#YomaMarathon(TrainingPlan)

‪#‎ရိုးမမာရသွန်‬
၁၇ ဇန္နဝါရီ ၂၀၁၅ မှာ ရန်ကုန် ရိုးမမာရသွန်ပွဲ ဝင်ပြီး ဆင်နွှဲလို့ရအောင် လေ့ကျင့်ရေးဇယားလေး လက်ဆောင်ပါးလိုက်ပါတယ် ။10kyoma10kyoemah

တနင်္လာနေ့ တွေဟာ( အလုပ်/ရုံး/ကျောင်း စတက်တဲ့နေ့ ဖြစ်တဲ့ အားလျော်စွာ ) အေးအေးသက်သာ နားစေချင်ပါတယ်။
မနက်ဖြန် အင်္ဂါနေ့ မနက် သို့မဟုတ် မနက်ဖြန်ညနေ ရုံးဆင်း/ကျောင်းဆင်းချိန်မှာ ပွဲမဝင်ခင် အပြင်ကကျင်းပဆိုသလိုပဲ စပြီးလေ့ကျင့်ပါ။ ကိုယ်တိုင်လုပ်မှ ကိုယ်ရမှာပါ။ ညှာပြီးလေ့ကျင့်ရင်တော့ အပြေးပွဲနေ့မှာ ကျန်ခဲ့မှာပါ။ (ပွဲအတွင်းမှာ လူအုပ်နဲ့မို့ စိတ်တက်ကြွပြီး ပြေးဖြစ်ပေမဲ့ ပွဲအပြီးမှာ ကြွက်သားတွေ အဆစ်အမြစ်တွေဒဏ်ဖြစ်လေ့ရှိပါတယ်) ။ အလွန်အကျွန်လေ့ကျင့်ရင်လည်း ပွဲမဝင်ခင်မှာ အနာတရ(သို့မဟုတ်)ပမ်းသွားနိုင်ပါတယ်။နားရမည့်ရက်တွေမှာ သေသေချာချာ မပြေးပဲ အနားယူဖို့ အလွန်အရေးကြီးပါတယ်။ ဒါမှမလိုလားအပ်တဲ့ injury တွေမရမှာပါ။ စနစ်ကျတဲ့ လေ့ကျင့်ရေးအစီအစဉ်လိုအပ်ပါတယ်။

အခု လေ့ကျင့်ရေးအစီအစဉ်မှာ ၁၀ ကီလိုမီတာ အခုမှ စမည့် ခြေနု အပြေးသမားတွေအတွက် အဓိက ဦးတည်ထားပါတယ် ။
ရက် ၄၀ လေ့ကျင့်ရေးအစီအစဉ်ပါ ၂၁ ကီလိုမီတာ ပြေးမည့် မိတ်ဆွေတွေကိုတော့ အနည်းလေး ၅ကီလိုမီတာ ပွဲဝင်ဖူးတဲ့ အတွေ့အကြုံ/ပြေးသက် ရှိတယ်လို့ ၂၁ကီလိုမီတာ ( half marathon ) ကိုဝင်ပြေးဖို့စာရင်းပေးထားတယ်လို့ ယူဆပါတယ်။ ၂၁ ကီလိုမီတာ လေ့ကျင့်ရေးအစီအစဉ်က အနည်းဆုံး ၈ပတ်(ရက် ၅၆ ရက်ကနေ ရက် ၆၀ )ကြိုတင်ပြင်ဆင်ရမှာပါ။ ၂၁ကီလိုတန်းကို အခုမှစလေ့ကျင့်မယ်ဆိုရင်တော့ ရက်၄၀ လက်ရှိ ဇယားအတိုင်းပဲ ကျင့်စေချင်ပါတယ် ( နားရက်တွေကို နားပါ။ အပြေးအကွာအဝေးကို တိုးပြီးလေ့ကျင့်နိုင်ပါတယ် ) နားရမည့်ရက်တွေမှာ သေသေချာချာ မပြေးပဲ အနားယူဖို့ အလွန်အရေးကြီးပါတယ်။ ဒါမှမလိုလားအပ်တဲ့ injury တွေမရမှာပါ။

စပြီး ပြေးတော့မယ်ဆိုရင် ကိုယ်ပြေးမည့် အကွာအဝေးကို စပြီးရွေးချယ်ဖို့ လိုပါတယ်။
၁၀ကီလိုမီတာ / ကီလို၂၀ စသည်ဖြင့် ပန်းတိုင် တစ်ခု သတ်မှတ်ထားဖို့လိုပါမယ်။ အဲ့ဒီနောက်မှာတော့ ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင် ၁၀ကီလို / ၂၁ကီလိုမီတာ ကို ပြေးရင်ဘာတွေရမလဲ။ လုပ်နိုင်ပါ့မလားဆိုတဲ့ မိတ်ဆွေတွေမိသားစုဝင်တွေကပေးတဲ့ လုပ်နိုင်ပါ့မလားဆိုတဲ့ မှတ်ချက်တွေထက် ကိုယ့်ရဲ့ ခံစားချက် ( မာရသွန်ပွဲ ပြေးခဲ့တယ် ဆိုတဲ့ ပီတိ)၊ ကိုယ့်ရဲ့လုပ်နိုင်စွမ်းကို ကျေနပ်မှု ကိုယ့်ရဲ့စွမ်းဆောင်ရည်ကိုယုံကြည်မှု ) ကို အရင်ခွဲခြမ်းစိတ်ဖျာပါ။ ကိုယ်ချထားတဲ့ပန်းတိုင်အတိုင်း အရောက်သွားနိုင်ဖို့ လေ့ကျင့်ပါ။

ဘာတွေလိုအပ်လဲ။
ပေါ့ပေါ့ပါးပါး ရှိတဲ့ အားကစားအင်္ကျီ ဘောင်းဘီ တွေကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ အပြေးဖိနပ်တစ်ရံသီးသန့်ရှိရင်ပိုကောင်းပါတယ်။ ကင်းဗတ်ဖိနပ်နဲ့လေ့ကျင့်ရင်တော့ ခြေထောက်ပေါက်တတ်တာကိုသတိထားပါ။ ဘာဖိနပ်နဲ့ပြေးပြေး အပြေး ခြေအိတ် ကောင်းကောင်းသုံးပါ၊ compression socks တွေ ရန်ကုန်မှာဝယ်လို့ရနေပါပြီ။ လေ့ကျင့်ရင် ထည်လဲသုံးဖို့ ၃စုံလောက်ဝယ်ဖို့လိုအပ်ပါတယ်။

အခြား accessories တွေ gadgetတွေအနေနဲ့က
GPS / heart rate monitor ပါတဲ့ ဖုံး app / နာရီစတာတွေနဲ့ပြေးရင်တော့ ကိုယ့်ရဲ့ နှလုံးခုံနှုန်း အကွာအဝေးစတာတွေကို အတိအကျမှတ်သားနိုင်မှာပါ ၊ သီချင်းနားထောင်ဖို့ Mp3 တို့ ipodတို့နဲ့ ပြေးတာလည်း စိတ်လက်ပေါ့ပါးစေပါတယ် (ဒါတွေ smart phone တစ်လုံးနဲ့တင် အလုပ်ဖြစ်ပါတယ် ၊ ပြေးရင်း selfie တွေဘာတွေလည်းတင်လို့ရတာပေါ့ 😃 ) ပြီးတော့ နေရောင်ကာကွယ်တဲ့ sun screen တို့ အပြေးမျက်မှန်တို့ ကိုလည်း သုံးတာကောင်းပါတယ်၊ ရေအာစွတ်ရုံငုံဖို့ ရေဗူးအသေးလေးတစ်လုံးလည်းဆောင်ထားတာမမှားပါ။

အပြေးနဲ့ ရေ hydration
မပြေးခင် ၂နာရီလောက်မှာ ရေအဝသောက်ထားသင့်ပါတယ်။ မနက်အိပ်ရာထထချင်း ပြေးမယ်ဆိုရင် ရေတစ်ဝကြီးမသောက်သင့်ပါဘူး။ ပြေးနေစဉ်မှာ dehydrateမဖြစ်ဖို့ ရေသောက်ပေးဖို့လိုပါတယ်၊ အများစုကတော့ ဗိုက်ပွမှာ ဗိုက်အောင့်မှာစိုးလို့မသောက်ပါဘူး၊ ပြေးနေစဉ်မှာကော မပြေးခင်မှာပါ နည်းနည်းစီ ရေကိုအာစွတ်ရုံငုံပေးတာကသင့်တော်ပါတယ်

လေ့ကျင့် ပါ ၊ အနားယူပါ ၊ ( နားဆိုရင် လုံးဝနားပါ)
နားမည့်ရက်တွေမှာ သေသေချာချာအနားယူဖို့ အလွန်အရေးကြီးပါတယ်။ အလွန်အကျွံလေ့ကျင့်ရင်အန္တရာယ်ရှိတဲ့ activity ထဲမှာ အပြေး လေ့ကျင့်ခြင်းက ထိပ်ဆုံးက ပါပါတယ်။ တအားပြေးရင် နှလုံးခုန်နှုန်း အပြောင်းအလဲ ကလဲ ပြင်းထန် လာတဲ့အတွက် ခံနိုင်ရည် မရှိရင် ကျန်းမာရေးက ပိုပြီး ဆိုးရွား သွားနိုင်ပါတယ် ‘

ဘယ်မှာကျင့်မလဲ။
အပြင်လေကိုရှူပြီးလေ့ကျင့်တာကတော့ ပိုကောင်းပါတယ် အပြင်ပတ်ဝန်းကျင်မှာ ကားမရှုပ် နဲ့ အညစ်အကြေးအနံ့ဆိုး အကင်းဆုံးနေရာကို ရွေးချယ်ပါ ၊ အပြေး လေ့ကျင့်ခန်းကို ပြေးစက်ပေါ်မှာလည်း လေ့ကျင့်နိုင်ပါတယ် နှလုံးရောဂါနဲ့ တခြား အဆစ်အမြစ် ဒူးဒဏ် စတာတွေ ရှိရင် ဆရာဝန်နဲ့ အရင် တိုင်ပင်သင့်ပါတယ်။ အပြေး လေ့ကျင့်ရင်း ခန္ဓာကိုယ်မှာ တစ်ခုခု နာနာကျင်ကျင်ပြင်းပြင်းထန်ထန် ခံစားရတာနဲ့တစ်ပြိုင်နက် လေ့ကျင့်မှုကို ရပ်ပြီး ဆရာဝန်နဲ့ တိုင်ပင်ဖို့လိုပါတယ်။’

အစားအသောက်စားပါ၊
carbohydrate များများစားပါ၊ ဆန်ထက် ဂျုံ နဲ့ အုတ်(oat) စတာတွေကိုစားပါ ပြီးတော့protein အသားဓာတ် ( အသားစားမှမဟုတ်ပါဘူး ကုလားပဲ၊ မြေပဲ ရွှေဖရုံစေ့ နဲ့ အခြားအစေ့အဆံတွေစားရင်လည်း protein ပါပဲ ၊ ခေါက်ဆွဲ (ပါစတာ)တို့ (ပေါင်မုန့်)တို့က carbohydrate ကော protein ဓာတ်ကောကြွယ်ဝတဲ့အစားအစာတွေပါ။ အရက်/ဆေးလိပ်ကို လျှော့ထားနိုင်ရင်ကောင်းပါတယ်၊ ရှောင်နိုင်ရင်တော့အကောင်းဆုံးပါပဲ။

အကြောလျှော့
အရေးကြီးတဲ့အချက်က မပြေးခင်ဦးဆုံး အကြောလျှော့ဖို့လိုပါတယ်။
အကြောလျှော့တဲ့နေရာမှာ pre run ( static stretching ) အငြိမ်နဲ့ အလှုပ် pre run ( dynamic stretching ) နှစ်မျိုးစလုံးကိုလုပ်ရမှာပါ။
pre run ( static stretching ) အငြိမ်မှာ open chest ရင်အုပ် / loosen hip-shoulders-spine တင်ပါး/ပခုံးနဲ့ခါးကျော လျှော့ / calves stretching ခြေသလုံးသားလျှော့/ side muscles /knee စတာတွေပါဝင်ပါတယ်
pre run ( dynamic stretching ) အလှုပ် မှာတော့(crossovers / sidewalking lunges / leg kicks / kenn rises / walking lunges / hip swing ) တွေနဲ့ လျှော့ပါ။

ပြေးပြီးရင် အကြောပြန်ရှော့ပါ (post run stratching လုပ်ပါ)

