ခါကာဘို ရဲ့ သဘာဝခေါ်သံကို နားဆင်ဖို့

ခါကာဘိုအကြောင်းအသေးစိတ်ရေးဖို့ဒီတစ်ခါ ဘယ်လိုမှအချိန်မရလို့….

တောင်တစ်ဝိုက် weather report ကို မနေ့ညကကြည့်ဖြစ်တယ်
စိတ် လှုပ်ရှားတယ်…….စိတ်ထဲစိုးရိမ်မိတာလေးတွေတော့ ရေးပါရစေခင်ဗျာ

(အရင်တစ်ခေါက်ကတော့ ခပ်ရှည်ရှည်ရေးခဲ့ပါတယ် ဆိုတဲ့ ခုသွားဖို့စိုင်းပြင်းနေတဲ့ တောင်တက်ခရီးအကြောင်း “ခါကာဘို ရဲ့ သဘာဝခေါ်သံ”  ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးခဲ့ပါတယ် https://climberdoelone.wordpress.com/2014/06/06/%E1%80%81%E1%80%AB%E1%80%80%E1%80%AC%E1%80%98%E1%80%AD%E1%80%AF-%E1%80%9B%E1%80%B2%E1%80%B7-%E1%80%9E%E1%80%98%E1%80%AC%E1%80%9D%E1%80%B1%E1%80%81%E1%81%9A%E1%80%9E%E1%80%B6/ )

10566494_10201474651907534_711629322_n

.weather report ကြည့်ရင်း တောင်ပေါ်မှာ ရေခဲမှတ်အောက်-6’C ပြနေတယ် ဒါကတော့ ပုံမှန်ပါပဲ ၊ ဒါပေမဲ့ တိမ်တွေများတယ်ဆိုတော့ တောင်ပေါ်အမြင့်ပိုင်းရောက်လေလေ မနက်ဘယ်အချိန်မှာ နေပွင့်မယ် ဘယ်တော့မှောင်သွားမယ် ၊ ရာသီဥတု ရုတ်တရက်အပြောင်းအလဲဘာမှမပြောနိုင်ဘူး …..တောင်တက်တဲ့အခါ. နေဝင်နေထွက်ချိန်တွေသိထားတာလည်း အားသာချက်ပါပဲ

ဒီ website ကလည်း kkbo area ရဲ့ weather ကို သိပ်အတိအကျကြီး report မလုပ်ထားဘူး ( open source ကိုး) ဘာ မှမရတာထက် တော်ရုံပဲရှိတယ် ၊ ရာသီဥတုနဲ့ ၊ နှင်းအပျော့အမာ ၊ snow condition , wind chill တွေကတော့ ကံစီမံရာပေါ့ ၊တောင်ပေါ် ဂေဟ စနစ် သဘာဝရဲ့ စေစားရာကို ကျွန်တော်တို့မှ ပြုပြင်စီမံပြောင်းလဲလိုက်လို့မရတာပဲကိုး ၊

ပြီးတော့ အိုဇာကီ ၉၆ ကတက်ခဲ့တဲ့ ပုံတွေပြန် ကြည့်ရင်း အဖွဲ့မှာ aluminium ladder ပါရဲ့လား ၊ trad gear rack / snow picket တွေလောက်ပါ့မလား ( rock pro/ snow pro ) တွေစုံရဲ့လား …..
တောင်ပေါ်ကိုတက်မဲ့ သူ ၅ယောက်(သို့) ၆ရောက်ကို Rope Team ဘယ်နှစ်ခု ခွဲမှာလဲ……….. ပြီးတော့ Static Rope လုံလုံလောက်လောက် တောင်ပေါ်ကို သယ်သွားဖြစ်မှာလား ဆိုတာတွေ စတဲ့ climbing gear အပိုင်းကိုလည်း ပြင်ဆင်နိုင်မှုအပိုင်း စိုးရိမ်မိပါတယ် ။

