(Rock Shoe) ကျောက်တောင်တက် ဖိနပ် ဝယ်မယ်ဆိုရင်

 ကျောက်တောင်တက်ဖို့ (Rock Climbing ) လုပ်ဖို့ စကြတဲ့အခါ အဓိက ခေါင်းစားရတာက တောင်တက်ဖိနပ်ပါပဲ ၊

ကျောက်တောင် တကယ်တမ်း တက်တော့မယ် ဆိုရင် အရင်က စီးနေကျ ရှိပြီးသားနောက်ပိတ်ရှူးဖိနပ်ဖြစ်ရုံနဲ့တင် မရတော့ပါဘူး။ (ဟိုက်ကင်တို့ တောတွင်းလမ်းလျှောက်ခရီးတို့တုံးက ဆို ဂိုက်ပေးဖို့ရှိတဲ့ အောစတားဖြစ်ဖြစ် ဘတ်(စ)ကက်ဘောပုပ်တဲ့ ဖိနပ်ဖြစ်ဖြစ် ကောက်စီးသွားလို့ရတာကိုး )   rock climbing  မှာတော့မရတော့ပါဘူး ၊ သူ့အတွက်ဖိနက်သီးသန့်လိုပါတယ်   ဘာလို့ဆိုတော့ climbing shoe တွေရဲ့ တည်ဆောက်ပုံက သာမန်ဖိနပ်တွေနဲ့ သိသိသာသာကွဲပြားနေလို့ပါ ၊

ကျောက်တောင်တက် ဖိနပ် rock  climbing shoe  ဆိုတာ ဘာလဲ

rock climbing shoe တွေဟာ ခြေထောက်နဲ့  တစ်သားထဲနီးပါးကျနေတဲ့ ရာဘာသား ဖိနပ်အမျိုးအစားပါ ၊climbing shoe တွေမှာ သက်တောင့်သက်သာဖြစ်စေဖို့ ရေမြုပ် ဖော့ခံစတာတွေမပါသလောက်ရှားပါတယ် ၊ သူ့ကို စီးပြီး ခပ်ဝေးဝေးလမ်းလျှောက်ဖို့ မသင့်တော်ပါဘူး ၊ တက်မဲ့ ကျောက်တောင်ရဲ့  အောက်ခြေကို ရောက်မှ စပြီး စီးရမဲ့ ဖိနပ်မျိုးပါ ။ ဒီဖိနပ်တွေဟာ ခပ်ကျပ်ကျပ်ကလေးစီးရတဲ့  ဖိနပ်မျိုးပါ  ဒါမှ ကျောက်သားမျက်မှာပြင်ကို တက်တဲ့အခါ မှာ   ခြေကုပ်မြဲဖို့ ၊ လက်သည်း တစ်ထောက် စာလောက် ကျောက်စွန်းလေးပေါ်မှာ ရပ်နိုင် တက်နိုင်ဖို့အတွက် ကူညီနိုင်မှာမို့လို့ပါ။

တောင်တက်ဖိနပ်တွေက ဈေးမသက်သာလှပါဘူး ရှိစုမူးစု မုန့်ဖိုးလေးတွေ အတော်အတန်ထုပ် သုံးရပါတယ် ၊ ကိုယ်နဲ့ မသင့်တဲ့ မတော်တဲ့ ဖိနပ်ဝယ်မိရင် နှမြောစရာကောင်းပါတယ် ၊ ကီးမကိုက်တဲ့ ကျောက်တောင်တက်ဖိနပ် တစ်ရံ က တော်တော် ဒုက္ခပေးပါတယ်

(  ဖိနပ်က ကြီးနေပြန်တော့လည်း ခြေကုပ်မမိ ချော်တတ်တာမျိုး  ဖိနပ်က ကြပ်ထုပ်နေရင်လည်း  ချေချောင်းတွေနာမယ် ၁၅မိနစ်ထက်ပိုမစီးနိုင်ဖြစ်မယ် ၊ ဖိနပ်ကနာလို့ တောင်တက်ဖို့ ကိုတောင် လန့်နေတာမျိုး တွေဖြစ်သွားလိမ့်မယ် )

ဒီတော့ ပထမဆုံး တောင်တက် ဖိနပ်ဝယ်မဲ့သူငယ်ချင်းတွေအတွက် အကြံလေးတစ်ချို့ ပေးပါရစေ၊

  •  Rock  Climbing Shoe Size ( ဖိနပ် အရွယ်အစား )

