ဒဏ်ရာကင်းကင်းBouldering

thecube2014

Harold Bruce-Lee sending V4 in RAK-VEGAS

Bouldering ကအန္တရာယ်ရှိတဲ့အားကစားပါ။

Bouldering နည်းစနစ်တွေကျွမ်းကျင်တိုးတက်ဖို့ လေ့ကျင့်တဲ့ ကာလတွေမှာ အနာတရမဖြစ်ဖို့၊ ဒဏ်ရာမရဖို့ အရေးကြီးပါတယ်။

ဒဏ်ရာမရ၊အထိအခိုက်မရှိအောင် Boulderingအားကစား ကို ဘယ်လိုလေ့ကျင့်မလဲ။

ဒါနဲ့ပက်သက်လို့ အရေးကြီးတဲ့အချက်တစ်ချို့ကို ရေးပြပါရစေ။

 

(၁) အကျော့လျှော့ ပါ။  Boulderingပဲလုပ်လုပ် climbingပဲလုပ်လုပ် အကျော့အရင်လျှော့ပြီးမှလုပ်ပါ။ အမြဲတမ်း မဖြစ်မနေလုပ်ရမဲ့အလုပ်ပါ။ အပေါ်ပိုင်းအနေနဲ့ လက်ချောင်းတွေ၊ လက်မောင်း လက်ဖျံနဲ့ ဆုံ။ ပြီးတဲ့အခါ ခါးနဲ့ နောက်ကျော။ အောက်ပိုင်းအနေနဲ့ ပေါင် ခြေသလုံး နဲ့ ခြေချင်းဝတ် အကျောတွေကို လျှော့ပေးဖို့လိုပါတယ်။ static stretching ခေါ်တဲ့ ၁၀စက္ကန့်ကနေ စက္ကန့်၃၀လောက်အကျောလျှော့တဲ့ နည်းဖြစ်စေ ခုနောက်ပိုင်း youtubeမှာအလွယ်တကူတွေ့နိုင်တဲ့ Dynamic stretchingခေါ်တဲ့ အလှုပ် နည်းဖြစ်စေ ကိုယ်အားသန်ရာနည်းနဲ့ အကျောလျှော့ပေးပါ၊ တကယ်အကျောလျှော့ ဖို့လိုပါတယ်။ ဒီလိုလျှော့ပြီးBouldering လုပ် တဲ့ရက်တွေမှာ တက်ရတာပိုညက်ညက်ညောညောရှိနေမှာပါ၊

10712937_10201944510933716_4574977886901655985_n

(၂) သွေးပူလေ့ကျင့်ခန်းလုပ်ပါ ။ အကျော့လျှော့နေစဉ်အတွင်းမှာ အလိုလိုသွေးနည်းနည်းပူလာနေပါပြီ။ ဒါပေမဲ့ အားကစားလှုပ်ရှားဖို့အတွက် နှလုံးကိုလိုအပ်တဲ့သွေးလည်ပတ်မှု ဖြေးဖြေးနဲ့မှန်မှန်ရောက်စေဖို့ အကြောလျှော့ပြီး တန်း “တက်” တာမျိုးမလုပ်သေးပဲ သွေးပူလေ့ကျင့်ခန်းလေးကို ကြားထဲမှာထည့်ပြီးလုပ်တာ အလွန်ကိုတာသွားပါတယ်။ ဒိုက်ထိုးတာ၊ plankလုပ်တာ jumping jacksလုပ်တာ wall sit ဘားတန်းခို” စတာတွေကို ၃မိနစ်ကနေ ၅မိနစ်လောက် အချိန်ပေး လုပ်ပါ။ အဲ့ဒီ သွေးပူလေ့ကျင့်ခန်းအပြီးမှာတော့ ကျွန်တော်တို့ရဲ့ ခန္တာကိုယ်ဟာ သွေးလည်ပတ်မှူ ကောင်းလာပါပြီ ။ heart rate လည်း နှေးရာကနေ တိုးလာသလို body temperature လည်းတက်လာပါပြီ။ သွေးပူလေ့ကျင့်ခန်းအပိုင်းထဲမှာ ခုနက ကရိယာလွတ်သွေးပူအပြင် climbing wall ပေါ်မှာစပြီးတက်တဲ့ သွေးပူ ဟာလည်းအကျုံးဝင်ပါတယ်။ climbing holdကြီးကြီး တွေကိုစကိုင်ပါ။ လွယ်တဲ့ move တွေကို စလှုပ်ရှားပြီး အသက်ရှူမှန်မှန်နဲ့ ဖြေးဖြေးနဲ့ စပြီး Bouldering လုပ်ရင်း Warm up လုပ်နိုင်ပါတယ်။ အကြိုက်ဆုံး climbing Warm up ကတော့ traverse ပါ Bouldering move တွေကို ဘေးတိုက်သွားတာကိုဆိုလိုပါတယ်။ ဘေးတိုက်အသွားအပြန် ခေါက်တုံ့ခေါက်ပြန်လုပ် သွေးပူလေ့ကျင့်ခန်းစရင်း ကိုယ်လေ့ကျင့်မဲ့ Bouldering project တွေကိုတက်ဖို့ နဲ့ traverse အစပျိုးနိုင်ပါတယ်) ။ အရေးကြီးတာက သွေးပူလေ့ကျင့်ရာမှာ climbing hold သေးသေးတွေကိုအတတ်နိုင်ဆုံးရှောင်ပြီး holdကြီးကြီး နဲ့ လွယ်လွယ် move တွေနဲ့ စဖို့ပါ။ (V0 V1 ထက်မကျော်သင့်ပါဘူး)

