ခါကာဘို တောင်ထိပ် မဝေးတော့ပါ

ခါကာဘို တောင်ထိပ်မဝေးတော့ပါ ……..

( စာမရေး ပုံမတင်တာကြာပေမဲ့ ဒီနေ့တော့ အံ့အားသင့်စရာတွေကို တွေ့မိတာရယ် ၊
အသိမိတ်ဆွေတွေကို ပြောပြချင်တာရယ်ကြောင့်ရေးလိုက်ပါဦးမယ် )

လတ်တလော ရင်ကိုအလှုပ်ခတ်နိုင်ဆုံး ဖြစ်တဲ့ ခါကာဘို တောင်တက်သတင်းပါ ၊( သဘာဝခေါ်သံ တောင်တက်အသင်းက ခါကာဘိုတက်နေကြတဲ့ တောင်တက်အဖွဲ့ ,  ရာသီဥတု ဘာညာစတာတွေ စိတ်တွေပူနေမိတာ…. အစိုးရိမ်ကြီးနေမိတာမို့ ပါ )

ခါကာဘိုရာဇီတောင်မြင့်ကြီးက မီတာ ၅၈၀၀ ကျော်မှာပါ ၊

တောင်တက်အဖွဲ့က မီတာ ၄၈၀၀ကိုရောက်ရှိလို့နေပါပြီ
တစ်ကယ်မဝေးတော့ပါ

တောင်ထိပ်ရောက်ရန် အမြင့်မီတာ ၁၀၀၀ ခရီးအတွက် ဝိုင်းဝန်း ဆုတောင်းပေးကြနိုင်စေရန်အလို့ငှါ
အန္တရယ်ကင်းဖို့ မေတ္တာအားကူရန် အတွက်တာ၊ တစ်နည်း တောင်တက်အဖွဲ့အောင်မြင်မှုကို ပိုမိုလေးနက်ဂုဏ်ယူနိုင်ရန်အလို့ငှါရေးပါတယ်၊လက်ရှိအခြေအနေကို အဝေးကနေ လှမ်းမြော်ရေးရတဲ့အတွက် ၁၀၀% အတိအကျမှန်ချင်မှမှန်မှာဖြစ်ပေမဲ့ အပိုချဲ့ကား ရေးတာလည်းမဟုတ်ဘူးဆိုတာပါပဲ

(မကြာသေးခင်တုံးကတော့ဒီ တောင်တက်ခရီးအကြောင်း “ခါကာဘို ရဲ့ သဘာဝခေါ်သံ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ခပ်ရှည်ရှည်ရေးခဲ့ပါတယ် https://climberdoelone.wordpress.com/2014/06/06/ခါကာဘို-ရဲ့-သဘာဝခေါ်သံ/ ) https://climberdoelone.wordpress.com/2014/07/24/%E1%80%81%E1%80%AB%E1%80%80%E1%80%AC%E1%80%98%E1%80%AD%E1%80%AF-%E1%80%9B%E1%80%B2%E1%80%B7-%E1%80%A1%E1%80%9E%E1%80%B6%E1%80%80%E1%80%AD%E1%80%AF-%E1%80%94%E1%80%AC%E1%80%B8%E1%80%B1%E1%80%91/

ooooo

လက်ရှိ တောင်တက်အဖွဲ့တက်ရောက်နေတဲ့ HkBo North Face မြောက်မျက်နှာစာ တောင်ပေါ်စခန်း ခန့်မှန်းနေရာ လမ်းကြောင်းလည်း ခန့်မှန်းခြေအရပဲ ( အစိမ်းရောင်နဲ့ လမ်းကြောင်းက rock/ice climbing တွေများမယ် harzard နည်းတယ် ) အပြာရောင် လမ်းကြောင်းက ရေခဲထဲတော်တော်ရုန်းရမယ် ရာသီဥတုမကောင်းရင် လမ်းရှာဖို့ navigate လုပ်ဖို့ခက်မယ် ) ရေခဲတောင်ပြို ကျနိုင်တဲ့ နေရာတွေကို အနီရောင်ပြထားပါတယ် ။ Photo Courtesy of ION ( Invitation of Nature သဘာဝခေါ်သံ ဖောင်ဒေးရှင်း 2012 ခါကာဘို base camp ခရီး စဉ် ) Photography Credit to AMM