မြမာလာဖိနပ် ဆင်ကြယ် ရှိုဝါ ဒေါက်တာမာတင် စတဲ့ ဖိနပ်တွေ တစ်ယောက်တည်းအတွက်တောင်မှ ၄၃ ဖြစ်လိုက် ၄၁ ဖြစ်လိုက် ၈ ဖြစ်လိုက်နဲ့ ပါ…များသောအားဖြင့်တော့   ဖိနပ်အရွယ်အစားနဲ့ ပက်သက်လို့   ကျွန်တော်တို့ မြန်မာပြည်မှာ sizing chart က UK size နဲ့ EU size အသုံးများပါတယ် ( ဥပမာ UK size 7  က  EU size  41 ) ပေါ့ များသောအားဖြင့် ကျွန်တော်/ကျမ ဖိနပ်က ( size  41 ) ဖိုတီဝမ်း ဆိုဒ်ပါ စသည်ဖြင့် ပေါ့ ။   အဲ့ဒီ နောက်ပိတ်ဖိနပ်တွေ ရဲ့ အရွယ်အစားကို အခြေခံပြီး တော့  ကျောက် တောင်တက်ဖို့ rock climbing shoe ကို စဉ်းစားနိုင်ပါတယ် ၊  တစ်ချို့က Climbing Shoe ဝယ်ရင် ရိုးရိုးစီးနေကျ ရှူးဖိနပ် ထက် တစ်ဆိုဒ် သေးတာဝယ်ရမယ်လို့လည်း အလွယ်မှတ်ကြတက်ပါတယ် ( ရိုးရိုး နောက်ပိတ်ဖိနပ် က   EU size  41  ဆိုရင် climbing shoe က  EU size 40 စသည်ဖြင့်ပေါ့)  ။  အကြံပေးချင်တာကတော့ ပုံသေမမှတ်ပါနဲ့ လို့ ၊  ဘာလို့ ဆိုတော့ Climbing Shoe ရဲ့ တံဆိပ်ပေါ်မူတည်ပြီး အရွယ်အစား အတိမ်းအစောင်းရှိလို့ပါ ၊ rock shoe မဝယ်ခင် အတက်နိုင်ဆုံး စီးကြည့်ဖို့လိုပါတယ် ၊

( ဥပမာ သူငယ်ချင်း တစ်ယောက်ရဲ့ ဖိနပ်ဖြစ်ဖြစ်  ၊ ပြည်တွင်းက TCCM  လို ကျောက်တောင်တက်တဲ့ အဖွဲ့တွေမှာ ဖြစ်ဖြစ် စမ်းသပ်စီးကြည့်တာမျိုး/… / ပြည်ပမှာ ဆိုရင်လည်း gear ဆိုင်မှာ စီးကြည့်ရုံလောက်နဲ့ ကောက်ဝယ်လာတာထက် (Indoor Climbing Gym) တောင်တက်အားကစားရုံတွေက (rental shoes) တွေ စီးကြည့်ပြီး သူ့ရဲ့ Brand နဲ့size ကို မှတ်ခဲ့ပြီး ဝယ်တာမျိုးက အသင့်တော်ဆုံးပါ )  ခြေထောက် တွေဟာ  သဘာဝအရ သွေးကျပြီး မသိမသာလေးကိုင်းတက်ပါတယ် အဲ့ဒီအခါမှာ ခြေထောက်က UK  1/2 size စာလောက် / EU 1 size လောက်လေးကြီးသွားတတ်ပါတယ်  ၊ အဲ့ဒီလို ဖြစ်လေ့မရှိတဲ့ နေ့လည် ခင်း အချိန်တွေဟာ ဖိနပ်စီးကြည့်ဖို့ အကောင်းဆုံးအချိန်ပါ ၊

