Outdoor သွားတဲ့ သူတွေအတွက် လိုရမယ်ရ လေးတစ်ချို့

ဟိုက်ကင် (hiking ) ပဲသွားသွား အပျော်တမ်း ညအိပ်စခန်းချ ကမ်ပင် ခရီး (Camping  / backpacking )  ပဲသွားသွား ရေခဲတောင်ပဲတက်တက် ကျောက်တောင်ပဲတက်တက် အသုံးတည့်တဲ့ အချက်လေးတွေကို ပြောပြချင်လို့ပါ။ အကြံပြုချက်outdoor tips လေးတွေ တစ်ချို့ပါ  တစ်ချိန်လိုအပ်တဲ့အခါ တစ်ကယ် အသုံးဝင်လာမည် မျော်လင့်ပါတယ်………  အဓိကက ဒီpractice ဒီဟာလေးတွေသယ်ဖို့  ဝန်ထုပ်ဝန်ပိုးမဖြစ်ဘူး ပြီးတော့ တကူးတကသယ်စရာမလိုဘူး ကျောပိုးအိတ်ကို အရမ်းကြီးပိုမလေးသွားစေဘူး ဆိုတဲ့ အချက်တွေပေါ်မှာ အခြေခံထားပါတယ်။

“Good Decisions comes from Experience “ and  “ Experience comes from Bad Decisions”  ဆိုတဲ့အတိုင်းပေါ့ သွားထားသလောက်အတွေ့အကြုံက သင်ခန်းစာလေးတွေကိုပဲအနှစ်ချုပ် ရေးထားပါတယ် ။

