Government Recognition on Myanmar Everest Climbers

 

http://spedmyanmar.com/ is SPED (Sports and Physical Education Department) official website,  under  “Ministry of Health & Sports”.

13728251_10205247028934602_435045424_o

SPED official website posted under their headline news about the event of honor on Myanmar Everest Climbers which took place on 20th July , NayPyiDaw.  (link  of article from SPED here)

Union Minister Dr. Myint Htwe (Ministry of Health & Sport ) gave a speech at the event stated  ” Achievements in Sports reflect the dignity of Nations spirit and Country’s Values. Acknowledgement from the Government officials  is also very important for those to sports-persons and athletes  who are talented, working hard and risked their life to get successful results in sports for the pride of the nation.”

The event was held at  (Gold Camp) Multipurpose Hall in Nay Pyi Daw yesterday 20th July 2016.  Minister Dr. Myint Htwe stated in opening that “this is our honoring event for climbers who successfully hoist Myanmar National Flag on top of the world, Summit of Everest on 19th May 2016″ , team of three climbers Pyae Phyo Aung, Win Ko Ko & Nyi Nyi Aung.

He is also acknowledging TCCM ” Technical Climbing Club of Myanmar” for generating excel climbers for challenging ascents, also to HTOO group of companies Chairman U Tay Za for his cordial support for the expedition. He is also hoping that Myanmar Ascent of Everest can inspire the youth citizens and also looking forward the empowerment of new generation climbers by Everest team and 19.6.2016 becoming the historic day of Myanmar Hiking & Mountaineering Federation which is founded in 1960.

SPED will make the statue of climbers at their Sports Museum and will display Myanmar Everest Trip Photos too.

 

 

 