အပြေးလေ့ကျင့်ခြင်းကနေ ဘာတွေရမလဲ ။
အလေးချိန် ကျပါမယ် (အပြေး လေ့ကျင့်တဲ့အခါကယ်လိုရီများစွာ လောင်ကျွမ်းပါတယ်။ ခန္ဓာကိုယ်က အဆီများကျစေဖို့ အကောင်းဆုံး လေ့ကျင့်ခန်းပါပဲ။
အရိုးအဆစ် သန်မာစေပါတယ်။ ကြွက်သားနဲ့ အရိုးတွေကို သန်မာစေပြီး အရိုးပါး ရောဂါကို ကာကွယ်နိုင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။
သွေးဖိအားကို ကျစေပါတယ်၊ အဆုတ်ကျန်းမာလာပါမယ်။ ပြေးတဲ့ အချိန် သာမန်ထက်ပိုအားစိုက်အသက်ရှူရတာကြောင့် အဆုတ်ကို ပုံမှန်ထက်ပိုပြီး ၅၀ ရာခိုင်နှုန်းလောက် အသုံးပြုရလို့ အဆုတ်ရဲ့ လုပ်ဆောင်ချက် ပိုပြီး ကောင်းမွန်စေပါတယ်။ စိတ်ပျိုကိုယ်နုပြီး မှတ်ဉာဏ်လည်း ပိုကောင်းလာပါမယ် ၊ ဒီlifestyleမှာ စိတ်ကျရောဂါ ဖြစ်ဖိုအလွန်ကိုခဲယဉ်းပါတယ်။ ပုံမှန် သွေးလည်ပတ်မှု ကောင်းပြီးကျန်းမာစေပါတယ်။။ ကိုလက်စထရော ကျပါတယ် ။ အတူလေ့ကျင့်ဖော် မိတ်ဆွေကောင်း အပေါင်းအသင်းလည်း တိုးလာမှာပါ။

Climb O’Clock ဆိုတဲ့အတိုင်း ဒီ pageဟာ တောင်တက်အားကစားအသားပေးတဲ့ page ပါ။
တောင်တက်အားကစားသမားတွေအရင်ကထက် အပြေးအားကစားကို စိတ်ဝင်စားလာတာကို ဒီဘက်ခေတ်မှာပိုတွေ့လာရပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း တောင်တက်ဖို့အတွက် အပြေးလေ့ကျင့်ခန်းကိုတွဲလုပ်ရင်းနဲ့ တဖြည်းဖြည်း အပြေးအားကစားကို ခုံမင်လာခဲ့ပါတယ်။
ကျွန်တော့မိတ်ဆွေတွေထဲက ဒီနှစ် ရန်ကုန် ရိုးမ မာရသွန်ပွဲ ဝင်နွှဲကြမည့်သူတွေက လေ့ကျင့်ဖို့ အကြံတောင်းလာတာ ၅ဦးလောက်ရှိလာပါတယ်၊ ဒီတော့ ကျွန်တော့အနေနဲ့ သူငယ်ချင်းတွေကော အခြားသောအပြေးဝါသနာရှင်တွေကိုပါ တတ်နိုင်သလောက် ပွဲဝင် လေ့ကျင့်ရေးအစီအစဉ်လေးကို လုပ်နိုင်ဖို့အတွက် ပြက္ခဒိန်လေးချပြီး လေ့ကျင့်ရေးဇယားကိုဆွဲပြီးတော့ ဝေမျှလိုက်တာပါ။
သူငယ်ချင်းတွေထဲက သက်လုံကောင်းဖို့ အတွက် / မာရသွန်အတွက်စသည်ဖြင့် အပြေးလေ့ကျင့်နေတဲ့ သူငယ်ချင်းတွေလည်းရှိကြမှာပါ။ အသုံးဝင်လိမ့်မယ်လို့လည်းယူဆပါတယ်။

အားလုံးပဲ ကျန်းမာ ပျော်ရွှင်ကြပါစေ

စောစောအိပ်လို့ စောစောထလို့ စောစော အပြေးကျင့်ကြပါစို့လား။

Advertisements
Posted in Uncategorized | Leave a comment

A BOULDER THAT UAE FORGOT  

Acknowledgement : I wrote this article for OURDOOR UAE magazine October 2015 issue, thanks a lot to Molly Loomis for her article in Climbing Magazine #291 (Jan 2011) for her article “Diamonds in the Dust” about climbing in Oman, which inspires me. 12087816_910203735738913_8615358379970448878_o

Continue reading

Posted in Bouldering, Climbing, Essay, Outdoor, Publication, Rock Climbing, Trip Report | Leave a comment

Reggae Boulder ( #tb Night Crawlers )

r2o6d

It was summer 2013, in the middle of humid nights. A group of climbers headed to Wonderwall for night climbing and bouldering. Unfortunately, one of our buddy stucked at the Omani-UAE border to access wonder wall which is beyond the Al Buraimi check point. So, we decided to go to NPZ ( No-passport zone ). We made our way to Jebel Hafeet valley, where “Paul’s secret boulders are located and which is not a secret anymore 🙂

It was one of the hottest nights during ramadan indeed.

4×4 are parked at the fence, crossing under the fence  to hike towards the boulders as we shoulder the crashpads and start the night with a warm up hike.

It was warm, and sweaty in the valley, only relief is breeze come down the wadi bed.

Posted in Bouldering, Outdoor | Tagged , | Leave a comment

Where to do Climbing in Yangon

CLIMBING.

This word used to be very unpopular among Myanmar people even for sporty & active junkies. ( Yes it was until few year back).  In 2012 there was a revolution and it’s start to grab public attention about climbing. Revolution was started by TCCM,Technical Climbing Club of Myanmar, founded by Burmese Climbers with the help of Saya Steve from States. It has been sowed it’s seed since 2008 here and there in Myanmar for proper rock climbing, in Mandalay and also in Yangon. Daredevils were finding vertical fun, hanging a rope off from cliffs and doing Top-rope climbing until first bolted routes are opened at Waterfall Hill, Mandalay by Steve & pre-TCCM Burmese gang in 2010. It now followed by Tyler’s and others several lines not less than 22 bolted routes ranging from 5.6/4b to 5.11c/6c+ alone in Mandalay Waterfall-hill . (Find more detail here : a great effort by Andrew putting all  topo together  http://www.mountainproject.com/v/mandalay/110276403 ).  Deedoke also holds Jan’s routes (unfinished lines – no topos avail yet) and one more  5.11d/7a newly bolted line in HpaAn, probably the hardest climbed route in Myanmar http://www.mountainproject.com/v/wounds-and-wins/110521690. And I am sure there will be so much more secret spots by Expat climbers who live and climb in Myanmar too ( who knows 🙂 ). Most of the rock are Lime Stones , and lots of Granite wall are waiting (few sandstone areas too are untouched).   

Such a long intro about MM-climbing hey !, it’s not abt climbing in Myanmar yet, so lets get back to the title of YANGON.

YANGON, MYANMAR.

Myanmar country becoming more and more open to the world nowadays despite struggling with it’s so called democracy under regime. Luckily [or Unluckily] having international brands such as KFC in the heart of Yangon. Unlike KFC, there is no hundreds of people queuing for climbing in YANGON  😉 . But it’s interesting to see some of the business men are starting to invest in climbing, in various ways (one as part of the fitness gym and other as part of International School Family Fitness club). These commercial climbing facilities give opportunities for Yangoneers to expose a little bit more with Climbing sport tho they are not very proper and professional into this sport. (fair enough , coz Not a lot of people in Yangon are hunger and excited into climbing lifestyle )

CLIMBING in YANGON, MYANMAR.

Currently there are two commercial Climbing facilities in YANGON. One is at  Balance Fitness II  and another one is at DOREMI Family club both claim as FIRSTs in MYANMAR, BF2- describe themselves as Myanmar’s first rock climbing wall here at ‪#‎balancefitness‬ II on their page, and DOREMI claims First Bouldering Club in Myanmar.  


Location Details are as follow : 

Balance Fitness II

No. 103, the corner of University Avenue Road and Thanlwin Street,

Bahan Township, Yangon, Myanmar

   +95 1 539609

Mon – Sun : 6:00 am to 10:00 pm

(NOTE the operation hour of their wall are from 6am to 10am & 4pm to 10pm everyday )

balance

( Photo Credit to Balance Fitness Facebook page )

balancef

PROS : Good view of climbing chicks though the glass. CONS : beware of people’s view if you wear running shorts 😛 ( viewer discretion recommended 😛 ) ( Photo Credit to Balance Fitness Facebook page )

v

This is my BIG NOPE about their anchoring system , they just go through the rope around the horizontal metal bar instead of an anchor point. ( Photo Credit to Balance Fitness Facebook page )


 Do-Re-Mi Family Club : “Family Fun Do-Re-Mi”
★ DOREMI Family club
☆ Marina Residence No 8 ,1st floor, Kaba Aye Pagoda rd, Mayangone Tsp,YANGON
☆ 09-9798474241,09-252177130,09-73013513,01-650651 (Ext 102,103) 650634 ask for Doremi

☆ doremifamilyclub2015@gmail.com doremifamilyclub@gmail.com
http://www.doremifamilyclub.com

☆ Facebook page “ Family Fun Bouldering ”

Follow the links for Do-Re-Mi Do-Re-Mi video:

11886840_10203514312817782_482619607_o

video still of DoReMi bouldering wall (Credit to Chelmo, Courtesy of DoReMi family club)


PRICING 

  • Balance Fitness 2 >> 20 USD per session ( including belayer/shoes/harness ) accessible without gym membership.
  • DoReMi >>  unknown yet

OVERALL

  • Balance Fitness 2 Provide this service for FITNESS PEOPLE as  :

Bored of your regular gym regime?, we have transparent wall to try out ” kind of deal.


  • DoReMi  woody boulder wall is nice and tidy, it’s Kingsize boulder mat does not stop me to impress (it has a grading system too) :
  • Balance Fitness 2 >> Beginners/Newbies , more for alternative Fitness scheme seekers
  • DoReMi >> from Beginners to Intermediate , and it could fit the bill for advance climbers too.

(only if i can rate by viewing their photos and feedback from my Yangoneers, I would rate  one star for BF2 & three star for DoReMi , out of FIVE STARS ) So far, I have never been to both places yet.   YOUR CHOICE 🙂


YANGON BOULDER PROJECT

There’s another three star  Boulder wall in Yangon Yakin area by TCCM(again these folks). It’s a tiny little home wall. Let’s not get confused by who’s doing first at it, but these guys are started doing this home wall since 2013 December. Currently hosted by generous WinKo & Thuzar at AungZayYa Street, Yankin. For timings , you need to ring the host family beforehand +95973239737 / +959795710997 / +95973226070 .

  • There is NO ENTRY FEES ( but it’s overhanging wall with few jugs, more pinch-n-crimps are ready to kill n pump you out ).
  • Bolt Fund Donation Box is there and it’s Voluntary to drop some cash for your visit.

( Location : 16°49’38.77″N 96°10’35.93″E ,BaukHtaw, near ThanLann/Railroad) Find more detail here http://www.mountainproject.com/v/myanmar/110272805

10494717_668895346526454_6402393155681797149_n

Photo Courtesy ( TCCM https://www.facebook.com/climbmyanmar ) It’s an old Photo of the wall, it has been updated with more 100 climbing holds and DIY king size crash pad.

Yangon Boulder #tccm #yangon #yangon_boulder_project #burma #bouldering #buddies #gettinhighwithoutdrugs #climboclock https://instagram.com/p/yWfbw9yxka/

Yangon Boulder #tccm #yangon #yangon_boulder_project #burma #bouldering #buddies #gettinhighwithoutdrugs #climboclock https://instagram.com/p/yWfbw9yxka/


Here’s another issue, above 3 are all indoors in YANGON where you can do climbing or bouldering .

What about OUTDOORS ?  in YANGON ???

As you know, Yangon is completely flat, at it’s near the mouth of Hlaing & Yangon river, part of DELTA. Yangon’s highest hill is Singuttara Hill, which has become sacred after Shwedagon Pagoda was built over it. But it doesn’t stop YANGON climbing addicts. It’s all about creativity.  Some Bouldering junkies did disputed first ascents on RELOCATED BOULDERS scattered inside Kandawgyi park in the heart of the city. There are a lot of Buildering spots in Yangon too, recorded buildering sites are War Cemetary at Mingalardon, Singuttara park and a lot more building in towns. You can expend as much as you want depending on how crazy you can do and how good at your running from local Police.