DSCN5675-001

  • ပထမဆုံးအနေနဲ့ ကတော့  ဖင်ခုထိုင်ရုံ အခင်းတစ်ခုပါပါစေ (Butt pad) ၊တောစခန်း ချတဲ့အခါ ဖင်ခုထိုင်ဖို့ပါ ၊ နှင်းထဲမှာပဲဖြစ်ဖြစ် စိုစွတ်တဲ့ တောထဲက မြေမှာပဲဖြစ်ဖြစ် ချောင်းဘေး သဲတရှပ်ရှပ်မှာပဲဖြစ်ဖြစ်   ဟင်းချက်ဖို့တို့ အထုပ်ပြင်ဆင်ဖို့တို့ လုပ်ဖို့ရာ တွေ့ကရာမှာထိုင်ချမှာလား ???  ဒါမှမဟုတ်  အကြာကြီး စောင့်ကြောင့်ထိုင်ရတာမနိပ်ပါဘူး….  ဒီဖင်ခု ထိုင်ဖို့ Butt pad လို့ခေါ်ခေါ် camp seat လို့ပဲပြောပြော ဖင်ခုထိုင်စရာ ဖော့ပြားလေးတွေဟာ ဈေးမကြီးပါဘူး သုံးပြီးသား အိပ်ယာလိပ်အဟောင်းက ပေါက်ပြဲအနားစုပ်တာတွေဖယ်၊( အလျား ၁ပေခွဲ (သို့မဟုတ်) ၁ပေ ၊ အနံ ပုံမှန် ၁ပေ သို့ မဟုတ် ၁၀လက္မလောက်တိုင်း) ဖြတ်ရင်ရပါပြီ  ၊ဒါမှ မဟုတ်လည်း မင်္ဂလာမွန်ဈေးမှာ ground sheet/ sleeping pad အလိပ်လိုက်ကို ပေတိုင်းနဲ့ ဖြတ်ပြီးရောင်းတဲလက္က္ကာားသည်တွေဆီမှာ ဖော့ပြား အိပ်ရာလိပ် ၆ပေစာဝယ်ရင်းနဲ့ ၂ပေ လောက် ပိုဝယ်လိုက်ပြီး ဖြတ်လည်း ဖြစ်ပါတယ် ၊  အကြံပေးချင်တာကတော့ ဖင်ခုထိုင်မဲ့ ဖော့ပြားကို ခပ်ရှည်ရှည် ၁ပေခွဲကနေ ၂ပေလောက်ဖြတ်ပြီးသုံးတာ ပိုအသုံးတည့်ပါတယ် ၊ အဲ့ဒီ ဖင်ခု ကို ထိုင်ဖို့တင်မကဘူး  ညအိပ်ရင် ကျောအောက်မှာ ထည့်ခင်းအိပ်လည်း အသုံးဝင်တယ် ၊ပြီးတော့ သယ်ရတာလည်း အဆင်ပြေတယ် ၊ အိပ်ယာခင်းground sheet   နဲ့ ရောလိပ်လိုက်ရုံပဲ ၊ နောက်တစ်ခုက crampon တို့ဘာတို့ လို ချွန်ထက်တဲ့အရာတွေကို ကျောပိုးအိတ်ထဲထည့်တဲ့အခါ ဖင်ခုပြားနဲ့ ပတ်ပြီးထည့်ရင် အိတ်ပြဲမှာ ပေါက်မှာ ပူစရာမလိုတော့ဘူး ၊    ဝါသနာပါရင် နဲ့  ဖင်ခုပေါ်မှာ ကျားကွက်ဆွဲထားလို့တောင်ရသေး အပျင်းပြေ စစ်တုရင်တို့ ကျားတို့ ထိုးဖို့ ခုံသီးသန့်သယ်စရာမလိုတော့ဘူးပေါ့
  • တောင်တက်ချိတ် (Carabiner)  တစ်ချို့ဝယ်စုပါ  ၊ Locking Carabiner လော့ချလို့ရတဲ့ဟာတစ်ခုရယ်(HMS, Oval or D shape locking biner x 1  )  ပေါ့ပေါ့ပါးပါး ဝိုင်ဝါဂိတ်  ၂ခုရယ် ( Wire Gate Carabiner  x 2 ) ဆိုလောက်ပါတယ် ၊   ဝယ်တဲ့အခါ (not for climbing ) ဆိုတဲ့ ပုံစံတူချိတ်တွေမဝယ်ပဲ တစ်ကယ်တောင်တက်ရင်သုံးတဲ့ climbing grade ကိုဝယ်သုံးသင့်ပါတယ် ၊ တစ်ကယ်အရေးကြုံလာတဲ့အခါ prusik knot နဲ့ သုံးလို့ရပါတယ်  အနည်းလေးတော့ ကျောပိုးအိတ်မှာ ရေဘူးချိတ်တဲ့အခါ ရေဗူးပြုတ်မကျအောင် ချိတ်ထားလို့ရပါတယ်၊