ပြောရရင် မနေ့က တောင်တက်အဖွဲ့ရဲ့ တည်နေရာပြ သတင်းပို့တဲ့ (Spot – Location Device) စက်ကနေ message ပို့တာက ၂၁ရက်နေ့ နေ့စွဲနဲ့ အခြေခံစခန်း Base Camp မီတာ ၄၀၂၀ နီးပါး

10543571_10201618925314279_3923062917039105397_o

တောင်တက်အဖွဲ့ရဲ့ တည်နေရာပြ သီတင်းပို့တဲ့ (Spot – Location Device) စက်ဆိုတာဘာလဲဆိုရင် သူက ကမ္ဘာလုံးဆိုင်ရာ တည်နေရပြစနစ် (GPS -system) ကိုအသုံးပြုထားတဲ့ location/tracking လမ်းကြောင်း/တည်နေရာပြတဲ့စက်ကလေးပါ ……ကမ္ဘာကို ပတ်နေတဲ့ ဂြိုဟ်တုတွေထဲက Globalstar satellite ဆိုတဲ့ ဂြိုဟ်တုကနေတဆင့် စာသားတို/သတင်းစကား စတဲ့ short message လေးတွေကို ထုတ်လွှတ်ပေးတဲ့ စက်ကိရိယာဖြစ်ပါတယ်။

( Base Camp မှာ ၁၈/၁၉/၂၀/၂၁ ၄ရက်လောက်ပြင်ဆင်ထားတာကို Spot Device ကပေးတဲ့ location update အရသိရပါတယ် …… တောင်ပေါ်မှားပါးလွှာလာပြီဖြစ်တဲ့လထုနဲ့ အသားကျအောင် ( acclimatization )ေ လေးရက်လောက်နေထားတဲ့အတွက် တောင်တက်အဖွဲ့ဝင်တွေ အမြင့်ပေကြောင့်ဖျားနာတာ Altitude Sickness စသည်မဖြစ်နိုင်ဘူး လို့ခန့်မှန်းနိုင်ပါတယ် )

၂၂ရက်နေ့မှာတော့ တောင်တက်အဖွဲ့ဟာ အမြင့်ပေ မီတာ ၄၈၀၀ကို ရောက်နေတဲ့အကြောင်း Spot Device ကနေ location update ပို့လာတယ် ၊

10632753_10201618924594261_2014101915891032739_n
တစ်ရက်ထဲမှာ မီတာ ၈၀၀ /ပေ၂၆၀၀ကျော်လောက်တက်တာဟာ တောင်တက်အဖွဲ့တွေအတွက်သာမန်ပဲလို့ထင်ရပေမဲ့ ( device location map link ) ကိုကြည့်လိုက်တော့ ကျွန်တော် မျက်လုံးပြူးသွားတယ် ၊ ဘာလို့လဲဆိုတော့ အခြေခံစခန်းကနေလာတဲ့လားရာအတိုင်းဆိုရင် တောင်ရဲ့ မြောက်ဖက်မျက်နှာစာဘက်ကို တက်နေကြတာကိုတွေ့ရလို့ပါပဲ ၊( အခြေခံစခန်း ပေ ၁၃၀၀၀ကျော်ကနေ တောင်ပေါ်စခန်း ပေ၁၅၇၀၀ ကျော်ကို တက်သွားတာဟာ သာမန်အားဖြင့် တစ်ရက်တည်းမှာ  လောလောဆယ်အထိကတော့ ကွန်တိုအစိပ်ကြီးမဟုတ်ပေမဲ့ မတ်စောက်တဲ့ သဘာဝအနေအထားမှာ ပေ ၂၆၀၀ကျော် ဆီးနှင်းနဲ့ ကျောက်သား အခက်အခဲကို တစ်ရက်တည်းနဲ့ ကျော်နင်းခဲ့တာကိုကြည့်ရင် တောင်တက်အဖွဲ့ရဲ့ အပတ်တကုပ် ကြိုးပမ်းမှူကိုတွေ့ရပါတယ်…….  )