(၃) ကိုယ့် Bouldering level ကို သိပါစေ။ စတက်ကာစ အသစ်တွေအနေနဲ့ V0 တို့ V1 တို့က move တွေကိုတက်လေ့ရှိပါတယ်။ တစ်ချို့သန်တဲ့သူတွေဟာ V2 V3 လောက်ကိုပါ တက်နိုင်တာမျိုးလည်းရှိပါတယ်။ အဲ့ဒီလိုအခြေအနေတွေမှာ ကိုယ့်ရဲ့ Bouldering level ကိုမှန်မှန်ကန်ကန်အကဲဖြတ်တတ်ဖို့လိုလာပါပြီ။ စပြီး Bouldering လုပ်ခါစမှာ လွယ်တဲ့ Boulder problem တွေကနေသာစဖို့ လိုပါတယ်။ ဒါပေမဲ့ တက်နိုင်တာပဲဆိုပြီး ခက်တဲ့ V3 သို့မဟုတ် V4 က လက်တဖျားစာ crimp သေးသေးလေးတွေ pocket သေးသေးလေးတွေ ၊ လက်ချောင်းတစ်ချောင်းထဲနဲ့ hold လုပ်ရတဲ့ mono လို move တွေ ပါတဲ့ အခက် V4 တွေကို ခြေနုကာလမှာ တက်တဲ့အခါ ဒဏ်ရာရနိုင်ပါတယ်။ ခုန်တဲ့ပျံတဲ့ movement တွေပါတဲ့ Dyno လိုမျိုးမှာလည်း ထိခိုက်အနာတရဖြစ်လေ့ရှိပါတယ်။ ဒီတော့ ကိုယ့်ရဲ့ level ကနေ သိပ်အလှမ်းဝေးတဲ့ အဆင့်တစ်ခုကို ရုတ်ချည်းခုန်မတက်ဖို့ အရေးကြီးပါတယ်။ (ဥမမာအားဖြင့် V2 တက်နေရာက V6 လောက်ကိုတစ်ခါတည်းမသွားမိဖို့သာ ဆိုလိုရင်းပါ) ။ Bouldering ရဲ့အနှစ်သာရက ကိုယ့်ရဲ့ limit တွေကို ကျော်လွန်ပြီး တက်နိုင်အောင် လေ့ကျင့်ပျိုးထောင်ယူရတဲ့ စိတ်+နည်းစနစ်+ကိုယ်ခန္တာကြံ့ခိုင်မှု ၃မျိုးစလုံးအရေးကြီးတဲ့ အားကစားဆိုတာသတိချပ်စေလိုပါတယ် ကိုယ့်ရဲ့ limit တွေကိုစမ်းသပ်အကဲဖြတ်ဖို့ ဒီလိုခက်တဲ့ crimp သေးသေး holdသေးသေးတွေ ကြီးပေမဲ့ကိုင်ရခက်တဲ့sloper လိုမျိုးတွေ ကိုတက်ကြည့်ပြီး ကိုယ့်ကိုယ်ကို သန်မာလာအောင်လေ့ကျင့်ရမှာပါ။youtube videoတွေကြည့်ပြီး စိတ်အားအထက်သန်လွန်ပြီး အဲ့ဒီအထဲကလို လက်ချောင်းတစ်ချောင်းတည်း နဲ့ pull up လုပ်ပစ်လိုက်လို့ လက်ချောင်းရဲ့ အရွတ်တွေစုတ်ပြဲသွားရင် မတန်ပါဘူး။ ဒါကြောင့်မို့ ကိုယ့်Bouldering level ကိုကိုယ်တိုင်ကိုယ်ကျရော အတူတက်ဖော်သူငယ်ချင်းတွေအကူအညီနဲ့ပါ ဆန်းစစ်ပြီး အဆင့်မကျော်ပဲ လေ့ကျင့်ပျိုးထောင်ဖို့လိုပါတယ်။