rock shoe ဆိုရင် ကျပ် ထုပ်နေမှ ကောင်းတယ်လို့ ထင်တဲ့သူတွေလည်းရှိပါတယ်၊ မဟုတ်ပါဘူးခင်ဗျာ၊ အရမ်းကြီး ကျပ်နေစရာမလိုပါဘူး အံကိုက် ဖြစ်ဖို့ပါပဲ ၊   “အံကိုက် ဖြစ်ဖို့ဆိုတဲ့နေရာမှာ ဖိနပ်ရဲ့  ထိပ်ဖျားနဲ့ ဖနောင့် နေရာတွေမှာ နေရာအပိုလေမခိုနေပဲ ကွက်တိဖြစ်တဲ့ ဖိနပ်မျိုးရွေးဝယ်နိုင်ဖို့အရေးကြီးပါတယ်” ၊ ခြေဖျား ဗျက်ကြီးတဲ့ သူတွေ ခြေချောင်း  ရှည်တဲ့ သူတွေ အနေနဲ့  အရည်ကြည်ဖု  ထွက်နိုင်တဲ့ hot spot တွေကိုသတိထားဖို့လိုပါတယ် ( အစမ်းစီးကြည့်တုံး ၁0 မိနစ်လောက်နဲ့ တင် ခြေသန်းက ပူလာတာ တို့ဘာတို့ဆိုရင် သင်ကြိုက်တဲ့ brand အရောင် ဖြစ်သောငြားလည်း  ကီးကိုက်တဲ့ ဖိနပ်မဟုတ်တဲ့အတွက် တစ်ခြား climbing shoe တစ် ရံ ကို ထပ်ရှာဖို့လိုပါလိမ့်မယ် )

climbing shoe မဝယ်ခင် စီးကြည့်ဖို့ အရေးကြီးသလို ဝယ်ခါနီး ပေသီးခေါက်ဖို့လည်းလိုပါမယ် ၊ ( လောလောဆယ်မှာ ပြည်တွင်းမှာ
ပေါပေါများများ မရသေးတော့ ပြည်ပ ကမှာတဲ့အခါ ( ဒါမှမဟုတ် ) အွန်လိုင်းကဝယ်မှာပဲ ဖြစ်ဖြစ် သေချာစမ်းသပ်ပြီးမှ သင့်တော်တဲ့ တစ်ရံမှာဖို့……………………………… ၊ နိုင်ငံခြားရောက်နေတဲ့ သူငယ်ချင်းတွေအနေနဲ့ climbing gym တွေက rental shoe နဲ့စမ်းပြီးမှ ဒါမှမဟုတ် နာမည်ကြီးပြီး အာမခံချက်လည်းပေတဲ့ outdoor gear store့  ဆိုင်တွေကနေဝယ်ဖို့ပါ ( အစပျိုးအနေနဲ့ကတော့ မော်ဒယ်အဟောင်းတွေ previous year model ဝယ်တာ ဈေးသက်သာတတ်ပါတယ်၊ ပြီးတော့ ဒီဇင်ဘာလကုန် SALE ရာသီတွေမှာ ဝယ်လည်း ဈေး သက်သာပါတယ် ။  discount % ကောင်းကောင်းရတတ်ပါတယ် ။  )

သူငယ်ချင်း မိတ်ဆွေတွေ ဆီမှာ ဒါမှမဟုတ် climbing forum တွေ facebook climbing group တွေမှာ စီးပြီးသား တစ်ပတ်နွမ်း (good second hand ) လေးတွေဝယ်ဖို့လည်း အကြံပေးချင်ပါတယ် ၊ ဈေးက ထက်ဝက်လောက်သက်သာလို့ပါ။


  •   ခြေအိတ် ဝတ် စီးရမှာလား မ ဝတ် ရဘူးလား

ဒါက  Rock  Climbing စလုပ်တဲ့ သူတွေအမေးအများဆုံးမေးခွန်းပါ ၊ အဖြေကတော့ မစီးရပါဘူး ၊ ခြေထောက်တဲ့ ဖိနပ်နဲ့ တစ်သားထဲကျနေမှ တက်ဖို့ ခြေကုပ်မြဲတာကို ကိုယ်တိုင်ခံစား မိ လာတဲ့အခါမှာ တောင်တက်သမားတော်တော်များများ ဟာ ခြေအိတ် မစီးကြပါဘူး၊   ( ချွင်းချက်အနေနဲ့ ကတော့ မီတာ ၃၀၀ရာလောက်မြင့်တဲ့ Multi Pitch Climbing တက်တဲ့အခါမျိုးတော့ ၊ အရမ်းအေးတဲ့ Alpine Winter Ascent  လိုဟာမျိုးတို့မှာ တစ်ချို့ ခြေအိတ် ဝတ် စီးကြပါတယ် )


  • Type of Shoe ဖိနပ် အမျိုးအစား

(Velcro) ကပ်ခွါလား ၊ ( Shoe Lace ) ဖိနပ်ကြိုးနဲ့လား (Slipper) စလစ်ပါ လို့ခေါ်တဲ့ ကွင်းထိုး လား ?