သိတဲ့အတိုင်း ကျွန်တော်တို့ မြန်မာပြည်မှာ တောင်တက်သမားတွေကို emergency evacuate လုပ်ဖို့ (Search & Rescue team ) မရှိသေးပါဘူး ၊

ဒီတော့ အားလုံး ကံကောင်း ထောက်မ ဘေးမသီ ရန်မခဖို့သာ ဆုတောင်း လို့နေရမှာပါ။

ကျွန်တော်အပါအဝင် တက္ကသိုလ်တောင်တက်သမားတွေကို “မလိုအပ်ဖဲ မစွန့်စားနဲ့ ” ဆိုတဲ့ အဆုံးအမကို တောင်တက်က ဆရာမျိုးက သွန်သင်ခဲ့ပြီးသားပါ ၊

ဒီတစ်ခါတော့ ခါကာဘို တောင်ထိပ်ကို တက်ဖို့ရည်မှန်းတဲ့အတွက် လိုအပ်လာပြီဖြစ်လို့ စွန့်စားမှုတွေ ကို လုပ်ရတော့မှာ အားလုံးအသိပါ၊

( Trad climbing E4 ) လောက်ရှိတဲ့ ကျောက်နံရံအတားအဆီးတွေရှိတယ် ၊

အောက်ကိုမမြင်ရတဲ့ ရေခဲပက်ကြားအပ် crevasse ရေခဲချောက်ကြီးတွေရှိမယ်၊

တောင်ပေါ်အမြင့်ကို တက်ကြတဲ့အခါ တောင်တက်အဖွဲ့ဝင်တွေ မဖျားမနာကြဖို့လည်းအရေးကြီးပါတယ် …့ တောင်ပေါ်မြင့်လာရင် AMS ( acute mountain sickness ) ဆိုတဲ့ ခေါင်းကိုက်တာ မူးဝေအော့အံ အားနည်းတာ ဖြစ်တက်ပါတယ် ၊ အဲ့ဒီ AMS ထက် ပိုကြောက်စရာကောင်းပြီး တောင်တက်သမားတွေ သတိမူရမဲ့ အရေးကြီးဆုံးအချက်က SUMMIT FEVER ပါပဲ၊

SUMMIT FEVER က AMS လောက်မသိသာပေမဲ့ AMS ထက်အန္တရယ်ကြီးကြီးပေးလာနိုင်ပါတယ် ၊

” တောင်ထိပ်ရောက်လိုဇော လို့ဘာသာပြန်လိုက်ပါမယ်” ၊

ဇောကပ်နေတာ ၊ ခေါင်းမာတာ ၊ လူမှုနယ်ပယ်က မမြင်နိုင်တဲ့ ဖိအား (social /media pressure တောင်အောက်က လူတွေ၊ ဖိအား ) စတာတွေပါဝင်ပါတယ် ၊

Summit Fever နဲ့ အတူ ပါလာနိုင်တဲ့ ဆိုးကျိုးတွေ ရှိတတ်ပါတယ် ဆုံးဖြတ်ချက်အလျင်စလိုချလိုက်တာ ၊ အကဲဖြတ်ချက် လောတာ ၊ အရမ်းပြတ်သားမိတာ တွေကနေ ( Judgment & Decision Making ) အမှားတစ်ချက် အဖြစ် ပြောင်းလဲသွားစေနိုင်ပါတယ် ၊

ရာသီဥတုweather window မျက်နှာသာမပေးဘူးဆိုပါစို့
လိုအပ်တဲ့ climbing gear မ လောက်ငတော့တဲ့ အခါကြုံပြီးဆိုပါတော့
အဲ့ဒီလို အခြေအနေမှာ အရဲကိုးပြီးတာင်ထိပ်ကိုရောက်အောင်တက်နိုင် မဲ့ အလားအလာတွေရှိတက်ပါတယ် ၊ ( တစ်ချို့လည်း မမှုပဲ risk ယူပြီး တက်ကြပါတယ် )