  • (Duct Tape)  ရဲ့ အသုံးဝင်ပုံ………ငွေရောင်  Duct Tape  ဆောင်ထားပါ ၊ သူ့ကို တကူးတကသယ်စရာမလိုပါဘူး   Duct Tape ကို ရေဘူး (ThermalMug/Nalgene) ဒါမှမဟုတ်  လမ်းလျှောက်တုပ် (Trakking Pole/Walking Stick)စတာတွေမှာ ခပ်ထူထူ လေးပတ်ထားမယ် ဆိုရင် တစ်ချိန် အသုံးဝင်ပါတယ် ( ရေဘူးမှာ ဆိုရင်လည်း အဆင်ပြေတယ် ရေနွေးထည့်တဲ့အခါ (duct tape) ပါတ်ထားရင် လက်ကိုင်ဖို့ insulation  အပူကြားခံနယ်ရတာပေါ့  ပြီးတော့ ခရီးထွက်ရင်း တော်ရုံအသေးအမွှားလောက် ပြဲတာ စုပ်တာလောက်က (duct tape) နဲ့ ကပ်ပြီး ယာယီ ဖာထေးထားလို့ အဆင်ပြေတယ် ၊ လက်အိပ်ပေါက်တာတို့ ဘောင်းဘီကွဲတာတို့ မျက်မှန်ကိုင်းကျိုးတာတို့မှာ ကောင်းကောင်းကြီးအသုံးတည့်ပါတယ် (Duct Tape  ရဲ့အသုံးဝင်ပုံတွေက အများကြီးပဲ )
  • ကျောပိုးအိတ် အတွက် (Extra strap/ webbing) တစ်ချို့ဝယ်ထားပါ ခရီးသွားရင်လည်း အဲ့ဒီသိုင်းကြိုးအပိုတွေပါပါစေ
    အဖြစ်နိုင်ဆုံးတော့ ကျောပိုးအိတ်ကို ထုပ်ပိုးတဲ့ အခါမှာ အပြင်မှာ တိုးဂလိုး တွဲဂလောင်းတွေမဖြစ်အောင် ထုပ်ပိုးတာကောင်းပါတယ်၊ ဒါပေမဲ့ ခရီးကရှည်ပြီး သယ်စရာတွေများတဲ့အခါမှာ ကျောပိုးအိတ်ရဲ့ အပြင်ဘက်မှာ ကြိုးအပို နဲ့ အိပ်ယာခင်း ရွက်ဖျင်တဲ စတာတွေကိုမဖြစ်မနေ သိုင်းထုပ်ကပ်လျပ်ချည်နှောင်ရတဲ့အခါ ဒါလေးတွေက အသုံးဝင်လာမှာပါ။ အဲ့လိုချည်တဲ့အခါမှာလဲwebbing  ကြိုးနဲ့သိုင်းထားတာပဲဆိုပြီး ဘယ်အရာကိုမှ မပေါ့ပါနဲ့ သေချာအောင် တဲတို့ ground sheet တို့ က strap တွေနဲ့ ကျောပိုးအိတ်ကwebbing နဲ့ ထပ်ချည်ထားဖို့လိုပါတယ် ၊ တောင်စောင်းတွေမှာ သွားလာရင်း တစ်ခုခု ကျသွားရင် ပြန်ကောက်ဖို့ခက်ပါတယ် ၊ အန္တရယ်လည်းများပါတယ်၊ တောင်စောင်းတွေ မြစ်ကမ်းပါးတွေကို သွားတဲ့အခါမှာ ( bushwhacking ) တောထူထူတိုးရတဲ့နေ့တွေ အပင် ကျောက်တုံးစတာတွေနဲ့ ငြိတဲ့ အခါတွေမှာ လျှောကျတာ ပြုတ်ကျတာမျိုးလေးတွေကနေ ကာကွယ်နိုင်မှာပါ ၊
