ဟိုက်ကင် အပိုင်းအစများ ……..

ဟိုက်ကင် အပိုင်းအစများ  …….. ( The Beginning & Reunion Days )

လွန်ခဲ့တဲ့ (၂၀၀၅ခု ဇွန် လ ၂၆ရက်နေ့ ဒီလိုနေ့လေးမှာ )

လယ်ကွက်ကြိုကြား ဒဂုံတက္ကသိုလ်အစွန်အဖျားကကျောင်းသားလေး ၅ယောက်ဟာ ဘက်(စ)ကားကြီးစီးလို့ ရန်ကုန်တက္ကသိုလ်ကြီးကို ချီတက်လာခဲ့ပါတယ် ၊

တောင်တက်အသင်းဝင်ကြမယ် ဆိုပြီး မဆိုင်းမတွပဲ (ထုံးစံအတိုင်း အတန်းမတက် ဘာမတက်နဲ့ ကန်တင်းကနေ ထလာကြတာပေါ့ )

ဦးဆောင်ချီတက်လာတဲ့ ချစ်စနိုး အခေါ် ပေါကြီးရဲ့ အဆို အတိုင်း မာလာမှတ်တိုင်မှာ ဆင်းပြီး ကျောင်းထဲဝင်ဖို့ ပြည်လမ်းမကို အကူးမှာတော့ ကျောင်းတော်ကြီးရဲ့ အလှတစ်ခုဖြစ်တဲ့  ကိုငှက်ရဲ့ လရိပ်ပြာ နားခိုရာ ဂျပ်စင်ကို လှမ်းမြင်နေရပါတယ်၊

ဒါပေမဲ့ လည်းကျောင်းထဲကို ဝင်လို့ မရခဲ့သေးပါဘူး၊

ကျောင်းသားတွေရဲ့ မျက်စိ နား အားကစား  အနုပညာ စတာတွေပိတ်ဆို့ရုံ အားမရသေးတဲ့ ပညာရေးစနစ်အောက်က ကျောင်းတော်ကြီးရဲ့ ဝင်းတံခါးတွေမှာ သံကြိုးနဲ့ သော့ခလောက် ၊သံဆူးကြိုး စတာတွေသာမင်းမူလို့နေပါတော့တယ် ၊   သနားဖွယ်ကျောင်းတော်ဟာ အစဉ်အလာကိုတောင် အငဲ့ကွက် မခံရှာပါဘူး၊

ဒီလိုနဲ့ ဇွဲနပဲကြီးတဲ့ ( ဒါမှမဟုတ်လည်း ရူပဗေဒ စာအုပ်ထဲက  ကျောင်းစာကို စိတ်မဝင်စားတဲ့ အားလျားနေတဲ့)ကျောင်းသား တွေဟာ  ဟေးလားဝါးလား လုပ်ရင်း ၊

ပေါကြီးကို ထုံးစံအတိုင်း အ  ပြစ် တင်ရင်း နဲ့  ပြည်လမ်းအတိုင်း ဆက်လျှောက်ခဲ့ကြပြီးတော့ တက္ကသိုလ်ရိပ်သာလမ်း ဘက်က တက္ကသိုလ် မိန်းတံခါးဝဆီကို ဆက်ပြီး သွားကြတယ် ၊ အားလုံးက လည်ခေါင်းတုံးအင်္ကျီ  ပုဆိုးကိုယ်ဆီနဲ့မို့ မိန်းထဲဝင်ဖို့ သိပ်တော့လန့်မနေကြဘူး ၊

ဒါပေမဲ့လည်း ရန်ကုန်တက္ကသိုလ်ကြီးဆိုတဲ့ အရှိန် ရယ် ( များပြားတဲ့ ဂိတ်စောင့်တွေနဲ့ ကျောင်းဝင်ပေါက်က တာဝန်ကျ ဆရာမတွေကြောင့် ) အပိုးကျိုးကျိုးနဲ့ ချဉ်းကပ်ပြီး ကျောင်းထဲဝင်ဖို့ ကြိုးစားကြတယ် ၊ ပါလာတဲ့ ဒဂလုံ ရူပ ကျောင်းသားကပ်တွေ အပေါင်ထားပြီး ဂိတ်ဝကပေးလိုက်တဲ့ ဧည့်ကပ်တွေ တွဲလောင်းနဲ့ ကျောင်းထဲကို  ဝင်ဖို့ တကယ့် မဟာအခွင့်ထူးကြီးရလိုက်သလို ကျေနပ်ပြီး ဆက်ဝင်သွားကြတာပေါ့ ။

ဘယ်အဆောင်ဘယ်မှာ ရှိလည်းမသိပေမဲ့ ခပ်တည်တည်နဲ့ တွေ့တဲ့ ဆရာ ဆရာမတွေကို မာကလာပင် လို့ နှုပ်ဆက်ပြီး  တောင်တက်အသင်းဘယ်မှာလဲလို့ စုံစမ်းတာပါ့ ၊ ဒါပေမဲ့ ကံဆိုးချင်တော့ ဘယ်ဆရာကမှ မသိဘူး ဘူမိဌာနက လူတွေလည်းမသိကြဘူးတဲ့ အံ့ရော…..(မိန်းထဲက  တောင်တက်အသင်း က ယတျာချေထားပုံရတယ် ဟီး )

ဒီလိုနဲ့ တက္ကသိုလ်တောင်တက်အသင်းရဲ့ ဘူမိနက်သန် တောင်ငူဆောင်တို့ ဦးချစ်ကဖေးတို့ကိုကျော်ပြီး ဘယ်သွားရမှန်းမသိဖြစ်နေရော ၊ကျွန်တော်တို့မှာ တောင်တက်အသင်းဝင်ဖို့ အတွက် အချက်အလက် သိရတာ ကြားဖူးနားဝရှိတာ ဆိုလို့  ရုပဗေဒ အသင်းရုံးခန်းက ၃ထပ်သားဘီဒို အဟောင်းပေါ်မှာ ကပ်ထားတဲ့ “ ခြေလျင်တောင်တက်စည်းကမ်းများ” နဲ့ “ခရီးစဉ်တွင်ယူဆောင်လာရမည့် ပစ္စည်းစာရင်း” ဆိုတာစာရွက်၂ရွက် ကလွဲလို့ ဘာမှကို မမြင်ဖူးတာပါ

( ဒါတောင် ၂၀၀၄ ဝိတိုရိယ တက်ခဲ့တက် ကိုချမ်းမြေ့မောင် တို့ ကပ်ထားလို့  )  ၊  ဘူမိမှာ မရလည်း ပထဝီဌာနဘက်သွားစုံစမ်းမယ်ဆိုပြီး မေးစမ်းရှာဖွေကြပါတယ် ၊ ပထမဦးဆုံးအကြိမ် အဓိပတိလမ်းကို လျှောက်တာ ဘာညာ ဆိုပြီး အချင်းချင်းတွေ ကပ်ဂုဏ်ယူကြရင်နဲ့ ပေါ့ ၊……

ကံကောင်းချင်တော့ အင်္ဂလိပ်စာဌာနက ဆရာမတစ်ယောက်နဲ့ တွေ့ပါတယ် ၊ အတိအကျမဟုတ်ပေမဲ့ သဲလွန်စတော့ရလိုက်ပါတယ် ( ဒန်တန့်တန် )

ဆရာမက တောင်တက်အသင်းဘယ်မှာ လဲဆိုတာမသိပေမဲ့ တောင်တက်တဲ့ ဆရာမတစ်ယောက်တော့ သိတာရှိတယ်တဲ့ ကံကောင်းချင်တော့ အဲ့ဒီ တောင်တက်တဲ့ တီချယ်က ဒီနေ့မှာပဲ သူ့တာဝတက္ကသိုလ်ကနေ မိန်းကို စာတမ်းဖတ်ပွဲနဲ့ ခဏရောက်နေတဲ့ အကြောင်းသိလိုက်ရပါတယ် ၊ ရေစက်ပါတယ်တယ်လို့ဆိုရပါမယ်၊ ပထဝီဌာနကို အားပါးတရ သွားကြတော့ တံခါးကပိတ်ထား ၊ ခွင့်တောင်ပြီးအထဲဝင်ပြန်တော့  “အမည်မသိ တောင်တက် မျော်လင့်ချက် တီချယ်”ကစာတမ်းဖတ်ပွဲထဲမှာ ရောက်နေလို့ ဆရာမနဲ့ မတွေ့ရ ၊ ရုံးခန်းကိုသွားပြီး အကျိုးအကြောင်းပြောပြတော့ ချစ်စရာကောင်းတဲ့ ချယ်တွေက ကူညီကြပါတယ်

