အောက်ဒိုးမီးဖို (Outdoor Stove System )

မီး ဖို ဝယ်ဖို့ ၂နှစ်လောက်လေ့လာအပြီးမှာတော့ compact/ lightweight  ဖြစ်တဲ့ (Pocket Rocket) ကိုဝယ်လိုက်ပါတယ်……

သူက Gas Canister ဘူးနဲ့ပဲသုံးလို့ရပါတယ် အခြားလောင်စာနဲ့ သုံးလို့မရပါဘူး ဒီတော့ Gas Canisterဝယ်မရတဲ့ နေရာတွေမှာဆိုအသုံးမဝင်ဘူးခင်ဗျ

1512187_10200499753975695_1049888845_o

၃အောင်စပဲ လေးတဲ့ pocket rocket နဲ့ Gas ဗူးနဲ့ ( ၂ခုပေါင်းမှ ၂ပေါင်နီးပါးပဲဝိတ်ရှိပါတယ်၊) Rapid System ဆိုတဲ့အတိုင်း ရေနွေးတည်ရ မြန်ပါတယ်

………Outdoor Stove System မီးဖို အကြောင်းက တော်တော်ကြယ်ပြန့်ပါတယ်( ကိုယ်တိုင်လည်း အဖိုးနည်းဝန်ပါ Penny Stove တွေလုပ်ကြည့်ပြီး စမ်းသုံးကြည့်ပါတယ်သူတို့က အရက်ပြန်လို အီသနောလို အရည်နဲ့ သုံးရတဲ့ Trangia လို မီးဖိုအမျိုးအစားတွေပါ )

သေချာတာကတော့ ဘယ် လောင်စာစီအမျိုးအစားနဲ့ မဆိုသုံးလို့ရတဲ့ MSR Whisperlite International လို မီးဖိုဝယ်တာ အကောင်းဆုံးပါပဲ
MSR အောက်ဒိုးမီးဖို ထဲမှာဆိုရင် အသုံးက အမျိုးမျိုးကွဲပါတယ် ……………….

  • ဟင်းချက်ဖို့ ( cooking system ) လား
  • ( Rapid boiling ) ရေနွေးတည်ရုံ ( ရေခဲအရည်ဖြော်ချရုံ သက်သက်လား )
1507904_10200522150375591_1412863066_n

Whisperlite Internationalအကောင်းဆုံးမီးဖိုလို့ပြောနိုင်ပါတယ် သူမှာ အားတဟာချက်တွေအတော်များတယ် ပေါ့တယ် (မီးဖိုဝိတ်က ၁ပေါင်မပြည့်ဘူး ၁၅အောင်စပဲလေးတယ် ) ထိမ်းသိန်းရလွယ်တယ် ( လောင်စာအရည်ကသယ်ရတာလေးပေမဲ့ တော်တော်အသုံးခံပါတယ် )



  • Rapid Boiling Stove က ဆိုရင် Pocket Rocket နဲ့ Micro Rocket တို့ က mini stove အပေါ့ပါးဆုံးနဲ့ အသေးဆုံးပဲ သူက မီးအားပြင်းတယ် မြန်တယ် မီးညွန့်သေးတယ် ဟင်းချက်လို့ကောင်းဘူး ဟင်းတူး/ကပ်မယ် ရနွေးတည်တာ ( ရေခဲအရည်ဖြော်ချပြီး ကွေကာလုပ်တာ ) ချောကလက် Hot Chocolate ကော်ဖီဖြော်ပြီး အဲ့လောက်တော့ ဂွတ်တယ် (mini stove တွေက လောင်စာအရမ်းရွေးတယ် သူနဲ့ တော်တဲ့ gas canister ဂက်(စ) ဘူးလေးတွေ က လောင်စာ တစ်ခုထဲပဲသုံးလို့ရတယ် အဲ့ ကောင်က မြန်မာပြည်မှာ ဝယ်ရခက်တယ် ပြီးတော့ တစ်ခြားနိုင်ငံတွေမှာလည်း ဝယ်ရခက်တယ် gas canister ဘူးကိုလေရင်နဲ့ သယ်ဖို့လည်းခွင့်မပြုဘူး ဒီတော့ သူ့ရဲ့အသုံးက အကန့်အသက် limitation တွေ များတယ် ( အရည်ကြိုစရာ အိုးပါပါတဲ့ Reactor Stove စီးရီးလည်း အဲ့အမျိုးအစားထဲက ပဲ ဒီကောင်တွေလည်း ဘူးနဲ့ပဲအလုပ်လုပ်တာ သူကတော့ အိုးပါတယ် ၁လီတာကနေ ၂လီတာခွဲ ဆိုက်တွေပေါ့ )
DCIM100GOPRO

WHISPERLITE INTL ပါပဲ… ချက်မည့် ဟင်းလျာပေါ်မူတည်ပြီး မီးပြင်းအားကို ချိန်လို့ရတာကလည်း နောက်အားသာချက်တစ်ခုပါ