  • ခေါင်းမီးက ဓာတ်ခဲနဲ့ (Flashlight / Headlamp ) ပက်သက်လို့ ဓာတ်ခဲတစ်စုံက ဘယ်နှရက်ခရီးဆိုရင် လောက်မလဲ ??????ဓာတ်ခဲနဲ့ ဓာတ်မီးကို ဘယ်လိုထိမ်းသိမ်းမလဲ ၊ Headlamp နဲ့ ပက်သက်ပြီး သူငယ်ချင်းတော်တော်များများ ဖြစ်လေ့ရှိတာက ဓာတ်ခဲထည့်ထားပြီး မတော်တဆ ခလုပ်နှိပ်မိဖိမိသွား…. ကျောပိုးအိတ်ထဲမှာ မီးတွေလင်းပြီး အချိန်မတန်သေးခင် ဓာတ်ခဲအားကုန်တဲ့အဖြစ်ပါ ၊ ဒီလိုမဖြစ်အောင် ဓာတ်မီးက ဓာတ်ခဲကို အမြဲတမ်းထုပ်ထားဖို့ကလည်း ညဖက်အသုံးလိုတိုင်း ဓာတ်ခဲကို မွှေ နှိုက် ရှာပြီး ပြန်ထည့်ရမှာကလည်း မစွံပါဘူး ၊ ဒီတော့ ဒီအစွန်းနှစ်ဖက်ကလွတ်အောင် အကြံပေးချင်တာက မျက်မှန်ထည့်တဲ့ ရှုံ့ အိတ်ဟောင်း/ or ( headlamp pouch) တစ်လုံးဆောင်ပါ မနက်မိုးလင်းတာနဲ့ Headlamp ကိုဖွင့် battery case ထဲက အလယ်က ဓာတ်ခဲကိုပဲ ထုတ်ပြီးရှုံ့ အိတ်ထဲပြန်ပေါင်းထည့် ၊ ကျွန်တော်လုပ်နေကျကတော့ ဘာအိတ်မှမပါဘူး အိပ်ယာထ အလင်းရောင်ရှိတယ်ဆိုတာနဲ့ ဓာတ်ခဲအိမ်ကိုဖွင့်ပြီး အလယ်က ဓာတ်ခဲတစ်လုံးကို ပြောင်းပြန်ပြန်ထည့်ပြီးပိတ်ထားလိုက်တယ် ၊ နောက်တစ်ခုက ဓာတ်မီးကို မသုံးဖြစ်တဲ့အချိန်တွေမှာ နွေးနွေးထွေးထွေးထားဖို့ပါ ၊ Beanie  ခေါင်းစွတ်ထဲလုံးထားတာမျိုး ခေါင်းမှာပြန်တပ်ဖို့မရွံတတ်ရင် ခြေအိတ်နဲ့ လုံးထားတာမျိုးပေါ့ ။ အဲ့ဒီလို အကျင့်လေးလုပ်ပေးပြီး ထိန်းသိန်းရင် ခရီး တလ ကနေ ရက်လေးဆယ်ထိ ကြာတဲ့ ခရီးမှာ ဓာတ်ခဲ တစ်စုံတည်းနဲ့ လောက်ပါတယ် ဓာတ်ခဲအပိုပါပေမဲ့ မလဲခဲ့ပါဘူး ရက်အစိတ် ၂၅ရက်ကျော်လာတဲ့အခါ မီးအားသိသိသာသာကျလာပါတယ်၊ဒါပေမဲ့ အားလုံးဝကုန်သွားတာမျိုးမဖြစ်ပါဘူး ၊……………………….”Packing Light is Right “ဆိုတဲ့အတိုင်း ဓာတ်ခဲတစ်လုံးကလဲ ဝေးရင်ဝေးသလောက် သယ်ရမှာ လေးတာကိုး……. အသုံးမတည့်တာတွေထားခဲ့တာအကောင်းဆုံးပါပဲ ……….ဒီလို မျိုး ဂရုစိုက်မယ်ဆိုရင် ၁လခွဲလောက်ခရီးထွက်မည့် လူ ၅ယောက်အဖွဲ့လောက်ဆို အားလုံးအတွက် ဓာတ်ခဲအပို တစ်စုံဆိုရင် လောက်ပါပြီ ( သာမန်အားဖြင့် အေသုံးလုံး AAA အရွယ် ဓာတ်ခဲအသေး ၃လုံး တစ်စုံအပိုပါရင် လောက်ပါပြီ )