၊ ကြက်ဥတစ်ကြော်ခန့် ကြာအောင် စောင့်ဆိုင်းအပြီးမှာတော့  “အမည်မသိ တောင်တက် မျော်လင့်ချက် တီချယ်” က ဆရာမတို့  တက်အပ်တဲ့ အဌာရသသုံးပြီး seminar theatre ထဲကနေ ခပ်သုပ်သုပ် ခဏ လစ်ထွက်ခဲ့ရှာပါတယ်၊

ကျွန်တော်တို့ကလည်း ချစ်စဖွယ် မျက်နှာပေးလေးတွေနဲ့

မင်ဂယာပါ ချာမ ဆိုပြီး နှုပ်တွေဆက် ၊ တောင်တက်အသင်းဝင်ပျစေ တီချယ်ရယ်လို့ ခွင့်တွေ တောင်းတာပေါ့ ၊

ချယ်ကလည်းမအားတဲ့ကြားက ချစ်စဖွယ်အပြုံးလေးနဲ့  တောင်တက်ဆိုရင် လာထားဆိုတဲ့  အတိုင်း ” သားတို့ကို အမေမမယ် ဆိုတဲ့ ”   အတိုင်းပေါ့ ၊

တာင်တက်အသင်းဝင်ဖို့ ကူညီမှာဖြစ်ကြောင်းပြောရှာပါတယ် ၊ ဒါပေမဲ့ အခု တီချယ်မအားသေးတဲ့ အတွက် နောက်မှလာစုံစမ်းဖို့ နဲ့ သူ့ရဲ့ နာမည် ဌာန ဖုံးနံပါတ်တို့ကို ပေးပါတယ် ၊ ကျွန်တော်တို့လည်း တီချယ့်ကို ကျေးဇူးတင်ကြောင်းပြောပြီး  ( အားနာနာနဲ့ ထပ်ပြီး ရုံးခန်းက ရေတောင်သောက်ကြပြီး )  ဘွဲ့နှင်းသဘင်ဘက်ကို ဆက်ထွက်ခဲ့ကြပါတယ် ၊

ကျောင်းတော်ကြီးရဲ့ အငွေ့အသက်ကို ခံစားရင်း တောင်တက်ဖို့  မျော်လင့်ချက် ရောင်ချည်သန်း……… စေတနာ လေနုအေး တိုက်ခတ်ခဲ့တဲ့ ဆရာမကို “ ရှဲ့ရှဲ့ နီပါ “  “” ဝမ်းစွေ့ဝမ်းစွေ့ “” လို့ စိတ်ထဲကနေ ဆုတောင်းမိကြပါတယ် ၊

ဆရာမရေးပေးတဲ့ စာရွက်အပိုင်းလေး အရ အဲ့ဒီ သဘောကောင်းတဲ့ တီချယ်ဟာ ဆရာမ ဒေါ်နီနီအေး ဖြစ်ကြောင်း ၊ အရှေ့ပိုင်း တက္ကသိုလ် ပထဝီဌာနကဖြစ်ကြောင်း ( ဖုံးနံပါတ် ၀၉ ၅၀၀ ####  ) ဖြစ်ကြောင်း သိရပါတယ် ၊

( P.S >>> ကျွန်တော်တို့၏ ချစ်လှစွာသော တီချယ် အပျိုကြီး ဖုံးနံပါတ်မို့ ဤနေရာတွင် ဖုံးနာပတ် လျို့ဝှက်ပေးထားသည်ကို စာဖတ် ပရိသတ်များ သဘောပေါက်စေလိုပါသည် – ဤကား စကားချပ် 😀  )

အရှေ့ပိုင်း တက္ကသိုလ် ဆိုတဲ့ အသံကြားလိုက်ရုံနဲ့ပဲ ကျော်နန္ဒတစ်ယောက် ခေါင်းထောင်လာပါတော့တယ် ။

” ဘဲကြီး တာဝက ကောင်မလေးတွေ သွားရှိုးရအောင် ”

” တီချယ့်ဆီအလည်သွားကြမယ် ”

” အေးကောင်းသားပဲ ” ၊ ထုံးစံအတိုင်း ကန့်ကွက်မဲ့ သူ တစ်ယောက်မှမရှိပါဘူး ၊

တရုပ်စကားပန်းပင်ကြီးပေါ် မှီရင်း ကျောင်းက နာမည်ကြီး  “စိန်သွား” ဆိုတဲ့ ဂျပုမလေးကို ကြွေနေတဲ့ တောသူဌေး မောင်ဖိုးထောင်ကတော့ စိတ်ဝင်စားဟန်မပြပါ ၊

သူ့ခမျာ စားလဲဒီစိတ် သွားလဲ ဒီစိတ်နဲ့ သစ်ပုတ်ပင်ကြီး မှာတောင် ဘာတွေတိုင်တည်ခဲ့တယ် ဆိုတာတောင် ကျွန်တော်တို့ မသိခဲ့ပါဘူး၊

သေချာတာတော့ မိန်းထဲက  ရေတမာ ပင် တွေဟာ ကျောင်းသားမျိုးဆက်ပေါင်းစုံရဲ့

အဖြစ်သနစ်တွေကို ကြည့်ပြီး သူ့အရွက်စိမ်းမြတွေလိုပဲ ရင့်ကျက်စွာ ပြုံးနေမယ်ဆိုတာပါပဲ ၊

နောက်နေ့မှာတော့ အဆောင် ၃၇ ကန်တင်း တသင်းသင်းမှာ စုံကြပါတယ်၊

အတန်းမတက်တာ စာဖွဲ့စရာမဟုတ်ပေမဲ့ တာဝကို သွားမယ် ဆိုတာကတော့ ရင်ခုံလောက်စရာပါ၊ အကြံကိုယ်စီနဲ့ပေါ့ ၊

တောင်တက်အသင်းဝင်မဲ့ ကောင်

 ၊ ငမ်းမဲ့ ကောင် ၊ တွေ့တဲ့ သူက စဖို့နောက်ဖို့လောက်ဖို့ပဲ စိတ်ဝင်စားတဲ့ ကောင်

 ကျောင်းလည်သွားဖို့ ရှိုးစမိုးထုတ်ထားတဲ့ ကောင်တွေ

စုံတဲ့အခါမှာ ဒဂုံ ဖယ်ရီဝင်းထဲကို အရင် သွားပြီး တာဝကို စင်းလုံးငှါး တစ်ဆင့်တည်း ဘက်စကားနဲ့ပဲ ဦးတည်ခဲ့ကြပါတယ် ၊

ဟိုရောက်တော့ မြင်ရတာ အဆန်းတွေပါ၊ ဒဂုံနဲ့ မတူတာက ကျောင်းရှေ့မှာ ဆိုင်ကယ်တွေရှိတယ် ၊ မျက်နှာချင်းဆိုင်မှာ ကန်တင်းတွေ အစီအရီနဲ့ပေါ့ ၊ ထုံးစံအတိုင်း ကျောင်းပေါက်ဝမှာ ( ကျွန်တော်တို့အခေါ် အရစ်ခံရပါသေးတယ် ဝင်ခွင့် လုံခြုံရေးစည်းကမ်းဘာညာက  ကျောင်းနဲ့မတူပဲ အကျဉ်းဌာန နီးပါးကိုပဲ တင်းပါတယ် ကျပ်ပါတယ်) ကျောင်းထဲကိုဝင်တော့ ဧည့်သည်မှန်းသိအောင် ဧည့်ကပ်တွေ တွဲလွဲတွဲလွဲ ဆွဲရပါတယ် ၊ တာဝကျောင်းသားတွေလည်း ကျောင်းသားကပ်လေးတွေ ဆွဲကြရပါတယ်