(  တောင်တက်တယ်ဆိုကတည်းက risk ယူကြတာပါ ၊ ဒါပေမဲ့ unnecessary risk မဖြစ်ဖို့ team capability ထက်လွန်တဲ့ hazard မဖြစ်ဖို့ ပါ )
အန္တရယ်ပိုများတဲ့ ပြန်အဆင်းကို တွက်ဖို့ ရာလိုပါမယ် ၊

ကျွန်တော်ပြောချင်တာတော့ တောင်ထိပ်ကို အရောက်တက်မယ် ဆိုတဲ့ ရည်မှန်းချက်ထားပါ ၊ ဒါပေမဲ့ တောင်ထိပ်ကို ရောက်ကိုရောက်ရမှဖြစ်မယ်   ဆိုတဲ့ ဖိအားမထားမိဖို့ပါပဲ၊

တောင်ပေါ်မှာ တစ်ချက်အမှားမခံပါဘူး ၊ အထူးသဖြင့်မြန်မာပြည်နဲ့ အရှေ့တောင်အာရှရဲ့ ခေါင်မိုးစွန်း ခရစ်ယာန်ဘုရားရှိခိုးကျောင်းတော်လို ချွန်မြနေတဲ့ ရေခဲတောင်ကြီး ခါကာဘို မှာ

သဘာဝခေါ်သံ ဆိုတဲ့အတိုင်း တောင်တက်အဖွဲ့ဟာ
တောင်တွေရဲ့ အသံကို နားထောင်ဖို့ တောင်တက်သမား ကိုယ်စီရဲ့ အသံကို နားထောင်ဖို့ လိုပါမယ် ၊

ရာသီဥတု နဲ့ တောင်တက်အဖွဲ့ရဲ့ ရုပ်ဝတ္ထုပိုင်း (climbing equipment / alpine gear စသည် ) ကို အားမရပေမဲ့ ၊ သူတို့ရဲ့ စိတ်အားထက်သန်မှုနဲ့ မဖြစ်မနေကြိုးစားလိုမှု စတာတွေ ကိုအားရမိပါတယ်

ခါကာဘို အောင်နိုင်ရေး ဆုတောင်းပေးပါတယ်

10564856_10201474651947535_654615417_n

23 July to 29 July Weather Report for KKB source:worldweather.com

10578415_10201474651867533_1915802129_n

221565_3101071425078_928414164_o

Topo Map of Mt. Hka Ka Bo Razi / Rock Type : Granite 5881 meters / UTM : 47 R 0356 750 E / 3134 150 N Copyright & Published by Ministry of Agri & Irra under Survey Dept. First Edition :2008. , Scale = 1:50,000 , Contor interval 20meters Complied 1:50,000 aerial foto (taken Dec03 to Mar04) Field completion done 2005./ UTM Zone: 47 / Spheroid :Everest1830 Projection : Universal Transverse Mercator Vertical Datum : MSL @ Kyaikkhami Horizontal Datum : MM datum 200

528700_3101040704310_171729802_n

Sketch Map from BASE CAMP to the SUMMIT of KKBO by U Hla Htay..

616817_3101209988542_718036964_o

Aerial Route Map for KKBO Base Camp to Summit Climbing , Camp to Camp . Route Map Route Info regenerated from Sketch Map route of U Hla Htay

553655_3101209148521_1319565485_n

Base Camp to Summit Climbing , Camp to Camp . Route Map Route Info in 3D regenerated from Sketch Map route of U Hla Htay Credit & Source (GoogleEarth & U Hla Htay )

