မာတိုလီရွာ ဧဝရက်တောင်avalanche နဲ့ ၂၀၁၄ခါကာဘို

( ဧဝရက်တောင်avalanche မာတိုလီရွာ နဲ့ ၂၀၁၄ခါကာဘို )

ပြန်လာရင်ဖတ်ဖို့

မနှစ်ကဒီလိုအချိန် မှာ ( အတိအကျပြောရရင် ၂၀၁၄ ဧပြီ ၁၈ရက်နေ့မှာ) ဧဝရက်တောင် ရေခဲပြိုဆင်းမှု Avalancheအကြီးအကျယ်ဖြစ်ခဲ့ပါတယ်။ မမျှော်လင့်ထားခဲ့တဲ့ ရေခဲပြိုကျတဲ့ ဖြစ်စဉ်ဟာ အမြင့်ပေ ၁၉၀၀၀ ကျော်မြင့်တဲ့ “the Golden Gate” (သို့မဟုတ်) Popcorn Field လို့ခေါ်တဲ့ နေရာမှာ ပြင်းထန်စွာ ဖြစ်ပွားခဲ့တာပါ။ သမိုင်းကြောင်းအရ ဧဝရက်တောင်မှာ ဖြစ်ပွားတဲ့ ရေခဲပြိုကျမှုတွေအားလုံးထဲမှာ ဒီဖြစ်စဉ်ဟာ အထိခိုက်ဆုံး အကြမ်းတမ်းဆုံးဖြစ်ခဲ့ပြီး လမ်းပြ ၁၆ ဦးကွယ်လွန်ခဲ့ပါတယ် စုစုပေါင်း ၂၅ ယောက် ရေခဲပြိုကျတဲ့အထဲပါသွားပြီးတော့ ၉ဦးကတော့ ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး သေကံမရောက်အသက်မပျောက်ခဲ့ပါဘူး။ ။ ရှာဖွေကယ်ဆယ်ရေးသမားတွေဟာ နှင်းခဲပိနေတဲ့အထဲက ရှာပါတွေရဲ့ ဘော်ဒီ ၁၃လောင်းပဲပြန်ရခဲ့ပါတယ်။ ရှာပါ ၃ယောက် ရဲ့ အလောင်းကိုတော့ပြန်မရှာနိုင်တော့ပါဘူး။ Avalanche ဖြစ်စဉ်အပြီးမကြာခင်မှာပဲ တောင်တက်ပါမစ်တွေပြန်ချပေးခဲ့ပြီး ၂၀၁၄ မေ ၂၃မှာ တောင်ထိပ်ကိုတက်တဲ့သူတွေနဲ့ ဧဝရတ်မှာလူများဆဲပါပဲ။

*****************************************************************

အဲ့ဒီသတင်းကို မနှစ်က ကြားကြားချင်း တော်တော်စိတ်ပူသွားတယ်။ ဘာလို့ဆို မြန်မာအဖွဲ့ကလည်း ဧဝရတ် တောင်ကိုသွားတက်နေတဲ့ အချိန်ကိုး။   သတင်းကြားတာကအချိန်နဲ့တပြေးညီတော့မဟုတ်ဘူး ၊ တော်တော်ကြာနေမှသိရတာ ၊

မနှစ်ကအဲ့ဒီရက်ပိုင်းတွေမှာ ကျွန်တော်ကလည်းတောင်ပေါ်ရောက်နေပြီး လောကကြီးနဲ့ အဆက်အသွယ်ပြတ်လို့
မတ်လ ၃ရက် ၂၀၁၄ မာတိုလီဆိုတဲ့ရွာလေးကိုရောက်မှအတိအကျသိရတယ် ၊

