(RFID) နဲ့ ပက်သက်လို့ သင့်ရဲ့ ဒေတာတွေ တွေကို ဘယ်လိုထိမ်းသိမ်းမလဲ

(RFID) နဲ့ ပက်သက်လို့ သင့်ရဲ့ ဒေတာတွေ တွေကို ဘယ်လိုထိမ်းသိမ်းမလဲ

(RFID) ဆိုတာကတော့ အားလုံးနဲ့ မစိမ်းပါဘူး Radio-frequency identification ဆိုတဲ့ microchip  မိုက်ခရို ချစ်ကလေးတွေကိုပြောတာပါ ၊ သင့်ရဲ့ ဘဏ်ကဒ် ( Debit Card/ Credit Card )  ၊ အိုင်ဒီကဒ် ID Card  ၊ ( E- Passport  အီလက်ထရောနစ် နိုင်ငံကူးလက်မှတ် ) စတာတွေမှာ (RFID) လေးတွေပါပါတယ် ၊   သူတို့ဟာ သင့်ရဲ့ အချက်အလက်လေးတွေကို သိုမှီးထားရာ data chip လေးတွေဖြစ်ပါတယ် ၊ ( Debit Card/ Credit Card ဆိုရင်လည်း ငွေကြေးနဲ့ ပက်သက်တဲ့ အချက်အလက်တွေ ) ( ID Cardတို့ E- Passport  တို့ မှာ ဆိုရင်တော့ သင့်ရဲ့ နာမည်မွေးသက္ကရစ် စတဲ့အသေးစိတ်တွေအထိပါဝင် သိုမှီးထားကြပါတယ် ) ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေမှာ ဆိုရင် အစိုးရက မီးပွိုင့်လို နေရာတွေမှာ RFID Reader တွေ တပ်ဆင်ထားပြီး မီးနီဖြတ်သူတွေ လူကူးမျဉ်းကြားကမကူးသူတွေကို အရေးယူဖို့ စသည်ဖြင့် RFID  တွေကနေသင့်ကို ခြေရာခံလို့ရပါတယ် ။ လက်ရှိမှာ လက်ကိုင် Handheld RFID Reader တွေ ဈေးကွက်ကို ရောင်းချခွင့်ပြုလိုက်ပြီ ဖြစ်တဲ့အတွက် သင့်ရဲ့ အချက်အလက်ကို ရယူလိုတဲ့ Data Thieves  တွေဟာ ၁၀ပေလောက် အကွာကနေ လက်ကိုင်Handheld RFID Reader နဲ့ သင့်ဒေတာတွေကို အလွယ် တစ်ကူ scan ဖတ်ပြီး ခိုးယူသွားခဲ့တာကို သင်တောင်သိလိုက်မှာမဟုတ်ပါဘူး၊ ဒီတော့ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက် ဘဏ်အချက်အလက်တွေကို ဘယ်လိုကာကွယ်မလဲ ? အရိုးရှင်းဆုံးကတော့ သင့်ရဲ့ RFID  ပါတဲ့ ID Cardတို့ E- Passport  တို့  စတာတွေကို မီးဖိုချောင်သုံး ပစ္စည်းတစ်ခုဖြစ်တဲ့ Aluminium Foil   ( Microwave မီးဖိုတို့ Grill  လုပ်ဖို့တို့စတဲ့နေရာမှာ သုံးတဲ့ အလူမီနီရံ စက္ကူသား Aluminium Foil  ) နဲ့ ပတ်ထားရင် အထိုက်အလျောက်ကာကွယ်နိုင်ပါတယ် ။ ခန့်ခန့်ငြားငြား နဲ့ စတိုင်ကျချင်တယ် ဆိုရင်တော့ ( RFID Protected Grade ) ရှိတဲ့ ပိုက်ဆံအိပ်တွေ ကို ဈေးကွက်မှာ ရှာဝယ်ပြီး သုံးနိုင်ပါတယ် ၊ ( ပုံထဲက Lifeventure UK  ကထုပ်တဲ့RFID Protected Grade (RFiD pocket wallet/ currency wallet / pouch ) စတာတွေ ရှိတယ်ဆိုတဲ့ အကြောင်း….. အဲ့ဒီ ဖြစ်တဲ့ RFID Protected accessory   တွေ  အသုံးပြုပြီး သင့်ရဲ့ အချက်အလက်လေးတွေကို RFID  တွေကနေတစ်ဆင့် ခိုးယူခံရခြင်းမှ ကာကွယ်နိုင်မှာ ဖြစ်တဲ့အကြောင်းသတင်းပါးလိုက်ပါတယ် ) အနည်းဆုံးတော့ RFID ကိုကာကွယ်ဖို့ “ကားရှင်းတုံး လူကူးမျဉ်းကြားကနေမကူးလိုက်လို့ RFID detected ဖြစ်သွားပြီး ဒဏ်ငွေဆောင်ရခြင်းမှ ကင်းလွတ်နိုင်မှာ ဖြစ်တဲ့ အကြောင်း မျှဝေလိုက်ပါတယ်”  😀 (ဒါနဲ့ လူကူးမျဉ်းကြား ကပဲကူးနော်…….. RFID Protected  တွေလုပ်ထားပြီး မမိုက်ပါနဲ့လို့ ) 😛

Advertisements
This entry was posted in Fact, Know_How, Outdoor and tagged , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s