၊သောင်းမြင့် တစ်ယောက်က “  တော်တော် ကျပ်တဲ့ ကျောင်းကွ “ လို့  ကောင်မလေးတွေကို မကြေမချမ်းညည်းပါတယ် ၊

အဲ့ဒီနေ့က တာဝမှာ ကျောင်းဘောပွဲဆိုလားရှိတယ် ၊ ပထဝီ ဌာနကိုရောတ်တော့ အားကစားလိုက်စားတဲ့ တီချယ်နီကို တွေ့ဖို့ စောင့်ကြပါတယ် ၊

အဲ့ဒီအခါမှာ  ခြေလျင်တောင်တက်အသင်းဆိုတာ မိန်းထဲမှာလည်းရှိကြောင်း ဆရာမျိုး ဆီမှာ အသင်းဝင်နိုင်ကြောင်း ၊ အရှေ့ပိုင်းတက္ကသိုလ် တောင်တက်အသင်း ဆိုတာလည်း ရှိပြီးတော့ဒီမှာလည်း အသင်းဝင်လိုပါက ဝင်နိုင်ကြောင်းပြောပါတယ်

၊ တောင်တက် နိဒါန်းမှာ သဘောကောင်း ကူညီတက်တဲ့ တီချယ်နီ နဲ့တွေ့ခဲ့တာ တကယ်ကို ကံထူးတာပါ ၊ကျွန်တော်တို့လည်း တီချယ့် ထမင်းဗူးတွေပါတွေ ဖွင့်တာပေါ့  ၊

ဓာတ်ပုံကပ်ဖို့ ထမင်းလုံး ယူတာပါ ဟီး ၊ 😀

ဓာတ်ပုံ ပါမလာတဲ့ ကောင်တွေလည်းဖောင်ယူထား အသင်းဝင်ကြေး ကြိုသွင်းထားနဲ့ အားလုံး တက်ကြွနေကြပါတယ် ၊ မှတ်မှတ်ရရ ကျွန်တော်က တာဝတောင်တက်အသင်းသား နံပါတ် ၅ ၊ ပြည့်ဖြိုးအောင်က ဂျိမ်းစဘွန်း ၀၀၇ ထင်တယ် ၊

ဆေးလိပ်ကို ဖင်က မီးခိုးထွက်အောင်သောက်တဲ့ နှစ်ကောင်က ၀၀၄ နဲ့ ၀၀၆ ဖြစ်မယ် ( နောက်တော့ စက်မှုဇုံ ၊ သွားလေရာထမ်း ၊ သောင်းမြင့်စတဲ့ နာမည်ပြောင်တွေ ရသွားကြတယ်)

အဲ့လိုနဲ့ ဒဂုံတက္ကသိုလ် ရူပဗေဒက ကျောင်းသား လေးတွေဟာ ဘဝအစက်စက် က ရေစက် တွေကြောင့် ရန်ကုန်တက္ကသိုလ်ထဲမှာ စုံခဲ့တဲ့ ဆရာမ တီချယ်နီရဲ့ ကောင်းမှုနဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် တာဝရဲ့ ဦးမစွ ခြေလျင်တောင်တက်အသင်း ရဲ့  ပထမ ၁၀ဦး အဖွဲ့ဝင်တွေအဖြစ်နဲ့ အနာဂတ် တောင်တက် ခရီးတွေအတွက်ရင်ခုံသံတွေ စပါတော့တယ် ၊

တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီနေ့ ကျွန်တော်က ရှိုးထုပ်ချင်တော့ ကျွန်တော့အကိုဆီကယူဝတ်သွားတဲ့ ကျွန်တော်နဲ့ နည်းနည်းပွနေတဲ့ တီရှပ်အနက်ရောင်နဲ့ပါ ၊ တီရှပ် အရှေ့မှာ အဆို  တော် ဒိုးလုံးရဲ့ မျက်နှာ တစ်ခြမ်းပုံရယ် ၊ နောက်ကျောမှာက ဒိုးလုံး ( ၁၉၇၆-၂၀၀၃ ) ဆိုတာ ၊ တီချယ်က ဘာလို့လည်းမသိ ရုပ်တရက် လှမ်းခေါ်လိုက်တာ တီရှပ်ပေါ်က နာမည်ရယ်ပါ …………………………….၊ဟဲ့ဒိုးလုံး……. တဲ့ ၊

ကျွန်တော်တို့ ကျောင်းသားအသစ်တွေ နာမည် ပြည့်ဖြိုးတောင်တို့  ညီညီ တောင် ဆိုတာတွေ တီချယ် ဘယ်သိသေး ကျက်မိသေးမလဲ နော့ ၊ ဒီတော့ အလွယ်လှမ်းခေါ်လိုက်တဲ့ နာမည်ကို ဝတ်ထားတဲ့ တီရှပ်နဲ့ ထားထားတဲ့ ကောက်ကောက် ရှုပ် ပွ ဆံပင် အရှည်နဲ့ စပ်စက်ပြီး ကျွန်တော့ကိုခေါ်မှန်းသိလိုက်ပါတယ် ၊

ဒီလိုလေးကနေပဲ မှတ်မှတ်ရရနဲ့ ဒီ နာမည်ပြောင် လေးဟာ တွင်လာပါတော့တယ် ( ကျွန်တော်ကတော့ သေတွားတဲ့ ဒိုးလုံးကို အားနာနေမိတာပဲ ဟိုက ပါရမီရှင်ကိုး)

ထားပါတော့ ၊ သူငယ်ချင်းတွေလည်း  နာမည်ပြောင်တွေရကြပါတယ် ၊ ဆရာပြည့်ကတော့ သူ့ကိုယ်သူ ဖွန်သရော် လော်ဂျီက ပါချုပ် ဖြစ်တဲ့ အကြောင်း အဲ့ဒီတော့ သူဟာ ဖွန်ချုပ် ဖြစ်ကြောင်း သူ့ကိုယ်သူနာမည်ပေးပါတယ် ၊ ဟိုက်ကင်ထုံးစံ ပိုဆိုးတဲ့ နာမည်ပြောင်ပေးကြပေမဲ့ သူ့လေကို တစ်ခြားသူတွေမတိုးတာကြောင့် အဲ့ဒီနာမည်ဟာ မြဲခဲ့ပါတယ်  ( ကျောင်းမှာ ခေါ်တဲ့ သူ့ရဲ့ ဝိသေသ နာမည်ရင်းကတော့ အရင်းတွေပဲ ခေါ်ကြတယ် ၊ စိတ်ဝင်စားရင် အပေါ်မှာ ပြန်ရှာပါရန် )

အဲ့လိုနဲ့ တီချယ်နီ ရုံးခန်းမှာ တောင်တက်အသင်းဝင်ပြီးတော့ ကန်တင်းကို သွားကြတာပေါ့ ၊ တီချယ်က တောင်တက်ကို ဟိုက်ကင်လို့ ဝိသေသသုံးနှုန်းလို့ ကျွန်တော်တို့လည်း ဟိုက်ကင်ဆိုတဲ့ အသုံးနဲ့ ပိုပြီး အာတွေ့လာပါတယ် ဟိုက်ကင်မှာ ခလောက် ၊ ဂျပိုး ၊ သူပုံ ၊ နံပြား ၊ ချင်းဝက် ၊အစုံရှိတာပြောပြတယ်  ပြီးတော့ သူရဲ ၄ကောင် နဲ့  တောက်တိုမယ်ရ ဆိုတာ နာမည်ကြီးတွေတဲ့ ၊ အဲ့ထဲမှာ အရပ်ပုပုနဲ့ ခလောက်ဆိုတဲ့ တစ်ယောက်ကို သတိထားဖို့ သူ့ရဲ့ သား ကျွန်တော်တို့ကို မှာတယ် 😀  ( အသင်းသား ကနေ ဟိုက်ကင်ရဲ့ မွေးစားသား ချက်ခြင်းဖြစ်သွားတာ ၊ မနောက်ဘူး အတည် ၊ ချစ်ကြည်ရေးကအဲ့လို  )  ၊