ဖိနပ်ဝတ်ဆင်ရတဲ့ အပေါ်မူတည်ပြီး အမျိုးအစားခွဲရရင် ရိုးရိုး ကြိုးထိုးဖိနပ် Lace Climbing Shoe မျိုး ( သူက့  ရှေးရိုးစဉ်လာ ဖိနပ်ကြိုး Shoe Lace type ဆို တော့ ဝတ်ရချွပ်ရခက်တယ် ၊ Velcro Shoe ကပ်ခွါထက်ဈေးသက်သာလေ့ရှိတယ် )  Velcro လို့ ခေါ်တဲ့ ကပ်ခွါ အမျိုးအစားက ဂြီဂျစ် နဲ့ တဗြစ်ဗြစ် နဲ့ ကပ်လိုက်ခွါလိုက် ရုံပဲဆိုတော့ ဝတ်ရချွတ်ရလွယ်တယ် (Bouldering လုပ်မဲ့ သူတွေအတွက် ပိုသင့်တော်တယ် ) ။ Slipper ကျောက်တောင်တက် ကွင်းထိုးဖိနပ်အမျိုးအစားကတော့ ကြိုးကော  ကပ်ခွါ ကောမပါဘူး ၊ ကွင်းထိုးစီးတဲ့ ခြေခုံပေါ်မှာ သားရေ ရှုံ့ကြိုးကြီးပဲပါတယ် ဇွတ်ခနဲ စီး ဇွက်ကနဲ ပြန်ချွတ်ရုံ သူကအလွယ်ဆုံးပဲ ။ မဝယ်ခင်မှာ  ကိုယ်ကြိုက်တဲ့ အမျိုးအစားရွေးဖို့ ထည့်သွင်းစဉ်းစားရမဲ့အချက်တစ်ခုပါ ။

  • ရာဘာ အထူအပါးနဲ့ ဖိနပ်ရာဘာအမျိုးအစား

( ကမ္ဘာကျော် LaSportiva, Scarpa, Millet စတဲ့  တောင်တက် ဖိနပ် ထုပ်လုပ်တဲ့ ကုမ္ပဏီကြီး တွေဟာ VIBRAM™ စတဲ့ နာမည်ကြီး ဖိနပ်ရာဘာတွေ သုံးကြပါတယ် ၊ ဒါ့အပြင် EVOLV ဆိုတဲ့ brand က ECOTREX ™ ( recycle compound ) ရာဘာ သုံးပါတယ် ၊ FIVE TEN ကျတော့ သူ့ကိုယ်ပိုင် နည်းပညာနဲ့ stealth ဆိုတဲ့ rubber sole  ကိုသုံးပါတယ်  ဖိနပ် model / serie  ပေါ်မူတည်ပြီး အပျော့အမာကွဲပါတယ် ဥပမာ 5/10 Blackwing  က   လက်သည်းတစ်ထောက်စာ ကျောက်စွန်းလေးတွေကို ကုပ်မိဖို့ ခပ်အိအိပျော့ပျော့ HF™ ရာဘာကို သုံးထားပြီးတော့ … တစ်ခြား serie ဖြစ်တဲ့  Anasazi  မှာ မာကြောပြီး အရမ်းကပ်တဲ့ C4™ ရာဘာကို သုံးထားပါတယ် ) များသောအားဖြင့်တော့ ဖိနပ်တွေက တာရှည်ခံပါတယ် ၊ အရမ်းအသုံးများတဲ့ သူတွေအတွက် ဖိနပ်ရဲ့ အောက်ခြေက ခွါကို ပြန်လဲ လို့ ( CLIMBING SHOE RESOLE ) လုပ်လို့ရပါတယ် ၊ စပြီးတောင်တက်မဲ့ သူတွေအနေနဲ့ကတော့ ရာဘာပါးပါးလေးပဲ အုပ်ထားတဲ့ competition shoe  ပြိုင်ပွဲဝင် ဖိနပ်တွေကို မဝယ်မိဖို့အရေးကြီးပါတယ် သူတို့က ဖြစ်တဲ့အတွက် competition shoe  အောက်ဒိုးမှာ အများကြီးလေ့ကျင့်စီးဖို့ training အတွက်မကိုက်ပါဘူး၊ ခဏလေးနဲ့ ရာဘာကုန်သွားမဲ့ LaSportiva Speedster တို့ 5/10 teamVXi  တို့ teamBlack တို့ကို ရှောင်သင့်ပါတယ် )