10582819_10201618925394281_6902295607451157006_o

ခါကာဘိုတောင်တက်အဖွဲ့ရဲ့ facebook page ( The Invitation of Nature) က တင်ထားတဲ့ အဖွဲ့ရောက်ရှိ GoogleMap ပုံများ …. မူရင်းLink:https://www.facebook.com/theinvitationofnature/posts/747357461995487

နောက်နေ့ တွေမှာSpot Device  ကပေးမဲ့ location update  တွေဟာပိုပြီးစိတ်လှုပ်ရှားစရာကောင်းလာပါပြီ

ယခုရောက်ရှိရာ တောင်ပေါ် စခန်း မီတာ၄၈၀၀ကနေအထက်အမြင့်ကို ထက်တက်တဲ့နှုန်းဟာလည်း အရေးကြီးပါတယ်

( အမြင့်ပေနဲ့ လေထုဖိအားပြောင်းပြန်အချိုးကျပါတယ် ပင်လယ်ရေမျက်နှာပြင်ထက်အမြင့်ပေများလေ လေထုဖိအား လျော့နည်းလေ  ၊လေထုဖိအားနည်းလေလေ တောင်ပေါ်လေထုထဲမှာ ပါဝင်တဲ့ အောက်စီဂျင်ပြီမာဏ လျော့နည်းပါးလွှာလေလေ ) ၊

တောင်ပေါ်အမြင့်ပိုင်းမှာ ရုတ်ချည်းအမြင့်ပေများစွာပြောင်းလဲမှုဖြစ်သွားတာ အမြင့်ပေအပြောင်းအလဲဖြေးဖြေးချင်းတိုင်းကို  လူ့ အသက်ရှုစနစ်က  လေထုနဲ့ အသားကျအလိုက်သင့်ဖြစ်ဖို့ သဘာဝအတိုင်းတုံ့ပြန်ပါတယ် ( acclimatization လို့ခေါ်ပါတယ်)

(အမြင့်ကြီးကို အချိန်တိုအတွင်းတက်လိုက်တာကို တော့ ခံနိုင်ရည်အားနည်းပါတယ် အဲ့ဒီလို အမြင့်ပေ ရုတ်ချည်းအပြောင်းအလဲမှာ ခေါင်းကိုက်တာ ၊ ပျို့အန်ချင်တာ ၊ မောပန်းလွယ်တာ ၊အိပ်လို့မပျော်နိုင်တော့တာ ၊အစားအစာမဝင်တာစတဲ့  AMS (Acute Mountain Sickness ) လက္ခဏာတွေပြတတ်ပါတယ်  အခုရောက်ရှိနေတဲ့အမြင့်ဟာ  အန္တရယ်ဇုန်အတွင်းမှာပါ (မီတာ ၃၅၀၀အမြင့်ကနေ မီတာ ၅၅၀၀ ကို အလွန့်မြင့်တဲ့ 3,500 to 5,500 metres  Very high altitude: အနေနဲ့သတ်မှတ်ပါတယ် အဲ့ဒီဇုန်မှာ Hypoxemia ဆိုတဲ့ အောက်စီဂျင်မလုံလောက်တဲ့ ဝေဒနာ ဒီထက်ဆိုးရင် HAPE ( High Altitude Pulmonar Edema )/ HACE ( High Altitude Cerabral Edema)  စတဲ့ အထိဖြစ်နိုင်ပါတယ် ၊

အမြင့်၅၅၀၀မီတာအထက်ပိုင်းမှာရှိတဲ့  ဇုန်ကိုတော့ Extreme altitude: above 5,500 metres ၊ အလွန်အမင်းမြင့်တယ်လို့သက်မှတ်ပါတယ် ခါကာဘို တောင်ထိပ်ဇုန်ဟာ ၅၈၀၀ မီတာအထက်မှာမို့ ဒါတွေကိုရေးတာဖြစ်ပေမဲ့ တောင်တက်အဖွဲ့ဟာ လေ့ကျင့်မှူအားကောင်းတာမို့ ဒီအခက်အခဲတွေကို ကျော်နင်းနိုင်မှာပါ။