(P.S : Team Kit ထဲမှာ mini headlamp ( Petzl – e+lite emergency headlamp e+LITE® | Petzl/ Black Diamond Ion Ion Headlamp – Black Diamond Gear လေးထည့်ထားတာလည်း ကောင်းတဲ့ အလေ့အထပါ  မတော်တဆ အဖွဲ့ဝင်ထဲကတစ်ယောက် ဓာတ်မီးပျက်သွားတဲ့အခါမှာ ယူသုံးလို့ရမှာပါ ……… ( ကျွန်တော့အနေနဲ့ e+lite လို Ion  လိုအသေးစား headlamp အပိုကို Repair Kit ထက် FIRST AID KIT ထဲမှာ ထည့်တာ ပိုသဘောကျပါတယ် ၊ WILDERNESS မှာ EMERGENCY /ACCIDENT  ဖြစ်တဲ့အခါမျိုးမှာ  FIRST AID KIT  နဲ့အတူ ဓာတ်မီးတစ်ခုရှိနေတာဟာ အများကြီး အားသာပါတယ် )

  • (Hydration System /H2O )  ရေဗူးနဲ့ ပက်သက်လို့ သုံးမည့် ရေဗူးတွေ အဖုံးလုံပါစေ ၊ အဖုံးဖွင့်ပြီးတိုင်း အဖုံးလုံအောင်ပိတ်ပါ   အနည်းဆုံး  ရေဗူး၂ဗူး   ရေဗူး ၁လီတာခွဲတစ်ဗူး လီတာဝက် တဗူးပါပါစေ ပြီးတော့ အရောင်မတူတာ ရွေးပြီးသယ်သွားပါ  ၊   သင်ဟာ (Camelbak/ Platypus တို့ ) သုံးသလား   ရေအိတ် ကို ပိုက်နဲ့သွယ်ထားတဲ့Hydration Bladder/ Hydro Bag  (Camelbak/ Platypus တို့ ) သုံးတယ်ဆိုရင် အပိတ်အဖွင့် ခေါင်းပါတဲ့ ဟာမျိုးဝယ်ပါ ၊ အပိတ်အဖွင့်ခလုပ်မပါရင် သီးသန့်ဝယ်တပ်ပါ ၊ ရေသောက်ပြီးတိုင်း ခလုပ်ကို ပိတ်တဲ့ အကျင့်လုပ်ပါ၊ ဒီလိုမှမဟုတ်ရင် ကျောပိုးအိတ်ကို ဖိမိတဲ့အခါ ရေပိုက်ကနေရေတွေလျှံထွက်လာတက်ပါတယ်၊ ကျောပိုးအိတ်ရေစိုရင် ဂွကျတယ် ၊ ပိုဆိုးတာက တဲထဲမှာ ရေဗူး/ရေအိတ်က ရေဖိတ်ရင် အတော် လေး ကသီတယ်
  • (Socks) ခြေအိပ်တစ်စုံ အိပ်ယာလိပ် sleeping bag ထဲ ပစ်ထည့်ထားပါ  ၊ အရမ်းအေးတဲ့ညတွေမှာ ဝတ်အိပ်ဖို့ Sleeping Socks အနေနဲ့ သုံးလို့ရမယ် ၊ပြီးတော့ သူက Sleeping Bag  ထဲမှာဆိုတော့ အမြဲနွေးနေမယ် နေမထိလို့ ( Dark Socks ) လို့ခေါ်ပေမဲ့ ခြေအိပ်တွေအကုန်ရေစိုသွားလို့  လိုအပ်လာတဲ့အခါ ခြေအိပ်အပိုတစ်စုံအနေနဲ့ ထုပ်သုံးဖို့ အသုံးဝင်လာပါလိမ့်မယ် ။

လိုရမယ်ရ လေးတစ်ချို့  ကို ခေါင်းထဲ ပေါ်သလောက်ချရေးထားတာ ၊ ကျန်တာလေးတွေထပ်ရေးပါဦးမယ် ၊ ဘော်ဒါတွေဆီက ဒီထဲမှာ မပါတဲ့ အခြားအသုံးတည့်မည့်အချက်တွေ အကြံပေးတာ ဖလှယ်တာလည်း ကြားချင်ပါတယ်

အနှစ်ချုပ်ရရင် ( B C D E F H S )  ပေါ့………………. အက္ခရာစဉ်လေးတွေ့တာနဲ့ အစဉ်အတိုင်းပြန်စီလိုက်တာ  

(Butt pad)(Carabiner)(Duct Tape)(Extra strap/ webbing)(Flashlight/Headlamp )(H2O )(Socks)


MISC :

တစ်ဖွဲ့လုံးအတွက်  နေကာမျက်မှန်တစ်လက် အပိုဆောင်ပါ ၊ ရေခဲတောင်တက်မဲ့ သူတွေ အတွက်အရေးကြီးပါတယ် ၊ ရေခဲတောင်မဟုပ်ပဲ တစ်ခြား ခရီးတွေမှာလည်း အဖွဲ့ဝင်တိုင်း အတွက် နေကာမျက်မှန် တစ်လက်စီ ကိုယ်စီဆောင်ကြတာ မျက်လုံးအတွက်ကောင်းပါတယ် ၊

