ခါကာဘိုရာဇီတောင်တက်မှတ်တမ်း(၂၀၁၄ဂျပန်တောင်တက်အဖွဲ့)

ခါကာဘိုရာဇီတောင်တက်မှတ်တမ်း(၂၀၁၄ဂျပန်တောင်တက်အဖွဲ့)

၂၀၁၄ခုနှစ်မှာတက်သွားတဲ့ ခါကာဘိုတောင်တက်အဖွဲ့၃ဖွဲ့ထဲမှာ အမေရိကန်အဖွဲ့နဲ့ မြန်မာအဖွဲ့ရဲ့ သတင်း ဓာတ်ပုံ ဗီဒီယိုစတာတွေဟာ အင်တာနက်ပေါ်၊ဂျာနယ် မဂ္ဂဇင်းတွေနဲ့ တွေမှာ ရှာတွေ့နိုင်ပေမဲ့ ဂျပန်အဖွဲ့ရဲ့၂၀၁၄ခါကာဘိုဒေတာဟာမရှိသလောက်ရှားပါတယ်။ ပြောရမယ်ဆို ခါကာဘိုတက်သွားသမျှတွေထဲမှာ ၂၀၁၄ဂျပန်teamဟာ လျှို့ဝှက်သည်းဖို့နဲ့ပဟေဠိအဆန်ဆုံးလို့တောင်ပြောနိုင်ပါတယ်။ အဲ့ဒီအဖွဲ့ရဲ့ ရှားရှားပါးပါးမှတ်တမ်းရုပ်ရှင်ကို ဂျာမဏီကတောင်တက်မိတ်ဆွေတစ်ယောက်ကပေးပို့လို့ ကျွန်တော်ကံကောင်းစွာနဲ့ရခဲ့ပါတယ်။ online ပေါ်ကိုအပိုင်း၃ပိုင်းခွဲပြီးတင်ထားပါတယ်၊ အပိုင်း၃ကတော့အရေးအကြီးဆုံးနဲ့အချက်အလက်တွေအများကြီးပါတဲ့အပိုင်းပါ။ (အပိုင်း၁-၂-၃ ရဲ့link တွေကိုယူပြီး facebook မှာကြည့်ရှူနိုင်ပါတယ်)
အပိုင်း-၁ https://www.facebook.com/Razimedia/videos/668735439899604/
အပိုင်း-၂ https://www.facebook.com/Razimedia/videos/795099930596487/
အပိုင်း-၃ https://www.facebook.com/Razimedia/videos/852152304891249/

 

View this post on Instagram

Meeting Kazuya, Piolet D'or (Golden IceAxe) awarded mountaineer for his Kamet new route ascent. We had good times having drinks and dinner together with Hiroyuki too. Hiroyuki and Kazuya did Mt.Hkakaborazi attempt via west ridge in 2014 -"recently after two missing climbers of North side". Tho the expedition is unsessful, they did good stuffs like sharig route info and ropes to American,NatGeo #MyanmarClimb team (in 2014-NatGeo team didn't made to the KKbo summit too yet.) Kazuya filmed Japanese 2014 ascent and its featured in NHK. We, Hiroyuki-Kazuya-PoePin n me, mainly talked about Hkakaborazi, its unpredictable weather, routes and its climbing possibilities . #climboclock #nepal #MyanmarEverest2016 #TCCMonChomolongma #mogs #therazi

A post shared by Nyi Nyi Aung Doelone (@doelone_nyinyi) on

 

ဒီနှစ် ဧပြီလထဲမှာ မြန်မာဧဝရတ်တောင်တက်ခရီးစဉ်အတောအတွင်း ၂၀၁၄ခုနှစ်ကခါကာဘိုရာဇီလာတက်ခဲ့တဲ့ဂျပန်တောင်တက်သမား၃ယောက်ထဲက၂ယောက်နဲ့ နီပေါမှာဆုံဖြစ်ပါတယ်။သူတို့ကတော့ ဟီရို နဲ့ ကာဇူယာပါ။ ကျွန်တော်တို့အတူ ၂ခါ၃ခါလောက်ဆိုင်အတူထိုင်ညစားအတူစားကြရင်းမိတ်ဆွေဖြစ်ခဲ့ကြပါတယ်။ ( ခါကာတက်တဲ့၃ယောက်ကHiroyuki Kuraoka(leader), Kazuya Hiraide and Kenro Nakajima ) ဟီရိုကအဖွဲ့ခေါင်းဆောင်အနေနဲ့တက်ခဲ့ပြီး
ကာဇူယာ ကတော့ ကင်မရာမန်းပါ (ကာဇူက Mt.Kamet ကို unclimbed route ကနေတက်ခဲ့လို့ Piolet D’or လို့ခေါ်တဲ့ ရွှေပုဆိန်ဆု(Golden IceAxe) ရဖူးပါတယ်။ https://en.wikipedia.org/wiki/Kazuya_Hiraide ဟီရို သည်လည်းပဲ ဧဝရတ်တောင်နဲ့အခြားသော unclimbed peak တွေအကြိမ်ကြိမ်တက်ခဲ့သူပါ)။