တောင်တက်လမ်းကြောင်း

  • ကြည့်ရတာတော့ မြောက်ဖက်ကနေ အရှေ့ဖက်ကို နည်းနည်းစွေ သွားမဲ့ စိုင်တမော့တက်တဲ့ လမ်းကြောင်းဟာ ဖြစ်နိုင်ခြေအရှိဆုံးလမ်းကြောင်းပါ ၊သူက ကွန်တိုအရမ်းမစိပ်ဘူး ဒါပေမဲ့ အပေါ်က တောင်နှာမောင်းတောက်ရှောက်မှာ အမြဲခဲနေတဲ့ ဘယ်အချိန်ပြိုကျမယ်မှန်းမသိတဲ့ ရေခဲတွေရှိနေတယ် ၊ ရုတ်တရက်ရေခဲပြိုကျတဲ့ အန္တရာယ် (Avalanche) ရန်ရှိပါတယ် ၊
  •  မြေပုံနဲ့ ကွန်တိုတွေအရ လွယ်တယ်ထင်ရတဲ့ ကွန်တိုခပ်ကြဲကြဲ  အရှေ့မြောက်ဖက်လမ်းမကနေ အဖွဲ့ရဲ့ ဦးတည်ရာဟာသွေဖီလာတာကိုတွေ့ရပါတယ် ၊ အဲ့ဒီလမ်းက လက်ရှိအဖွဲ့တက်လို့ရမဲ့ ခါကာဘိုရာဇီ တောင်ထိပ်အပါအဝင်တောင်ကြောကြီးရဲ့ မြောက်ဘက်အပိုင်းကနေ ဖြစ်နိုင်ခြေရှိတဲ့ လမ်းသွယ်တွေထဲကမှ အလွယ်ဆုံးလို့ ကျွန်တော်တို့ကပြောလို့ အဲ့ဒီ ခါကာ အရှေ့မြောက်မျတ်နှာစာလမ်းကြောင်းကိုလည်း လျှော့တွက်ရင်မှားပါမယ် ၊ လုံးဝပေါ့လို့မရပါဘူး၊ လမ်းတောက်လျှောက်မှာ တောင်ရဲ့မြင့်ရာကနိမ့်ရာဖက်ကို မသိမမသာရွေ့နေတဲ့ (Glacier) ဂလေဆီယာလို့ခေါ်တဲ့ ရေခဲမြစ်ကြီးတွေပေါ်ကနေ ရက်ပေါင်းများစွာ ဖြတ်ကျော်သွားလာရမှာပါ၊ (Crevasse ) ရေခဲချောက်တွေဟာ မနက်ပိုင်းနင်းသွားတုံးက ၃ ပေ ၄ပေ ပဲရှိပေမဲ့ ပြန်အဆင်း ညနေပိုင်းမှာ အဲ့ဒီချောက်က ၁၀ပေ ၁၅ပေလောက်ထိဖြစ်သွားတဲ့အကြောင်းကို ၁၉၉၆ ခါကာဘို မှတ်တမ်းစာအုပ်ထဲက သင်ခန်းစာကို မှတ်သားဖို့လိုပါတယ် ၊ အပြင်မှာလည်း ဒီအတိုင်းပါပဲ ၊ ရေခဲချောက်တွေဘယ်လောက်နက်သလဲဆို တစ်ချို့ဆို အောက်ကိုတောင်မှမမြင်ရပါဘူး ၊ဒီတော့ ခါကာဘိုတက်တဲ့ ဘယ်လမ်းကြောင်းမှမလွယ်တဲ့အကြောင်းကို အသိပေးလိုတာပါ။
  • ခါကာဘိုရဲ့ မြောက်အရပ်မျက်နှာစာကတောင်တက်လမ်းက တိုတယ် မတ်တယ် ပြီးတော့ ခက်တယ် ၊ဒီတော့ မြောက်ဖက် မျက်နှာစာကနေ တိုက်ရိုက် စိုက်လိုက်မတ်တပ် ကျောက်ထရန် ရေခဲနံရံတွေနဲ့ လမ်းကိုရွေးထားပြီဆိုရင်တော့ ကျွန်တော်ဒီကနေ ဘုရားပေါင်းစုံတပြီး abracadabra ကစလို့ ဘုရားစာအကုန်ရွတ်နေမှာပါ