  •  ဖိနပ်ရဲ့  ကိုယ်ထည် ကို ချုပ်ထားတဲ့ အသား  

          ဖိနပ်ရဲ့  ချုပ်ရိုး ချုပ်သား ကလည်း အရေးကြီးပါတယ် သူက ခြေဖမိုး / ခြေခုံအပိုင်းပါ  ၊ သားရေအတု  (  Synthetic Leather ) တွေက stretch မဖြစ်တဲ့အသားမို့ ဖိနပ်ဝယ်ပြီး အရွယ်အစားအပြောင်းအလဲမရှိပါဘူး  ( Genuine Leather ) သားရေအစစ်နဲ့ ချုပ်ထားတာဆိုရင်တော့  ဆိုက်တစ်ခုစာလောက်ကြီးလာတတ်ပါတယ်   ( Lined Leather Shoe  ) လို့ခေါ်တဲ့ သားရေအစစ်ပေါ်မှာ ချုပ်ရိုးကြောင်းတွေနဲ့ ထပ်ပိုးပေးထားတဲ့ ဖိနပ်အမျိုးအစားတွေကတော့ 1/3 of size ( ဆိုက်တစ်ခုစာရဲ့ သုံးပုံတစ်ပုံ လောက်လေး ) မဆိုစလောက်လေးပဲ ကြီးလာကားလာတာမို့ ပြသနာမရှိလှပါဘူး၊ ဖိနပ်က စစဝယ်ချင်း ခြေခုံအပိုင်းမှာ သိပ်ကျပ်နေလည်း စိတ်ပူစရာမရှိပါဘူး ၊ ၆လလောက်စီးကျင့်ရလာတဲ့အခါ သက်တောင့်သက်သာဖြစ်လာမှာပါ ၊ အဓိကက ခြေချောင်းလေးတွေမှာ   အရည်ကြည်ဖုတို့ အသားမာတို့ ဖြစ်စေမဲ့ Hot Spot ကိုသတိထားဖို့ပါ ။


Image

(DownTurn) အမျိုးအစားက များသောအားဖြင့် အောက်ကိုစိုက်တဲ့ ဖိနပ်ထိပ်ဦးက ခပ်ချွန်ချွန် ဒီဇိုင်းတွေများပါတယ် ၊ ခြေကုပ်ဖို့၊ လက်ညိုးတစ်ချောင်းစာလောက်အပေါက်သေးသေးလေးတွေထဲကို နင်းပြီးတက်နိုင်ဖို့ ရည်ရွယ်ပါတယ် ( Flat Shaped ) တွေက အပြန်ဆိုတော့ ခြေနင်းစရာမရှိတဲ့ wall တွေကို ခြေဖျားနဲ့ ကန်ပြီးတက်တဲ့အခါ (smearingလုပ်တဲ့အခါ) အဆင်ပြေပါတယ်

  • Type of Construction ဖိနပ်တည်ဆောက်ပုံ ၊

Climbing Shoe တည်ဆောက် ပုံ  အဓိကအားဖြင့်

  • ( Flat Shaped ) သာမန်ရှူးအမျိုးအစား ( ခြေချောင်းတွေ အပြားလိုက် ဖြန့်စီးရတဲ့ ) နဲ့
  • (DownTurn) ခြေချောင်းလေးတွေ အောက်ဖက်ကို ကွေးထားပြီးစီးရတဲ့ ဟာမျိုး ၂စားကွဲပါတယ်

ကျောက်တောင်စတက်မဲ့ သူတွေဟာ သာမန် ( Flat Shaped ) ကို ပဲရွေးချယ်သင့်ပါတယ် ၊  သူတို့တွေက ပိုပြီးသက်တောင့်သက်သာဖြစ်တဲ့အပြင် သိပ်ပြီးမမတ်တဲ့ ခပ်ပြေပြေ တောင်နံရံလိုမျိုးကနေ  ၉၀ဒီကရီ  မတ်ဆောက်တဲ့ ကျောက်တောင်တော်တော်များများအတွက် အဆင်ပြေပါတယ် ၊