ချင်းပြည် ဝိတို ရိရ ခရီးစဉ်က ပုံလေးတွေတစ်ချို့ ကို တီချယ်နီး ဆီကကြည့်ရင် စိတ်ကူးတွေရင်တာပေါ့ ၊ လူက အခုမှသာအသင်းဝင်တာ စိတ်က တောင်ခါးပန်းလောက်ရောက်နေကြပြီ၊ ကျွန်တော်တို့ အဖွဲ့က အဲ့လို တက်ကြွပါတယ် ၊ အဲ့လိုနဲ့ တီချယ် ကြွေးတာတွေ စားသောက်ပြီး (ဟီး)

တာဝကနေ အော်ဖစ်ရှယ် ဟိုက်ကင် မန်ဘာ တွေဟာ ဆူးလေကိုပြန်ကြပါတယ် ၊

P.S >>> မအူပင် ကို ကျောင်းသွားလည်တုံးက  တီချယ် ဆွေ ( ချယ်ဒေါ်  ဆွေဆွေအုန်း ) တို့ တီချယ်ဌေး ( တီချယ် ဒေါ်ဌေးဌေးမြင့် )တို့ ချယ် လှိုင်ကြီးတို့ လည်း အဲ့လိုပဲ ၊ အိုမဟုတ်တာလို့ ငြင်းလဲ မရဘူး 🙂

မြို့ထဲရောက်တော့ ဆူးလေဟာ မိုးဖွဲတွေနဲ့ လမ်းတွေက ရေတက်ကာစမို့ဘက်စကားက ကြပ်တပ်တပ်အချိန်ပါ၊ ဒါနဲ့ ကျွန်တော်တို့တွေ အိမ်မပြန်ပဲ အကြံထုပ်ပါတယ် ၊

ဟိုက်ကင် ဟိုက်ပါ တွေ ဖြစ်မှန်းမသိဖြစ်ကုန်တဲ့ ကျွန်တော်တို့ဟာ တီချယ်နီ ကျောင်းက ပြန်အလာကို စောင့်ကြတာပေါ့ (ချယ်နီ မကြောက်ပါနဲ့ သားတို့က ဟိုက်ကင် ယူနီဖောင်းဝယ်ဖို့ပါ  လို့ ဟီးဟီး )

တီချယ့်အိမ်မှာ ဟိုက်ကင် ယူနီဖောင်း အပြာတွေ အပိုရှိတဲ့အကြောင်း သိခဲ့ရတာကိုး၊ တီချယ့်ကို စောင့်ရင်း လက္ဘက်ရည်ဆိုင်မှာ အာလူးဖုတ်ပါတော့တယ်၊ ကျွန်တော်နဲ့ ပေါကြီး ( မှားလို့) အဲ့ ကျွန်တော်တို့ပေါ့ဗျာ ၊ တီချယ်ပေးထားတဲ့ စာရွက်လေးပေါ်က ဖုံးနံပါတ်လေးကို စပြီး ဖုံးခေါ်ပါတယ်

ဖြစ်ချင်တော့ တီချယ်က နံပါတ်မှားရေးထားတယ် ( သေရော လို့  ဟီး)

( တီချယ်နီဟာ ဖုံးနာပတ်ကို အလုပ်များနေချိန်မို့ မှားရေးမိသလား  လျှို့ဝှက် ပိရိလှတဲ့ အော်မေ့ဂိုဏ်းချုပ်ကြီးရဲ့ ကိုယ်ဖျောက်သိုင်းကွက်လား ဆိုတာတော့ မသိရ 😛 ဟီး – ဤကား စကားချပ် )၊

ဇွဲကြီးတဲ့ ပိုးဝင်နေတဲ့ ကျွန်တော်တို့ကတော့ အားမနာတမ်းကို အဲ့ဒီနာပက်ကို ပတ်လည်တွေ အပူးတွေ တွတ်တွေရိုက်ရင်း ကံကောင်းချင်တော့ နောက်ဆုံးမှာ တီချယ်နီ ရဲ့ ဟယ်လို ထူးသံကို မိုးရွာနေတဲ့ ရန်ကုန်ညနေမှာ နေရောင်ချည်ပြန်သန်းလာတဲ့အလား ဟယ်လို ထူးသံကြားရပါတော့တယ်

တီချယ် ကျွန်တော်တို့ပါ ၊

ဟုတ်ကဲ့ ပါ၊ ဟုတ် ခုလေတင်ပဲ ကျောင်းကို လာပြီး ဒုက္ခပေးသွားတဲ့ သားတို့ပါ ၊

ဟီး ဟုတ်ကဲ့ပါ ၊

ဟိုက်ကင် အင်္ကျီ ဝယ်ချင်လို့ပါ ခင်ည ၊မြို့ထဲမှာ စောင့်နေပါတယ် ခင်ညာ ၊

ဝုတ် ၊ ဝုတ်ကဲ့ပါ ၊ တီချယ်အိမ် ၂၉လမ်းမှာ ၊ စောင့်နေပျစေညော်

( ကွက်တိပဲ တီချယ်ပြန်ရောက်တဲ့အချိန် နဲ့ ညစာစားတဲ့ အချိန်နဲ့ ) တို့များ ပိုင်သကွာ ၊

ဒီလိုနဲ့ တီချယ်နီအိမ်ကို နေ့မဆိုင်းပဲ ချီတက်ကျပါတယ် ၊(ချစ်စရာ ကောင်းတဲ့ တီချယ်နီကို  တစ်နေကုန် လမ်းသလား ထားတဲ့ကျွန်တော်တို့ကိုသူ့ အိမ်က ဧည့်သည်အဖြစ်လက်ခံရှာပါတယ် ၊ တီချယ့်အမေဟာ အမြဲတမ်း အပြုံးနဲ့ ကျွန်တော်တို့နဲ့ စကားတွေ ပြောဖြစ်ပါတယ် ၊ တီချယ်တို့ ဆိုင်က မုန့်တွေကိုလည်း အတင်း ချကြွေးတာပဲ ( ဒါတောင် ဟိုနှစ်က ဘက်လာတာ ရှိသေးတယ် )

ဟိုက်ကင် ယူနီဖောင်းဆိုတာက  အင်ကျီ က လက်ရှည် မိုးပြာရောင် ၊ ဘောင်းဘီ အစိမ်းရောင်

အပေါ် အင်ကျီ မိုးပြာရောင်က ကောင်းကင်ကြီးကို ကိုယ်စားပြုပြီး တော့   ဘောင်းဘီ အစိမ်းရောင်ကတော့ သစ်တောကြီးတွေကို ကိုယ်စားပြုတာပေါ့

( သဘော  ကောင်းတဲ့ တီချယ်နီကရှင်းပြပါတယ် ) ၊

ကျောင်းသားပီပီ ညာဏ်သွားတဲ့ ကျွန်တော်တို့ ဟာ ( ဦးကျော်နိုင်ဟာ သစ်တောပြုံးတီးမှုကို ကိုယ်စားပြု ပြီး  တစ်ကိုယ်တော် ပါဖောမန့်လုပ်နေတာဖြစ်ကြောင်း ) ဟိုက်ကင်ဝင်ပြီး  အတန်ကြာမှာ သဘောပိုက်လိုက်မိပါတယ် ။

မှတ်မှတ်ရရ ကျွန်တော်တို့ အော်ဖစ်ရှယ် ဟိုက်ကင် မန်ဘာ စဖြစ်တဲ့နေ့  မှာ  သစ်လွင် တောက်ပ တဲ့ ဟိုက်ကင် ယူနီဖောင်းအပြာလေးဟာ ကျွန်တော်တို့ စိတ်ကို ငြိမ်းချမ်းစေခဲ့တာ အမှန်ပါပဲ ၊

ကျွန်တော်တို့ ယူနီဖောင်းက သူများယူနီဖောင်းထက် ထူးခြားတဲ့ ဝိသေသတွေ ရှိနေတယ် ၊ ကြွားရရင် ၊ဦးဆုံးအချက်က အင်္ကျီက အသစ်ဗျာ ၊ ပြီးတော့ ဘက်တံဆိတ်ပါတပ်ပြီးသား ( တက္ကသိုလ်များ ခြေလျင်တောင်တက်အသင်းရဲ့ ဘက်တံဆိပ်ကို မြန်မာဘာသာနဲ့ ညာဘက် လက်မောင်း အင်္ဂလိပ်ဘာတဟာနဲ့က ဘယ်ဘက် လက်မောင်းပေါ်မှာအော်တို ပါပြီးသား ) အစမ်းဝတ်လိုက်တာနဲ့ကို ဟိုက်ကင်ဆိုတာ မသိခင်မှာတင်ပဲ ယူနီးဖောင်းနဲ့ တင် မျက်စိမှိတ်ချစ်နေမိပြီ ၊