 ရာသီဥတု 

mtn map

1924383_10201618925434282_1723856440949778767_n

၂၂ သောကြာနေ့ကနေ ၂၇ ဗုဒ္ဓဟူးနေ့ အထိ ခါကာဘို area weather report တောင်ပေါ် မီတာ ၅၀၀၀ က ဖြစ်နိုင်ခြေရှိတဲ့ မိုးလေဝသခန့်မှန်းချက်

တောင်တက်အဖွဲ့က အမြင့်ပေ မီတာ ၄၈၀၀ ရောက်နေပြီဖြစ်လို့ ခါကာဘို area weather report တောင်ပေါ်မှ မီတာ ၅၀၀၀ က ဖြစ်နိုင်ခြေရှိတဲ့ မိုးလေဝသခန့်မှန်းချက်ကို ကြည့်ပါတယ်
( website က open source ဆိုတော့ kkbo area ရဲ့ weather ကို သိပ်အတိအကျကြီး report မလုပ်ထားဘူး ဘာ မှမရတာထက် တော်ရုံပဲရှိတယ် ရေးထားတာက ဒီနှစ်ရက်အတွင်း မိုးရွာမယ် နှင်းကျမယ် စနေနေ့မှာနှင်းအကျများမယ် ၊နောက်၃ရက်ကနေ ၆ရက်အတွင်းမှာ မိုးပိုများလာမယ် လာမည့် တနင်္လာနေ့ ကနေ ဗုဒ္ဓဟူးနေ့တွေမှာ မိုးကျတာ ဆီးနှင်းကျတာပိုများလာပေမဲ့ လေတိုက်နှုန်း လျော့မှာဖြစ်တဲ့အတွက် မဆိုးလှပါ ။

10447665_10201618925354280_315663764106261655_n

၂၂ သောကြာနေ့ကနေ ၂၇ ဗုဒ္ဓဟူးနေ့ အထိ ခါကာဘို area weather report တောင်ပေါ် မီတာ ၅၀၀၀ က ဖြစ်နိုင်ခြေရှိတဲ့ မိုးလေဝသခန့်မှန်းချက်

အပူချိန်က မိုးတွင်းဖြစ်တဲ့အတွက်ကြောင့် ဆောင်းတွင်းလောက်တအားကြီးမအေးပေမဲ့ ရေခဲမှတ်အောက်-3′C လောက်ရှိမှာပါ ဒါကတော့ ပုံမှန်ပါပဲ ၊….. တိမ်တွေများတယ် မနက်ဘယ်အချိန်မှာ နေပွင့်မယ် ဘယ်တော့မှောင်သွားမယ် အမြင့်ပိုင်းရောက်လေ ပြောရခက်လာမယ် ၊ ရာသီဥတု ရုတ်တရက်အပြောင်းအလဲဘာမှမပြောနိုင်ဘူး ….. မြောက်ဘက်ခြမ်းက တောင်ရဲ့အရိပ်ကျနေလို့ တစ်နေ့လုံး ပိုအေးဖွယ်ရာရှိတယ် ရာသီဥတုနဲ့ ၊ နှင်းအပျော့အမာ ၊ snow condition , wind chill တွေ က အရမ်းအဆိုးဘက်မှာမရှိတဲ့အတွက် ရာသီဥတု က အားကစားသမားအကြိုက်မဟုတ်သော်လည်း အန္တရယ်အငွေ့အသက်မရမိပါ၊ အရမ်းအေး အရမ်းပူ အရမ်းမိုးရွာစတဲ့ ၊တောင်ပေါ် ဂေဟ စနစ် မှာတစ်ခုခုက မျှခြေမဟုတ်တော့ပဲ (extreme weather pattern )  လွန်လွန်ကဲကဲဖြစ်လာရင်တော့ ရေခဲပြိုကျတဲ့ (Avalanche) အန္တရယ်ရှိနိုင်ပါတယ် ၊ ပုံမှန် မိုးရွာ နှင်းကျ ပြီးနောက် နေပြန်သာတဲ့ အခြေအနေမှာ အထူးမစိုးရိမ်ရပါ