Crevasse နည်းနည်းရှောင်လို့ ရမည့် ခါကာဘို North Face direct ကနေတက်မယ်ဆိုရင် (အနည်းဆုံး) ပေါင် ၂၀ လောက်လေးတဲ့ Trad Rack တောင်တက်ဂီယာလိုပါမယ် ပြီးတော့ ပြန်အဆင်းက north face ကနေပြန်ဆင်းဖို့ မဖြစ်နိုင်ဘူး ဒီတော့ တစ်ခြား ကနေပြန်ဆင်းရင် crevasse တွေကြုံလာနိုင်ဖွယ်ရာရှိတဲ့ အတွက် ကြိုတင်ပြင်ဆင်ရမှာပါ

ပြောခဲ့သလို gear အလေးကြီးတွေ တောင် ပေါ်တက်ရင်သယ်ရတော့မယ် summit team ကို လမ်းတလျောက် ကျောပိုးအိတ် ပေါ့ပေါ့ပါးပါးနဲ့ထားဖို့ အအိပ်အစားကောင်းနေဖို့ fit ဖြစ်နေဖို့ support crew လိုပါမယ် ဖြစ်နိုင်ရင် တောင်ပေါ် camp တွေအထိ အထမ်းသုံး ရိက္ခာပုံပြီး summit team တောင်တက်သမားတွေရဲ့ energy conservation ကိုလုပ်ပေးနိုင်ရင်အောင်မြင်ဖို့ ရာနှုန်းများပါမယ် (total expedition member ၈ ယောက် team ဆိုတော့ backup/second summit team crew ထားဖို့ ခက်နိုင်ပါတယ် )

summit အဆင်း လမ်းကြောင်းနဲ့ ပြန်အဆင်း safety ကိုပိုပြီးရင်ခုံပါတယ်

10565229_894989903848916_1018217016703297930_n

သတိပေးခြင်း ကချင်ပြည်နယ်၊ ပူတာအိုအနီးအနားကတောင်ကုန်းတွေပေါ်မှာ မြေပြိုမှုအလားအလာတွေဖြစ်ပေါ်နေပါတယ်။ Landslide Potentials are High near Putao 27-7-2014 10:06 am Minn Thu · Friends with Toot Pee and 8 others ဆရာခင်ဗျား ခါကာဘိုရာဇီတောင် ပါတ်ဝန်းကျင်ရဲ့ ရာသီဥတုကို နောက်လမှစ၍ သိလိုပါသည်ခင်ဗျား ။ ကျွန်တော်တို့သူငယ်ချင်းများသည်ခါကာဘိုတောင်အားတတ်ရောက်မည် ဖြစ်ပါသော ကြောင့်သူတို့၏ ခရီးလမ်း အောင်မြင်စေရန် ကျွန်တော်များသူငယ်ချင်းများမှ ရာသီဥတု အခြေအနေကို သိလိုပါသည်ခင်ဗျား။ ဦးလေး ကျမ်းမာပါစေ။ သြဂုတ်လဆန်းပိုင်းမှာ ကချင်ပြည်နယ်၊ ခါကာဗိုရာဇီတောင်ကို တက်ရောက်ကြမယ့် မြန်မာ့ဂုဏ်ဆောင် ခြေလျင်နဲ့တောင်တက်အဖွဲ့ဝင်တွေ ဘေးကင်းကြစေဖို့ပါ။ Why do men climb mountains? Because the mountains are there. Maurice Herzog The Story of Annapura. ဒေါက်တာထွန်းလွင် MCCW

ဆရာဦးထွန်းလွင်ပြောသလိုဆို KKbo တောင်ပေါ်မတက်ခင် base camp approach hike တောင်ခြေချဉ်းကပ်လမ်း တဟောင်ဒမ်းလမ်း မှာတင် landslide နဲ့ ခက်မဲ့ပုံပဲ ၊ မိုးတွင်းမှာ ခါကာအဖွဲ့ ဘေးကင်းဖို့ ဆုတောင်းရုံသာ ရှိတော့တာပါပဲ ။

Advertisements
This entry was posted in Climbing, Fact, Hkakaborazi, Mountaineering, Trip Forecast, Weather and tagged , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s