ပြီးတော့ ပိုထူးခြားတာရှိသေးတယ်  အဲ့ဒါက ဘယ်ဘက် ရင်အုံအပေါ်တည့်တည့်မှာ( I  ) ဆိုတဲ့ စာတမ်း သေးသေးလေး ရွှေဝါရောင် ချည်ထိုး ဪရီဂျင်နယ်နော်

ပိုထူးခြားချက်က အသဲပုံလေးကို အနီရောင်လေးနဲ့ ချည်ထိုးထားတာ သပ်သပ်ရပ်ရပ်ကလေး ၊ ဘာပြောကောင်းမလဲ ရူးတာပေါ့ ဗျာ  ၊

( ဒါက အကိုကြီးကြီး ကိုလှမင်း နဲ့ ဦးရဲ တို့ ရဲ့  အိုင်ဒီယာနဲ့ တီချယ်နီတို့ ပူးပေါင်းအားထုပ်မှုလို့ နောက်မှသိရတယ် )

အဲ့ဒီနေ့က  ဟိုက်ကင် ရဲ့ စလုံးရေစ နိဒါန်း တီချယ်နီ ဆီက ရလိုက်တာက (Hiking တာဝ 005 အသင်းဝင် ကဒ်ရယ် ( member card)  & (Hiking Uniform )   ယူနီဖောင်းအပြာလေးရယ် ဆိုတာထက် အများကြီးပိုခဲ့ပါတယ် ၊

အဲ့ဒီ ရသက ဟိုက်ကင် ရဲ့ ကူညီတက်တဲ့ တက်ကြွလမ်းစမ်းနေတဲ့ အားတက်သရောစိတ်ဓာတ်တွေ ၊ ကူညီ ဖေးမတဲ့ စိတ်ဓာတ်တွေ

ကျွန်တော်တို့မှာ  မှေးမှိန်နေတက်တဲ့  အပိုင်းတွေဟာ  ဟိုက်ကင် အလင်း နဲ့ ဆရာဆရာမ သူငယ်ချင်း တွေရဲ့  စေတနာ ဝါသနာ အနစ်နာ စတဲ့ အလင်းပြန်မှု ရိုက်ဒေါင့်တွေကြောင့် ကျောက်ရိုင်းတုံး ကျောင်းသား ကျွန်တော်တို့ တစ်တွေ ဘဝ  ပိုမို တောက်ပ ကြမယ် ဆိုတာကို အဲ့ဒီနေ့က တွေးမိလောက်အောင် ဘယ်ညာဏ်မီခဲ့ပါ့မလဲ ။ နောက်နေ့မှာ သီတင်းစာထဲမှာ တောင်တက်အသင်း နီလာရတု ဂုဏ်ပြုပွဲလုပ်မယ် ဆိုတာ ဖတ်ရတယ် ၊

မကြာပါဘူး ၊ ကပြေ့ ကို ဖုံးဆက် စက်မှုဇုန်၂ကောင်ရယ် မျောက်ကြီး ( ကျော်ဇေယျ ) ရယ်ကို ဖုံးတွေဆက်ပြီး

ဟေ့ရောင်တွေ ၊ နီလာရတု ဟိုက်ကင်ပွဲကွ  ဒိုးမယ် ပေါ့

ဟ ဖြစ်ပါ့မလား တို့ကိုမှ မဖိတ်တာ ၊ ဟာ သီတင်းစာထဲပါတယ် ၊ ဖိတ်စာမရလည်း လာလို့ရတယ်တဲ့ ၊

ဟုတ်လား ဘာကြွေးမှာတဲ့လဲ ( အင်း ဟုတ်တယ် ဒါ အရေးကြီးတယ် )

တီချယ်နီးကို ဖုန်းဆက်မေးရအောင်ကွာ

ဟေ့ရောင်ဒွေ လာလို့ရတယ်တဲ့ ကွ ၊ ယူနီဖောင်းဝတ်ခဲ့လည်းရတယ် ၊ ရိုးရိုး တီရှပ်နဲ့လည်းလာလို့ရတယ်တဲ့

ဘာကြွေးမှာတုံး ဟ ( သိဘူးကွာ ၊ ဘာပဲဖြစ်ဖြစ် ၂ပန်းကန်စားမယ် )

အေးပြီးရော အင်း တီချယ်က ပြောတယ် ဒီနေ့မနက်တောင် အိုလံပစ်နေ့လမ်းလျှောက်ပွဲတဲ့ ကွ ၊ တီရှပ်ပေးတယ် တဲ့ လွတ်သွားတယ် နာတာပဲ ( ရေသန့်နဲ့ မုန့်လည်းဝေတယ် ဟေ့ရောင် )

အေး ဒီတော့ မနက်ဖြန် ရောက်အောင်လာခဲ့ ဒါပဲ ဗန်ဒါပင် မှတ်တိုင်မှာ တွေ့မယ် ကွာ

@#$% ပဲ ဖုံးခကုန်ထာ့ တွေ့မှ ပြောမယ်ကွ

နောက်တစ်နေ့ မှာတော့ ဖွန်ချုပ် အလောင်းလျာ တစ်ကောင်နဲ့ ဒိုးလုံးဖြစ်လာမဲ့ တစ် ကောင်  တို့ဟာ ရွှေဂုံတိုင်ကို ချီတက်ပါတယ်

တောင်တက်ချင်ရင် ထွိန်နီ ဆင်းရမယ် ဆိုလို့ ကားမှတ်တိုင်က နေ တော်ဝင်နှင်းဆီကို လျှောက်တဲ့ ခြေလှမ်း တွေ …….ဘယ်ကို လျှောက်လျှောက် လျှောက်သမျှ ခြေလှမ်းတွေကို   ထွိန်နီလို့ မှတ်တဲ့ ကျွန်တော်တို့ ဟာ လေပေါ်မြောက်တက် ပေါ့ပါးနေပါတယ် ၊

Hiking Reunion Day ( Sapphire Anniversary ) 2005

ပြောရရင် တော့ အဲ့နေ့က ရွှေတောင် ခေါက်ဆွဲ တော်တော် ကောင်းတာ မှတ်မိတယ် ( ကောင်းဆို တော်ဝင် နှင်းဆီကိုးဗျ )

ဟိုက်ကင် က ကြွေးသမျ  စားလို့ ကောင်းတဲ့ အကြောင်း အဲ့တုံးကဘယ်သိဦးမလဲ (P.S >>> ဗိုက်စာအောင် စောင့်ခိုင်းထားပြီးမှ ကြွေးရင် ဘာလာလာ ဒေါင်းကြောင်း  နောက်မှ  ဆရာက secret စီးကရက်တွေ reveal  လုပ် ဟဲဟဲ 😀  )

နောက်တာပါ ( တစ်ကယ် စားတာပါ ) ၊ အမှတ်တရက ပထမဆုံး ဟိုက်ကင် ဆိုတဲ့ လေကို ရှုဖူးတာ

ခြေလျင်တောင်တက် ၄၅နှစ်ပြည့် နီလာရတုမှာဗျာ ကဲ  မလှဘူးလား

ပြီးတော့ ဆရာအခန်းအနားမှာ ပြောနေတုံး ဗွေဒယို (ရုပ်မြင် အသံမကြားရတဲ့ စက် ) က ဖွင့်ထားတဲ့ ဘာမှန်းမသိတဲ့ တောင်ကိုတက်တဲ့ တက္ကသိုလ် တောင်တက်အသင်းရဲ့ ရုပ်ရှင်ကား  ကျွန်တော်တို့ နှစ်ကောင် ဆိုတာ ဘယ်တော့ကြွေးမလဲလည်း လည်ပင်း ရှည်အောင်မြော်ရ ၊ တီဗီ ထဲက ဟိုက်ကာတွေ ဘာဝတ်လဲ ၊ဘာညာ လိုက်မှတ်ရနဲ့ တော်တော် လေး မျက်လူးဆံပြာပဲ