သူတို့နှစ်ယောက်ရဲ့အဆိုအရတော့ ခါကာဘိုတက်တဲ့အခါ အဓိက အန္တရာယ်အပေးဆုံးနဲ့ သေချာဂရုပြုရမှာက rockfall ပါပဲတဲ့။

 

(ကျွန်တော်ကသူတို့ရဲ့ NHK documentary filmကို ကြည့်ရတယ်ဆိုတော့ သူတို့တောင်အံ့ဩနေပါတယ် ၊ ဟီရိုကဆို ကာဇူက ငါ့ကိုမပြဘူးလို့တောင်နောက်ပါတယ်)
တကယ်တော့၂၀၁၄ဟာခါကာဘိုမှာလူစည်ကားတဲ့ကာလလို့ဆိုရနိုင်ပါတယ်။

 

၁၉၉၆အလွန်ကာလ ၁၈နှစ်အကြာ ၂၀၁၄ခုမှာ ခါကာဘိုရာဇီတောင်ပေါ်ကိုလူသားတွေတစ်ကြော့ပြန်တက်ရောက်ဖို့ကြိုးစားခဲ့ကြတာပါ။ မြန်မာတောင်တက်အဖွဲ့သာမက နိုင်ငံခြားသားတောင်တက်အဖွဲ့၂ဖွဲ့လည်း၂၀၁၄တစ်နှစ်တည်းမှာပဲလာတက်ခဲ့ကြပါတယ်။ အဲ့ဒီ ၂၀၁၄ က ခါကာဘိုတောင်တက်သမားတွေအတွက် ကံဆိုးတဲ့ တောင်တက်ရာသီပါပဲ။ အဲ့ဒီနှစ်မှာတောင်ထိပ်ကို တစ်ဖွဲ့မှအောင်အောင်မြင်မြင်နဲ့မရောက်ခဲ့ကြပါဘူး။ မြန်မာတောင်တက်အဖွဲ့က ဂျူလိုင်/ဩဂုတ်လမှာတက်ခဲ့ပြီး တောင်တက်သမားနှစ်ဦးဟာယခုအထိပျောက်ဆုံးလျက်ရှိပါတယ်။ ၂၀၁၄ခုနှစ် ခါကာဘိုမှာမြန်မာတောင်တက်သမားနှစ်ဦးပျောက်သွားတဲ့ကာလနဲ့ မရှေးမနှောင်းမှာ ဂျပန်တောင်တက်အဖွဲ့ရယ် အမေရိကန်တောင်တက်အဖွဲ့ရယ်ဆက်တိုက်ဆိုသလို ခါကာဘိုရာဇီကိုတက်ခဲ့ကြပြန်ပါတယ်။ ဂျပန်အဖွဲ့က ၂၀၁၄-ဩဂုတ်/စက်တင်ဘာာကာလမှာ အနောက်ဘက် လမ်းကြောင်းအတိုင်းတက်ခဲ့ပြီး တောင်ထိပ်မရောက်ခင်မှာလှည့်ပြန်ခဲ့ရပါတယ် အဆင်းမှာအဖွဲ့ခေါင်းဆောင်ဟီရိုချော်ကျလို့ backpain ရခဲ့ပါတယ်။ အမေရိကန်တောင်တက်အဖွဲ့ကစက်တင်ဘာ/အောက်တိုဘာမှာတက်ခဲ့ပြီး တောင်ထိပ်မရောက်ခဲ့ကြပြန်ပါဘူး။ ၁၈၉၉၆ပေအမြင့်တောင်ကြောပေါကနေ တောင်ထိပ်ကိုမြင်လျက်နဲ့ အပြန်အတွက်အန္တရာယ်များလွန်းတာကြောင့်ပြန်လှည့်ခဲ့ပါတယ်( အဖွဲ့က ရိက္ခာနဲ့ဂီယာတွေမလောက်တာကြောင့်လည်းဖြစ်ပါတယ်)ပြန်အဆင်းမှာ Renan Ozturk လက်ကောက်ဝတ်အရိုး ကျိုးပါတယ်။
ခါကာဘိုရာဇီတောင်ထိပ်ကို သမိုင်းမှတ်တမ်းအထောက်အထားနှင့်တကွတောင်တက်သမားနှစ်ဦးဟာ၁၉၉၆တစ်ကြိမ်သာ တက်ရောက်နိုင်ခဲ့တဲ့မှတ်တမ်းရှိခဲ့ပါတယ်။ ၁၉၉၆ ခုနှစ် စက်တင်ဘာလ ၁၅ရက်နေ့ နေ့လည် ၃း၁၂မိနစ်မှာ လမ်းပြ နမားဂျွန်စိန် နှင့် ဂျပန်နိုင်ငံသား တောင်တက်သမား အိုဇာကီ တို့ခါကာဘိုရာဇီတောင်ထိပ်ကိုတက်ရောက်နိုင်ခဲ့ကြပါတယ်။ဒီခရီးစဉ်မတိုင်ခင် ခါကာဘိုရာဇီတောင်တက်ဖို့ကြိုးပမ်းမှုတွေရှိခဲ့ပါသေးတယ်။