Access to Kandawgyi Boulders >  obvious landmark is Utopia tower…… (enter the park from the gate near Bogyoke Bronze statue ) , there’s a wooden bridge link to small island, Boulders are there with the scene of Karaweik in the background )

10410559_846214968794490_5466746358367092460_n

GirlzPower #yangonboulders ( got some V2ish moves ) #goclimbarock KandawGyi (not yet sponsored by RedChilli)

1mon

tiny boulder , but dont underestimate this one move of heel hook belly flopoff exit. KanDawGyi Boulders

ass

pockets anyone ? some climbing hooligans name this boulder problem as **Askhole** @ KanDawGyi Boulders

builder

war memorial stones far inside. Buildering at it’s the gate near Khayaypin junction of mingalardon. Beware of Military Polices ( negotiable tho )

kdg

KanDawGyi Boulders

sgd

Arch traverse fun at Singuttara park (the man on the bridge be like – What the heck r u doing 😉 )

  • YANGON , checked
  • CLIMBING ,checked
  • INDOOR or OUTDOOR checked &

yes, everything is possible :

NOW it’s YOUR CHOICE ;).  and   CLIMB ON ! 

Cheers

Doelone

(12/08/2015)

Posted in Climbing, Myanmar | Tagged , , , , , , | 3 Comments

မာတိုလီရွာ ဧဝရက်တောင်avalanche နဲ့ ၂၀၁၄ခါကာဘို

( ဧဝရက်တောင်avalanche မာတိုလီရွာ နဲ့ ၂၀၁၄ခါကာဘို )

ပြန်လာရင်ဖတ်ဖို့

မနှစ်ကဒီလိုအချိန် မှာ ( အတိအကျပြောရရင် ၂၀၁၄ ဧပြီ ၁၈ရက်နေ့မှာ) ဧဝရက်တောင် ရေခဲပြိုဆင်းမှု Avalancheအကြီးအကျယ်ဖြစ်ခဲ့ပါတယ်။ မမျှော်လင့်ထားခဲ့တဲ့ ရေခဲပြိုကျတဲ့ ဖြစ်စဉ်ဟာ အမြင့်ပေ ၁၉၀၀၀ ကျော်မြင့်တဲ့ “the Golden Gate” (သို့မဟုတ်) Popcorn Field လို့ခေါ်တဲ့ နေရာမှာ ပြင်းထန်စွာ ဖြစ်ပွားခဲ့တာပါ။ သမိုင်းကြောင်းအရ ဧဝရက်တောင်မှာ ဖြစ်ပွားတဲ့ ရေခဲပြိုကျမှုတွေအားလုံးထဲမှာ ဒီဖြစ်စဉ်ဟာ အထိခိုက်ဆုံး အကြမ်းတမ်းဆုံးဖြစ်ခဲ့ပြီး လမ်းပြ ၁၆ ဦးကွယ်လွန်ခဲ့ပါတယ် စုစုပေါင်း ၂၅ ယောက် ရေခဲပြိုကျတဲ့အထဲပါသွားပြီးတော့ ၉ဦးကတော့ ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး သေကံမရောက်အသက်မပျောက်ခဲ့ပါဘူး။ ။ ရှာဖွေကယ်ဆယ်ရေးသမားတွေဟာ နှင်းခဲပိနေတဲ့အထဲက ရှာပါတွေရဲ့ ဘော်ဒီ ၁၃လောင်းပဲပြန်ရခဲ့ပါတယ်။ ရှာပါ ၃ယောက် ရဲ့ အလောင်းကိုတော့ပြန်မရှာနိုင်တော့ပါဘူး။ Avalanche ဖြစ်စဉ်အပြီးမကြာခင်မှာပဲ တောင်တက်ပါမစ်တွေပြန်ချပေးခဲ့ပြီး ၂၀၁၄ မေ ၂၃မှာ တောင်ထိပ်ကိုတက်တဲ့သူတွေနဲ့ ဧဝရတ်မှာလူများဆဲပါပဲ။

*****************************************************************

အဲ့ဒီသတင်းကို မနှစ်က ကြားကြားချင်း တော်တော်စိတ်ပူသွားတယ်။ ဘာလို့ဆို မြန်မာအဖွဲ့ကလည်း ဧဝရတ် တောင်ကိုသွားတက်နေတဲ့ အချိန်ကိုး။   သတင်းကြားတာကအချိန်နဲ့တပြေးညီတော့မဟုတ်ဘူး ၊ တော်တော်ကြာနေမှသိရတာ ၊

မနှစ်ကအဲ့ဒီရက်ပိုင်းတွေမှာ ကျွန်တော်ကလည်းတောင်ပေါ်ရောက်နေပြီး လောကကြီးနဲ့ အဆက်အသွယ်ပြတ်လို့
မတ်လ ၃ရက် ၂၀၁၄ မာတိုလီဆိုတဲ့ရွာလေးကိုရောက်မှအတိအကျသိရတယ် ၊

မာတိုလီ ဆိုတာက အမြင့်ပေ ၁၃၅၇၈ မှာရှိတဲ့ ရွာလေးပေါ့ ။    အဲ့ဒီကိုရောက်တဲ့နေ့  က ရွာရဲ့ရှူခင်းက အရမ်းကို ဆန်းကြယ်လှပပေမဲ့ မပျော်နိုင်ခဲ့ဘူး၊ မာတိုလီရွာရောက်ရောက်ချင်းကြားရတဲ့ သီတင်းက ရင်ဆို့စေခဲ့တယ် ၊ ၁၈ရက်နေ့ တုံးက ဧဝရတ်တောင်မှာ ရေခဲတောင်ပြိုတာ အကြီးအကျယ်ပဲတဲ့ ၊ တောင်တက်သမား ၂၀နီးပါးသေတယ်ဆိုတာကြားရတော့ ရင်အတော်ထိတ်သွားတယ် ။

မြန်မာတစ်ချို့လည်း “Myanmar Flag on Everest” ဆိုတဲ့ expedition နဲ့    ဧဝရတ်တောင်သွားတက်နေကြတာကို သိထားတာကိုး ၊  (လွန်ခဲ့တဲ့ ၁၁ရက်က ဆိုတာ အဲဒီတုံးက အတိအကျမသိရဘူး ၊ သတင်းသိရတာလည်း ကနယ်ခြားစောင့်တပ်က တစ်ယောက်က ပြောလို့
နဲ့ဝေးရာကို ရောက်နေတာကိုး ၊ ကမ္ဘာကြီးနဲ့ အဆက်အသွယ်ပြတ်နေတာ၊ ငြိမ်းချမ်းသယောင်ပဲ။ ကျန်ခဲ့တဲ့ရက်တွေမှာ တောင်ပေါ်မှာ  စာမ လာ သတင်းမကြား ဖြစ်နေတာ ၊ ဒီနေ့ မာတိုလီရွာရောက်မှသိရတာ ။

တောင်တက်အဖွဲ့တွေ  အန္တရာယ်ကင်းပါစေ ၊ အားလုံးအဆင်ပြေပါစေ ….
မာတိုလီတောင်ထိပ်က ဟိန္ဒူဘုရားကျောင်းမှာ ခေါင်းလောင်းထိုးရင်း မေတ္တာပို့ဖြစ်ခဲ့တယ် ။

တစ်ကယ်တော့မာတိုလီရောက်တော့ ကျွန်တော်တို့အဖွဲ့မှာ စားစရာမရှိတော့ဘူး၊ ဒါပေမဲ့ အဲ့ဒီအချိန်က အိန္ဒိယမှာ ဟိမဝန္တာ တောင်တက်သင်တန်းမှာ။ တောင်ပေါ်က ပြန်ဆင်းတော့ ရိက္ခာက ကုန်လုနီးပါးမို့ ရှလန် ဂလေဆီရာ ရေခဲပြင်ကနေ ရေခဲချောက်တွေကို ကျော်ပြီး အဆင်း ပေ၁၀၀၀ ကျော် ၉မိုင်ခရီးကို ရေခဲထဲမှာ တနေကုန် အပြင်းနှင်ပြီး မာတိုလီရွာကို စားစရာဝယ်ဖို့နဲ့ အထမ်းဝန်ထမ်းတွေရဖို့ မျော်လင့်ချက်နဲ့ အရောက်သွားပေမဲ့ ရွာရောက်တော့ အိမ်အခွံတွေပဲတွေ့ရ လူတစ်ယောက်မှမရှိ စားစရာမရှိပေမဲ့ ငတ်တော့မငတ်သေး နို့နဲ့ သကြားမပါတဲ့ လက္ဘက်ရည်ကြမ်းလက်ကျန်ကိုသောက်ပြီး အိန္ဒိယနယ်ခြားစောင့်စစ်တပ်ကပေးတဲ့ ၂နာရီပြုတ်လည်းမနူးတဲ့ ပဲလုံးကို ရှိစုမဲ့စုနောက်ဆုံးလက်ကျန်ဆားလေး ချွေချွေတာတာ ခပ်ပြီး ဆားပေါ့ ပဲပြုတ်ရည်နဲ့ ၆နပ်ကျော် နှစ်ပါးသွား မာတိုလီကအဆင်းတောက်လျှောက်က  ဂိုရီဂင်္ဂါ မြစ်ရဲ့ ကော်ဖီရောင်ထနေတဲ့ရေနဲ့ပဲချက်
တောင်ကျချောင်းနဲ့ ရေထွက်စမ်းရှာမတွေ့တဲ့ ရက်ဆိုရင် အဲ့ဒီ မြစ်ရေကိုပဲသောက်နဲ့ (ဒါတွေဘာလို့အသေးစိပ်ပြီးပြောနေရလဲဆိုတာအောက်မှာပြောပါမယ်)

၊အပြန်လမ်းကိုယ့်ကိုယ်ကိုယ် သတိနဲ့ပြန်ရင်း စိတ်ကတော့ မတင်မကျပဲ၊
မြန်မာအဖွဲ့တွေများ ဧဝရက်တောင် Avalancheထဲပါသွားမလားမသိ ၊

____________________________________________________
တစ်ပတ်လောက်နေလို့ အင်တာနက်ပြန်ရတော့မှ မြန်မာအဖွဲ့ပြန်လာပြီဆိုတာသိရလို့ ရင်ထဲကအလုံးကြီးကျသွားတော့တာ။

ဒီလိုနဲ့ နောက်လတွေမှာ ခါကာဘိုသွားတက်တဲ့အဖွဲ့တွေ ၃ဖွဲ့နဲ့ ၂၀၁၄မှာ ဧဝရတ်တက်တဲ့အဖွဲ့ ခါကာဘိုတက်တဲ့အဖွဲ့စတာတွေနဲ့ မြန်မာတောင်တက်ကတော်တော်မြိုင်ခဲ့တယ်။
၂၀၁၄ ဩဂုတ် ၃၁ ကနေစပြီး မြန်မာတောင်တက်သမား ၂ယောက်တောင်ပေါ်ကနေအဆက်အသွယ်ပြတ်သွားခဲ့ပြီး ၊ တောင်တက်နဲ့ပက်သက်တဲ့ သတင်းတွေဟာ လူထုထဲကိုပိုစိမ့်ဝင်သွားခဲ့တယ် ။ သိပ်မကြာဘူး ကယ်ဆယ်ရေး ရဟတ်ယာဉ်ပျောက်ဆုံးပြန်ရော။ အဲ့ဒီအချင်မှာပဲ ခါကာဘို ရာဇီတောင်ကို ဂျပန်တောင်တက်အဖွဲ့ August/sep လောက်မှာလာတက်ကြတယ် သူတို့လည်းမအောင်မြင်ခဲ့ဘူး
ဟီလာရီအိုနေး ခေါင်းဆောင်တဲ့ အဖွဲ့ကလည်း တောင်ထိပ်မရောက်ခဲ့ဘူး။ အနောက်ဖက် တောင်မျက်နှာစာ ၁၈၁၀၀ စခန်းကနေ တောင်ထိပ်ကိုတက်ဖို့ကြိုးပမ်းခဲ့
တောင်ရဲ့အနောက်ဘက် route ကနေတက်ခဲ့ကြတယ် ။ Renan Ozturk လက်ကောက်ဝတ်အရိုး ကျိုး ပြီးပြန်လာတယ်။ ခါကာဘိုက ၂၀၁၃ဂမ်လမ်ရာဇီလောက် လူတွေကိုမျက်နှာသာမပေးခဲ့ဘူး
ဒီနှစ်ထဲမှာ မြန်မာအဖွဲ့က ဧဝရတ် တောင်ခြေကနေလှည့်ပြန်ခဲ့တယ်၊ဒီနှစ် တောင်ထိပ်မရောက်ပေမဲ့ နောက်နှစ်တွေကြိုးစားလို့ရသေးရဲ့၊