  • Cooking System Stove ထဲကဆိုရင်တော့ Whisperlite ဝှစ်စပါးလိုက်က ကောင်းတယ် အဲ့ကောင်တွေက ဟင်းချက်မဲ့ သူတွေအတွက်သင့်တော်တယ် သူ့က မီးညွန့် ကားတယ် ( မီးကအလယ်မှာပဲစုပြီးနင်းကန်ပူတာမြိုးမဟုတ်ပဲ ဘေးဘက်တွေကိုပါပြန့်တော့ ဟင်းချက်ဖို့ အကိုက်ပဲ …….. သူ့မှာ Whisperlite ရိုးရိုး ရှိတယ် အဲ့ကောင်က ကားဓာတ်ဆီတို့နဲ့ သုံးလို့ရတယ် ( လောင်စာ တစ်ခုထဲကို တစ်သမတ်ထဲ သုံးတာ မီးဖို သက်တမ်း အတွက်ကောင်းတယ် ) Whisperlite ထဲကပဲ Whisperlite International ဆိုရင် လေယင်ဆီတို့ လောင်စာအရည်တော်တော်များများ ထည့်သုံးလို့ရပြီ ( အားသာချက်က ကမ္ဘာ့ရဲ့ ဘယ်အချမ်းကို သွားသွား ရှိတဲ့ လောင်စာနဲ့ သုံးလို့ရတော့ အဆင်အတော်လေးပြေတယ် ) Whisperlite ထဲကWhisperlite Universal ဆိုရင် လောင်စာအရည်အမျိုးမျိုးအပြင် gas canister compatible ဂက်(စ) ဘူးလေးတွေ နဲ့ပါ တပ်သုံးလို့ရတယ် ၊ ( MSR- XKG EX ) ဆိုတာရှိတယ် သူက Rapid Boiling / Cooking Hybrid ထဲကပဲ မီးအားပြင်းတယ် လောင်စာအရည်သုံးရတာပဲ……….
DCIM100GOPRO

တဲထဲမှာချက်ရတဲ့အခါ မီးဖိုကို စနစ်တကျ အကြွမ်းဝင် သုံးတတ်နေဖို့ အရေးကြီးပါတယ်

MSR stove တွေက ပေါ့တယ် လောင်စာအရည်ကတော့ ခရီးရှည်ရင်ရှည်သလို ပိုသယ်ရမှာပေါ့ ……………………….. ။။။။။

အပေါ်က မီးဖိုတွေက လောင်စာ အပြင်းစားတွေသုံးတဲ့ ကောင်တွေ အချိန်တိုအတွင်း အလုပ်ပြီးတဲ့ကောင်တွေပေါ့ အမှားအရွင်းတော့မခံဘူး သေချာမသုံးရင် ရှော့ရှိတယ်

DSCN5705

ရေခဲတောင်ပေါ်မှာ ရေရဖို့ခက်ပါတယ် ရေမရှိတာများပါတယ် တစ်ခါတစ်လေ မီးဖိုကို ၂နာရီလောက် အဆက်မပြတ် ဖွင့်ထားပြီး ရေခဲကို အရည်ဖျော်ချရတာမျိုးလည်းရှိတတ်ပါတယ် ၊ ဒါမျိုးအခြေအနေမှာ မီးဖို ကောင်းကောင်းမရှိရင် survive ဖြစ်ဖို့မလွယ်ပါဘူး

လောင်စာအပျော့စားနဲ့သုံးရတဲ့ မီးဖိုတွေလည်းရှိတယ် အရက်ပြန် တို့ မီသိုင်းတို့လို အရည်နဲ့ သုံးတာ TRANGIA ဆိုတာရှိတယ် ဒီကောင်က ဈေးနည်းနည်းသက်သာတယ် ချက်ရတာနှေးတယ် လောင်စာဝယ်ရလွယ်တယ်။ ဘယ်လို မီးဖိုမျိုးကို သုံးချင်တာလဲ ။အခုအကြိုက်ဆုံးကတော့ Penny Stove ဆိုတဲ့ဟာပဲ ကိုယ့်ဟာကိုယ် DIY ဘီယာဘူးခွံနဲ့ ကိုယ်တိုင် လုပ်ယူလို့ရတယ် ပိုက်ဆံမကုန်ဘူး စမ်းကြည့်ပြီးလုပ်ထားတာ ၂ခုရှိတယ် ကိုလာဘူးခွံနဲ့လည်းရတာပဲ အဲ့ကောင်က ဆေးဆိုင်က အရက်ပြန်နဲ့ တောင် သုံးလို့ရတဲ့ လက်ဖြစ်မီးဖိုလေးပါ………..

နောက်ထပ် အချိန်ရအောင် ကြိုးစားပြီး  လက်လုပ် မီးဖို  Penny Stove    အကြောင်းရေးပါဦးမယ်………….

ကိုခင်ဇော်ဟိန်း ရေးထားတဲ့ Penny Stove အကြောင်း ဒီမှာဖတ်ရှူနိုင်ပါတယ်။  https://www.facebook.com/notes/khin-zaw-hein/camping-stove-%E1%80%99%E1%80%AE%E1%80%B8%E1%80%96%E1%80%AD%E1%80%AF-%E1%80%BB%E1%80%95%E1%80%B3%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8/723731884438592

Advertisements
This entry was posted in Fact, Know_How, Outdoor and tagged , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s