ပက်လက်လန်လူနီးပါး overhanging ၄၅ဒီကရီ လောက်တွေ ဇောက်ထိုးမိုးမြော်တက်ရမဲ့  cave climbing /roof overhang လိုအနေအထားမျိုးတက်မယ်ဆိုမှသာ (DownTurn)  တွေကို ဝယ်သင့်ပါတယ် ၊ သူတို့က ဈေးပိုကြီးပြီးတော့ သင့်တော်တဲ့ terrain တွေက လွဲရင် climbing purpose တော်တော်များများအတွက်စီးဖို့ ရာ Flat Shaped လောက် သက်တောင့်သက်သာမဖြစ်လို့ပါ ။

  • Type of  Feet ကိုယ့်ရဲ့ ခြေထောက်ရဲ့ ဖွဲ့စည်းပုံ

နောက်တစ်ခုက ကိုယ့်ရဲ့ ခြေထောက်ရဲ့ ဖွဲ့စည်းပုံ ကို သိဖို့ ( ခြေခုံမောက်သလား ၊ ခြေပြား သွယ်သလား ဗျက်ကြီးသလား  ခြေချောင်းတွေ သာမန်ထက်  ရှည်သလား ဆိုတဲ့အပေါ်မူတည်ပြီး ဖိနပ်အမျိုးအစား item descriptionတွေ ကို သက်ဆိုင်ရာ တောင်တက်ဖိနပ်ထုပ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ ဝက်(ဘ)ဆိုက်မှာ လေ့လာပြီးမှ ရွေးချယ်ဖို့လိုပါတယ် ။( ဥပမာ –  Lasportiva TCPro ဆိုရင် ခြေထောက်   ဗျက်ကြီးတဲ့သူတွေနဲ့ကိုက်တယ်၊ Scarpa  ကထုပ်တဲ့ model တော်တော်များများက wide feet တွေအတွက် အဆင်ပြေပြီး Evolv ကျတော့ သာမန် ခြေထောက်ဗျက်သမားတွေအတွက်collection ရွေးစရာပိုများတယ် , MADROCK တို့ဘာတို့ဆိုရင် ဈေးသက်သာတယ် ခြေထောက်ကြီးတဲ့ သမားတွေအတွက်အကိုက်ပဲ   ဒီတော့ လိုချင်တဲ့ အရောင်  ဈေးစတာတွေကိုကြည့်ရင်းကိုယ့်ခြေထောက်နဲ့ သင့်တော်ရာကို ရွေးဖို့ပါ )


  • ဘရူးရန်း………. ( Brand ရူး ခြင်း )

တစ်ခါတစ်လေ ဈေးဝယ်တဲ့အခါမှာ ဒီ တံဆိပ်မှ ဒီအရောင်မှလိုချင်တာဆိုတာထက် ကိုယ့်ရဲ့ ခြေထောက်နဲ့ သင့်တော်တဲ့ ဖိနပ်ကိုသာဝယ်သင့်ပါတယ်

( brand အစွဲ ဘာအစွဲညာအစွဲတွေမထားတဲ့ အခါမှာ ရွေးချယ်စရာတွေပိုများလာပြီး ဈေးသက်သာတဲ့ bargain တွေ discount% (SALE ) ဘာတွေနဲ့ ကံကောင်းရင် တိုးနိုင်ပါသေးတယ် )   open minded  ဖြစ်တာကောင်းပါတယ် ။ ကိုယ့်ရဲ့  ရှုမြင်သုံးသပ်ပုံ ပိုကြယ်ပြန့်လာတာပေါ့ ။

  ( တောင်တက်ရင်လည်း အသင်းစွဲ ဘာစွဲ ရေခဲတောင်မှ ကျောက်တောင်မှ ဆိုတဲ့အစွဲမထားတာလည်း ထိုနည်းလည်းကောင်း ကောင်း၏ – ဤကား စကားချပ် )