မာတိုလီ ဆိုတာက အမြင့်ပေ ၁၃၅၇၈ မှာရှိတဲ့ ရွာလေးပေါ့ ။    အဲ့ဒီကိုရောက်တဲ့နေ့  က ရွာရဲ့ရှူခင်းက အရမ်းကို ဆန်းကြယ်လှပပေမဲ့ မပျော်နိုင်ခဲ့ဘူး၊ မာတိုလီရွာရောက်ရောက်ချင်းကြားရတဲ့ သီတင်းက ရင်ဆို့စေခဲ့တယ် ၊ ၁၈ရက်နေ့ တုံးက ဧဝရတ်တောင်မှာ ရေခဲတောင်ပြိုတာ အကြီးအကျယ်ပဲတဲ့ ၊ တောင်တက်သမား ၂၀နီးပါးသေတယ်ဆိုတာကြားရတော့ ရင်အတော်ထိတ်သွားတယ် ။

မြန်မာတစ်ချို့လည်း “Myanmar Flag on Everest” ဆိုတဲ့ expedition နဲ့    ဧဝရတ်တောင်သွားတက်နေကြတာကို သိထားတာကိုး ၊  (လွန်ခဲ့တဲ့ ၁၁ရက်က ဆိုတာ အဲဒီတုံးက အတိအကျမသိရဘူး ၊ သတင်းသိရတာလည်း ကနယ်ခြားစောင့်တပ်က တစ်ယောက်က ပြောလို့
နဲ့ဝေးရာကို ရောက်နေတာကိုး ၊ ကမ္ဘာကြီးနဲ့ အဆက်အသွယ်ပြတ်နေတာ၊ ငြိမ်းချမ်းသယောင်ပဲ။ ကျန်ခဲ့တဲ့ရက်တွေမှာ တောင်ပေါ်မှာ  စာမ လာ သတင်းမကြား ဖြစ်နေတာ ၊ ဒီနေ့ မာတိုလီရွာရောက်မှသိရတာ ။

တောင်တက်အဖွဲ့တွေ  အန္တရာယ်ကင်းပါစေ ၊ အားလုံးအဆင်ပြေပါစေ ….
မာတိုလီတောင်ထိပ်က ဟိန္ဒူဘုရားကျောင်းမှာ ခေါင်းလောင်းထိုးရင်း မေတ္တာပို့ဖြစ်ခဲ့တယ် ။

တစ်ကယ်တော့မာတိုလီရောက်တော့ ကျွန်တော်တို့အဖွဲ့မှာ စားစရာမရှိတော့ဘူး၊ ဒါပေမဲ့ အဲ့ဒီအချိန်က အိန္ဒိယမှာ ဟိမဝန္တာ တောင်တက်သင်တန်းမှာ။ တောင်ပေါ်က ပြန်ဆင်းတော့ ရိက္ခာက ကုန်လုနီးပါးမို့ ရှလန် ဂလေဆီရာ ရေခဲပြင်ကနေ ရေခဲချောက်တွေကို ကျော်ပြီး အဆင်း ပေ၁၀၀၀ ကျော် ၉မိုင်ခရီးကို ရေခဲထဲမှာ တနေကုန် အပြင်းနှင်ပြီး မာတိုလီရွာကို စားစရာဝယ်ဖို့နဲ့ အထမ်းဝန်ထမ်းတွေရဖို့ မျော်လင့်ချက်နဲ့ အရောက်သွားပေမဲ့ ရွာရောက်တော့ အိမ်အခွံတွေပဲတွေ့ရ လူတစ်ယောက်မှမရှိ စားစရာမရှိပေမဲ့ ငတ်တော့မငတ်သေး နို့နဲ့ သကြားမပါတဲ့ လက္ဘက်ရည်ကြမ်းလက်ကျန်ကိုသောက်ပြီး အိန္ဒိယနယ်ခြားစောင့်စစ်တပ်ကပေးတဲ့ ၂နာရီပြုတ်လည်းမနူးတဲ့ ပဲလုံးကို ရှိစုမဲ့စုနောက်ဆုံးလက်ကျန်ဆားလေး ချွေချွေတာတာ ခပ်ပြီး ဆားပေါ့ ပဲပြုတ်ရည်နဲ့ ၆နပ်ကျော် နှစ်ပါးသွား မာတိုလီကအဆင်းတောက်လျှောက်က  ဂိုရီဂင်္ဂါ မြစ်ရဲ့ ကော်ဖီရောင်ထနေတဲ့ရေနဲ့ပဲချက်
တောင်ကျချောင်းနဲ့ ရေထွက်စမ်းရှာမတွေ့တဲ့ ရက်ဆိုရင် အဲ့ဒီ မြစ်ရေကိုပဲသောက်နဲ့ (ဒါတွေဘာလို့အသေးစိပ်ပြီးပြောနေရလဲဆိုတာအောက်မှာပြောပါမယ်)