(၄) အကျကောင်းဖို့ လေ့ကျင့်ပါ။ Bouldering မှာ အတက်ကျွမ်းကျင်ဖို့ လေ့ကျင့်ရသလို အကျတော်ဖို့လည်းအရေးကြီးပါတယ်။ တက်တဲ့အခါတိုင်းမှာ အောက်ကိုပြန်ကျမဲ့ အနေအထားတွေကို လေ့လာပါ။ Bouldering မှာ အထိအခိုက်များတာ လက်ချောင်းအရွတ်တွေ တံတောင်နဲ့ လက်မောင်ဆုံတွေ၊ လက်ဖျံကြွက်သားတွေတင်မဟုတ်ပါဘူး၊ ခြေထောက်အရိုးအက်တာ၊ တင်ပါးဆုံရိုးကျိုးတာ၊ နောက်စေ့နဲ့ ကျောဒဏ်ရာ လက်ကောက်ဝတ်ကျိုးတာ၊ တံတောင်ဆစ်လွဲတာစတာတွေဟာ ပြန်ပြုတ်အကျမှာ အဖြစ်များတဲ့ ထိခိုက်မှုတွေပါ။ ဒီလိုမဖြစ်အောင် မတက်ခင် အောက်က crash pad ရဲ့ အနေအထား ကျတဲ့ပုံစံတွေအရေးကြီးပါတယ်၊ ကိုယ်တက်နေတုံး အောက်ကတစ်ယောက်ယောက်ကဖြတ်သွားတာ ဝင်လာတာမျိုးတွေကလည်း နှစ်ယောက်လုံးဖို့ အန္တရာယ်ရှိပါတယ်။ တက်နေစဉ်မှာ spotter ရှိတာ ကောင်းပါတယ်။crash padကို အလိုက်သင့်ရွှေ့ဖေးဖို့ လူတစ်ယောက်သို့မဟုတ် spot လုပ်ပေးသူ မရှိတဲ့အခါမျိုးမှာ crash pad အပိုတစ်ခုအနည်းဆုံးခံထားမှစိတ်ချရမှာပါ။ ဒါ့အပြင် crash pad /ဖော့တုံးတွေက Bouldering အတွက်အရေးကြီးတဲ့အောက်ခံတွေဖြစ်ပေမဲ့လို့ climber အကျကောင်းမှသာ crash pad ကကယ်နိုင်မှာဖြစ်ပါတယ်။

