik shop and farm 38km away from Martoli ) who are coming back to Martoli for resettlement )

Image

Martoli Village ( Martoli is an abandoned village with about 50 houses, 2 Gov Tourist Rest-house and a beautiful temple, local villagers left the place as of the Snow Fall and Heavy Rain, )on the way back to Maunsiari town, we met few people near Jimiga & Raragari Kyaik shop and farm 38km away from Martoli ) who are coming back to Martoli for resettlement )

Image

Mother’s love (Rhesus Macaque)

Image

Local Market on the way to Ranikhet

Image

Himalayan Bulbul
Advertisements
This entry was posted in Fact, Mountaineering, NOLS and tagged , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s