ဒီနေရာမှာ ကျွန်တော့အနေနဲ့ ပြောချင်တာက

တောင်တက်အားကစားဆိုတာ သဘာဝ တရား နဲ့ အံတုရတဲ့ အားကစားမျိုးပါ။

လူချင်းပြိုင်အနိုင်ကျဲတဲ့ အားကစားမဟုတ်ပါဘူး။
တောင်တက်သမားအချင်းချင်းဟာ ခံစားရတဲ့ ဒုက္ခသေးသေးလေးကအစ ကိုယ်ချင်းစာပေးနိုင်ပါတယ်

(ဘာလို့ဆို ငတ်ရင်ပြတ်ရင် ချမ်းရင် လမ်းပျောက်ရင်ဘယ်လိုဖြစ်တယ်ဆိုတာ ကိုယ်တိုင် အိတ်အလေးကြီးထမ်းပြီး ခံစားဖူးတာကိုး အပေါ်မှာကိုယ်တွေ့တစ်ချို့ရေးခဲ့ပြီ) ။

ခါကာဘို တောင်တက်သမားတွေ ပျောက်ဆုံးနေတုံးကနဲ့ပက်သက်လို့ ကျွန်တော့အနေနဲ့ ဝေဖန်မှူတွေခံခဲ့ရပါတယ်

( တစ်ချို့ကဆို မင်းသားမလုပ်ရလို့ ပတ်မကြီးထိုးဖောက်တယ် ဆိုတဲ့အဖြစ်မျိုးရောက်အောင်ကို ကျွန်တော့ကို လူဆိုးစာရင်းသွင်းခဲ့တာပါပဲ )https://www.facebook.com/photo.php?fbid=10201690764750220&set=o.258933948957&type=3&theater

ဘယ်တုံးကမှ လူကောင်းမဟုတ်ခဲ့တဲ့ကျွန်တော့အနေနဲ့က ပိုမထူးတော့ပြီမို့ ဆရာဆရာမတွေ၊ တောင်တက်သမားတစ်ချို့ အမြင်အထင်လွဲတဲ့ကြားကနေပဲ အရင်လို နေမြဲ၊ရေးမြဲ ၊ တောင်တက်မြဲ ၊ တက်တဲ့သူတွေကို စိတ်ပူမြဲပါပဲ။ နည်းစနစ်ပိုင်းမှာ မြန်မာတွေမညံ့ပါ ၊ဒါပေမဲ့ အမှန်ကိုပြောရမှာ မရဲသေးတာ ၊ အဝေဖန် မခံနိုင်သေးတာလို့လောက်ပဲ မြင်မိပါတယ် ၊

နိဂုံးအနေနဲ့တော့
မြန်မာတွေရဲ့ ဧဝရတ် အိမ်မက် ကို ပြန်အသက်သွင်းဖို့ နှိုးဆော်ချင်တာရယ် ၊

ဧဝရတ်တင်မကဘူး မြန်မာပြည်က ခါကာဘိုရာဇီ၊ ဂမ်လန် ၊ ဒင်ဒေါ်ရာဇီ စတဲ့ တောင်တွေကိုပါ မြန်မာတွေတက်နိုင်ကြပါစေ။
ကမ္ဘာ့အမြင့်ဆုံးတောင်မှာ မြန်မာရောက်ခဲ့တယ်ဆိုပြီး ဂုဏ်ယူချင်ပါတယ် ။

ကျွန်တော်တို့မျိုးဆက်ဖြစ်ဖြစ် နောက်မျိုးဆက်ဖြစ်ဖြစ် ကျွန်တော်ကတော့ အားပေးနေမှာပါပဲ။

DoeLone 18-April-2015cropped-dscn5620.jpg

Posted in Essay, Mountaineering | Tagged , , , , , | Leave a comment

#‎SEVEN_SUMMIT‬ ( #Aprilfool)

ပထမတော့အားလုံးကိုဘာမှမပြောဘူးလို့အံ့ဩသွားအောင် လုပ်မလို့ပဲ
ဒါပေမဲ့ ကိုတုံးလုံးကြီးက မပြောဘူး ကြိတ်လုပ်တယ်ဖြစ်မဆိုးလို့ နောက်လည်းသိမဲ့အတူ ခုပြောပါတော့မယ် ……

ကျွန်တော်ဒီနှစ်ထဲမှာသွားတော့မဲ့ ( 7 Summit-ဆဲဗင်းဆန်းမစ် ) ခရီးစဉ်ပါ ၊ (* 7 Summit ) ဆိုတာက ကမ္ဘာ့တိုက်ကြီး ၇ တိုက်ရဲ့ အသီးသီးက အမြင့်ဆုံးတောင်ထိပ်တွေကိုပေါ့…..လို့။ အနှစ်နှစ်အလလ စီစဉ်ထားခဲ့တဲ့ ခရီးစဉ်ပလန်ကတော့ Unexplore Area တွေမှာ unclimbed peak တွေတက်မယ်ပေါ့၊ ဒါပေမဲ့ခု ကျွန်တော် ဧဝရတ်တောင်ကိုသွားတက်ပါတော့မယ်
( ဟုတ်ပါတယ်၊ဒါဟာတကယ်ပါ၊ မောင်ဒိုးစိတ်ပြောင်းပါပြီ ၊ တကယ်ကြီးကိုတက်မှာပါ )
လူတန်းရှည်ကြီးကိုစောင့်ပြီးတက်ရမဲ့ ဧဝရတ်တောင်ကနေ ဒီဆဲဗင်းဆန်းမစ်ခရီးစဉ်ကိုစပါမယ် ( hard start , finish easy ဆိုတဲ့ ကျော့လက်စွဲမူအတိုင်းခက်တဲ့တောင်ကနေစပြီး တောင်ခုနှစ်လုံးကိုတက် မှာပါ၊

သိတဲ့အတိုင်း ကျွန်တော်အခုလာပြီးအလုပ်လုပ်နေတာက ဒူဘိုင်းဆိုတဲ့ အာရပ်စော်ဗွားပြေထောင်စုနိုင်ငံကမြို့ စပွန်စာကမ်ပနီတွေပေါလို့ပါပဲ ပေါ်ပြူလာဖြစ်တဲ့ climbing destination တွေကိုဘွိုင်းကောက်လုပ်ထားတဲ့ကျွန်တော် ခုစပွန်စာရလာပြီဆိုတော့ စိတ်ပြောင်းရပါပေါ့။ ဒီတော့ အကြောင်းအမှန်ကိုဝန်ခံရတော့မပေါ့လေ။

မြန်မာပြည်နဲ့အဝေးမှာအလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းလုပ်သားလေးတစ်ယောက်အနေနဲ့ ဒူဘိုင်းမှာ စပွန်စာတွေဘယ်ကရလည်းဆိုတာလည်းစိတ်ဝင်စားကြမယ်ထင်ပါတယ် ။ အဖြစ်က အာရပ်ကမ္ဘာက မြန်မာနဲ့ စပို့ဒီပလိုမေစီလုပ်ဖို့ဖြစ်လာတယ်၊ ခါကာဘိုအကြောင်းကြားသွားပြီးတော့ ကလိုင်ဘင်-တောင်တက်ဒီပလိုမေစီလုပ်ချင်တယ်တဲ့၊ ခါကာလမ်းကကြမ်းတော့ဒီကောင်တွေဂျွတ်သွားတယ်၊ဒီလိုနဲ့ကျွန်တော့ဆီရောက်လာတယ်၊ဘာလို့ရောက်လာသလဲ ဒါကတော့ရှင်းပါတယ် ၊ကျွန်တော်က ထူးခြားတဲ့ မြန်မာ ဆစ်တီဇင်မို့ပါ၊
ရုပ်ကဘုရားစူးဗမာ ရုပ်ပေါက်နေတာရယ်.
..( သနားကမား……နဲ့ ရိုဟင်ဂျာရုပ်ပေါက်နေတာကိုး 😉  ) ဗုဒ္ဓဘာသာလို့ဘယ်သူမှမထင်
(ဗုဒ္ဓဘာသာမှန်းသိတော့ နှစ်ပြည်ထောင်ချစ်ကြည်ရေးမက နှစ်ဘာသာချစ်ကြည်ရေးပါ ကောင်းလိမ့်တေးဆိုပြီး အာရပ်မြန်မာ တောင်တက်ဒီပလိုမေစီပရောဂျက်အတွက် ဇွတ်ကိုလက်မှတ်ထိုးခိုင်းတော့တာ)အာရပ်မြန်မာချစ်ကြည်ရေး အရ မောင်ဒိုးလို ဟိုစပ်စပ်ဒီစပ်စပ်ကောင်ကို စပွန်ဖို့ရွေးလိုက်တယ်ဆိုပါတော့၊ oredoo အူလဒူးတို့ လိုခမ်ပနီတေက မြန်မာပြေမှာစလုပ်စားနေပြီဆိုတော့ကာကိုယ်တွေလို စော်ကြည်ဘဲတွေကို စပွန်စာပေးတာမဆန်းပါဘူးလေ ……….Emirates အဲ့မရိတ်တို့လို ခမ်ပနီတေကလည်း မြန်မာပြေကို ချာတာဖလိုက်တွေဆင်းဖို့အကြံနဲ့ အငမ်းမရကမ်းလှမ်းလာတယ်ဆိုပါတော့ အာရပ် ပြေမှာက ရေနံတွင်းဖင်ခုထိုင်ပြီး ကျိကျိတက် ချမ်းသာတဲ့ စော်ဘွားတွေ ရှိပ်တွေကိုး,
ခက်တာကလည်း စပွန်စာဆိုတာမျိုးက ဆူလွယ်ပွက်လွယ်မှတ်မိလွယ် နာမည်ကြီးပြီးသားနေရာမျိုးကိုသာ မျက်စေ့ကျတာကလား ၊ဒါနဲ့ ခါကာ၊ဘာညာထက် ဆဲဗန်းအမြဲလမ်းဖြစ်သွားတာပဲ၊
ကျော့အိမ်မက်တွေတစ်ထပ်တည်းမကျပေမဲ့ စူပါဆပ်ပလန်တချို့ အမှန်တကယ်ဖြစ်လာပါပြီ ။

အစဉ်အတိုင်း အာရှတိုက်ထဲက ဧဝရတ်တောင်Everest ..8848 m (Asia) ၊ အသက်နဲ့ကိုယ် အိုးစားကွဲပြီး ၊ကျူမီးငါးဆိုတဲ့ မတ်စေ့ပဲပြန်ရောက်ရင်ရောက်မှာပါ၊ဒါကအချိန်ရယ်၊ရာသီဥတုရယ်၊ကံတရားရယ်ပေါင်းတဲ့လောင်းကစား၊
မသေပဲပြန်လာရင်တော့ အဲ့ကောင် ပြီးရင် တောင်အမေရိကတိုက်က “အာကွန်ကားဂွါ”တောင် Aconcagua.. 6962m (South America)ရယ် မြောက်အမေရီးကားတိုက်က ဒယ်နာလီလို့ခေါ်တဲ့ McKinley.. 6194m (NorthAmerica)ကို တက်မှာပါ၊ အသေချမ်းမယ် ၊ လေတိုက်ရင်ပါသွားနိုင်လို့ ခုတည်းကဝိတ်တက်အောင်ဖက်တီးဖြစ်အောင်လေ့ကျင့်ရပါတယ်။ ပထမတောင်၃လုံး ပြီးရင်တော့ အိမ်ပြန်ပြီး ချစ်သူနဲ့တွေ့ဖို့ရယ် ၂လလောက်ခဏနားမှာပါ။ (အဆင်ပြေရင် အူးအူးလွင်မိုးလို step အင်္ကျီဝတ်၊ ၊ အမျိုးသမီးချစ်ဇနီးကိုမျက်စောင်းထိုးကြည့်နေတဲ့ပုံနဲ့ အားတိုးဆေးOramin-G.ကြော်ငြာတို့ ရိုက်ရမှာပဲ  ၊စတော်ဘယ်လီဖြစ်ဖြစ်မဖြစ်ဖြစ် စပွန်စာကလိုတာကိုး 😀 )