10863860_10202200759339766_9132107346073347014_o

(၅) ဟန်ချက် ညီဖို့ ပြင်ဆင်ပါ။ ဟန်ချက်/Balance ကောင်းရင် Bouldering အတွက်အထောက်အကူပြုပါတယ်။ ဒီနေရာမှာက ကိုယ်ခန္တာဟန်ချက်အပြင် လေ့ကျင့်ခန်းဟန်ချက် အစားအသောက်အအိပ်အနေ ဟန်ချက်တွေပါပါတယ်။
ကိုယ်ခန္တာဟန်ချက်ကောင်းလာဖို့ slack line လျှောက်တာတို့ yoga လေ့ကျင့်ခန်းတို့ စတာတွေက တကယ်အကျိုးရှိပါတယ်။ လေ့ကျင့်ခန်းဟန်ချက်အနေနဲ့ကတော့ climbing လုပ်နေစဉ်အတွင်းအသုံးပြုထားတဲ့ ကြွက်သားတွေ အကျောတွေ အပြင် (climbing လုပ်တဲ့အခါမသုံးဖြစ် မညှစ်ထုတ်ဖြစ်ခဲ့တဲ့)အခြားသော ကြွက်သားတွေလည်း ဟန်ချက်ညီညီ ဖွံ့ဖြိုးဖို့လုပ်ရမှာပါ။ ဒါတွေကို Bouldering /climbing session ရဲ့အပြီး Warm down လုပ်ရင်းနဲ့ ဒိုက်ထိုးတာ ab တွေ ဗိုက်သားအတွက် ဘယ်လီရိုက်တာ စတာတွေကို ဖြည့်ပေးဖို့လိုပါတယ်။Bouldering လုပ်ပြီးပြီးချင်းပြိုင်းသွားရင်တော့ အဲ့ဒီတစ်နေ့စာအတွက်ရပ်ထားလိုက်ပြီး နောက်နေ့ နားရက်မှာ ဒိုက်ထိုးတာ၊ plankလုပ်တာ ဘားတန်းခို တာတွေကိုပြန်လုပ်ရပါမယ်။အစားအသောက်အအိပ်အနေ ဟန်ချက်ကလည်း အားကစားလုပ်သူတိုင်းအတွက်အရေးကြီးပါတယ် ။ climbingလုပ်တဲ့သူတွေဖို့ climbing session တက်နေတုံးအချိန်တွေနဲ့ လေ့ကျင့်ပြီးတိုင်းမှာ hydrate ဖြစ်နေဖို့လိုပါတယ်၊ protein လည်းလိုပါတယ်၊ bar ၁ခုလောက်ဆောင်ထားပြီး session အပြီးမှာစားတာကအထောက်အကူပြုပါတယ်၊ ကျွန်တော်ကတော့ ငှက်ပျော်သီး၊ ချောကလက်စတာတွေစားလေ့ရှိပါတယ်။ အိပ်ရေးပျက်ထားရင် Bouldering training သွားလုပ်မဲ့အစားနားလိုက်တာက အကျိုးရှိမှာပါ၊ တက်မယ် လေ့ကျင့်မယ်ဆိုရင် အိပ်ရေးဝထားတာ ကောင်းပါတယ် ။

