Patan-Lalitpur ရှေးဟောင်း “ပတန်” မြို့တော် , နီပေါ

နီပေါ ခတ္တမန်ဒူမြို့လေးနားက လလစ်ပါး လို့ခေါ်တဲ့မြို့လေး
ရှေးဟောင်း ” ပတန် ” မြို့တော်ရာနေရာတစ်ခု living heritageတစ်ခုရဲ့ အကြောင်းပါ။

ဒီဒေသဟာ ဘာနဲ့တူသလဲဆိုတော့ ရပ်ကွက်နှစ်ခုစာလောက်ရှိတဲ့ ရှေးဟောင်းပစ္စည်း ဆိုင်ကြီးထဲမှာ နေထိုင်လှုပ်ရှားနေတဲ့အလားပါပဲ။ကျွန်တော်တို့တွေ တကူးတကလာကြည့်ရတဲ့ ရှေးဟောင်းပေ့ လက်ရာကောင်းပေ့ဆိုတဲ့ ၊ဒီရေကန်၊ဒီဘုရားကျောင်း၊ဒီရုပ်ထုတွေ ဒီအပင်တွေ ဒီလမ်းတွေ ဒီရေထွက်တွေဟာ သူတို့ရဲ့နေ့စဉ်ဘဝရဲ့ တစ်စိတ်တစ်ဒေသဖြစ်လို့နေတာပါပဲ။ (ကျွန်တော်တို့ဆီက ပုဂံ ဒေသလို ရှေးဟောင်းပစ္စည်း/ဘုရား ကျောင်း တွေသပ်သပ် လူတွေကသပ်သပ်စီဖြစ်မနေပဲ၊ ပတန်မြို့သူမြို့သားတွေဟာ သူတို့ရှေးဟောင်းမြို့ထဲမှာစီးမြောရင်း ရှေးဟောင်းပစ္စည်းအမွေအနှစ်တွေ (ရေထွက်/ရေကန်/ဇရပ် စတာတွေ) ကို အရင်ဘိုးဘေးဘီဘင်လက်ထက်က အတိုင်း ယနေ့တိုင်အသုံးပြုလျက်ရှိပါတယ်။

  • အလုပ်သွားတော့မဲ့ နီပေါအမျိုးသားကြီးတစ်ယောက် အိမ်ထဲကနေထွက်လာတယ်- လမ်းထောင့်က နှစ်ပေါင်း ၁၄၀၀ နီးပါးရှိပြီဖြစ်တဲ့ သီဝနတ်ရုပ်ကိုသူ့နဖူးနဲ့ထိညွတ်အရိုအသေပြုပြီး အလုပ်ကိုဆက်သွားတယ် ။
  •    ကျောင်းသွားဖို့ ကောင်လေးတွေတစ်သိုက်ဆော့ကစားရင်းပြေးထွက်လာကြရင်း ရာစုနှစ်ဆယ်စုကျော်ပြီဖြစ်တဲ့ ဗိသနိုးနတ်ရုပ်ရှေ့နားမှာ ကိုယ်စီလက်အုပ်ချီပြီးမှ ဆက်သွားကြတာမျိုး
  • ဥုံ မဏိ ပဒ်မေ ဟုမ် ( Om mani Padme Hum) ဆိုတဲ့စာတွေရေးထွင်းထားတဲ့ ဘုရားစာဘီးလုံး (Prayer Wheels) တွေကို လှည့်ရင်း ဗုဒ္ဓဘုရားကိုဝတ်ပြုဖို့သွားတဲ့ သူတွေ ၊ စသည်ဖြင့် အသေအချာမြင်ခဲ့ ကြုံတွေ့ခဲ့ရတယ်။
    ပတန်မြို့ဟောင်းထိမပို့ပဲ ဒီမြို့အစပ်မှာ ချပေးသွားတဲ့ ကားဆရာကျေးဇူးနဲ့tourist attraction နေရာတွေကိုတိုက်ရိုက်ရောက်မသွားပဲ လူနေရပ်ကွက်တွေဈေးတွေကိုဖြတ်ပြီးမှ အဲ့ဒီပတန်မြို့ဟောင်းကိုရောက်သွားခဲ့တာလည်းအဆိုးထဲကအကောင်းဆိုပါတော့။ မြို့အစပ်ကနေပြီး မြို့ထဲကိုလမ်းလျှောက်ဝင်ကြည့်ကြ၊ လမ်းကြိုကြား အိမ်နောက်ဖေးလမ်းကြားမကျန်ရောက်ခဲ့ကြတယ်။ ( တကယ်တော့ တက္ကစီသမားက ရောက်ပြီဆိုပြီးချပေးသွားတာပါ 😀  )