အဖွဲ့ ဂီယာအနေနဲ့ မီးဖို နဲ့ တောင်တက်ကြိုး Food, Stove, Repair Kit , Foot Kit, First Aid Kit  စတာတွေ  (အပ်ချည်ကြိုးနဲ့ အပ် ၊ စူပါဂလူး စတာတွေအပြင် ဘောင်းဘီ /အင်္ကျီ    အပိုကြယ်သီး နည်းနည်း ကျောပိုးအိပ် ကလစ် စတာတွေက ပုံမှန်သယ်နေကြ Repair Kit ထဲမှာပါမှာပါ ၊ First Aid Kit  လည်းသယ်ရမှာပါ အဖွဲ့နဲ့ ဆိုရင်တော့ ဝိတ်မျလို့ရတာပေါ့ ၊ တစ်ယောက်တည်း ဒါမှမဟုတ် လူ၃ ယောက်လောက်ပဲသွားမယ်ဆိုရင် ဘယ်လို မျှသယ်မလဲ ဘာတွေကိုပဲသယ်မလဲဆိုတာ သီးသန့်ထပ်ရေးပါဦးမယ် ။ ………. TBC


ဒါနဲ့ ခရီးတွေ သွားရင်း ဘာသွားတွေ့လဲ ဆိုတော့

” ကြွယ်ဝတဲ့ တောင်တက်သမား ဆိုတာ အိမ်က ဘီရိုထဲမှာ အကောင်းစား brandedခြေအိတ် အစုံ ၁၀၀ ရှိတဲ့သူကိုပြောတာမဟုတ်”

“ကျောပိုးအိတ်ထဲမှာ တစ်ကယ်သယ်လာနိုင်တဲ့ ခြေအိတ် တစ်စုံကိုသာ ပိုင်ဆိုင်သူ”………..(မိုးရွာ နှင်းကျလည်း စိုရွှဲမသွားပဲ  ခြောက်သွေ့နေမဲ့ ခြေအိတ် လေးတစ်စုံ  နောက်ခြေလှမ်းတွေအတွက် အသင့်ဖြစ်နေမဲ့ တောင်ပေါ်မှာ တောလမ်းခရီး ကြမ်းမှာ အနွေးဓာတ်ပေးမဲ့ ကျောပိုးအိတ်ထဲမှာ တစ်ကယ်သယ်လာနိုင်တဲ့ ခြေအိတ် တစ်စုံကိုသာ ပိုင်ဆိုင်သူသာဖြစ်တယ် ဆိုတာ ကို ပိုပြီး သဘောပေါက်လာတယ် ။ )

ဒီတော့ ခရီးသွားရင် မလိုတာတွေ မသယ်မိအောင် လိုတာကို ကျစ်ကျစ်လျစ်လျစ်နဲ့ သယ်နိုင်အောင်ပဲ ကြိုးစားတော့တယ် ၊ သယ်လာတဲ့ ပစ္စည်းတိုင်း သုံးဖြစ်လိမ့်မယ် လို့တော့ မဆိုလိုပါဘူး ၊ ဒါပေမဲ့ ဖြစ်နိုင်ခြေရှိတဲ့ ကြုံလာနိုင်တဲ့ ရာသီဥတုနဲ့ အခက်အခဲမှာ လိုအပ်နိုင်မဲ့ အရာလေးတွေ ကိုတော့ မဖြစ်ဖြစ်အောင် သယ်တာ မမှားပါ ၊ တောင်တက်ဂီယာတွေကလည်း ဈေးကြီးပါဘိနဲ့

ခရီးသွားတဲ့ အခါ တစ်ကယ် မလိုအပ်တဲ့ ပစ္စည်းတွေ ဝယ်မိ ပိုက်မိတဲ့  ဒုက္ခ ကနေ ဝေးကြပါစေဗျာ ။

တောင်တက်ပစ္စည်းအသစ်ပေါ်တိုင်း သူများတွေသုံးတာမြင်တိုင်း gear လိုချင် ဝယ်ချင်တဲ့ ရောဂါပိုးကိုလည်း သတ်ဖို့ကြိုးစားပါ ၊ ( ကျွန်တော်တော့ မလိုတာတွေဝယ်တဲ့ အလုပ်ကို ရပ်လိုက်ပါပြီ 🙂 )