ဟေ့ရောင် ရေခဲတောင်တက်ရင်  စစ်ဖိနပ် စီးတာကွ ၊ဟုတ်ဘူး လည်ရှည်တောဘွတ်တဲ့ ဒီမှာ ဟိုက်ကင်လက်ကမ်း ပန်ဖလက်မှာ ရေးထားတယ် မင်းကန်းနေလားကွ ဘာညာ  ၊

ဟာ အိတ်ကြီးတွေ အကြီးကြီးပဲ လွယ်ကြတယ် ၊

ဟားဟား သားကြီး အဲ့လောက်လား ကိုယ်က သနားတယ် ၊

အေးပါကွာ ၊ငါလည်း အဲ့လောက် အပျော့ပဲ 😛

အဲ့လိုနဲ့ စင်မြင့်ပေါ်မှာ ( sleeping bag  ထဲ ဂျိုးဂျွတ်မြည်အောင် မုန့်ဝှတ်စားရင်း လူမိတယ် ဆိုလား ဘာလား အဲ့ဒီ ဦးမိုးကြီးတို့ ဘာတို့ အသီးသီး ပြောသွားကြတာတွေ ဘာတွေမှန်းတောင် နားမဝင်လိုက်ဘူး )

လွန်ခရုမာဒင် ခရီးစဉ်( လို့နောက်သိရတဲ့ ) အဲ့ဒီ အခွေထဲက ဆရာတို့တွေ ခေါ်ရှားလော်ဆိုလား အဲ့ချောင်းက ရေတွေ ကြီးလာလို့ တံတား ပျက်ပြီး ရေလုံးနဲ့ မြောသွားတာကို

မိုးပေါ်ကနေ ကြိုးနဲ့ ဟိုဘက်ကမ်းကို ကူးတဲ့ အခန်းကို ( tyrolean traverse)  ကြည့်ပြီး  နှစ်ယောက်သား  ဖျားသွားတယ်

“ဟင် ဟိုက်ကင် ဆိုတာ ဒါမျိုး အလန်းကြီးတွေလည်းပါတယ် ဟ” ငါတို့ လုပ်နိုင်ပါ့မလား

ဟေ့ရောင် အဖော်ကောင်းရင် ချတာပေါ့ ကျွတ်တော့ ကျွတ်ဆင် ဘာညာ တွေ ဖြစ်သွားတာပေါ့

ပွဲပြီး ခါနီးတော့ တောင်တက်ခရီး လိုက်တဲ့ အဖွဲ့ဝင်တွေကို ဆုပေးပါတယ် ၊ ဟုတ်ဟုတ်မဟုတ်ဟုတ ကျွန်တော်တို့ဟာ လက်ခုပ်တွေ တီးကြတာပေါ့ ၊

စိတ်ထဲမှာလည်း ကျိပ်ပြီး ဝမ်းသာနေတာ ဟိုက်ကင် လုပ်ရင် နာတို့လည်း ဟုတ်ဟုတ်မဟုတ်ဟုတ် ဆုတွေ ရတော့မှာပဲ ဘာညာပေါ့ ( ဟီး )

ပွဲပြီးကာနီးမှာ ခရီးစဉ် အကောင်းဆုံးတောင်တက်သမားဆုပေးပါတယ် ၊ မှတ်မိတယ် ငပလီ ခရီးအတွက် မဟံသာ နဲ့ ကိုကြောင် ဆုရတယ် ၊ ပြီးတော့ ချင်း ခရီးစဉ်အတွက်က ကို ငြိမ်းချမ်း ဆုရတယ် ( အဲ့မှာ ကျွန်တော်တို့ နှစ်ကောင် ဟိုက်ကင်ပိုး ပိုပြီး ပိုးဝင်သွားတာက ကို ကြောင်လေး ပယောဂလည်းပါတယ် )

ဆုယူရန် ကြွပါ ဘာညာ ကြေငြာတဲ့ အခမ်းအနားမှူး ( ဒေါ်အရှာဘီထင်တယ်  ရှူး တိုးတိုး အဲ့လိုရောင်ခေါ်မိတာ တိုင်ပြောပါနဲ့ )

ထားပါတော့ ဘူလဲမှတ်မိတော့ဝူး အဲ့အခမ်းအနားမှူးကြေငြာတာကကို ကြောင်လေး ကို  ဒဂုံတက္ကသိုလ် ဘူမိ ကျောင်းသားလို့ ပါတာကိုး ၊

အဲ့ဒီအချိန်မှာပေါ့

ဖြောင်း.ဖြောင်။.ဖြောင်း …. ဖြောင်။.ဖြောင်း

နှစ်ယောက်သား မတိုင်ပင်ပဲကြည့်မိကြတယ် တွေ့လား တို့ ဒဂလုံ ကဆုရသကွ လို့ အချင်းချင်း မပြောရုံတမယ်ပဲ ၊

အဲ့ဒီနောက်မှာ ဟိုက်ကင်က ကြွေးတဲ့ ခေါက်စွဲ ၊ ငှက်ပြောသီး လိမ္မောသီး ကော်ဖီမကျန်သောက်ပြီး သကာလမှာ ဟိုက်ကင် တီရှပ် ကို ကျွန်တော်တို့ နှစ်ယောက် တစ်ယောက် တစ်ထည်အားပေးဖြစ်ကြတယ် ၊

ထူးခြားတာက ၄၅နှစ် နီလာရတု တီရှပ် ဒီဇိုင်းရဲ့ ရှေ့ဖက်ကို လူမျက်နှာလိုပုံလေး တစ်ချောင်းခြစ်စွဲထားတယ် ( နောက်မှ မိန်းထဲက ဘွဲ့နှင်းမှန်း သိတယ် ) ဒါက တကဲ့ ဟိုက်ကင် အားတစ် (Aaron ) ကိုလှမင်းရဲ့ လက်ရာ ၊ပြီးတော့ ကျောဘက် က ဆေးရိုက်က ကျွန်တော်တို့ကို ပိုပြီး ပိုးထစေတယ်

နီလာရတု တီရှပ် ကျောဘက်မှာ တောင်တက်အသင်းက တက်ဖူးတဲ့ တောင်တွေအားလုံးကို အမြင့်ပေနဲ့ တကွ သေချာ ရေးထားတယ် ၊ နှစ်ကောင်သား အနှီ တီရှပ်ကို ကြည့်ပြီး ဒီလိုကြုံးဝါးတယ် ၊

ဒီထဲက တောင်တွေ အားလုံး တက်မယ် ၊ တစ်တောင်တက်ပြီးရင် ဒီတီရှပ်ပေါ်မှာ အမှတ်ချစ်ထားမယ် လို့ ၊

ပွဲကပေးတဲ့ ရပ်တောင်ကိုလည်း အိမ်မှာ ကျောင်းမှာ တယုတယနဲ့ သုံးတယ် ၊

ပွဲမှာ ဇင်းကျိုက်ကနေ အိမ်ကမသိအောင်ထွက်လာတဲ့ ကိုနံပြားတို့ ၊ မျက်လုံးပျောက်နေပြီး သွားပဲမြင်ရတဲ့ ကိုခလောက်တို့ ၊ စတဲ့ ဟိုက်ကာတွေနဲ့ စပြီး စကားပြောဖြစ် သူတို့ ဂလု ဖိုတို ရိုက်တာတွေကို ဂလုဂလုနဲ့ သွားရည်ယိုရင်းပေါ့

မှတ်မှတ်ရရ ပွဲပြီးတော့ ကျွန်တော်တို့ နှစ်ယောက် တော်ဝင်နှင်းဆီကနေ မြို့ထဲ ဆူးလေးထိ နှစ်ယောက်သား လမ်းလျှောက်ကြတယ် ၊ ပိုးပင်ဆိုတဲ့ ဖွန်ချုပ်လောင်းလျာဟာ သူ့မားသားကြီး အမိုးကို ငွေညှစ်ပြီး တောင်တက်အိပ်ဝယ်ဖို့ ကြံနေလေပြီ ၊ ကျွန်တော်တို့ နှစ်ယောက် ကုရာ နတ္ထိ ဆေးမရှိ ဖြစ်မှန်းမသိ ဖြစ်သွားတာ ဟိုက်ကင်  နီလာရတုနဲ့ အတူပေါ့