ဒီ “ပတန်”မြို့က လူကြီးတွေဟာ အနုစိပ်လွန်းခဲ့ကြတယ်၊ အမွေကောင်းတွေချန်ထားခဲ့ကြတယ်။

 

မြို့အဝင်ကလမ်းထောင့်ကကွမ်းယာဆိုင်အရွယ်သာသာဇရပ်လို့ယူဆရတဲ့နားခိုဆောင်လေးကလက်ရာတွေ
ဒါကတော့ ဒီဘက်ခေတ်လက်ရာပါ၊ ရှေးမူအတိုင်းပြန်ထွင်းထုထားတဲ့ ပတန် မြို့ဟောင်းအဝင်က အိမ်တံခါးတစ်ချပ်ပေါ့
နီပေါကလမ်းဘေးခွေးတွေက ဝတုတ်တွေများပါတယ်။
ဒီပုံထဲကကောင်လေးကပိန်တယ်ပြောရမယ်။ ဘုရားစွန့် နတ်စွန့်တာတွေစားဖို့အတွက် ဘုရားကျောင်းဆောင်တွေနားမှာ မဟောင်မကိုက်ပဲ လူတွေနဲ့လက်ပွန်းတတီးနေကြတယ်။
ဥုံ မဏိ ပဒ်မေ ဟုမ် ဆိုတဲ့ စာတွေရေးထိုးထားတဲ့ Prayer Wheels တွေ
( အဓိကအားဖြင့် တိဘက် ဘာသာ ၊ နီပေါ ဘာသာ တွေနဲ့ ရေးထိုးလေးရှိပါတယ် ) ပုံထဲက Prayer Wheels ကတော့ နီပေါဘာသာနဲ့ရေးထိုးထားပါတယ် (ဥုံ မဏိ ပဒ်မေ ဟုမ် ( Om mani Padme Hum) ဆိုတာ သက္ကဋစကားပါ