နောက်ထပ်ပြီး….. ရှိတာလေးနဲ့ ခရီးထွက်လို့ရမဲ့ တောင်တက်ဂီယာ ဝယ်ဖို့ အနည်းဆုံး budget ထိ ခြုံ့လို့ရမဲ့  အဖိုးနည်း ဝန်ပါ minimalism တောင်တက်အကြောင်းလေးတွေ ရေးချင်ပါသေးတယ် ။

1888968_10201239867438069_2764131427817480219_o

(Duct Tape) ကို Trakking Poleမှာ ပတ်ထားတာပါ

စာအုပ်အဖုံးပြဲ သွားလို့(Duct Tape) နဲ့ ကပ်ထားတာ လက်အိတ် ပြဲတုံးကလည်း(Duct Tape) နဲ့ပဲ ကပ်ပြီး ဖာထားလိုက်သေးတယ်

10380501_10202659024830218_3050269297115475156_o

BUTT PAD ကို ဖင်ခုရုံတင်မက ယောဂ ကျင့်ဖို့အတွက်ပါသုံးလို့ရပါတယ် ( full size Yoga Mat ကတော့ပိုကောင်းတာပေါ့ ဒီပုံက butt pad အရွယ်အစားသိအောင် ပုံနဲ့ ပြချင်တာပါ)  PHOTO CREDIT :GRACE BERRETT

DSCN5531

Journal >>>>စာအုပ်နဲ့ ဘောပင် သယ်သွားတာလည်း ကောင်းတဲ့ အကျင့်လေးတစ်ခုပါ……… မိုးအကြောင်း လေအကြောင်း တောတောင်နဲ့ ခရီးစဉ်အကြောင်းလေးတွေ ရေးဖွဲ့လို့ရတာပေါ့ ယုတ်စွအဆုံး ဆေးထည့်ပြီး ပွတ်ချွန်းလိပ် ဆေးသောက်လို့ရတာပဲမဟုတ်လား 🙂

နာရီတစ်လုံး ပါပါစေ ၊ တောင်တက်နာရီမှတို့ အမြင့်ပေပြတာတွေ ၊လေထု ဖိအားပြတဲ့ Alti/Baro/Thermo/Compss ဟာတွေပဲ သုံးရမယ်လို့မဆိုလိုပါဘူး ( ရှိရင်တော့ကောင်းပါတယ် ) အဓိကက အချိန်သိရဖို့ပါပဲ နှိုးစက်(alarm )ပါရင် တစ်ပန်းသာပါတယ် ၊

DSCN5647

အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှု synergy ကို လျှော့မတွက်ပါနဲ့ အသင်းအဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်မှု teamwork မှာ တစ်တက်တစ်အား ပါဝင်နိုင်ပါစေ

DSCN5640

သဘာဝတရား ရဲ့ ကြီးကျယ်ခန်းနားမှုကို ခံစားဖို့ အချိန်လေးတွေ ပေးဖို့မမေ့ပါနဲ့

DSCN5541

ဒေသခံတွေနဲ့ အပျော်တွေ မှန်ကန်စွာ မျှဝေတတ်ပါစေ

DSCN5582

တစ်ကယ်တော့ ကမ္ဘာကြီးမှာ ကျွန်တော်တို့ သင်ယူလေ့လာစရာတွေ ပြည့်နှက်နေဆဲပါ

DSCN5509-001

အားလုံးကို ကျေးဇူးတင်ပါသည် NAMASTE 🙂

COPYRIGHT : All Rights Reserve  © Nyi Nyi Aung / Climberdoelone / DoelonePhotography for all Words and Photography in this blog.   This Article, Photo and Words may not used, printed or reproduce without prior written permission of Nyi Nyi.

Advertisements
This entry was posted in Fact, Know_How, Outdoor, Tips and tagged , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s