ccc
(၆) အလွန်အကြွံ မလေ့ကျင့်မိပါစေနဲ့  Bouldering လေ့ကျင့်တဲ့ကာလတွေအတွင်းမှာ

  • လူသစ်တန်းအနေနဲ့ တစ်ပါတ်ကို ပုံမှန် ၂ရက်ကနေ ၃ရက်ထက်မပိုသင့်ပါဘူး ၊ (climbing move များများ hangboard ရဲ့လွယ်တဲ့ hang တွေနဲ့လည်းတွဲလေ့ကျင့်နိုင်ပါပြီ campus board ကိုတော့လုံးဝမစသင့်သေးပါ campus board ပေါ်သွားဖို့ လက်ချောင်းလေးတွေက လုံးဝကိုအဆင်သင့်မဖြစ်သေးပါဘူး ) Boulderingလုပ်တာ ၃လကနေ ၆လလောက် ပုံမှန်ရှိလာပြီးတော့
  • အလယ်အလတ်တန်း အဆင့်လောက် ရောက်လာပြီဆိုရင် တပတ်ကို ၃ရက်ကနေ ၄ရက်အထိလေ့ကျင့်နိုင်ပါပြီ။ (climbing ကော hangboard ကော ၊ ခက်တဲ့ hangထဲက sloper တွေ pocket မှာ hang တာတွေ နဲ့လည်းတွဲလေ့ကျင့်နိုင်ပါပြီ campus board ကိုတော့မစသင့်သေးပါ campusing အတွက် လက်ချောင်းလေးတွေက နည်းနည်းတော့သန်မာနေပါပြီ ဒါပေမဲ့ အဆင်သင့်မဖြစ်သေးပါဘူး )
  • တက်သက် ၁နှစ် ၂နှစ် ကျော်ရှိပြီး တောက်လျှောက်လည်းလေ့ကျင့်လာခဲ့ တယ်ဆိုရင်တော့ တပတ်ကို ၅ရက်လောက်ထိတိုးပြီးလေ့ကျင့်လို့ရပါတယ်။ campus board ပေါ်မှာ လေ့ကျင့်ဖို့အတွက်လည်း လက်ချောင်းတွေကအရွတ်တွေဟာ သန်မာနေပါပြီ ( ဒီလိုမှမဟုတ်ပဲ စစလေ့ကျင့်ကတည်းက campusing လုပ်မယ်ဆိုရင် အကျိုးမရှိနိုင်ပါဘူး လက်ချောင်းတွေ injury ရတာပဲအဖတ်တင်ပါလိမ့်မယ် ) campus board ပေါ်သွားဖို့ အနည်းလေး ၁နှစ်လောက်အချိန်ယူတာကောင်းပါတယ်။
download

HangBoard / Fingerboard 

dfsgd

Finger on Campus Rung 

download (1)

Set of Campus Rungs on a “Campus Board”

images

WARNING : DO NOT TRY THIS AT HOME ( your finger may get seriously injured )

 

နံပါတ် ၇ ကတော့ အရေးကြီးတဲ့အချက်ပါ
(၇) မလိုအပ်ပဲ အားမသုံးပါနဲ့   Bouldering မှာ အားတွေအသကုန်ထုတ်ပြီးတက်တာထက် စနစ်ကျတဲ့Move တွေ သုံးတာ ၊ ကျွမ်းကျင်အကွက်တွေသုံးတာက ပိုထိရောက်ပါတယ် ( ဒါအတွက်ကတော့climbing video တွေ များများကြည့်တာတို့ ကိုယ့် seniorတွေထံက move တွေကို မေးမြန်းလေ့ကျင့်တာတို့ကနေ တိုးတက်အောင်လေ့ကျင့်ယူနိုင်ပါတယ် ) နောက်ပြီးတော့ route တစ်ခု boulder problem တစ်ခု လွယ်သည်ဖြစ်စေခက်သည်ဖြစ်စေ holdတွေဘယ်မှာဆိုတာမတက်ခင် ကြိုတင်ကြည့်ရှုထားတာ (တက်ဖူးတဲ့သူဆီက beta ကို မေးတာမျိုး) ဘက်လက်ပြီးညာလက်ရွှေ့မယ်စသည်ဖြင့် အကွက်အစီအစဉ်(sequence)ကိုလည်းမတက်ခင်ကြိုပြီး တွက်ဆပြင်ဆင်တားတာဟာတကယ်ကောင်းတဲ့အလေ့အထပါ။ အင်အားကိုချွေတာနိုင်ပါတယ်။ တက်နေ့တဲ့ route ပေါ်ရောက်မှ ခြေထောက်ထားဖို့ foothold ကိုလိုက်ရှာတာမျိုးဟာ အချိန်ကုန်လူပန်းစေတဲ့ တက်နည်းပါပဲ။ ဒီတော့မလိုအပ်ပဲ အားမသုံးမိအောင် beta တွေ sequenceတွေနဲ့ route မှာပါဝင်တဲ့ hold တွေကိုကြိုတင်ကြည့်ရှုပြီးမှတက်တာက သိပ်ကိုအထောက်အကူပြုပါလိမ့်မယ်။ အားသုံးစရာမလိုပဲ skill သုံးပြီးတက်ဖို့ပါ။ (ခရီးမသွားခင် မြေပုံကြည့်တာမျိုး၊လမ်းနာမည်တွေကို အရင်ကြည့်ပြီးမှသွားတာမျိုးပါ၊ ရောက်ရာပေါက်ရာမောင်းသွားတာထက် မြေပုံနဲ့တည်နေရာကိုလေ့လာပြီးမှသွားတာက ပိုခရီးတွင်တဲ့ သဘောပါ။ )

