နံပြားဖို တစ်ခုအကြောင်း

တစ်နေ့ကညက ကမ္ဘာ့ဖလား ဗိုလ်လုပွဲ နဲ့ ………..

အစ္စရေး နဲ့ ပါလက်စတိုင်း (ဟားမား) ရဲ့ မပြီးတဲ့ စစ် ၊……………
စကားမစပ် ဒူဘိုင်း စက်မှုနယ်မြေက နံပြားဖို တစ်ခုအကြောင်း စားမြုံ့ပြန်ခြင်း ….

10525708_10201431559430249_6355174267538284126_n

“Portrait of Afghani baker DIP1” as seen at the night of World Cup Final 2014, July , 14 #worldcup #dubai #dubai_investment_parks #germany #fifa2014 #football #afghan #nann #bread #bakery they are supporting Germany football team while baking their Nann (Afghani-bread), (I find it interesting though I’m not a football fan, get this pic on my way back from Deira, dxb downtown to my place in DIP2 )

အဲ့ဒီနေ့ညက ဘောပွဲရှိမှန်း တစ်ကယ်မသိတာပါ…

မြို့ထဲက အပြန် ထုံးစံအတိုင်း အိမ်ကို တန်းရောက်တဲ့ မှတ်တိုင်နဲ့ နီးတဲ့   Bus ၂ဆင့်မစီးပဲ ၊ တစ်ဆင့်တည်း ဖြောင့်ဖြောင့်သွားပေမဲ့ မှတ်တိုင်က နေအိမ်ကို မိနစ် ၂၀လောက် ထပ်သွားရတဲ့ လမ်းကြောင်းက bus ကားကိုစီးခဲ့ပါတယ်၊

ကားပေါ်က ဆင်းပြီး တော့ အိမ်ကို အပြန်လမ်းမှာ လမ်းမကြီးအတိုင်းမပြန်ပဲ အလုပ်သမားတွေ ဆိုင်တန်းတွေရှိတဲ့ ဘက်ကနေ ပတ်ပြန်ပါတယ် ၊လမ်းတွေ လျှောက် ရင်း နဲ့ နံပြားဖို တစ်ခုအနားကို အရောက်မှာ စိတ်ဝင်စားစရာလေးတွေ့ပါတယ် ၊

နံပြား ဖုပ်သမားတွေ အားလုံးဟာ ဂျာမနီ ဘောလုံးအသင်း ဂျာစီကို ဝတ်ထားကြတာတွေ့တော့ ဓာတ်ပုံ ရိုက်ချင်စိတ်ပေါက်လာပါတယ် ၊ ဒါနဲ့ အိတ်ထဲမှာ ပါတာက fuji hs25 bridge လေးရယ် ပြီးတော့ GoPro (ဘယ်သွားသွားသယ်နေကြတွေပါ ) ၊

ဒါနဲ့ low profile ဖြစ်အောင် GoPro နဲ့ရိုက်မယ် ဆိုပြီး သူတို့ကို တတ်သလောက် မှတ်သလောက် အာရေးဘစ် ရော အူရဒူဘာသာနဲ့ကော နှုပ်ဆက်ပြီး လက်ဟန်ခြေဟန့်ကော နဲ့ ခွင့်တောင်းကြည့်ပါတယ် ၊

အင်္ဂလိပ်စကား နည်းနည်း နားလည်ပုံရတဲ့ တစ်ယောက်က သူတို့ဟာ အာဖဂန် နစ္စတန်က ဖြစ်ကြောင်း ၊ ဓာတ်ပုံ ရိုက်ချင်ရိုက်လို့ရကြောင်းပြန်ပြောပါတယ် ၊ပြီးတော့ သူတို့ ပုံအရိုက်ခံဖို့ pose ပေးပါတယ် ၊

ကျွန်တော်က ဓာတ်ပုံ ဆရာလည်းမဟုတ်ပါဘူး

သူစိမ်းတွေကို ဘလိုင်းကြီးမရိုက်ချင်တာမို့ ( တတီတီနဲ့ zoom ဆွဲမရတဲ့go pro နဲ့ရိုက်မှာမို့တစ်ကြောင်း ) ခွင့်တောင်းရိုက်တာ ၊

သူတို့က ဆိုင်ရှေ့မှာ တန်းစီရပ်ပေးတော့ ကိုယ်မှတ်တမ်းတင်ချင်တဲ့ ပုံမျိုးမဟုတ်ပေမဲ့ မိတ်ဖြစ်ဆွေဖြစ် ၁ပုံရိုက်ပါတယ် ၊ ညစာစားပြီးပေမဲ့လည်း ဆိုင်က ရောင်းတဲ့ ပူပူ နွေးနွေး နံပြားလေး ၂ချပ်အားပေးရင်း နောက် ၂ပုံ စုစုပေါင်း ၃ပုံ ရိုက်ဖြစ်ပါတယ် ၊

ပြန်ခါနီး သေချာ နှုပ်ဆက်ပြီး အိမ်ရောက်တော့online ပေါ်မှာ ကမ္ဘာ့ဖလား အကြောင်းပလူပြန်နေတာတွေ့ရပါတယ်၊ အဲ့ဒီအချိန်မှာ ကျွန်တော့ရဲ့ ရှားရှားပါးပါး ရလာတဲ့ camera ထဲက ပုံလေးတွေကို ပြန်ကြည့်တော့ သိပ်မကောင်းလှပေမဲ့

“ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ညမှာ အာဖဂန်နံပြားဖိုက နံပြား ဖုပ်သမားတွေဟာ ဂျာမဏီ အသင်းကို အားပေးကြောင်း” ဆိုပြီး instagram/ facebook မှာ တင်လိုက်ပါတယ် ၊ crop တယ် ၊ အဖြူအမည်း ပြောင်းတယ် ဒီလောက်ပါပဲ။ ( ပုံက candid စစ်စစ်မဟုတ်ပေမဲ့ street ဖြစ်ကောင်းလောက်တယ် လို့ ကွကိုယ် တံဆိပ်တပ်လိုက်ပါတယ် )

ပြီးတော့ သူငယ်ချင်း တစ်ယောက်နဲ့ အဲ့ဒီညမှာ fb PM ကနေ ချက်ရင်း သူပြောတဲ့ အချက်က “:most of the Argentines are Jews,bro” တဲ့

၊အဲ့ဒီမှာ ခေါင်းထဲမှာ လင်းကနဲ တစ်ချက် ဖြစ်သွားပါတယ် ၊

အင်း ဟုတ်သားပဲ ၊
အစ္စရေး နဲ့ ပါလက်စတိုင်း ချနေတယ် ၊ ( အစ္စရေး က ဂျူး လူမျိုးတွေ/ အာဂျင်တိုင်းတွေ ကလည်း တော်တော်များများ ဂျူးပဲ / ကမ္ဘာ့သမိုင်းမှာ ဂျူးတွေကို ဟစ်တလာ သတ်ခဲ့တယ် / အရှေ့အလယ်ပိုင်းက လူတွေက ဂျူးတွေအပေါ် ထားတဲ့ သဘောထား ၊………………………… စတာတွေအတွေးနယ်ချဲ့မိရင်း ကျွန်တော့ရဲ့ street photo လေးကပြောနေတဲ့ ( သို့မဟုတ် ) ကျွန်တော့ဘာကျွန်တော် အဓိပ္ပာယ်ဖော်ယူတွေ့ရှိပြီးနောက် street photography ကို ပိုပြီး ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကြိုက်သွားပါတယ် )

ဒါဟာ တိုက်ဆိုင်မှုလည်း ဖြစ်နိုင်ပါတယ် ၊
ကြိုးကြောင်း ဆင်ခြင်တွေ့ကြည့်ရင် ခုနပြောတဲ့ အခြေခံအကြောင်းရင်းတွေနဲ့ လည်း နေ့စဉ် လူမှုဘဝတွေမှာ တစ်နည်းမဟုတ်တစ်နည်း ဆက်နွယ်နေနိုင်ပါသေးတယ် ၊

ဒီနေရာမှာ ကျွန်တော်ပြောချင်တာက လူမျိုးရေးမုန်းတီးမှုတွေ ၊ ဘာသာရေး စစ်ပွဲတွေ ၊ ဘောပွဲ ရလဒ်တွေ မဟုတ်ပါဘူး ( ကျွန်တော် လူက လူကို လူလို့ပဲ မြင်ပါတယ် အထွေအထူး ပြောစရာမရှိပါ )

ကျွန်တော့ စားမြုံ့ပြန်လိုရင်းက street photography ကို ပိုပြီးချစ်သွားရတဲ့ အကြောင်းပါ …….ဘာလို့ဆိုရင် အဲ့ဒီညက လမ်းပေါ်ကနေ နောက်တစ်ခေါက်ပြန်မရတော့မဲ့ ကျွန်တော့ ဘဝရဲ့ ကျွန်တော်နေထိုင်တဲ့ ကမ္ဘာကြီးနဲ့ ပက်သက်ဆက်စပ်နေတဲ့ အစိတ်အပိုင်းတစ်ခုကို ဖမ်းယူနိုင်လိုက်လို့ ပါပဲ။

10388628_10201431524789383_6379496309578721661_n

“Afghani bakery in DIP1” as seen at the night of World Cup Final 2014, they are supporting Germany football team while baking their Nann (Afghani-bread), (I find it interesting though I’m not a football fan, get this pic on my way back from Deira, dxb downtown to my place in DIP2 ) — at Dubai Investments Park.

…… ( a photograph says a thousand word ဆိုသလို ပုံကို ရှင်းပြစရာမလိုအောင် ရိုက်နိုင်တဲ့ အဆင့်မရှိတဲ့ အတွက် ညံ့တာကို အေးဆေးမနေပဲ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းခြင်းသာဖြစ်ကြောင်း ၊ ….. ဓာတ်ပုံဆရာမဟုတ် ပေမဲ့လည်း ဝါသနာအရ အကောင်တွေ နဲ့ ပတ်ဝန်းကျင်ကို မှတ်တမ်းတင်ဖို့ wildlife နဲ့ street photography တို့ကို ရှိတဲ့ ကင်မလာနဲ့ပဲ ရိုက်သွားဦးမှာ ဖြစ်ကြောင်း ၊ DSLR ရှိမှ ဓာတ်ပုံသင်တန်းတက်လို့ရမယ် ဆိုတာတွေ့တဲ့ အတွက် တေလေငပေ ကျွန်တော်ဟာ DSLR ဝယ်ဖို့ အစီအစဉ်မရှိ ပေမဲ့ ရှိတာနဲ့ ရိုက်မှာဖြစ်ကြောင်း…………….. ဒါပါပဲ ။ )

Advertisements
This entry was posted in Essay and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s