ခါကာဘိုရာဇီတောင်ကြီးကို ပထမဆုံးတက်ရောက်ဖို့ ကြိုးပမ်းခဲ့သူကတော့ ကင်းဒမ်းဝဒ် ဖြစ်ပါတယ်
၊ ဗြိတိရှလူမျိုး ပန်းမုဆိုးလို့ ကမ္ဘာကသိတဲ့ ကင်းဒမ်းဝဒ်ဟာ ၁၉၃၇ ခုနှစ်မှာ ခါကာဘိုတက်ရောက်ဖို့ ပထမဆုံးကြိုးပမ်းသူဖြစ်ခဲ့ပါတယ်။ဆယ်စုနှစ် ၂ခုနီးပါး ခါကာဘိုတောင်ကြီးကို မောကြည့်ဝံ့တဲ့ သူတွေရှားနေခဲ့ပါတယ်
၊ ၁၉၅၆ မှာတော့ ဗိုလ်မှူးကြီး စောမြင့်ဦးဆောင်တဲ့ ယိမ်းနွဲ့ပါး စစ်စင်ရေးဟာ ထပ်တစ်ဖန် ခါကာဘိုတောင်ကို တက်ဖို့ကြိုးပမ်းခဲ့ကြပါသေးတယ်၊အဲ့ဒီနောက်ပိုင်း ၁၉၉၀ခုနှစ်တွေအထိ နှစ်ပေါင်း ၄၀နီးပါး ခါကာဘို တောင်ကို ဘယ်သူမှ သွေးတိုးမစမ်းရဲကြတော့ပါဘူး ။၁၉၉၅မှာတော့ တိုက်ဆိုင်စွာ နိုင်ငံခြား အဖွဲ့၃ဖွဲ့ တစ်ပြိုင်တည်းနီးပါး ခါကာဘို ကို တက်ဖို့စိုင်းပြင်းကြပါတော့တယ်၉၅ခု ဇန္နဝါရီလ ကနေ မတ်လ ပိုင်းကာလတွေများမှာ ပူတာအို-ခါကာဘိုလမ်းမှာ ခြေရာစိပ်ခဲ့ ခြေရာထပ်ခဲ့ပါတယ်…အိုဇာကီ မိသားစု တောင်တက်အဖွဲ့ ( ဂျပန် ) ( ခါကာဘို တောင်ခြေစခန်းအနီး ရဆန်ဒန် တောစခန်း အထိ ကမ္ဘာကျော် တောင်တက်သမား Mr.Takashi Ozaki အိုဇာကီ ဦးဆောင် Ozaki Family Expedition )ပြင်သစ် တောင်တက်အဖွဲ့ (နောက်ဆုံးလူနေရွာ တဟောင်ဒမ်း အထိ Mr.Frank Charlton ဖရန့် ချာလတန် ဦးဆောင် French Expedition )ဟီတို ဆူဘားရှိ တက္ကသိုလ် တောင်တက်အဖွဲ့ (ဂျပန် ) ( မဒိမ်းရွာအထိ Hitot Subashi University Mountaineering Club, Mr.Tomatsu Nakamura တိုမတ်စု နာကာမူရာ ဦးဆောင် )ကြတဲ့ အဖွဲ့တွေ အသီးသီး သွားရောက်ပြီး ခါကာဘိုတောင်ထိပ်ကို တက်ရောက်ဖို့ ကြိုးပမ်းခဲ့ကြပါတယ် ၊ဒီလိုနဲ့ နောက်ဆုံးမှာတော့ မြန်မာပြည်ရဲ့ အမြင့်ဆုံးတောင် ဖြစ်တဲ့ ခါကာဘို ( နောင်မွန်းမြို့နယ် ကချင်ပြည် နယ် မြောက်ဖျားမြန်မာပြည်က ) အမြင့်ပေ (၅၈၈၁ မီတာ / ၁၉၃၁၅ပေ) မြင့်တဲ့ အရှေ့တောင်အာရှ အခွင်မှာလည်း အမြင့်ဆုံးဖြစ်တဲ့ ခါကာဘိုရာဇီတောင်ကို မြန်မာနိုင်ငံသား တိဘက်လူမျိုး လမ်းပြ နမားဂျွန်စိန် နဲ့ ဂျပန်တောင်တက်သမားအိုဇာကီ (ကွယ်လွန်) တို့ ၁၉၉၆ ခုနှစ်စက်တင်ဘာလ ၁၅ရက်နေ့ နေ့လည် ၃း၁၂မိနစ် မှာအောင်မြင်စွာ ခြေချနိုင်ပြီးခဲ့ပါပြီ အခုဆိုရင် ခါကာဘိုအောင်မြင်မှူဟာ အနှစ်၂၀ပါ။