– မဟာယာန ဗုဒ္ဓဘာသာဝင်တွေ ကရုဏာ ကို ကိုယ်စားပြုတဲ့ အဝလောကိတစွာရ ကို ဆုတောင်းအရိုအသေပြုတဲ့ စကားဖြစ်ပါတယ်။)
Prayer Flags တွေ တန်ဆာဆင်ထားတဲ့ Buddha Eye ကိုလေးဘက်လေးတန်ရေးဆွဲထားတဲ့ နဲ့ Stupa စေတီပုံစံမျိုး ဗုဒ္ဓဘာသာဘုရားတွေလည်းရှိပါတယ်၊ ဒီနေရာတွေက တိဘက်ဗုဒ္ဓဘာသာဝင်တွေအဓိက လာရောက်တဲ့နေရာတွေပါပဲ။
ဒီစေတီဝင်းထဲမှာ ကျောက်စာတိုင်တွေထားလေ့ရှိပြီး ဒီကျောက်စာတိုင်ကတော့ လိပ်အောက်ခံနဲ့ပါ
ဘုရားရဲ့အရှေ့ကရေကန်လေးရဲ့ဇရပ်သေးသေးလေးကလက်ရာတွေ
ပတန် မြို့လေးထဲက ဈေး
အများစုက သတ်သတ်လွတ်သမားတွေ ၊ အသီးအနှံတွေကလည်း Kathmandu Valley ထဲက ထွက်သမို့ လတ်ဆတ်ပါတယ်။
အားလုံးနီးပါးက အမဲသားမစားကြဘူး၊ ပုံထဲက အသားတန်းမှာ ကျွဲသားရောင်းနေတာတွေ့ခဲ့တယ်၊ Restaurant တွေက menu မှာတော့ BUFF လို့ အတိုကောက်ရေးတာက ကျွဲသားဟင်းလျာတွေပါ။
၂၀၁၅နီပေါငလျင်ရဲ့ အပျက်အစီးတွေထဲကတစ်ချို့၊ အများစုကတော့ ပြန်ပြင်ဆောက်ထားကြပြီ၊
အိမ်တော်တော်များများ ကတော့ ပုံထဲကလို ကျားကန် ထားကြတယ်။
ဈေးထဲက မှိုပွင့်တွေ
Patan မြို့ဟောင်းရဲ့ Durbar Square
တစ်ချို့ ရုပ်ထုတွေကSandstone တစ်တုံးထဲကိုကျောက်ဆစ်ထွင်း ထားတာ
တစ်ချို့ကတော့ ကျောက်သားအချပ် အဆက်အစပ်တွေနဲ့
ကျားကန်ထားရတဲ့ Patan
Dhunge Dhara လို့ခေါ်တဲ့ ရေထွက်တွေရှိတဲ့ ရေကန်
ရေထွက်တွေထဲမှာမှ ရှေးအကျဆုံးလည်းဖြစ် အခုထိလည်းရေရရှိဆဲပဲဖြစ်တဲ့ Mangā Hiti
Mangā Hiti, ကို 570 AD မှာတည်ခဲ့တယ်၊ သူ့ရဲ့သက်တမ်းဟာ နှစ်ပေါင်း ၁၄၅၀ နီးပါးရှိပါပြီ
ကျောက်ရေစည်အဝိုင်းကြီး ကို stone flow distributors လို့ခေါ်ပါတယ် (at Mangā Hiti )
ရေခံဖို့ ရေပုံးတွေတန်းစီထားတာ မြင်တဲ့အတိုင်းပါပဲ
ကျွန်တော်သဘောကျတာက Human Intercation ဗျ။
Archaeological Site ကြီးကသပ်သပ်၊ လူတွေကသပ်သပ်စီဖြစ်မနေပဲ၊ ဒီရှေးဟောင်းအနုလက်ရာတွေက ဒေသခံတွေရဲ့ဝိညာဉ်မှာပူးကပ်နေတာပဲ၊ သူတို့ရဲ့နေ့စဉ်ဘဝမှာဒီရှေးဟောင်းပစ္စည်းတွေနဲ့ကူးလူးယှက်နွယ်နေတာကိုအတိုင်းသားမြင်ရတာပဲ။ ဒီနေရာမှာ ကောင်းတာတွေရှိသလို impact တွေလည်းရှိနိုင်ပါတယ်။
အရင်တုံးကတော့ ဒီရေထွက်တွေက ရေကောင်းကောင်းရပေမဲ့ အခုတော့ ရေအလာနည်းလာပြီလို့သိရပါတယ်။
တစ်ချို့ဘုရားကျောင်းတွေက ဟိန္ဒူဘာသာဝင်တွေကိုပဲပေးဝင်ပါတယ်။ ကျွန်တော်က ခပ်ဆင်ဆင်ရယ်ဆိုတော့ ဝင်သွားလည်း ပြသနာမရှိလှပါဘူး၊
ခပ်ဆင်ဆင်ရယ်ဆိုတော့ Entrance Fee တောင်လာမကောက်ပေမဲ့ အသေးစိတ်လွန်းတဲ့ Patan ကို appraciate လုပ်တဲ့အနေနဲ့ ကိုယ်တိုင်ပဲ သွားပေးခဲ့ပါတယ်
Patan Museum
Patan Museum ရဲ့ ကြေး တံခါး
Patan- Durbur Square
Pilgrims
Some Tibetan monks
Durbur Square

 

 

DSC04789DSC04791DSC04812DSC04833-001DSC04849DSC04862DSC04864DSC04871DSC04874DSC04917DSC04925DSC04928DSC04932DSC04941DSC04942DSC04944DSC04973DSC04977DSC04990

Advertisements
This entry was posted in Essay, History, Nepal, Photography, Travel, Travelogue, Uncategorized. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s