မြို့ထဲရောက်တို့ စိန်ဂေဟာတို့ ရွှေလွန်းပျံ တို့မွှေတယ် ၊

ကျောပိုးအိတ် ကြီးကြီးတွေ့ရင် ဖြုတ်ချခိုင်း ဖင်ပြန်ခေါင်းပြန်ကြည့် ဈေးမေး ပြန်ထွက်နဲ့ ဝင်းဒိုး ရှော့ပင်ကို ပျော်ပျော်ကြီးလုပ်ဖြစ်ကြတယ် ၊

ဟိုက် ဆို လိုက် ပြီးသား ဆိုတဲ့ ကျွန်တော်တို့ရဲ့ ဟိုက်ကင် မွေးသမိခင် တီချယ်နီ အိမ်မှာ တောင်တက်ကျောပိုးအိပ်တို့ (sleeping bag စလီးပင်းဘက် ဆိုတဲ့ အိပ်ယာလိပ်တို့ ) ( where is my ground sheet )  ဂဒေါင်းရှိ ခေါ်တဲ့ အခင်းတို့ကို  ဘာမှမဝယ်ခင် တီချယ့်ကိုပဲ အပူကပ်ပြီး ပြပါ တီချယ်ရယ် ဆိုပြီး တွတ်တီးတွတ်တာတွေ လုပ်ပြီး တီချယ်ကိုပဲ အပူကပ်ရတာပေါ့ ၊

(ဖွန်က အပြာရောင် မျောက်မျက်နှာ The North Face အိတ်ကြီးဝယ်ဖြစ်တယ် ၊ ကျွန်တော်က တီချယ် ဆီက အိတ်အပြာနဲ့ ခဲရောင်စပ် အမွေရတယ် တီချယအလကားနီးပါးနဲ့ ရောင်းတဲ့ ဝင်းဝင်းတောက်(စ) ဘရန်း ကိုကြောင်၊ကိုငြင်းကျော် ဒီဇိုင်နာ လစ်မစ်တက် စတော့  လွန်ခရူမာဒင်တောင်တက်အိဇ်  )

– ချယ်နီက ကျွန်တော်တို့ တွေကို အဖွဲ့ချုပ်နဲ့ ပုပ္ပားခရီး ခေါ်သွားပေးတယ် ၊ အဖွဲ့ချုပ်ရဲ့ မဒွယ် ခရီး ကိုလိုက်နိုင်ဖို့ အားပေးတယ် ၊ ဘယ်လောက်ထိအားပေးလဲဆို ခရီးစရိတ်မရှိဘူးလို့ ပြောတာကို ချယ်နီက လက်စွပ် ချွတ်ပေးတဲ့ အထိကို……………… ချစ်စရာကောင်းတယ် 🙂

ဒီလိုနဲ့ Reunion Day မှာ ဟိုက်ကင် စီညာကိုကိုမမတွေပြောကြတဲ့ ရန်းပျော်ဇရာကောင်းတဲ့ ဝေပုလ္လကို သွားဖို့အတွက် မိန်းရှေ့မှာ ထွိန်နီဆင်းရမယ် ဆိုတော့ မြောက်ဒဂုံသား

ကျွန်တော်တို့ နှစ်ကောင် နဲနဲ ခေါင်းစားသွားတယ်

ဘာလို့ဆို ..စုရပ် မိန်းထိပ်ကို မနက် ၅ခွဲ အရောက်ကိုး

ဒီတော့ တိုင်ပင်ကြတယ် ဘယ်လို လုပ်ကြမလဲပေါ့ ……..နှစ်ကောင်လုံးက ဘောဇိတွေ…. ပတ်ဝန်းကျင် ထိခိုက်မဆိုးလို့ ကိုယ်ပိုင်ကားမစီးဘူး  “(ရှိလဲရှိပါဘူး ဟီး 😀 )   ဘက်စကား ခတောင် အနိုင်နိုင်ရယ် ၊ အဲ့ဒီတော့ နှစ်ယောက်သား လမ်းကြောင်းရှာတယ် ၊ ဖွန်ချုပ်က ၄၆မှာနေတယ် ကျွန်တော်က ၃၂ မှာ ၊ နှစ်ယောက်သား ၃၅ ထိပ်မှာ မနက် ၃ချက်တီးမှာ ဆုံကြတယ် ၃၅ကနေ ဘေလီတံတားကို ဖြတ်ပြီး တောင်ဥက္ကလာ တံတားထိပ်ကို အတူလျှောက်တယ် ပထမဦးဆုံးနေ့တွေမှာ တစ်ခါတလေ ခွေးဆွဲခံရတယ် ( ဆွဲချင်စရာ ဂလံဂလား မြောက်ကျွ ၂ကောင် ကိုး ) ပြီးတော့ ဘေလီ ထိပ်ကနေ စံပြဈေးကို ၁၀၀ပေးစီးရတယ်၊ ဈေးကား ၊စံပြဈေးရောက်ရင် ကြည့်မြင်တိုင် ငါးဈေးကို သွားတဲ့ လေးဘီး ကားလေးတွေကို အသက်အောင့်စီးပြီး နာနတ်တောအဝိုင်းမှာ ခုံဆင်းတယ် နှစ်ကောင်သား အဲ့ကနေ ကျောင်းရှေ့ကို လမ်းလျှောက်တယ် ၅နာရီလောက်ဆိုရောက်ပြီ ကျွန်တော်တို့  ( တစ်ခါတလေလည်း မြေနီကုန်းဘက်ကဆို စံပြကလာတဲ့ ၅၁ စောင့်စီးတယ် )

၂၀၀၅ တုံးက ပင်တိုင်က ကိုစိုးမိုး ၊ ကိုခလောက် ( သူနဲ့ ကို ငြိမ်းချမ်း တွဲမိရင် ) ကျွန်တော်တို့ အိပ်ထဲကို အနောက်ကနေ ခဲလုံးတွေ အုတ်ခဲကြိုးတွေ ထည့်တက်တယ် ၊  တစ်ခါတစ်လေ ကိုရဲမင်း မဟံသာတို့ နဲ့ အတူ  ဒဂုံကနေ မနက် လမ်းလျှောက်ဖို့ ကားကြုံလိုက်ရတက်တယ် ၊ အဲ့နေ့တွေဆိုရင် ဦးရဲကျေးဇူးနဲ့ သာသာယာယာပေါ့ ။

ကန်ဘောင်မှာ ဆို ကိုစိန် ကိုသက်ထွန်း တို့ ရှိတယ် …

ရန်ကုန်တက္ကသိုလ်မိန်းရှေ့က စတဲ့ ခရီး လေ့ကျင့်မှုတွေဟာ ဘယ်တောင်ထိပ်တွေထိ လူငယ်တွေကို ဘယ်လို ခက်ခဲတဲ့ ဘဝခရီး တောင်တက်ခရီး တွေကို အောင်မြင်ကျော်ဖြတ်စေခဲ့ပြီလဲဆိုတာ တစ်ခါတစ်ခါ အတွေးနယ် ပယ် ဆန့်မိပါတယ်တစ်ခါတစ်ခါ မိုးတွေရွာလို့ ထရိန်နင်မှာ ၊ တစ်ခါတစ်လေ ဖိနပ်ပေါက်မယ် ၊ ခြေထောက်တွေနာမယ် ၊ အိတ်ကလေးသလောက် ကျောနဲ့ပခုံးက တိုက်ရိုက်အချိုးကျ နာကျင်မယ် ဒါပေမဲ့လည်း အင်းလျားရဲ့ ရွှေရောင် နေထွက်ချိန်တွေကို ကျွန်တော်တို့ သူများထက် အဆပေါင်းများစွာရခဲ့ကြတယ် ၊ မနက်ခင်း လေနုနွေးသန့်သန့်ကို ရှူသွင်းခဲ့ကြတယ် ၊ကန်ရေပြင်ကို ဖြတ်ပျံလာတဲ့ ငှက်တွေကို ကြည့်ရင်း ကိုယ့်ကို မနက်အစောကြီးထလမ်းလျှောက်စေလောက်တဲ့ ခိုင်လုံတဲ့ အကြောင်းတွေရှိကြောင်း ဒီတော ဒီတောင်ဒီမိတ်ဆွေတွေရဲ့ အကြောင်း လမ်းလျှောက်ရင်း စိတ်ကွန့်မြူးနိုင်ခဲ့တယ် ၊ စိတ်ကူးယဉ်မှုတွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ လေ့ကျင့်ရေးမနက်ရဲ့  အိပ်မဝ စပ်ဖျင်းတဲ့ မျက်လုံးတွေဟာ ခရီးအတွက် တောက်ပလာခဲ့တယ် ( အတွေးနယ်လွန်ပြီး ဘွက်အိုင်ထဲကျ တဲ့ အခါလည်း ရှိမှာပဲ ဟီး ၊ ဘောဒါနဲ့ အာလူး ဖုတ်ကောင်းပြီး ငှက်ပျော်ခွံ တို့  ခွေးချေး တို့တက်နင်းမိတဲ့ အခါ  တွေလည်းရှိမပေါ့လေ ) စတာပါ၊