ဒီသုံးခုပြီးရင် ခက်တဲ့တောင်က အန္တာတိကတိုက်က Vinson Massif 4892m .ပါပဲ၊တိုနေအောင်ချမ်းမဲ့ ခရီးစဉ်ပါပဲ၊အတိုလေးနဲ့၊ဟဲရမှာပဲ၊ သူ့ ထက်မြင့်တဲ့ ဥရောပက Elbrus..5642m (Europe)တို့ အာဖရိကတိုက်ခေါင်မိုး Kilimanjaro..5892m (Africa) ကလွယ်တော့နောက်မှတက်ပါမယ် ။ အာဖရိကမှာ အမျိုးတွေနဲ့ ဓာ့ပုံရိုက်ပြီး ဖွဘုတ်တင်ပါမယ်။ ကျွန်တော့အပွန်စာတွေအနေနဲ့လည်း ကီလီမန်ဂျားရိုးခရီးက စားရိတ်သက်သာမယ်လို့ခန့်မှန်းပါတယ်တဲ့၊ကိုယ်ကဖောရိန်နာရုပ်မပေါက်ပဲကိုး ။ ဘာပဲဖြစ်ဖြစ် အန္တာတိက အာဖရိက ရောက်ဖူးတယ်၊ အထူးသဖြင့် ယူရုပ်ကိုရောက်ဘူးဒယ် လို့ကြွားရပြီ။ ဟဲဟဲ

ဒီတောင်ခြောက်လုံးတက်ပြီးတဲ့အခါမှာတော့ အိမ်ပြန်ပြီး ငှက်ကြည့်ဂီယာတွေပြန်ယူဦးမှာပါ ၊ နောက်ဆုံးကျန်နေတဲ့ ကားစတန့်(ဇ) တောင် Carstensz Pyramid..4884m (Austrilia/Papua) ကပါပူးဝါး နယူးဂီနီကျွန်းမှာဗျ၊ ငှက်အလှတွေငှက်အဆန်းတွေပေါသကိုး ဒါကြောင့် တောင်တက်ကအပြန် ငှက်ကြည့်မလို့ပြောဒါ။ ( ပြောခဲ့တဲ့ ၆လုံးပြီးတဲ့နောက် ကားစတန့်(ဇ) တောင် Carstensz က”Messner list” ရိန်ညိုမက္စနာရဲ့ စာရင်းအတိုင်းပါ ) ( “Bass List” အရဆိုရင်တော့ ဩဇီက ကော့ရှကျူကို Kosciuszko,,2228m (Australia) တောင်ကိုတက်ရမှာပါ ) ကျွန်တော်ကတော့ ” ရိန်ညိုမက္စနာ”ရဲ့ “Messner list”အတိုင်းတက်ပါမယ် ၊

ဆဲဗန်းဆန်းမစ်ပြီးတဲ့နောက် စပွန်တောင့်ရင်တောင့်သလို အရေးကြီးတဲ့ဟာတွေ တိုပြီးပြတ်မကျသေးဘူးဆိုရင် (Frostbite ကြောင့် ခြေမတို့လက်မတို့ ပြတ်တာကိုပြောဒါနော) တောင်ဝန်ရိုးစွန်း နဲ့ မြောက်ဝန်ရိုးစွန်းကိုပါသွားမှာပါ၊ ဒါဆိုရင် တိုက်ကြီးတွေရဲ့အမြင့်ဆုံးတောင်တွေရယ်နဲ့ တောင်/မြောက်ဝင်ရိုးစွန်း ခရီးတွေကို စုပေါင်းခေါ်တဲ့ (The Explorers Grand Slam ) ပြီးပါပြီ။

7 Summit+ Grand Slam ဒန်တန့်တန်( မင့်ဟာကလွယ်ရိ.ထာ 😛  )

ပြီးပါပြီဆိုတော့ကာ
ကျွန်တော်မောင်ဒိုးအနေနဲ့ကာ ဦးတက်ခါးမေတ္တာဝေသလိုဝေကြတဲ့စပွန်တွေကို ရှဲ့ရှဲ့နီ လို့ပြောချင်ပါတယ် ၊ ပြည်ပစပွန်စာတွေကတော့ (ကျွန်တော်အခုအလုပ်လုပ်နေတဲ့ ကုမ္ပဏီ GlobalClimbing ကနေ လစာအပြည့်ခွင့်နဲ့ ပေးပါတယ် ၊ OutdoorUAE မဂ္ဂဇင်းက လိုအပ်တဲ့ CameraGear ခင်မလာဂီယာတွေစပွန်ပါတယ်၊ AdentureHQ စတိုးဆိုင်ကတော့ တောင်တက်ဂီယာတွေ ဂါပါတယ် ၊ Oredoo အူလဒူးက ^^^၅၀၀၀တန်ဖုံးကဒ် 😉   ( အဲ့လေယောင်လို့)-Location & Telecommunication device တွေ အတွက်ရယ် Insuranceအာမခံစရိတ်တွေရယ် အာကုန်ပေးပါတယ် EMIRATES airway အဲ့မရိတ်အဲလိုင်းက လိမ်ပြံလက်မှတ်တွေနဲ့ ခရီးစဉ်စရိတ်တောင်တက်ပါမစ်ဖိုးတွေကျခံပါတယ်။ (ကောင်းထာ၊စိတ်ကူးယဉ်လို့ 😀   )
ပြည်တွင်းစပွန်စာများဖြစ်ကြတဲ့ အာကာထွန်းဘောင်းဘီ၊ သမီးတို့အကြိုက်မွန်းလိုက် ၊ မြောင်းမြဒေါ်ချို မုန့်ဟင်းခါး တို့ကိုလည်း ကျေးဇူးတင်ကြောင်းပြောလိုပါတယ်၊

ဒီနှစ် စက်တင်ဘာလ ၃၁ရက်နေ့ ဒူဘိုင်းကနေ ခတ္တမန်ဒူကိုစတင်ထွက်ခွါမှာဖြစ်ပါတယ် ၊
တိုင်းပြည်နဲ့လူမျိုးအတွက်တောင်သွားတက်မဲ့ဒိုးဒိုးလေးကို ချိုချဉ်၊ပဲပုပ်ထောင်းငပိကြော်တွေထည့်ပေးလိုက်ကြပါလို့ 😛
……..
………..
…………….
…………………
…………………………
……………………………….
……………………………………..
‪#‎APRIL_FOOL‬ ‪#‎SEVEN_SUMMIT‬