အားလုံးကို ခြုံပြောရရင်တော့

  • Rock Shoe စီး ရင် သာမန်စီးနေကျဖိနပ်တွေလို ခြေထောက်တွေဟာ သက်တောင့်သက်သာ ဖြစ်နေမှာမဟုတ်ဘူး ဆိုတာ
  • အလွန်ဆုံးစီးနိုင်ရင်၂နာရီခွဲ ၃နာရီလောက်ထပ်ပိုမစီးနိုင်ဘူး ဆိုတာရယ် (project အတွက် အရမ်းအကျပ် ဆိုနာရီဝက်လောက်ထက်ပိုမစီးနိုင်ဘူး)
  • ကျောက်တောင်တက်ဖိနပ်မစီးခင် ခြေသည်း ညှပ်ဖို့ မမေ့ဖို့ရယ် ( ခြေသည်း လက်သည်းရှည်နေရင်တော့ ဂွကျမယ် )
  • ဖိနပ်ကို မသုံးတဲ့ အချိန်မှာ အရမ်းပူတဲ့ နေရာတွေမှာ မထားဖို့ရယ် (အောက်ခံ ခွါက ရာဘာနဲ့ ကိုယ်ထည်သားရေကို ကပ်ထားတဲ့ ကော်တွေမကွာအောင်)
  • မဝယ်ခင် သေချာစမ်းစီးကြည့်ဖို့ (ဘယ်လိုမှ အခွင့်မသာရင် မဖြစ်နိုင်တဲ့အဆုံးမှာမှ အပေါ်က အချက်တွေစဉ်းစားပြီး  ဝယ်ဖို့ရယ် ) စတာတွေပါပဲ ၊

မရှင်းတာရှိရင် အကြံညာဏ် လိုရင် အချိန်မရွေး ပြောပါဗျာ၊ အကူအညီပေးဖို့အသင့်ပါ ။

အားလုံးပဲ ဝါသနာပါရာ လုပ်ငန်းတွေမှာ ဆထက်ထမ်းပိုး ရူးသွပ်အောင်မြင်နိုင်ကြပါစေဗျား

ကျွန်တော့ရဲ့ လက်ရှိ climbing shoe တွေပါ ဘယ်ဘက်အစွန် အပေါ်က အနီရောင်က ပထမဆုံး ဝယ်တဲ့ဖိနပ်ပါ Simond ( semi slipper ) ၊ အသိ UAE Rock Climbing စာအုပ်ရေးတဲ့ Toby ရဲ့ တပတ်ရစ်ပြန်ဝယ်တာ ၁၀ဒေါ်လာနဲ့ပါ တော်တော်တန်ပါတယ် ဘယ်ဘက်အစွန် အရှေ့က အဝါရောင်လေးက EVOLV (pontas- Velcro ) ပါ Dubai Wall ( WTC ) မှာ discount % နဲ့ မို့ ၃လလောက် ငါးသေတ္တာစားပြီးစုဝယ်ထားတာ အခုလုပ်နေတဲ့ climbing gym မဖွင့်ခင်က RedChili ( Corona VCR ) နဲ့ ( LaSportiva Katana ) ပါ ( အဲ့ဒီအချိန်အထိ rock shoe အားလုံး၎ ရံလုံး Falt shape တွေပါပဲ LS တစ်ရံက ပုံထဲမပါဘူး အသိတစ်ယောက်ကို ပေးလိုက်လို့ 🙂 ) Rock Republic Bouldering Gym ဂျင်မှာ စလုပ်တော့ LS- Solution စဝယ်ဖြစ်ပါတယ် ၊ ( စီးရင်းကြိုက်လို့ တစ်ရန်ထပ်ဝယ်ဖြစ်တာရယ် ၊ အသိတစ်ယောက်က လက်ဆောင်ထပ်ပေးတာရယ်နဲ့ ၃ရံ ဖြစ်သွားပါတယ် Aggressive / Downturn အမျိုးအစားပါ ) မနှစ်က outdoor show ကိုအလုပ်ကလူတွေသွားရင်း Scarpa တစ်ရံထပ်ရပါတယ် အခုအလုပ်က FIVETEN shoe တွေကို စဖြန့်တော့ Blackwing ( downturn ) တစ်ရန် ထပ်ယူလိုက်ပါတယ် ၊ bouldering အတွက်ပါ ၊ classic ဖြစ်တဲ့ 5/10 (Anasazi Lace ) က Multipitch အတွက် ပါ