(၈) ခြေကုပ်မြဲပါစေ။   တက်တဲ့အခါ အပေါ်ပိုင်းကြွက်သားတွေချည်းအားသုံးတက်တာထက် ခြေထောက်ကိုသုံးပါ။ Bouldering မှာ footwork ကိုကောင်းကောင်းပိုင်နိုင်ပြီဆိုရင် တဟုန်ထိုးတိုးတက်ဖို့အလားအလာရှိတဲ့အပြင် injury နည်းအောင်လည်းအထောက်အကူပြုပါတယ်၊ footworkရဲ့အရေးကြီးတဲ့အပိုင်းတွေဖြစ်တဲ့ smearing ရယ် edging ရယ်ကိုတိုးတက်ဖို့လေ့ကျင့်ရပါတယ်။ ဒါ့အပြင် heel hook နဲ့ toe hook တွေကိုလည်းလေ့လာပြီး တက်တဲ့အခါ လက်တွေ့အသုံးချကြည့်ဖို့လိုပါတယ်

download (2)

Edging 

dsc_0007

Smearing

download (3)

Toe Hook

 

11013069_810821569032549_3367048970304234862_n

heelhook

11049601_810824029032303_8567187385418314211_n

 

  • (smearing ဆိုတာကတော့ တောင်တက်ဖိနပ်ဦးက ရာဘာနဲ့အပြားလိုက်နံရံကိုဖိကပ်ပြီး ပွတ်တိုက်မှုကနေ ခြေကုပ်ယူတာကိုဆိုလိုပါတယ်
  • edgingကတော့ တောင်နံရံအစွန်း/holdရဲ့အစွန်းအဖျားလေးပေါ် ဖိနပ်ရဲ့အစွန်နဲ့ဖိနင်းပြီး ခြေကုပ်ယူတာကိုဆိုလိုပါတယ် ၊
  • heel hook နဲ့ toe hook က ဖနောင့်နဲ့ခြေဦးပိုင်းနဲ့ footholdကိုချိတ်ပြီး ခြေကုပ်ယူတာကိုဆိုလိုပါတယ်

13909426_10205356889001035_4708114273367962714_o

 

(၉) တသမတ်ထဲ မလေ့ကျင့်ပါနဲ့။ ကိုယ့်လက်ချောင်းလေးတွေ ကိုင်တွယ်တဲ့ climbing hold ပုံစံတွေဟာ အတူတူပဲလားဆိုတာကိုလေ့လာပါ၊ အကုန်ဆင်တူဆိုရင် အတူညီတဲ့ hold တွေကိုသုံးဖို့လိုပါတယ်၊ ဒါမှ climbing styles အမျိုးမျိုးကိုလေ့ကျင့်နိုင်မှာပါ။ အထူးသဖြင့် ကိုယ်သုံးတဲ့ hold တွေမှာ pocket အရမ်းများနေသလား၊ ဒါဆို အရွတ်ထိဖို့ အလားအလာများနေပါပြီ၊ ဒါကြောင့် jugs တွေ sloper တွေpinch တွေ စတဲ့ လက်ပုံစံ တစ်သမတ်ထဲမဟုတ်ပုံ လက်ချောင်းတွေကိုပြောင်းလဲကိုင်တွယ်ရတဲ့ hold တွေ route တွေမှာလေ့ကျင့်ပေးရပါမယ်။ ဒါမှ အချိုးညီတိုးတက်မှာဖြစ်သလို ဒဏ်ဖြစ်ဖို့လည်းအလားအလာနည်းသွားမှာပါ။ route တခုတည်း projectတခုတည်း ကို နာရီဝက်ထက်ကိုပြီး မလေ့ကျင့်သင့်ပါဘူး။ ပုံစံပြောင်းပြီးလေ့ကျင့်ပေးဖို့ကသိပ်ကိုအရေးကြီးပါတယ်။

images (2)

Sloper

images (1)

Undercling

download (4)

Pocket

true-north-comp-team

Gaston Move

download (5)