1924366_10201618924554260_1617733410307989015_n

တောင်ခြေမှာ ကျန်ခဲ့တဲ့ နောက်ချန် အဖွဲ့တွေကတော့ မိုးအေးအေးနဲ့ စောင့်မြော်ရကိန်းရှိပါတယ် သူတို့အတွက် တောင်ရဲ့ မီတာ၄၀၀၀နဲ့ ၃၀၀၀ကြားက မိုးလေဝသခန့်မှန်းချက်အရတော့ မိုးက သီကြီးမဲကြီး ဒီရက်ပိုင်းရွာနိုင်ပါတယ်တဲ့ ။


saya

၂၀၁၂ခုနှစ် သဘာဝခေါ်သံ တောင်တက်အဖွဲ့ ခါကာဘို ရှေ့ပြေးခရီးစဉ်မှာ အဖွဲ့ခေါင်းဆောင် ဆရာဦးမျိုးသန့်ကိုယ်တိုင် လိုက်ပါခဲ့ပါတယ် ။ အနှစ်နှစ်အလလက တောင်တက်ဒဏ်ပိထားတဲ့ ဒူး ဒဏ်ရာကိုမမှုပဲ ပင်စင်ယူပြီး အသက် ၆၂ နှစ်ကျော်မှာ ခရီးကြမ်းသွားတာဖြစ်တဲ့အတွက် ဆရာမျိုးဟာ လမ်းခရီးဒဏ်ကို အခြားသော တောင်တက်သမားတွေထက်ပိုခံခဲ့ရပါတယ် သစ်ကိုင်းကိုချိုင်းထောက်လုပ်ပြီး ငါဝါရွာအထိ တောင်တက်အဖွဲ့ကို ဦးဆောင်ခဲ့ပါတယ် ၊ ယခု ၂၀၁၄ ဩဂုတ်လ တောင်တက်ခရီးစဉ်ရဲ့ ဆရာမျိုးဟာ ရန်ကုန်ကနေ ခါကာဘိုတောင်တက်သမားတွေအတွက် ဘေးမသီရန်မခဖို့ ဆုတောင်းနေမှာ မှာမလွဲပါ

ခါကာဘိုရာဇီ တောင်ထိပ်ကို ဒုတိယမ္ပိ ခြေချနိုင်မှာလားဆိုတာ ….

ဒီ၅ရက်အတွင်းမှာ အဖြေထွက်မှာပါ ၊

ကျွန်တော့အနေနဲ့ကတော့ တောင်ထိပ်ရောက်ဖို့ အလားအလာ တော်တော်ကြီးရှိတယ်လို့သုံးသပ်ပါတယ်

သိသလောက်တော့ ကိုနံပြား ကိုမျိုးညွန့် ဇော်ခိုင် နဲ့  ကို summit team အတွက်အားရပါတယ် ၊ ကျန်တဲ့ အဖွဲ့ဝင်တွေလည်း ရောက်နိုင်ခြေရှိပါတယ်……… ၈၀%လောက် summit ရာက်နိုင်ခြေရှိပါတယ် ။

(    ကိုနံပြားက လက်မောင်းဆုံ ပြုတ်တတ်တယ်၊ဒါပေမဲ့ အဖွဲ့ခေါင်းဆောင်အနေနဲ့ တောင်ထိပ်တက်မဲ့အဖွဲ့မှာ ပါဖွယ်ရာရှိပါတယ်  ကိုမျိုးညွန့်နဲ့EMDH အလုပ်အတူတူ ဇော်ခိုင် ဒဂုံတက္ကသိုလ် ကျောင်းအတူတူ တက်ခဲ့ သိခဲ့ ခရီးအတူသွားခဲ့တဲ့ အတွေ့အကြုံတွေအရ သုံးသပ်တာပါ – ဒါက ကျွန်တော့ သူတို့နဲ့ တောင်တွေအများကြီး တက်ခဲ့သွားခဲ့ ၊ စိတ်ခံစားမှုအတိုင်း ခင်မင်ရင်းစွဲနဲ့ ပြောတဲ့စကားမို့ လှေနံဓားထစ်မဖြစ်စေလိုပါ )