10458670_10201438685968408_3670065005653940372_n

Slipper ကျောက်တောင်တက် ကွင်းထိုးဖိနပ်အမျိုးအစားကတော့ ကြိုးကော ကပ်ခွါ ကောမပါဘူး(w/o lace) (w/o Velcro ) ၊ ကွင်းထိုးစီးတဲ့ ခြေခုံပေါ်မှာ သားရေ ရှုံ့ကြိုးကြီးပဲပါတဲ့ Slipper Type တွေပေါ့ LaSportiva မှာဆို Cobra …..၊ 5/10 Mocassym တို့ ကနာမည်ကြီး slipper series တွေပါ

Image

နံပါတ်တွေရဲ့ အလှည့်စားကို မခံပါနဲ့ ၊ ဘာလို့ ဆိုတော့ Climbing Shoe ရဲ့ တံဆိပ်ပေါ်မူတည်ပြီး အရွယ်အစား အတိမ်းအစောင်းရှိလို့ပါ

Image

Image

Image ဖိနပ်ကို မစီးဖြစ်တဲ့ အချိန်တွေမှာ သတင်းစာ စက္ကူတို့ဘာတို့ ထည့်ထားတာကောင်းပါတယ်( ကျွန်တော်ကတော့ Carabiner တောင်တက်ချိတ် သံကွင်း တစ်ချို့ထည့်ထားပါတယ် ) ၊ ပြီးတော့ ဆေးကျောသန့်စင်ပြီး အနံ့ပျောက်ပေါင်ဒါတွေဘာတွေထည့်တာလည်းကောင်းပါတယ်

Image

ဖနောင့်နေရာမှာ ချောင်နေတက်ပါတယ် ၊ စက်ဘီးတာယာ တင်းမတင်းစမ်းတဲ့ rule of thumb အတိုင်း လက်မတစ်ဖိစာလေးလောက်ပဲ ဆိုရင် ကိစ္စမရှိပါဘူး စီးလို့အဆင်ပြေပါတယ်

10446154_10201338110454083_4270390150274741734_o

LaSportiva ရဲ့ Solution ဟာသိပ်ကောင်းတဲ့ ဖိနပ်အမျိုးအစားပါ ၊ ၁နှစ်လောက် တပတ် ၅ရက်နီးပါးတက်ရင်တော့ အခုလို sloe ကုန်သွားတတ်ပါတယ် ၊rubber sole ပါးလာတဲ့အခါ ဆုံးဖြတ်ရမှာက ဖိနပ်ရဲ့ ခွါကို လဲမှာလား ( Resloe လုပ်မှာလား ) ဒါမှမဟုတ်အသစ်ဝယ်မှာလား ဆိုတာပါပဲ ၊Resloe လုပ်မယ်ဆိုရင်တော့ အောက်ခံ သားရေသား ပေါ်မလာခင်မှာ စောစောစီးစီး ဆုံးဖြတ်ပြီး Resloe လုပ်တဲ့ ဆီကိုပို့သင့်ပါတယ် ၊downturn shoe တွေResloeလုပ်တဲ့သူရှားပါတယ် ကိုယ်တိုင်လုပ်ဖို့လည်းခက်ပါတယ် ၊ ခုလို အတက်များလို့ အောက်ခံ သားရေထိပျက်စီးသွားရင်တော့ resole လုပ်တာထက် အသစ်ဝယ်တာကပိုကောင်းပါတယ်

  • Image

    EVOLV က ECOTREX ™ rubber sole က တက်ရင်း ပြုတ်အကျမှာ ကျောက်စွန်နဲ့ ခြစ်မိပြီး ကွဲသွားတယ် ( လူလည်း အီသွား တာပေါ့ ) evolv က Chris Sherma ကိုစပွန်စာပေးတော့ ကြော်ငြာကောင်းလို့ရယ် ရှားမား သုံးတာဘာညာဆိုပြီး ဝယ်လိုက်တာ သူ့ ရာဘာက သိပ်မကောင်းလှဘူး

    Image

    အခြေအနေပေးရင် (Indoor Climbing Gym) တောင်တက်အားကစားရုံတွေက (rental shoes) တွေအရင် စီးကြည့်ပါ

Image

အရေးအကြီးဆုံးအချက်ကတော့ အဆင်ပြေတဲ့ တစ်ရံကို ရှာတွေ့ဖို့ပါ ပြီးရင်တော့ ENJOY YOUR CLIMBING SHOE

Advertisements
This entry was posted in Fact, Know_How, Rock Climbing and tagged , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s