Posted in Satire | Tagged , , | Leave a comment

အိုလံပျာ-တောင်သို့ခရီးတစ်ခေါက်

အိုလံပျာ-တောင်သို့ခရီးတစ်ခေါက် O:) O:) O:)
————————————————————————–
(ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း)
ဟိုက်ကင်နှင့် ကလိုင်ဘင်နယ်တွင် ခြေရှုပ်နေသော အင်းဝညီနောင်ထဲမှ မကြီးမငယ်ကောင် ဒိုးလူသည် တောင်တက်လောကသားများကို ဝေဖန်ရေးလုပ်၍ ဖေ့စဘုတ်တွင်စတေးတပ်များတင်ရာမှ တောင်တက်သမားကြီးငယ်တစ်ချို့က မကျေနပ်သဖြင့် လေထန်ချစ်တရားရုံး (ဦးချစ်) တွင် တရားစွဲဆိုကြ၏။ :v မိန်းထဲမှကန်ထရိုက်သုခမိန်ကြီးပေါင်ရဲမင်း Ye Min​ က အပြစ်ထင်ရှားသည်ဆိုပြီး ဒိုးလူကို မျောက်ခေါင်းဓားစက်ဖြင့် ခြေ/လက်ဖြတ်ပစ်ရန် အမိန့်ချမှတ်လိုက်သည်။ ဘကြီးတော်ရသဲ့ကြီးဦးခင်မောင်သိန်း၊ သက်တော်ရှည်ဘိုးဘိုးစိန်စိန်အောင်နှင့် ပညာရှိအမတ်ကြီးဘိုးနိုင်းနိုင်း Htunhla Aung​ တို့က မေတ္တာရပ်ခံသဖြင့် ဒိုးလူ အား မသေမချင်းကလိုင်ဘင်လုပ်စေရန် ပြောင်းလဲအမိန့်ချသည်။ 😛 တောင်တက်လောကသားများလည်း ဒိုးလူကို ဝိုင်း၍ ငပိကြော်၊သကြားလုံး၊ပဲပုပ်ထောင်းစသည့် စပွန်စာအပြည့်ဖြင့် တစ်ယောက်တည်း တောင်သွားတက်စေဟု နယ်စပ်သို့ စေလွှတ်လိုက်တော့၏။ 😀
————————————————————————–
အချိန်ကာလ။ ၂၀**ခုနှစ် ဩဂုတ်လ ၁၃ရက်
နေရာကား ။ ဒင်ဒေါ်ရာဇီ တောင် ရေခဲချောက်အတွင်း တစ်နေရာ၊
ကိုယ့်အသက်ရှူသံက ဒီရေခဲချောက်အတွင်းမှာ ပဲ့တင်ထပ်နေသည်။ သတိကပ်နေသဖြင့်ဘာတွေဘယ်လိုဖြစ်ပျက်သွားတယ်ဆိုတာကိုအသေးစိတ်မှတ်မိနေ၏။ -_-
————————————————————————–
ဒီရေခဲချောက်ထဲပြုတ်ကျသည့်အချိန်ထိအောင် မနက်အာရုဏ်ဦးနေချည်ပင်လျင်တိုးမထွက်လာသေး၊ ကိုယ်ညက ၁နာရီကတည်းကထပြီး Weather check လုပ်ခဲ့သည်၊snow conditionကောင်းသည်၊နှင်းထုကပျော့ပေနဲ့အရမ်းမထူထဲသေးတာမို့ ဒီနေ့ညဦးယံမှာ တောင်ပေါ်ကပြန်ဆင်းဖို့ဆုံးဖြစ်လိုက်၏။ မနေ့ညကအိပ်စက်နားခိုခဲ့တဲ့SnowHoleထဲမှာတော့ ကိုယ်ဟာ အိပ်တဝက်နိုးတဝက်။
ထုံးစံအတိုင်း တောင်ပေါ်မှ (ယို့ယို့၊အာဟား၊အာဟ ) စသောသီချင်းအတိုအစများညည်းကာဆင်းခဲ့သည်၊ တောင်ထိပ်ရောက်စဉ်ကလည်း ” ယို့ယို့-ဝက်စပ်-ဝက်စပ်-ကြက်ချို” ဟုသာ SPOT device မှ သတင်းပို့ခဲ့၏(စကားဝှက်ကိုသဘောပေါက်သော ဘော်ဒါတစ်ချို့သာတောင်ထိပ်ရောက်ကြောင်းသိပေလိမ့်မည် ၊ SPOT messanger device နဲ့ ကိုယ့် ဖွစဘုတ်အကောင့်ချိတ်ထားသေး၏၊ စပ်စုတက်သောဖေ့စဘုတ်ယူဇာများလည်း SPOT-GPS`-လင့်အတိုင်းနေရာသိကောင်းသိနိုင်၏။ ) အဆင်းလမ်းမှာစိတ်လက်ကတော့ထုံးစံအတိုင်းပေါ့ပါးမြဲပေါ့ပါးလျက်။ တောင်အတက် စိုက်လိုက်မတ်တတ်လမ်းကတော့အတော်ဟိုက်သည်၊ တစ်ယောက်တည်းsoloတက်ဖို့ဖြစ်လာသဖြင့် တစ်ခါတလေအထီးကျန်သလိုခံစားရတာကလွဲပြီး တောင်ပေါ်မှာအဆင်ပြေလှပါ၏။ အနည်းဆုံးတော့ ကိုယ်ပြုတ်ကျရင် တွဲဘောမပါတာတစ်ချက်တည်းနဲ့တင် တက်ရတာ စိတ်ရောကိုယ်ပါလွတ်လပ်လှ၏။ တစ်ခါတစ်ရံတော့ ချစ်ဇနီး နဲ့ တက်နေကျဘော်ဒါတွေ ကို သတိရသလိုလို၊ ကြိုတင်ရွေးချယ်ထားတဲ့လမ်းကြောင်းအတိုင်း အတက်ကို မတ်စောက်တဲ့ ကျောက်ထရံတွေဘက်ကလမ်းကိုရွေးခဲ့သည်၊ ပြန်အဆင်းမှာ တော့ အနောက်မြောက်မျက်နှာစာ ပေ၈၀၀ လောက်တော့ ကျောက်ထရံတွေအတိုင်းကြိုးလျှောချပြီး rappel လုပ် ဆင်းဖို့ ရယ် ၊ အဲ့ဒီကနေ ရေခဲဆီး နှင်းတောင်စောင်းအတိုင်း ခြေလျင်ဆင်းဖို့ရာ ကြိုပြင်လာခဲ့သည်။ rappeling ဆင်းရင်း ကြိုးကကျောက်အချွန်းတွေနဲ့ပွတ်တိုက်ဖန်များတာမို့ ကြိုးရဲ့တစ်ချို့နေရာတွေမြင်မကောင်းအောင်ဖွာလန်ကျဲနေပေပြီ။ ခေါင်းကဓာတ်မီးနဲ့ ဖျတ်ခနဲအလင်းဖျာကျသွားစဉ် တွေ့မိလိုက်သဖြင့်တော်သေး၏။ စိတ်ကိုတည်ငြိမ်အောင်ထိန်းလိုက်သည်။ ကျောက်အက်ကွဲချောင်းထဲ ပစ်တွန် (သံငုပ်) ကိုရိုက်ထည့်ပြီး ကိုယ့်ရဲ့ခါးကကြိုးကို rappel ring မှာလျှိုလိုက်သည်၊ ပြုတ်မကျနိုင်တော့။ ဓာတ်မီးခဏပိတ်ကာ၅မိနစ်လောက်နားဦးမည်။ ကိုယ့်နာရီကိုကြည့်လိုက်၏။ အမြင့်ပေ တစ်ခြောက်ထောင်ရှစ်ထောင့်လေးရာ ၊ရေခဲမှတ်အောက် အနှုတ် ၃ ဒီကရီ၊ မနက်၃နာရီထိုးဖို့ရာ ၁၅မိနစ်အလို ၊ကောင်းကင်မှာ နဂါးငွေ့တန်းနဲ့ ကြယ်တွေ အတိုင်းသားမြင်နေရ၏။ (ကိုဇော်တင်မောင်-အဲလေ-ကိုင်ဇာတင်မုံ ရဲ့ အာကာသပြတိုက်သီချင်းကို အလိုလိုညည်းမိ၏)။ ဒီတစ်ခေါက် ကင်မယာဂီယာတွေထည့်မလာချေ၊ စိတ်မျက်စိဖြင့်သာ လောင်းအိတ်စပိုရှာဆွဲကာ ခံစားမှတ်တမ်းတင်ရ၏။ နားလို့ဝပြီးခရီးဆက်ရသေးတော့ချေတမုံ့။ ကျောက်ထရံဘက်က ကြိုးလျှော့ဆင်းတဲ့လမ်းကြောင်းကနေ တောင်ကျောအတိုင်းရသလောက်သွားပြီး အနောက်တောင်ဘက်ရေခဲမြစ်အတိုင်းဆင်းဖို့ရွေးလိုက်ပြီ။ အဲ့ဒီမှာ ရေခဲပြင်အက်ကြောင်းတွေပေါ်မှာ နှင်းပါပါးလေးဖုံးထားတဲ့ သဘာဝထောင်ချောက်တွေ အတားအဆီးတွေပေါပါဘိ၊ မတတ်နိုင်ဘူးလေ၊ ကိုယ်ကတောင်ပေါ်ထိတက်ဖို့ရွေးချယ်ခဲ့တာကိုး၊ ပြန်ရောက်အောင်ဆင်းရမပေါ့။ ဒီလိုနဲ့ လရောင်ကြယ်ရောင်အောက်မှာ ကိုယ့်အိမ်ကိုမှန်းဆခရီးနှင်၍ပြန်ခဲ့သည်။
————————————————————————–
ရုတ်တရက်ဆိုသလို ကိုယ့်ရဲ့ဆူးဖိနပ်ခရမ်ပွန်အောက်က နှင်းသားထုကျွံကျသွားတာသိလိုက်၏။လက်ထဲမှာဆောင်ထားသည့်ရေခဲပုဆိန်ဖြင့်ချက်ချင်းအလျင်အမြန်အားကုန်လွှဲပေါက်သောလည်းမမီတော့ချေ၊ ရေခဲချောက်ပေါ်ဖုံးနေတဲ့ နှင်းထုပါး ပေါ်ရောက်မိလျက်သားကိုး။ကိုယ်နဲ့ကိုယ့်ရဲ့ ကျောပိုးအိတ်အလေးချိန်နဲ့ ပေါင်းကာ အဆီးအတားမဲ့လေဟာနယ်ထဲ လွင့်ကျသွားတော့၏။
————————————————————————–
အမှောင်အမိုက်ထဲမှာ သက်ရင့်ရေခဲတွေ ပြာလဲ့လဲ့မီးစုန်းအလင်းထွက်နေသယောင်ထင်ရ၏၊ တစ်ကယ်တော့ သူပြန်နိုးလာခြင်းဖြစ်သည်၊ အေးစက်ချောက်ကပ်လှတဲ့ ရေခဲချောက်ထဲမှာပင်ရှိနေသေး၏။ အရုဏ်တက်ပြီးမိုးလင်းချိန်တိုင်ရောက်လာသဖြင့် ပြင်ပအလင်းရောင်ကြောင့် ရေခဲချောက်အတွင်း မှိုင်းပြပြမြင်နေရ၏။ ကိုယ်ထူးထူးထွေထွေလိုက်မစပ်စုဖြစ်ပါ၊ ကိုယ်ကလွဲပြီး ဒီနေရာမှာဘယ်သူမှမရှိနိုင်တာကြိမ်းသေနေ၏။ ပက်လက်လန်ပြုတ်ကျထားရာမှထဖို့ကြိုးစားကြည့်၏။ ကျောဘက်က တော်တော်နာကျင်နေပြီ၊ ကျောပိုးအိတ်အလေးကြီးဖြစ် ပြုတ်ကျခြင်းကားမသက်သာလှ၊ ( တစ်နည်းအိတ်ခံနေ၍ တော်သေးသည်ဟုလည်းဆိုနိုင်သည်)၊ ရေခဲချောက်အောက်ခြေကြမ်းပြင်နှင့်ဆောင့်မိသည့်ဒဏ်ကြောင့် နံရိုးတစ်ချို့ ကျိုးအက်သွားတာလည်းဖြစ်နိုင်သည်။ ခြေလက်များ ပွန်းပဲ့ရုံကလွဲ၍ အသဲခိုက်အောင်မနာသေး။ခြေလက်မကျိုးသေးဟုတော့ယူဆရသည်။ ကျောပိုးလွယ်အိတ်မှ ခါးပါတ်လွယ်ကြိုးများ ဖြေးဖြေးဖြုတ်ကာ ထထိုင်လိုက်၏။ အရင်ဆုံး ရင်ဘတ်မှ SPOT messenger device ကိုစမ်းကြည့်မိ၏။ ရှိနေသေး၍ ဝမ်းသာမိသည်၊ အနည်းဆုံးတော့ ကိုယ့်ရဲ့ တည်နေရာကို သတင်းပို့နိုင်ပြီမဟုတ်လား။ ဓာတ်ခဲလည်းမကုန်သေးသဖြင့်ပိုအားရှိသော်လည်း အရင်မိတ်ဆွေများ၏ဖြစ်အင်ကိုသတိရ စိတ်ထိခိုက်မိ၏။ ကိုယ်ချင်းလည်းစာမိပေသည်။ ကိုယ်သေမည့်အတူ သူများကိုဒုက္ခမပေးတော့ဟုသဘောပိုက်ကာ SPOTdevice မှ SOSmessage မပို့တော့ဟုစဉ်းစားမိ၏။ ( သူတို့လည်း ဤသို့ဤပုံတွေးပြီး သတင်းမပို့တော့တာလည်း ဖြစ်ကောင်း၏ )
————————————————————————–
ရေဗူး နဲ့ ချောကလက်တချို့ ထုတ်စားသည်၊ မြုံ့ရင်း လွတ်မြောက်လမ်းကိုလည်း ရှာကြည့်သလို ရှာမတွေ့ပါကလည်း၊သေရန် တော်တော အချိန်ရသေးသည်။ လမ်းကား ၂လမ်းတွေ့၏။ ချောက်အတိုင်းအပေါ်ပြန်တက်မလား၊ ချောက်ရဲ့အောက်ဖက်က ရေခဲပက်ကြားအက်အတိုင်း ဆက်ပြီးဆင်းကြည့်ပြီး ထွက်ပေါက်ရှာမလား ၊ ၂ခုလုံးက ဖြစ်နိုင်၏။ လွတ်မြောက်ရန် အာမခံချက်ကားမရှိ။
————————————————————————–
ဘာပဲဖြစ်ဖြစ် ဖွစဘုတ်ပေါ်တင်ဖို့ မတ်စေ့တော့ပို့ဦးမှပဲတွေးမိသည်။ SPOTdeviceမှ SOSခလုပ်အစား ရိုးရိုးလိုကေးရှင်းmessage ကို “ကျူမီးငါး ပေါင်သားရယ် ကျူမီးငါး ” ဟုသာရေး၍ တင်လိုက်၏။ အမြဲတမ်း ဖွစဘုတ်တွင် အခွက်ပြောင်လာခဲ့ရာ ဒီတစ်ခါလည်း ကိုယ့်စတေးတပ်ကို ပေါက်ကရသုံး/လေးဆယ် ဝင်ရေးကြစေ။ ကိုယ်မသေခင်နောက်ဆုံးအချိန်ထိ လူပေါကြီးအဖြစ် နေရသည်မှာ မြတ်လှ၏၊ သူများကိုစိတ်ဒုက္ခမပေးပဲ ရယ်စရာပဲပေးလို့ ငါဟာ နတ်ပြည်ရောက်မဲ့ အလောင်းလျာပါတကားဟုလည်း ထုံးစံအတိုင်း ချိုကြွမိသေး၏။ အကယ်ကားရခဲချောက်အတွင်းပြုတ်ကျခဲ့သောနံရိုးဘယ်နှချောင်းကျိုးထားမှန်းမသိသောကျနော်hallucinate ဖြစ်ပြီး အာရုံမှာ ထင်ချင်ရာထင်တာလည်းဖြစ်နိုင်ပါသည်။
————————————————————————–
ရေနဲ့ချောကလက်တန်ခိုးဖြင့် ဗိုက်ဝလာသဖြင့် ချောက်အတွင်းမှထွက်ရန် လုပ်ငန်းစတင်တော့၏၊ မစ၍လည်းမရတော့၊ ဒီတိုင်းထိုင်နေလျင် ဒီချောက်ထဲမှာ လူကအေးခဲပြီး စန့်သွားနိုင်သည်မဟုတ်လား။ တောင်တက်သမားကွ ကျား(စ) ဟုအားတင်းကာ အပေါ်တက်မည့်လမ်းကိုရွေးလိုက်၏။ ကျောပိုးအိတ်ကို ကြိုးစဖြင့်ချည်ခဲ့ပြီး၊ ရေခဲပြာလဲ့လဲ့နံရံကို ကိုယ့်စတင်တွယ်တက်၏။ ( မည်သို့တက်လိုက်သည်မသိ အပေါ်ရောက်သွား၏။ ကျောပိုးအိတ်ကိုဆွဲတင်ရင်း နံရိုးများကနာကျင်လှ၏၊ ( မထက်စီလီကွန့်ထည့်စဉ်ကလည်း သူဒီလိုပဲနံရိုးတွေနာခဲ့တာပါတကားဟု အရင်တစ်ခေါက်ရေးဖူးတဲ့စာကိုပြန်သရရင်း နာနေသည့်ကြားမှ အသံထွက်ရယ်မိပြန်၏ ) အခြားတယောက်မြင်ပါက မောင်ဒိုးတစ်ယောက် ရေခဲချောက်ထဲပြုတ်ကျပြီး ဂေါက်သွားရှာပြီဟုထင်မည်မှာ ဧကန်ပင်။့ ရေခဲချောက်ကား ၂ဆင့်ဖြစ်ဟန်တူသည်၊ ကိုယ်အပြင်သို့လုံးလုံးမရောက်သေး၊ပထမအဆင့်၏ ရေခဲချောက်ငေါထွက်နေတဲ့နေရာပေါ်တွင်နေရာခပ်ကျယ်ပြန်ပြန့်လေးရှိနေ၏။ နေရောင်လည်းဖြာဝင်နေပုံထောက် ၍ သိပ်မလိုတော့။ သို့သော် ပင်ပန်းလှပြီ၊ မနက်၁နာရီကတည်းကနေ ခုထိ၊ ကိုယ်ခဏနားချင်ပြီ၊ နေရောင်ချည်လေးကို အဖော်ပြုကာ ကိုယ်အိပ်စက်တော့မည်။ မနိုးသောအိပ်ခြင်းလည်းဖြစ်နိုင်၏။ သို့သော ကိုယ် အရှုံးမပေးခဲ့၊ အနားတော့ယူရမည်မှာ
အနှေးနဲ့အမြန်ဖြစ်၏။ ကိုယ့်အတွေးနဲ့ကိုယ် ပျော်နေ၏၊သရဏဂုဏ်လည်းအထူးတင်ဖို့မလိုပေ၊ ကိုယ်၌တည်ပြီးဖြစ်၏။ ကိုယ်ကား စိတ်ဒုံးဒုံးချကာ အတွေးနယ်ချဲ့မနေပဲ အိပ်လိုက်တော့၏။
<<<<<<<<<<<<<<<<<<<>>>>>>>>>>>>><<<<<<<<<<<<>>>>>>>>>><<<<<<<<<<>>>>>>>>><<<<<<<>>>>>>
မပြီးသေးသော ဇာတ်လမ်းအကျယ် : ကိုယ်အိပ်ယာကနိုးလာ၏။ ကျောပိုးအိတ်တွေမရှိတော့။ခက်ချေပြီ၊ ဘယ်ကောင်လာမသွားလဲမသိ။ မဟုတ်သေးပါဘူး။ ငါရေခဲချောက်ထဲကနေဘယ်ကိုရောက်လာတာလဲ။
မြင်လေရာမှာလည်း၊ တောင်ခိုးတွေမြူတွေ ဖြူလွှလွှ ၊ တောင်တက်ရင်းမြင်နေကျတာကမဆန်း၊ ဆန်းတာက ခြေထောက်နားမှာ ရစ်ဝဲနေသော အငွေ့တွေ။ မဟုတ်မှလွဲရော ကိုယ်ရောက်နေတာ “နတ်ပြည်” များလား။
ကိုယ် “ဒိုးလူ” လူစင်စစ်နေ “ဒိုးနတ်” ဖြစ်သွားပြီလော ၊ ဒိုးနတ် တဲ့ မဆိုးဘူးဟ၊ ခေါ်လို့ပင်ကောင်းသေး၏။ ကိုယ့်နတ်နာမည်ကို ကိုယ်ကြိုက်ပြီလေ ။ ဒါနဲ့ နတ်တန်ခိုးနဲ့ လိုချင်တာဖန်ဆင်းဦးမှပဲ။ လာလေရော့ ” ကန်ဘဲ့ကမြေတစ်ကွက်နဲ့ ကလိုင်ဘင်ဝေါ တစ်ခု” ဘာမှဖြစ်မလာ။ ဒိုးနတ်”မျက်စိပလင်းကွဲနှင့် ရန်ကုန်ကိုလည်းပြန်ကြည့်ကြည့်၏။ မရ ဘာမှမပေါ်လာ။ ဒါဆိုကိုယ်ဟာ “ဒိုးနတ်” ဘဝမရောက်သေး။ “ဒိုးလူ” ပဲ ရှိသေးတာပေါ့။ ငါ့နှယ် ဟိုမရောက်ဒီမရောက်နဲ့ လူမဟုတ်နတ်မဟုတ် “ဒိုး-တန်းလန်း”ဖြစ်နေပါပေါ့။
ထိုစဉ်- ဟေ့- မင်းဘယ်ကနေ ဒီကို ရောက်လာတာတုံး ဟူသောအသံဖြင့် လူဖြူကြီးတစ်ဦး “ဒိုးလူ”အနားရောက်လာ၏။ (ပတ္တရောင်လှည့်လာသော- နတ်သားကြီးဖြစ်ကြောင်းနောက်မှသိရသည်)။
ဒိုး- ခင်ဗျားကဘယ်သူတုံး -ဖြူ- ငါက ဟဲဗင်း အင်မီဂရေးရှင်းကပဲ – ဒိုး- အမ် -ဖြူ- မင့်နာမည် မပါသေးဘူးကွဲ့ ၊ မင်းဒီကိုရောက်ဖို့စောသေးတယ် ဒိုး – အလဲ့ဒါဆို ဒါကနတ်ပြည်အစစ်ပေါ့ -စောသေးတယ်ဆိုတော့ နောက်ကျရင်ရောက်မှာပေါ့ညော်။ မသိလို့ မေးပျစေ၊ဒါက အင်္ဂလိပ်နတ်ပြည်လား ဗမာနတ်ပြည်လား
ဖြူ- နတ်ပြည်မှာ အကုန်အတူတူပဲ၊ တစောက်ကန်း ဘာသာရေးကိုင်းရှိုင်းတဲ့ သူတွေဖို့တော့ဒီမှာနေရာ မရှိဘူး၊အေးဒါပေမဲ့ လူကောင်းတွေရှိတယ်၊ မင်းရောက်မရောက်ကတော့ မင့်စိတ်ထားနဲ့စေတနာပေါ်မူတည်တယ် ၊ ကဲကဲ ကောင်လေးမင်းပြန်ချေ၊ ဒိုး- နို့- အနော်က ဘိုလိုပြန်ရမှာတုံး – ဖြူ- အေးကွ မင့်တို့တောင်တက်မှာ ပြန်ပို့ချင်တာတို့ အိမ်ကိုပြန်ခါနီးတို့ဆို ဘယ်လိုလုပ်တုံး
ဒိုး- ( အာတီယူ သိသောက် မွိုက်ကေ ) လို့ ပြောတာပဲဗျ၊
ဖြူ- အေးဒါဆိုလည်း အဲ့ဂါထာရွတ်ပြီး ပြန်ချေတော့ကောင်လေး (ဟုဆိုကာ အဆိုပါ အိန်ဂျယ်ကြီးလည်းပျောက်ကွယ်သွားတော့သည်)။