၂၀၁၆အတွက်မျှော်လင့်ချက်

ကလင်ဒါကျအတိုင်းဆို
ခါကာဘို-၁၉၉၅ အဖွဲ့သုံးဖွဲ့လာရောက်ခဲ့ ။ ၁၉၉၆ အိုဇာကီ အမ်းဆေး အတွဲ တောင်ထိပ်ကိုအောင်မြင်
ခါကာဘို-၂၀၁၄ အဖွဲ့သုံးဖွဲ့လာရောက်ခဲ့ ။ ၂၀၁၆ ကိုကျော်သာ တောင်ထိပ်ကိုတက်ရန်အစီအစဉ်ရှိ
ဓာတ်ပုံဆရာတစ်ယောက်ဖြစ်တဲ့ ကိုကျော်သာအတွက် တောင်ထိပ်အောင်မြင်ဖို့ ရာခိုင်နှုန်းက တော်တော်ကြီးနည်းပေမဲ့ မဖြစ်နိုင်တာမရှိပါဘူး။ ချဲသမားစကားနဲ့ပြောရင်တော့ ကလင်ဒါအကျအတိုင်းဆို လက်ကီးနှစ်လို့ပြောရမှာပါ။
မဖြစ်နိုင်တာမရှိဘူးလို့ ဆိုတဲ့နေရာမှာ ရင်လောက်တင်မှဒူးလောက်ကျဆိုသလို အကောင်းဆုံးရလာဒ် တောင်ထိပ်ကိုသူကြိုတင်ပြင်ဆင်ထားတဲ့အတိုင်း ကျွမ်းကျင်ဒေသခံလမ်းပြအကူအညီနဲ့တက်ရောက်အောင်မြင်သွားနိုင်သလို၊တောင်ပေါ်မှာဖြစ်မြဲဖြစ်တဲ့အအေးဒဏ်၊ကျော်နင်းရတဲ့သဘာဝအနေအထားဒဏ်စတာတွေကြောင့်လည်းအန္တရာယ်ကြုံလာနိုင်ပါသေးတယ်။ ကိုကျော်သာအပါအဝင်မြန်မာနိုင်ငံသားတောင်တက်သမားတွေ ခါကာဘိုကို ဘေးမသီရန်မခနဲ့ တက်နိုင်ပါစေလို့ ဒီဗီဒီယိုတင်ရင်း ဆုတောင်းပေးပါတယ်။

ဒိုးလုံး(၄-ဂျူလိုင်-၂၀၁၆)

Advertisements
This entry was posted in Climbing, Hkakaborazi, Uncategorized. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s