NCD 

NCD ဆိုတာကနေသဘောပေါက်သလောက် ပြောရမယ်ဆိုရင် ဆီးချိုသွေးချို/ကင်ဆာ/နှလုံးသွေးကြောဆိုင်ရာ/ရင်ကျပ်ပန်းနာနဲ့ အာရုံကျောရောဂါတွေနဲ့ စိတ်ကျဝေဒနာစတဲ့ မကူးဆက်နိုင်တဲ့ရောဂါ Non-communicable diseases (NCDs) တွေ။ NCDဟာအခုကမ္ဘာသစ်ရဲ့အဓိကလူသတ်ကောင်၊သွေအေးလူသတ်သမား။ အရင်ခေတ်တုံးကတော့ လူသတ်ရောဂါဝေဒနာတွေဟာ ကူးဆက်ပြန့်ပွါးမြန်တဲ့ communicable diseases တွေ ပုလိပ်ရောဂါပိုးတို့ တီဘီရောဂါပိုးတို့တွေဟာ အခုခေတ်မှာတော့ ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေကော မြန်မာနိုင်ငံလိုဖွံ့ဖြိုးဆဲနိုင်ငံတွေမှာပါထိထိရောက်ရောက်နဲ့ ဒီ တီဘီ စတဲ့ ကူးဆက်တတ်တဲ့ရောဂါတွေကို နိုင်ငံအဝှမ်းတားဆီးနိုင်နေပါပြီ။ တားဆီးရခက်တာက ဒီ(NCDs) တွေ။ ဆီးချို/ကင်ဆာ/နှလုံး/အာရုံကျောနဲ့ စိတ်ကျဝေဒနာ တွေ ဟာ ပြည်သူ့ကျန်းမာရေးကန္ဋရဲ့အရှိုက်ကိုထိုးနှက်ဆုံးလို့ပြောရမယ်။ ဒီရောဂါတွေက ပြည်သူတစ်ဦးချင်းစီရဲ့ မျိုးရိုးဗီဇအပြင် အခြားအရေးကြီးတဲ့ အချက်တွေဖြစ်တဲ့ အစားအသောက်(diet) ကိုယ်လက်လှုပ်ရှားမှု (work/life balance)အလုပ်ချိန်/နားချိန်မျှခြေ စတဲ့ personal lifestyle ပေါတည်မှီနေလို့ပဲ။ 

ဒီလိုအသံတိတ်လူသတ်သမား NCDတွေကို ကျန်းမာစွာကျော်လွှားဖို့ ကျန်းမားရေးနဲ့ညီညွတ်တဲ့ lifestyle ကို အောဖရန့်တို့ ကျွန်တော်တို့ နိုင်ငံသားတိုင်းက ကိုယ်တိုင်ဖန်တီးယူရမှာပါ။ -_-  (အလဲ့မောင်ဒိုး စာသံပေသံနဲ့ မင်းနှယ် ပိုင်သကွာ 😛 )

  ပြည်သူ့ကျန်းမာရေးဆရာဝန်တွေက တစ်အိမ်တက်ဆင်းဆေးတိုက်လို့ NCDရောဂါတွေ ကိုနှိမ်နှင်းမရပါဘူး၊ကိုယ်လက်လှုပ်ရှားမှုမရှိ/ အဆီအဆိမ့်တွေစား/ သံဒမကြီးကြောင့်ဈေးကျသွားရတဲ့ ဂွေလေးကိုင်ပြီး(သံမဂျီးကျန်းမာပါစီ-ဆိုင်ဆိုင်မဆိုင်ဆိုင်) ကားပေါ် / ဘတ်စကားပေါ် မှာ traffic မိလို့ လို့ထိုင်ရင်း အချိန်ကုန်၊ အိမ်ရောက်တော့အိပ်ယာထဲ ဖုံးကလေးပွတ်နဲ့ဆိုရင်တော့ အောဖဒန့်တို့ဟာNCD ရောဂါတွေကို ဖိတ်ခေါ်နာပဲ အောဖဒန့်ရေ။ ၈၃၄တို့ ငေါက်ခနဲ့ ဆန့်သွားတာအရေးမကြီးဘူးလေ၊ အဲ့ရောဂါကြီးတွေနဲ့ ချစ်တုံးတို့ရဲ့ မိသားစုကို တရွတ်တိုက်ကြီး ဆန့်တငန့်ငန့်နဲ့ဒွတ်ခပေးတာတော့မကောင်းဘူး ၊ ဒီတော့ NCD တွေကဝေးအောင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ lifestyle ကိုဖန်တီးယူကြပါ အောဖရန့်တို့ ၊ ဖင်လေးလိမ်ကျစ်လိမ်ကျစ်နဲ့ ဖုံးပဲ ပွတ်မနေကြပါနဲ့ အောဖရန့်တို့ ၊ ချစ်တော့ချစ်တယ် အလိုမလိုက်ဘူး ၈၈၃၄တို့ရော ဒီနေ့ကစပြီး ကျန်းမာအောင် အခြေခံအကျဆုံး လမ်းလျောက်လေ့ကျင့်ခန်းကစလို့ကိုယ်ဝါသနာပါရာအားကစားစက်ဘီးအပြေး စတဲ့ကိုယ်လက်လှုပ်ရှားအားကစားရင်း NCDကို အာခံကြပါစို့။ 
  

   
    
 

Advertisements
This entry was posted in Uncategorized. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s