၊အပြန်လမ်းကိုယ့်ကိုယ်ကိုယ် သတိနဲ့ပြန်ရင်း စိတ်ကတော့ မတင်မကျပဲ၊
မြန်မာအဖွဲ့တွေများ ဧဝရက်တောင် Avalancheထဲပါသွားမလားမသိ ၊

____________________________________________________
တစ်ပတ်လောက်နေလို့ အင်တာနက်ပြန်ရတော့မှ မြန်မာအဖွဲ့ပြန်လာပြီဆိုတာသိရလို့ ရင်ထဲကအလုံးကြီးကျသွားတော့တာ။

ဒီလိုနဲ့ နောက်လတွေမှာ ခါကာဘိုသွားတက်တဲ့အဖွဲ့တွေ ၃ဖွဲ့နဲ့ ၂၀၁၄မှာ ဧဝရတ်တက်တဲ့အဖွဲ့ ခါကာဘိုတက်တဲ့အဖွဲ့စတာတွေနဲ့ မြန်မာတောင်တက်ကတော်တော်မြိုင်ခဲ့တယ်။
၂၀၁၄ ဩဂုတ် ၃၁ ကနေစပြီး မြန်မာတောင်တက်သမား ၂ယောက်တောင်ပေါ်ကနေအဆက်အသွယ်ပြတ်သွားခဲ့ပြီး ၊ တောင်တက်နဲ့ပက်သက်တဲ့ သတင်းတွေဟာ လူထုထဲကိုပိုစိမ့်ဝင်သွားခဲ့တယ် ။ သိပ်မကြာဘူး ကယ်ဆယ်ရေး ရဟတ်ယာဉ်ပျောက်ဆုံးပြန်ရော။ အဲ့ဒီအချင်မှာပဲ ခါကာဘို ရာဇီတောင်ကို ဂျပန်တောင်တက်အဖွဲ့ August/sep လောက်မှာလာတက်ကြတယ် သူတို့လည်းမအောင်မြင်ခဲ့ဘူး
ဟီလာရီအိုနေး ခေါင်းဆောင်တဲ့ အဖွဲ့ကလည်း တောင်ထိပ်မရောက်ခဲ့ဘူး။ အနောက်ဖက် တောင်မျက်နှာစာ ၁၈၁၀၀ စခန်းကနေ တောင်ထိပ်ကိုတက်ဖို့ကြိုးပမ်းခဲ့
တောင်ရဲ့အနောက်ဘက် route ကနေတက်ခဲ့ကြတယ် ။ Renan Ozturk လက်ကောက်ဝတ်အရိုး ကျိုး ပြီးပြန်လာတယ်။ ခါကာဘိုက ၂၀၁၃ဂမ်လမ်ရာဇီလောက် လူတွေကိုမျက်နှာသာမပေးခဲ့ဘူး
ဒီနှစ်ထဲမှာ မြန်မာအဖွဲ့က ဧဝရတ် တောင်ခြေကနေလှည့်ပြန်ခဲ့တယ်၊ဒီနှစ် တောင်ထိပ်မရောက်ပေမဲ့ နောက်နှစ်တွေကြိုးစားလို့ရသေးရဲ့၊