Pinch

10519659_10201379947139974_1783586055415053931_n

Harold crushing on V5

(၁၀) ကောင်းကောင်းအနားယူပါ တက်နေစဉ်အတွင်းမှာ အနားယူပါ။ route တခုတက်ပြီးတိုင်း လက်ချောင်းတွေကို စက္ကန့်၃၀ကနေ ၁မိနစ်လောက်အနားပေး၊လိုအပ်ရင်ဒီထက်ကိုအနားယူပြီးမှ ပြန်တက်ပါ၊ လက်ချောင်းတွေကို အလွန်အကျွံမသုံးမိဖို့လိုပါတယ်။ နောက်နေ့တွေမှာလည်း ကောင်းကောင်းနားဖို့လိုပါတယ်၊ လက်ချောင်းက အရွတ်တွေ လက်မောင်းလက်ဖျံကြွက်သွားတွေ ပိုသန်လာအောင် ဇီဝရုပ်ဖြစ်စဉ်ကတည်ဆောက်ယူဖို့အတွက် လေ့ကျင့်ချိန်မှာလေ့ကျင့်ခဲ့သလိုပဲ rest dayမှာလည်း ကောင်းကောင်းအနားယူမှသာ ပိုမိုသန်စွမ်းလာမှာပါ။ နားတဲ့ရက်တွေမှာ ကိုအပြင်မှာသွားတက်ချင်တဲ့ နေရာတွေရဲ့အကြောင်းလေ့လာတာ၊ climbing video တွေကြည့်တာ lesson တွေကြည့်တာမျိုး စာအုပ်ဖတ်တာမျိုးတွေနဲ့ ကောင်းကောင်း နားရက်မှာ ဇိမ်ယူနိုင်ပါတယ်။

အပေါ်က အချက် ၉ချက်ကိုပြန်ပြီး အတိုချုပ်ရရင်
Bouldering လေ့ကျင့်ရင်း ဒဏ်မဖြစ်အောင် မစခင်မှာ  အကျော့လျှာ့ပြီးပြီလား   သွေးပူလေ့ကျင့်ခန်းလေးလုပ်ပြီးပြီလားကိုအမြဲဆန်းစစ်ပါ။ မလုပ်ရသေးရင် လုပ်ပြီးမှတက်ပါ။ အရှိန်ရလာပြီး တက်တဲ့အခါ လွယ်တကာနေ စတက်။ကိုယ့်level ထိတက်ပြီး တဖြည်းဖြည်းချင်းခက်တဲ့ route တွေကိုတက်ကျင့်ဖို့ နဲ့  fall အကျမှန်ဖို့  balance ကောင်းကောင်းနဲ့တက်ဖို့။  over train မဖြစ်ဖို့ တပတ်ကို ၂ရက် ၃ရက်လောက်ကစဖို့နဲ့  မလိုအပ်ပဲ အားမသုံးဖို့  footworkသေချာဖို့ styles အမျိုးမျိုးပြောင်းဖို့    တက်စဉ်နဲ့တက်အပြီးရက်တွေမှာ သေချာအနားယူ မယ်ဆိုရင်

ဒဏ်မဖြစ်ပဲနဲ့ Bouldering ကို level တွေတိုးတက်လာအောင်လေ့ကျင့်နိုင်ပါပြီ၊

gg

Bouldering ဟာ Sport Climbing ကို အရမ်းကိုအထောက်အကူပြုပါတယ်။

ဒီအချက်အတွေအတိုင်း သေချာလိုက်နာပြီး Bouldering training လုပ်မယ်ဆိုရင် ပျော်စရာကောင်းပြီး မနာမကျင်တဲ့Climbing lifestyle ရလာမှာဖြစ်တဲ့အကြောင်း injury ဖြစ်ဖို့အလားအလာနည်းပြီး performance တွေ တိုးတက်လာမှာဖြစ်တဲ့အကြောင်း မျှဝေရင်း Climb On, Have Fun and Be Safe.

Nyi Nyi Aung Doelone

25-Aug-2016

DSC_2517

Advertisements
This entry was posted in Climbing, Know_How, Rock Climbing, Tips. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s