ကိုယ်ကား ဝမ်းသာ အားရ ( အာတီယူ သိသောက် မွိုက်ကေ ) ဟုအော်ပြီး ပြန်မည့်ဆဲဆဲ သတိရသွားသည်။ ဒီရောက်တုံးရောက်ခိုက် ဝင်စပ်စုဦးမှပါဟု အကြံပိုက်မိ၏။
ဒါနဲ့ ဇက်ကလေးပုကာ ဟို နတ်ဖြူကြီးမမြင်အောင် အခိုးအငွေ့တွေထဲ လျှောက်၏၊ ( မမြင်မစမ်းနဲ့ နတ်ပြည်အပေါက်ထဲ တောင်ပေါ်မှာလိုကျွံကျမှာလည်း ကြောက်ရ၏ ခဲမှန်ဖူးတဲ့ ဒိုးလူ ရဲ့ အဖြစ်)
တွေးရင်းငေးရင်း လမ်းလျှောက်ရင်း လျှောက်ရင်းနှင့်ပင် အခိုးအငွေ့များကြားမှ “ဒေဝတာ မြို့တော်” ဟူသောဆိုင်းပုဒ်ကို ခပ်ရေးရေးမြင်မိ၏။ ထိုစဉ် အခိုးအငွေ့များ ရှူးကနဲပန်းထွက်လာပြီး စတစ်ကော်လာအဖြူ၊တိုက်ပုံ၊လွယ်အိတ်ဘေးတစောင်းလွယ်ထားသော ပုဂ္ဂိုလ်တစ်ဦး ရုတ်ချည်းပေါ်လာလေ၏။ အနှီ ပုဂ္ဂိုလ်ကား ဆရာ ဉာဏ်ပေါ် (စာရေးဆရာ မင်းလူ) ပင်ဖြစ်၏။ (မင်းရေးနေတဲ့ “ဒေဝတာ မြို့တော်” ဆိုတဲ့စာလုံးတွေ့လို့ ငါလာခဲ့တာပဲဟု မိန့်လေ၏။ ဒိုးလူ ဆိုသည်မှာလည်း သူ့ကလောင် မင်းလူကို ဆင်တူရိုးမှားပြုထားကြောင်း ဆိုလေ၏။ ) ကျွန်တော်လည်း ဆရာမင်းလူအား သွေ့ပုရှိ-ရှီးဖော့ ဟု ဒူးထောက်ကာ ဆက်လက်၍ဆရာ့ဝတ္ထုတိုကိုမှီးရေးခွင့်ပေးရန် တောင်းပန်လိုက်ပါ၏။ တောင်တက် ဟိုက်ကင်စီနီယာများကို ဒီနေရာတွင်လာရှိမိကြောင်း လည်း ရှင်းပြရလေ၏။ ထို့နောက် ဒိုးလူက ” ကော်ပီ ဟုအဓိပ္ပာယ်သက်ရောက်ခြင်း မရှိစေရ”: ဟုလည်း ဆရာ့ အားထက်ကွန့်မိပြန်၏။ ဆရာမင်းလူလည်း ပြုံးကာ “ပေါင်သားရယ်သည်-အသက်ရာကျော်ရှည်ပါစေသတည်း” ခေါင်းငြိမ့်ဆုပေးကာ ပျောက်ကွယ်သွားတော့၏။ ကိုယ့်လက်ထဲတွင်ကား ပတ္တမြားကျောက်စီ ဘီအီး ပုလင်းအလိုလိုတွေ့ရ၏။ ဆရာ့ တန်ခိုးပါပေ။ ထိုသို့ဖြင့် မောင်ဒိုးလူ လည်း ဆရာမင်းလူနည်းအတိုင်း “ဒေဝတာ မြို့တော်” အပေါက်စောင့်တို့အား ပတ္တမြားကျောက်စီ ဘီအီး တစ်ပက်စီ လာဘ်ထိုးကာ နတ်တို့အိမ်ယာ ဒေဝတာ ကွန်ဒိုတွင်း သို့ မှောင်ခိုလက်မှတ်ဖြင့်ဝင်တော်မူလေပြီတကား။ ဘယ်ကိုသွားချင်လဲ” ဟုယင်းအစောင့်များမှမေးရာ- ကျွန်တော် ဟိုက်ကာ-ဒေဝတာများထံသွားလိုကြောင်းပြောလိုက်၏။ ယင်းအစောင့်တို့လည်း နီးရာ ဟိုက်ကာမှ လာကြိုရန် “ဒေဝတာ မြို့တော်” ဖေ့စဘုတ်ဂရုတွင် post လုပ်လိုက်သည်ဟူသတတ်။

မရှေးမနှောင်းပင် တိုယိုတာ-Mark-II ကို upgrade လုပ်ပြီး 4wheel-drive လုပ်ထားသော နတ်ပန်းရထားလို ယာဉ်တစ်စင်းပေါ်လာသည်။ ရုတ်တရက်မမှတ်မိ နောက်တော့မှ ကိုနံပြား – ကားတံခါးဖွင့်ကာ- ဟေ့ကောင် ဒိုးလုံး-ဒီပေါ်တက်အချိန်မရဘူး trainingနောက်ဆုံးနေ့ပြီးပြီး ညနေတို့ဆီက စူဠာမဏိ စေတီ အောင်မြေ သွားနင်းရမှာ၊မြန်မြန်တက်” ဟုပြောလေ၏။ ကားထဲရောက်မှ ထုံးစံအတိုင်း အာလူးဖုတ်ကြလေ၏။ သူ၏ ကားကား Mark-II ဇိမ်ခံကားဖြစ်သဖြင့် ငြိမ့်လှသည်၊ ထို့အပြင် လူ၄၅ဦးခန့် အသာလေးချောင်ချောင်ချိချိစီးနိုင်၏။ ( ရန်ကုန်ဟိုက်ကင်တုံးက
Mark-II မှသည် ပစ်ကပ်-LiteAce ပြောင်းစီးကာ ဘုန်းကြီးပင့်၊ခရီးထွက်၊ဈေးဝယ်စသည်ဖြင့် ဟိုက်ကင်အကျိုးတော်ဆောင်ခဲ့ခြင်းက ထိုကဲ့သို့ ထူးခြားသည့် စီးတော်ယာဉ်ရရှိရန်အကျိုးဖြစ်လိမ့်မည်။