ဒီနေရာမှာ ကျွန်တော့အနေနဲ့ ပြောချင်တာက

တောင်တက်အားကစားဆိုတာ သဘာဝ တရား နဲ့ အံတုရတဲ့ အားကစားမျိုးပါ။

လူချင်းပြိုင်အနိုင်ကျဲတဲ့ အားကစားမဟုတ်ပါဘူး။
တောင်တက်သမားအချင်းချင်းဟာ ခံစားရတဲ့ ဒုက္ခသေးသေးလေးကအစ ကိုယ်ချင်းစာပေးနိုင်ပါတယ်

(ဘာလို့ဆို ငတ်ရင်ပြတ်ရင် ချမ်းရင် လမ်းပျောက်ရင်ဘယ်လိုဖြစ်တယ်ဆိုတာ ကိုယ်တိုင် အိတ်အလေးကြီးထမ်းပြီး ခံစားဖူးတာကိုး အပေါ်မှာကိုယ်တွေ့တစ်ချို့ရေးခဲ့ပြီ) ။

ခါကာဘို တောင်တက်သမားတွေ ပျောက်ဆုံးနေတုံးကနဲ့ပက်သက်လို့ ကျွန်တော့အနေနဲ့ ဝေဖန်မှူတွေခံခဲ့ရပါတယ်

( တစ်ချို့ကဆို မင်းသားမလုပ်ရလို့ ပတ်မကြီးထိုးဖောက်တယ် ဆိုတဲ့အဖြစ်မျိုးရောက်အောင်ကို ကျွန်တော့ကို လူဆိုးစာရင်းသွင်းခဲ့တာပါပဲ )https://www.facebook.com/photo.php?fbid=10201690764750220&set=o.258933948957&type=3&theater

ဘယ်တုံးကမှ လူကောင်းမဟုတ်ခဲ့တဲ့ကျွန်တော့အနေနဲ့က ပိုမထူးတော့ပြီမို့ ဆရာဆရာမတွေ၊ တောင်တက်သမားတစ်ချို့ အမြင်အထင်လွဲတဲ့ကြားကနေပဲ အရင်လို နေမြဲ၊ရေးမြဲ ၊ တောင်တက်မြဲ ၊ တက်တဲ့သူတွေကို စိတ်ပူမြဲပါပဲ။ နည်းစနစ်ပိုင်းမှာ မြန်မာတွေမညံ့ပါ ၊ဒါပေမဲ့ အမှန်ကိုပြောရမှာ မရဲသေးတာ ၊ အဝေဖန် မခံနိုင်သေးတာလို့လောက်ပဲ မြင်မိပါတယ် ၊

နိဂုံးအနေနဲ့တော့
မြန်မာတွေရဲ့ ဧဝရတ် အိမ်မက် ကို ပြန်အသက်သွင်းဖို့ နှိုးဆော်ချင်တာရယ် ၊

ဧဝရတ်တင်မကဘူး မြန်မာပြည်က ခါကာဘိုရာဇီ၊ ဂမ်လန် ၊ ဒင်ဒေါ်ရာဇီ စတဲ့ တောင်တွေကိုပါ မြန်မာတွေတက်နိုင်ကြပါစေ။
ကမ္ဘာ့အမြင့်ဆုံးတောင်မှာ မြန်မာရောက်ခဲ့တယ်ဆိုပြီး ဂုဏ်ယူချင်ပါတယ် ။

ကျွန်တော်တို့မျိုးဆက်ဖြစ်ဖြစ် နောက်မျိုးဆက်ဖြစ်ဖြစ် ကျွန်တော်ကတော့ အားပေးနေမှာပါပဲ။

DoeLone 18-April-2015cropped-dscn5620.jpg

Advertisements
This entry was posted in Essay, Mountaineering and tagged , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s