အားကစားအောင်မြင်ခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်၊ လူမျိုးတစ်မျိုး၏ သိက္ခာဖြစ် ပြီး မိမိတို့၏ အသက်ကို စွန့်၍ မြန်မာနိုင်ငံဂုဏ်ကိုဆောင်ခဲ့သော တောင်တက်အားကစားသမားများ ဂုဏ်ပြုခြင်းသည် နိုင်ငံတော်အတွက် အထူးအရေး ကြီးသော လုပ်ဆောင်ချက် တစ်ရပ်ဖြစ်ကြောင်းကို ယနေ့နံနက် (၁ဝ)နာရီတွင် နေပြည်တော်၊ အားကစား လေ့ကျင့်ရေးစခန်း (Gold Camp) Multipurpose Hall ၌ကျင်းပပြုလုပ်သည့် ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်သို့ တက်ရောက်ခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ဂုဏ်ပြုပွဲ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးမှ ပြောကြားပါသည်။
အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် ယနေ့ ကျင်းပသည့် အခမ်းအနားသည် ၂ဝ၁၆ ခုနှစ်၊ မေလ (၁၉)ရက်နေ့တွင် ဧဝရတ်တောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို တောင်ထိပ်တွင် လွှင့်ထူကာ ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံ၏ ပုံရိပ်ကို မြင့်မားထည်ဝါစေနိုင်ခဲ့သော တောင်တက် အားကစား သမားများဖြစ်ကြသော မောင်ဝင်းကိုကို၊ မောင်ပြည့်ဖြိုးအောင်နှင့် မောင်ညီညီအောင်တို့အား အထူး ဂုဏ်ပြုခြင်းဖြစ်ပါကြောင်း၊
အိန္ဒိယနိုင်ငံ၏ မြောက်ဘက် ဟိမဝန္တာတောင်တန်းရှိ ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်သည့် အမြင့်ပေ (၂၉ဝဝဝ)ကျော်ရှိ ဧဝရတ်တောင်သည် တက်ရန်ခက်ခဲ၍ ရာသီဥတုကြမ်းတမ်းပြီး အန္တရာယ်များသောကြောင့် လျှပ်တပြက် ဖြတ်ထိုး ဥာဏ်ကို အသုံးပြုပြီး အသက်ကိုစွန့်စားရသော လုပ်ငန်း ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ အသက်ကိုပင်စွန့်၍ နိုင်ငံတော်၏ဂုဏ်၊ နိုင်ငံတော်၏ ပုံရိပ်ကို အားကစားဖြင့် မြှင့်တင်ပေးခဲ့သော တောင်တက်အားကစားသမားများ၏ အားကစားစိတ်ဓါတ်နှင့် အားကစားသမား များအား အထူးဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း၊ ၄င်းအားကစားသမားများအား မွေးထုတ်ပေးသော Technical Climbing Club of Myanmar ကလပ်အသင်း၊ တောင်တက် ခရီးစဉ်ကို ခရီးအစအဆုံး ပံ့ပိုးကူညီပေး၊ ထောက်ပံ့ပေးပါသော ထူးဖောင်ဒေးရှင်းကုမ္ပဏီ ဥက္ကဌ၊ တောင်တက်အားကစားအဖွဲ့ချုပ်နာယက ဦးတေဇအား အထူးကျေးဇူးတင်မှတ်တမ်းတင်ဂုဏ်ပြု ပါကြောင်း၊ ထိုကဲ့သို့ တောင်တက်အားကစားစိတ်ဓါတ်မျိုး၊ အတွေးအခေါ်၊ အရည်အချင်းများကို မြန်မာနိုင်ငံရှိ လူငယ်များစိတ်ဝင်စားလာစေရေး၊ ကျောင်းများ၊ တက္ကသိုလ်များနှင့် အရပ်ဘက်အဖွဲ့အစည်း များတွင် ပိုမို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာစေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံ ခြေလျင်တောင်တက်အဖွဲ့ချုပ်ကို ၁၉၆ဝ ကပင် စတင်ဖွဲ့စည်းပြီး တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး၊ မြန်မာနိုင်ငံ၏ ရေ၊ မြေ၊ တောတောင်၊ သဘာဝကို ချစ်မြတ်နိုးစေရေး၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းကို တိုးတက်ဖွံ့ဖြိုး စေရေး၊ တိုင်းရင်းသား ညီအစ်ကိုများ၏ဘဝကို ကျရာအခန်းကဏ္ဍမှ တက်ကြွစွာ ပါဝင်ဆောင်ရွက် လိုစိတ် ရှင်သန်လာစေရေး၊ လူငယ်များ၏ စွန့်စားလိုစိတ်ကို မှန်ကန်တက်ကြွစွာ လုပ်ဆောင်တတ်စေ ရန်စသော ရည်ရွယ်ချက်များ သည် နိုင်ငံတော်အတွပ် အလွန်ပင် အကျိုးရှိသော ရည်ရွယ်ချက်များ ဖြစ်ပါကြောင်း၊ ခြေလျင်တောင်တက် အားကစားနည်းမှာ လူပုဂ္ဂိုလ်တစ်ဦးချင်း၊ အသင်းအဖွဲ့အချင်းချင်း ယှဉ်ပြိုင် ရခြင်းမဟုတ်ဘဲ လူနှင့် သက်မဲ့တောတောင် သဘာဝ ရာသီဥတု အခက်အခဲများနှင့် ရင်ဆိုင်ယှဉ်ပြိုင်ရသော အားကစားနည်း ဖြစ်၍ အလွန်ပင်ဂုဏ်ယူစရာကောင်းသော အားကစားနည်း ဖြစ်ပါကြောင်း၊ ထိုအားကစားနည်းမှပင် ကမ္ဘာ့အမြင့်ဆုံးတောင်အား တက်ရောက်နိုင်ခဲ့ပြီး၊ ကြမ်းတမ်းသော ရာသီဥတု၊ သဘာဝဘေး အန္တရာယ်များကို မြန်မာတောင်တက်အားကစားသမား (၃)ဦးမှ မြန်မာလူမျိုးများကိုယ်စား ဇွဲ၊ သတ္တိ၊ ကျန်းမာကြံ့ခိုင်မှု၊ ကြီးမားသော သဘာဝဘေးအန္တရာယ် ကျော်ဖြတ်နိုင်မှု စသော အရည်အချင်း များဖြင့် ၂ဝ၁၆ ခုနှစ်၊ မေလ(၁၉)ရက်နေ့မှာ ပထမဦးဆုံး အကြိမ် အဖြစ်အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပြီး၊ ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်ကာ မြန်မာ့ဂုဏ်ကို ပြသနိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ သက်စွန့်ဆံဖျား ကြိုးပမ်းခဲ့ကြသော မြန်မာလူငယ် တောင်တက် ကစားသမားများအား မြန်မာနိုင်ငံကိုယ်စားပြုရုံသာမက မြန်မာလူငယ်များကို ကောင်းမွန်သော စိတ်ဓါတ်များကို ရှေ့ဆောင်လမ်းပြ ဖော်ဆောင်ပေးနိုင်သော မျိုးဆက်သစ် လူငယ်များအဖြစ် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ၄င်းတို့ အတွေ့အကြုံများကို မျိုးဆက်သစ်လူငယ်များကို ဖြန့်ဝေလက်တွဲ ခေါ်ယူစည်းရုံး ဆွဲဆောင်နိုင်ကြပါစေကြောင်း ပြောကြားပါသည်။
ဆက်လက်၍ တောင်တက်အားကစားသမား အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုပြည့်ဖြိုးအောင်မှ တောင်တက်ခရီးစဉ်တလျှောက် ကြုံတွေ့ရသော အခက်အခဲ၊ အတွေ့အကြုံများကို ရှင်းလင်း ပြောကြားကာ အောင်မြင်စွာတက်ရောက်နိုင်ခဲ့ပုံများကို ရှင်းလင်းပြောကြားပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ နိုင်ငံ့ဂုဏ်ဆောင် တောင်တက်အားကစားသမားများကို တစ်ဦးချင်းဂုဏ်ပြုချီးမြှင့်ငွေကို ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
အဆိုပါ နိုင်ငံ့ဂုဏ်ဆောင် တောင်တက်အားကစားသမားများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အားကစားသမားများမော်ကွန်းပြတိုက်ရှိ ရွှေတံဆိပ် (၄)ခုနှင့်အထက် ရရှိသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများနည်းတူ ဂုဏ်ပြုပြခန်းမ၌ ကိုယ်တစ်ပိုင်းပုံတူရုပ်တု ပြုလုပ်ကာ ဂုဏ်ပြုသွားမည် ဖြစ်ပြီး ၄င်းတက်ရောက်ခဲ့သော တောင်တက် ခရီးစဉ်မှတ်တမ်း ဓါတ်ပုံများအား ပြသထားရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါ အခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ခြေလျင်တောင်တက် အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြပါသည်။

Advertisements
This entry was posted in Climbing, Everest, Mountaineering, Myanmar, News. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s