ပြီးတော့ စိုးရိမ်တက်တဲ့ ကျွန်တော့အကျင့်အတိုင်း တောင်ထိပ်တက်ပြီး ပြန်အဆင်းလမ်းကြောင်းကို ပိုပြီး ရင်ခုန်နေမိပါတယ် မြောက်ဘက်ကနေပြန်ဆင်းရင် ကြိုးတွေ ပစ်တွန်သံငုပ်တွေအများကြီးလိုမယ်
တစ်ခြားဘက်ကဆင်းရင် ရိက္ခာလောက်မလောက် ? အတက်ကရှောင်သွားခဲ့တဲ့ (Crevasse ) ရေခဲချောက်တွေနဲ့ တွေ့နိုင်ဖွယ်ရာ စတာတွေက စိတ်ဝင်စားစရာပါ၊ ရင်တုန်စရာပါ ( ရင်ခုံရုံနဲ့မလုံလောက်တော့)

တောင်တက်အားကစားဟာ တာထွက်ရာနေရာကို ပြန်လာပြီး ပန်းဝင်ရတဲ့ အားကစားမျိုးပါ

ခါကာဘိုတောင်ထိပ်ရောက်ဖို့ နီးသထက်နီးလာပါပြီ
တောင်ထိပ်ဟာ လမ်းတစ်ဝက်ပါ ၊

တောင်တက်ခြင်းဟာ လူသားရဲ့ ဇွဲသတ္တိ ခံနိုင်ရည် အားမန် အတွေ့အကြုံ ဉာဏ်ပညာ ပေါင်းစပ်ပြီး

သဘာဝ ရာသီဥတု ပထဝီအနေအထား ကြမ်းကြမ်းခက်ခက်တွေကို အံတုကျော်နင်းရတဲ့အားကစားမျိုးပါ

တောင်တက်ခြင်းဟာ လူလူခြင်း ယှဉ်ပြိုင်တာ မဟုတ်ပဲ

လူသားနဲ့ သဘာဝအခက်အခဲတွေ အားပြိုင်တဲ့ လှုပ်ရှားမှူဖြစ်ပါတယ် ၊

ဒါဟာ ကစားနည်း တစ်ခုမဟုတ်ပါ၊ အားကစား စစ်စစ်ဖြစ်ပါတယ်

အရှေ့တောင်အာရှမှာအမြင့်ဆုံးတောင်ထိပ် ၄ခုကစလို့ ကမ္ဘာမှာ နိုင်ငံတကာဆင့် တောင်ထွဋ်တွေ မြန်မာပြည်မှာရှိတာ မြန်မာနိုင်ငံသားတွေအတွက် ဂုဏ်ယူစရာပါ၊

မြန်မာ့ အမြင့်ဆုံးတောင်တွေထဲကမှ ခါကာဘို တောင်ထိပ်ကို တက်လှမ်းနေတဲ့ ရဲဖော်ရဲဖက် မိတ်ဆွေ ရောင်းရင်း တောင်တက်သမာ:အပေါင်း ဘေးရန်ကင်း အောင်မြင်ပါစေကြောင်းဆန္ဒပြုရင်း…………………………

“ခါကာဘို တောင်ထိပ်  မဝေးတော့ပါ” လို့  ခေါင်းစဉ်နိဒါန်းအတိုင်း နိဂုံးချုပ်လိုက်ပါတယ် 🙂

drama

ဒီပုံကတော့ ၂၀၁၂ခုနှစ် သဘာဝခေါ်သံ တောင်တက်အဖွဲ့ ခါကာဘို ရှေ့ပြေးခရီးစဉ် ရုပ်သံမှ ဖြစ်ပါတယ် ခါကာဘိုရာဇီဒေသရဲ့ ပုံရိပ်တွေကိုတွေ့နိုင်ပါတယ် ၊ ဓာတ်ပုံ နဲ့ ဗီဒီယိုရိုက်ချက်တွေကောင်းပေမဲ့ ကျွန်တော်တော့ကြည့်ပြီးသဘောကျပေမဲ့ တင်ပြပုံက မြန်မာဗီဒီယို ဇာတ်မင်းသားတွေလိုဖြစ်နေတဲ့အတွက် ခရီးသွားမှတ်တမ်းဟာ နှမြောစရာကောင်းပါတယ် youtube မှာ အောက်ပါ LINK: အတိုင်းသွားရောက်ကြည့်ရှုနိုင်ကြပါတယ် http://www.youtube.com/watch?v=A0H2Nn9rq3I

Advertisements
This entry was posted in Hkakaborazi, Mountaineering, Trip Forecast and tagged , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s