VIBRAM အကြောင်း

10317598_10201434271498049_5089893138810834591_o

VIBRAM အကြောင်း

VIBRAM ဆိုတာဘာလဲ ၊ အောက်ဒိုးသမား တော်တော်များများဟာ VIBRAM နဲ့ မစိမ်းပါဘူး
အပြေး ဖိနပ်တွေ တောင်တက်ဖိနပ် မျိုးစုံတွေ နဲ့ နောက်ပိုင်းမှာ ဆိုရင် ဖက်ရှင်အဖြစ်နဲ့တောင် VIBRAM ကို သုံးလာကြတာ မြင်နိုင်မှာပါ၊

VIBRAM ကို စပြီး တည်ထောင်ခဲ့သူကတော့ အီတလီ တောင်တက်သမား Vitale Bramani ပဲဖြစ်ပါတယ်
( ပုံထဲက တောင်တက်ကြိုး စလွယ်သိုင်းထားတဲ့ တစ်ယောက်ပါ ) နှစ်ပေါင်း ၇၀ကျော်တိုင်အောင် တောင်တက်သမားတွေရဲ့ ဖိနပ် ခွါ ရာဘာ ဆိုး နဲ့ ပက်သက်လို့ ဘာကြောင့် VIBRAM ဟာ စိတ်ချရုံကြည်ရတဲ့ အမှတ်တံဆိပ်ဖြစ်နေသလဲ ဆိုတာကို လေ့လာကြည့်ရအောင် ၊

တောင်တက်သမား တစ်ဦးဖြစ်တဲ့ Bramani ဟာ အီတာလျံ အယ်(လ)ပိုင်း ကလပ် ကျောင်းဆင်း ဖြစ်သလို တီထွင်ဖန်တီးရှင် တစ်ဦးလည်းဖြစ်ခဲ့ပါတယ် ၊ သူဟာ ဥရောပရဲ့ Italian Alps တောင်တန်းတွေမှာ တောင်တက်ရင်း ၁၉၃၅ခုနှစ်မှာ သူ့မိတ်ဆွေ တောင်တက်သမား ၅ဦး မတော်တဆဖြစ် သေဆုံးမှု ဖြစ်စဉ်ကို လေ့လာရင်း ဒီကိစ္စဟာ တောင်တက်ဖိနပ်တွေ မကောင်းလို့ သေရတာလို့တွေ့ရှိခဲ့ကြပါတယ် ၊ အဲ့ဒီဖြစ်ရပ်က Bramani ကို တောင်တက်အတွက် ဖိနပ်ခွါ ( အောက်ခံဆိုး ရာဘာ ဂရစ် ) ကောင်းကောင်း ကို တည်ထွင်ကြံစဖို့ စိတ်ကူးကို မျိုးစေ့ချပေးခဲ့ပါတယ် ၊ သူ့ရဲ့ ၂နှစ်ကျော်ကြာ ဒီဇိုင်းနဲ့ ရာဘာသားတွေကို သုတေသနလုပ်ပြီးတဲ့နောက် ၁၉၃၇ ခုနှစ်မှာ သူ့ရဲ့ နာမည် ( Vitale Bramani ) ရဲ့ အတိုကောက် Vibram ဆိုတာကို အမှတ်တံဆိပ်အဖြစ်မှတ်ပုံတင်ပြီး တောင်တက်ဖိနပ် အတွက်ရာဘာ ဖိနပ်ခွါ( အောက်ခံဆိုး ရာဘာ ဂရစ်) တွေကို စတင်မိတ်ဆက်ခဲ့ပါတယ် ။ အီတာလျံ မိတ်ဆွေ Leopoldo Pirelli ( ကမ္ဘာကျော် Pirelli တာယာကုမ္ပဏီ ) ရဲ့ အကူအညီနဲ့ပါ ။

သူ့ရဲ့ တီထွင်မှု အစဦးမှာ ဖိနပ် ရာဘာရဲ့ အကြမ်းခံနိုင်မှု ၊ ကုပ်အားကောင်းမှု ၊ သေသပ်မှုနဲ့ နေတာဒေသမျိုးစုံအတွက် အသုံးဝင်မှုတွေကြောင့် သူ့ရဲ့ ရိုးရှင်းတဲ့ အဝါရောင် VIBRAM လိုဂို ဟာ နာမည်ကျော်ခဲ့ပါတယ် ၊ ၁၉၅၄ ခုနှစ် အီတာလျံတောင်တက်အသင်းကမ္ဘ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ကို အောင်မြင်ချိန်မှာတော့ သူ့ရဲ့ VIBRAM လိုဂို ဟာပိုပြီး ကျော်ကြားလာခဲ့ပါတယ် ။

တောင်တက် ဖိနပ် ထုပ်လုပ်တဲ့ ကုမ္ပဏီကြီး တွေဟာ VIBRAM logo ပါတဲ့ boot outsole ဖိနပ်ခွါတွေကို စိတ်ချရတဲ့ ကုန်အမှတ်တံဆိပ်အနေနဲ့ Vitale Bramani ရဲ့ VIBRAM နည်းပညာကို သုံးကြပါတယ် ( ကမ္ဘာကျော် LaSportiva, Scarpa, Millet , TheNorthFace စတဲ့ တောင်တက် ကုမ္ပဏီကြီးတွေကထုပ်လုပ်တဲ့ ဖိနပ်တွေနဲ့ တွဲပြီး VIBRAM လိုဂိုအဝါရောင် လေးကို တွေ့နိုင်ပါတယ် )

ဒါ့အပြင် ၂၀၁၁ မှာ စပေါ်တဲ့ Toe Shoe လို့ နာမည်ကြီးတဲ့ VIBRAM Five Finger/ BareFoot Vibram ခြေချောင်း ပုံစံ ဖိနပ်တွေဟာလည်း အပြေးသမားတွေနဲ့ boot-camp athlete တွေရဲ့ အသဲစွဲဖြစ်ပါတယ် ၊

သမိုင်းကြောင်းကောင်းတဲ့ VIBRAM ဟာ Vitale Bramani ချပေးခဲ့တဲ့ မျိုးစေ့နဲ့ ခုခေတ်အချိန်ထိ တီထွင်မှုတွေနဲ့ ဆန်းသစ်နေဆဲပါ၊

Advertisements
This entry was posted in Fact, History and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s