ဟိုက်ကင် မနက်တွေဟာ လန်းဆန်းခဲ့ပါတယ် ၊ လန်းဆန်းနေမြဲ လမ်းဆန်း နေဦးမှာပါ ၊

ဒီလိုနဲ့ပဲဟိုက်ကင် ရဲ့ နှစ်စဉ် တောင်တက်မိတ်ဆုံပွဲ ရာသီလိုက် လေ့ကျင့်ရေး ခရီးစဉ်တွေ  ဆရာနဲ့ တောင်တက်အမာခံတွေက စီစဉ်ပေးမြဲ  ကျွန်တော်တို့ထက် လူဟောင်း ၊ လူမဟောင်းတဟောင်း ၊ လူကျက် ၊ လူသစ်တွေ ဝင်ထွက် သွားလာ လှုပ်ရှားနေစမြဲ , တောင်တက်အသင်း ဟိုက်ကင်ကတော့ သူ့  ရင်ဘက်ကြီးနဲ့ ဝင်လာသမျ ကျွန်တော်တို့အားလုံးကို အတောင်အလက်တွေ တက်ဆင်ပေးခဲ့တယ်၊

ကျောင်းသား လူငယ် တွေ ရဲ့ အနာဂတ်အတွက် ဟိုက်ကင်ဟာ လူငယ်ပီပီ မိုက်ရူးရဲလုပ်ချင်တဲ့ ဝုမ်းချင်တဲ့ ဆိုးချင်တဲ့ စိတ်တွေကို လမ်းမှန်ကို ရောက်အောင် ဟိုက်ကင်နည်းနဲ့ စိတ်ဆိုးစိတ်ညစ်တွေကို စိတ်အားသတ္တိဖြစ်စေခဲ့တယ် တက္ကသိုလ် ကျောင်းသားတွေ ဖလန်းဖလန်းထ ဖြစ်နေတဲ့တက်ကြွ ပျိုရွယ်တဲ့ အားခွန်တွေကို ဟိုက်ကင်ရဲ့ အဖွဲ့အစည်းစိတ်ဓာတ်နဲ့ ဇွဲ သတ္တိ လုံ့လ မဖြစ်မနေ ဆန္ဒစတာတွေက မြေတောင်မြောက်ပေးခဲ့တယ်

ကိုယ့်အား ကိုယ်ကိုးလိုတဲ့ ဆန္ဒ အကျင့်ကောင်းတွေ ၊  အများအကျိုး ကြည့်တက်တဲ့ စိတ်တွေ ဖွံ့ဖြိုးစေခဲ့တယ် ၊ ကိုယ့်မြန်မာ ရေမြေတောတောင် လျှိုမြောင်ကြားသွားလာရင်း ဒေသန္တရ ဗဟုသုတ တိုးစေခဲ့တယ် ၊တိုင်းရင်းသားတွေရဲ့   ဘဝတွေကို မျက်ဝါးထင် တွေ့မြင်စေခဲ့တယ်   ၊၊ဂုဏ်တွေ ပြောမဆုံး ၊ဟိုက်ကင်ရယ် မှာ ဘဝရဲ့ မိတ်ဆွေ သူငယ်ချင်း ကောင်းတွေကို လည်း ရှာဖွေ တွေ့ရှိစေခဲ့တဲ့ ဟိုက်ကင်ရယ်ပါ ၊ ဘယ် ခေတ် တွေ ပြောင်းဦး တော့  အသစ်အဟောင်း

အသစ်အဟောင်း လူကျက် ခြေနု ယာယီအသင်းဝင် ၊ အမြဲတမ်းအသင်းဝင် ဘယ်လိုနည်းနဲ့ ပဲ ဟိုက်ကင် ထဲကို ထွက်ထွက်ဝင်ဝင်

ဟိုက်ကင်ဟာ ဟိုက်ကင်ပီသစွာနဲ့ သူ့ တာဝန်တွေကို ရာသီစက်ဝန်းအတိုင်း ထမ်းဆောင်လျက်ရှိပါကြောင်း

( >> လာမည့် HIKING REUNION DAY    ‪#‎တနင်္ဂနွေနေ့ ၂၉ရက် ဇွန်လ ၂၀၁၄ တက္ကသိုလ် ခြေလျင်တောင်တက်အသင်း သဘာဝခေါ်သံ ဖောင်ဒေးရှင်း ရဲ့  ကျင်းပနေကြ မိတ်ဆုံဂုဏ်ပြုပွဲ ကို လူမရောက်ပေမဲ့ စိတ်ကရောက်နေတာမို့ အမှတ်တရ နီလာရတု အကြောင်းတဲ့ တိုက်ဆိုင်ပြီး ရေးဖြစ်သွားတာပါ ၊….. အဝေးကနေပဲ ဟိုက်ကင် အလွမ်းပြေ ၊………….

တောင်တက် ရဲ့ နှစ်ပတ်လည် အခမ်းအနားနဲ့ ခရီးစဉ်တွေကို အရင်ကကော အခုကော အစဉ်အလာမပျက် ဝါယမထုတ် စီစဉ်နေကြတဲ့   ဆရာမျိုးနဲ့ ဟိုက်ကာများ ၊ ဟိုက်ကင်လက်ဦး ဆရာ တီချယ်နီ တို့ကို ဒီစာနဲ့ ဦး ညွတ်လျက် –  )

တာဝတောင်တက်အသင်းသား နံပါတ် ၅ :)တာဝတောင်တက်အသင်းသား နံပါတ် ၅ 🙂(၂၀၀၅ခု ဇူလိုင် ဝေပုလ္လ ဖက်ထွစ် ) ဂလု ၅ ( တပ်စိပ်မှူး ကိုငြိမ်းချမ်း တွဲစိတ်မှူး ကိုခလောက် )(၂၀၀၅ခု ဇူလိုင် ဝေပုလ္လ ဖက်ထွစ် ) ဂလု ၅ ( တပ်စိပ်မှူး ကိုငြိမ်းချမ်း တွဲစိတ်မှူး ကိုခလောက် )(အင်းဝဆောင် ၂၀၀၅ နိုဝင်ဘာ ရှမ်းပြည်က ဆရာမျိုး တီချယ်နီတို့ပေးတဲ့ ရှမ်းပြည် အပြန် လက်ဆောင် )(အင်းဝဆောင် ၂၀၀၅ နိုဝင်ဘာ ရှမ်းပြည်က ဆရာမျိုး တီချယ်နီတို့ပေးတဲ့ ရှမ်းပြည် အပြန် လက်ဆောင် )(၂၀၀၅ခု ဇူလိုင် ဝေပုလ္လ ဖက်ထွစ် )(၂၀၀၅ခု ဇူလိုင် ဝေပုလ္လ ဖက်ထွစ် )၂၀၀၅ခု ငါးဆူတောင် ဆက်ကန်းထွစ်၂၀၀၅ခု ငါးဆူတောင် ဆက်ကန်းထွစ်

Advertisements
Aside | This entry was posted in Autobiography, Essay and tagged , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s