ကိုနံပြားအား လူ့ပြည်တုံးကလို ကားထဲအမှိုက်ရှင်းရသေးလားဟူ၍ နောက်၏။ သူကရယ်ကျဲကျဲဖြင့် ” ဒါနဲ့ နေပါဦး မင်းက လာချိန်မတန်သေးပဲ ဘလိုရောက်လာသတုံး” ဟုမေးလေ၏။
ဒိုး- ကျွန်တော်- တောင်တက်ရင်း ခဏမြောနေတာဖြစ်မယ်ဗျ၊ ရောက်တုံးရောက်ခိုက် ဒီမှာ “ဒေဝတာတောင်တော်မြင့်မိုရ်” ဘာညာရှိမလားလို့ ဝင်ကြည့်တာ ဟိုက်ကာတွေလည်းစုံရင်းပေါ့ ။
ပြား- အတော်ပဲ ဒီနေ့ ငါတို့ အိုလံပျာ တောင်သွားတက်မို့ ၊ လူကတော့အစုံပဲကွ၊ဒီမှာက
ဒိုး- ကောင်းလှချည်လား၊ ဒါနဲ့ အိုလံပျာ ကဘယ်မှာတုံး
ပြား- တစ်ခြား ဘုံမှာ မင့်လိုက်လိုရတယ် အင်္ဂါဂြိုလ်မှာပဲ။
ဒိုး- နို့ အင်္ဂါဂြိုလ်မှာ တော့ Olympus Mons ဆိုတာကြားဖူးတယ် ၊အဲ့တာ အိုလံပျာပဲလား။
ပြား- အေးဟုတ်တယ်- အဲ့တောင်ကွာ အဲ့Olympus Monsကိုသွားတက်မှာ။

ထိုအခိုက် ရုတ်တရက် ကားထဲတွင် ကိုပုံကြီး Khin Maung Kyaw​ ရောက်လာလေ၏။ ဟာ ကိုပုံကြီး
အေးဟေ့ရောင်- မင်းနဲ့ နံပြားအတူဒီမှာ ဆင်ကြံကြံနေတာ ငါ့နာရီမှာ လာပေါ်နေတာနဲ့ စက်ဘီးစီးနေရင်းနဲ့ လှည့်ဝင်လာလိုက်တာပဲ
ကိုပုံ့ကို အကဲခတ်ကြည့်လိုက်သောအခါ နတ်ဝတ်နတ်စားနှင့် မဟုတ်ဘဲ ဟိုက်ကင်တီရှပ်နှင့်ဘောင်းဘီတိုသာ ဝတ်ထားတာတွေ့သဖြင့်….
ဒိုး-” ဒီက အဝတ်အစားက. ..”
ပုံ- ” ဩော်… ဟဲဗန်းပုံတွေထဲကလို သင်တိုင်းအဖြူကြီးတွေဝတ်ထားမယ်ထင်လို့လား၊ အဲဒါက ဇာတ်ထဲမှာဝတ်ကြတာပါ၊ ဒီမှာတော့ ဟိုက်ကင်အထာ ဖရီးစတိုင်ပေါ့ ဝတ်ကြတာပါပဲ ”
ဒိုး- ” ဒါနဲ့ ခုနပြောတဲ့အထဲမှာ trainingဆင်းတယ်ဆိုတာ ပါတယ်နာ်၊ ဘယ်မှာဆင်းတာတုံး ”
ပုံ- ” ဒီမှာ တောင်တက်အသင်းရှိတယ်ကွ )”
ဒိုး “အင်း-ဘာရယ်- ဒီမှာ တောင်တက်အသင်းရှိတယ် ??? ”
ပုံ- အေးကွ -နက္ကသိုလ်များ ခြေလျင်တောင်တက်အသင်းပေါ့ကွာ”

“သာပါတယ်ဗျာ” – နတ်ကသိုလ်ဆိုပဲ၊ ကျွန်တော်က ဒိုးနတ် မဟုတ်သေးတော့လိုက်လို့ရပါ့မလား ”

“ရပါတယ်ကွာ” ” ဒီမှာလည်း လူကြီးတွေနဲ့ ခင်ရင် ခရီးစဉ်လိုက်လို့ရတယ်” 😛 ဟု မျက်စိတစ်ဖက်မှိတ်ပြကာပြောလေသည် (ဒါပေမဲ့ မိုက်ပါဘူးကွာ မင့်နတ်ပြည်က- ကွမ်းယာရှာမရဘူး” နတ်ပုံကြီးက ဆက်ပြောရာ

ကိုနတ်ပြား မောင်ဒိုးလူတို့မှာ အတူရယ်ကြလေသည်။

ထိုစဉ် ဗိမာန်တစ်ခုရှေ့၌ ခဏရပ်၏၊ ဂတ်(စ)အိုးများထမ်း၍လေ့ကျင့်နေသော သူကား လိပ်နတ်သားပင်ဖြစ်တော့သည်။ ဝမ်းသာအားရနှင့် ကားပေါ်တက်လာပြီး
“ခုမှ တွေ့ရတော့တယ် ကိုဒိုးရာ” ဟုနှုတ်ဆက်လေသည်။ ” ကိုလိပ်ရဲ့ ကဗျာ တစ်ချို့မိုက်တယ်ဗျ ” ။ သူက ကျွန်တော်ဒီရောက်တဲ့ဖြစ်အင်ကို နတ်မျက်စိဖြင့် ကြည့်ရှူသိပြီးဖြစ်ကာ ဆက်မေး၏ – ကိုဒိုး – ဒင်ဒေါ်ရာဇီ တောင်ပေါ်ကနေ ဝေါကီတော်ကီနဲ့ နိုင်ငံတော် သီချင်းဆိုခဲ့သေးလားဗျ ( ခက်ပြီ- ဒီမေးခွန်းကနိုင်ငံရေးပါသည်- ကျွန်တော်က ) – ကိုလိပ်ရယ်၊ ဓာတ်ခဲကုန်မှာဆိုးလို့ ယို့ယို့-ဝက်စပ်-ဝက်စပ်-ကြက်ချို လို့ပဲ SPOT device နဲ့ သီတင်းပို့ခဲ့ပါတယ် ခုထိတော့ သေကံမရောက်အသက်မပျောက်သေးလို့ ထင်တာပဲ ” ကောင်းတယ်ကိုဒိုးရာ နောက်တက်မဲ့ ချာတိတ်တွေကိုလည်း အဲ့လိုတွေမလုပ်မိဖို့ပြောဗျာ၊ ဒါနဲ့ ကိုဒိုးက အသက်အာမခံလည်းဝယ်ထားတယ် ဟုတ်စ ? ” “ဟုတ်ကိုလိပ်-Fully insure ကျွန်တော့အလုပ်က ဝယ်ပေးထားတာရှိတယ် ခရီးစဉ်အတွက်လည်း ကျွန်တော် ပရီမီယံ တစ်ခုထက်ဝယ်လိုက်ပါတယ်” “ကောင်းတယ်ဗျာ ကိုဒိုး-ကျွန်တော်တို့တုံးကတော့ ။။။။။။။။။။။။။။။။။။ နမိတ်မကောင်းဘူးဆိုလို့ – ဘိုညွန့်တစ်ယောက်ပဲ အာမခံရှိတယ်ဗျ ” သင်ခန်းစာတွေပေါ့ဗျာ ဟဲဟဲ ” ဟု လိပ်နတ်သားက ပေါ့ပါးစွာပြောလေ၏။
ဒါနဲ့ သူတို့အဖွဲ့ နတ်ပြည်ကစူဠာမဏိ စေတီကိုရောက်၏။

အောင်မြေနင်းပြီး စုရပ် “ဒေဝတာ မြို့တော်” ထိပ်က “အားသစ်ဆိုင်” ဆီ ရှေ့ရှူကျပြန်သည်။ ( စာတိုက်ဝင်းထဲမှ အားသစ် လက္ဘက်ရည်ဆိုင်လည်း ပိတ်တဲ့အထဲပါသွားပီး နတ်ပြည်ရောက်ရှာ၏ ) ။ နတ်ကသိုလ်များတောင်တက်အသင်းမှ ဗိုလ်မှူးကြီးလှအောင် ၊ ဆရာကြီး ဦးချစ်ကိုကို ၊ ဆရာဗသန်းဟတ်တို့လည်း လာကြသည်။ ဗိုလ်မှူးကြီးလှအောင်က (Olympus Mons) အိုလံပျာ-တောင်ခြေထိလိုက်ပါ ကွတ်ကဲမည်ဖြစ်၏။ ဟီလာရီ နဲ့ တန်းဇင်း ၊ ဂျော့မယ်လိုရီ နဲ့ အာဗင်း တို့လည်း အုပ်ချုပ်ရေးအဖွဲ့ထဲပါသည်။ ဦးချစ်ကိုကို ၊ ကင်းဒမ်းဝဒ်(Francis Kingdon Ward) နှင့် အမေရိကန် – ဂျိုး – မြွေ သမား Joseph Bruno Slowinski ) တို့ကိုလည်းတွေ့ရသည်။ သူတို့က Olympus Mons တောင်ခြေတစ်ဝိုက်တွင် ရုက္ခဗေဒနှင့် သတ္တဗေဒဆိုင်ရာလေ့လာမှုပြုကြမည်။ RobHall (ရော့ ဟော ) စကော့ဖစ်ရှာ စတဲ့ ဧဝရတ်ကို ကောမာရှယ်ဖြစ်အောင်လုပ်ခဲ့သူတွေလည်း အဖွဲ့တွင် ပါသည်။ ဟီလာရီ နဲ့ တန်းဇင်း က RobHall (ရော့ ဟော ) စကော့ဖစ်ရှာ ကို သိပ်မကြိုက်ပေ၊RobHall တို့အဖွဲ့ နောင်တွင် အင်္ဂါဂြိုလ်Olympus Mons တိုး packageများရောင်းစားမည့်အရေးကို တွေးပူပုံရသည်။ သို့သောချန်မထားဖြစ်ခဲ့ – ဂျော့မယ်လိုရီ နဲ့ အာဗင်း က ဟီလာရီ နဲ့ တန်းဇင်းထက် ဧဝရတ်ကို အရင်ရောက်တယ်ဆိုပြီးအမြဲငြင်းသဖြင့် ဒီတစ်ခေါက်တော့ မယ်လိုရီ – အာဗင်း- ဟီလာရီ -တန်းဇင်း ၄ဦးတွဲကာ မြန်မာ တောင်တက်သမား ကိုကြောင်-ကိုပုံ-နံပြား-လိပ်ကြီး တို့နှင့်အတူတက်ကြမည်ဖြစ်သည်၊ နောက်တိုး ကျွန္နုပ်- ဒိုးနပ် ကိုကား ခုမှရောက်လာသူဖြစ်သဖြင့် ပလစ်လို၏၊ နောက်ဆုံးမှာမှ အင်တင်တင်နှင့်ပင်လိုက်ခွင့်ပေးလေ၏။

ကိုဆက်မော် ကား အိုလံပျာ ခရီးသို့မလိုက်သော်လည်း – နတ်သမီးများအားဦးဆောင်ကာ အန္တရယ်ကင်း/အောင်မြင်ရေးတေးများ ဆိုကာနေ၏ ( ခရီးကအပြန်ဧည့်ခံရေး၊ လာမည့်သင်္ကြန်နတ်ဒိုး/နတ်ယိမ်း စသည်တို့နှင့် အလုပ်ရှုပ်ဦးမည်ဖြစ်၍ ကိုဆက်မော် နေခဲ့ခြင်းဖြစ်သည်) Yasuko Namba ယာဆူကို နမ်းဘား နဲ့ အိုဇာကီ တို့ ဂျပန်နှစ်ယောက် ဂျပန်လိုတွတ်ထိုးကာ ပါလာကြသည်၊ သူတို့လည်းတက်မည်ဖြစ်၏။

ကိုကြောင်လေးကားအစောအလျင်ဘုရားတွင်ရောက်ရှိကာ တရားထိုင်နေ၏။ ခုမှ အားသစ် တွင် နှုတ်ဆက်ရတော့သည်။ တက္ကသိုလ်များမှသည် နတ္ကသိုလ်များသို့ရောက်လာသော နတ်ဟိုက်ကာတိုင်းအရင်ဆုံးမေးကြသည်ကား – ဆရာမျိုး နေကောင်းကျန်းမာရဲ့လား ၊ ဒူးဒဏ်ရာသက်သာလား ဟူ၍ပင်ဖြစ်၏။ ထို့နောက် သူက သူ့ဇနီးနှင့် သမီးလေးအားလည်းမေး၏ ၊ ကျန်းမာကြောင်း အဆင်ပြေကြောင်းပြောပြရ၏။

ထိုစဉ်တွင် ” နင်ရောက်တယ်လို့ ကိုပုံကြီး ကပြောလို့ လာခဲ့တာ ”
ဟုပြောသည်။ ရုတ်တရက် မမှတ်မိ။ သေသေချာချာ ကြည့်တော့မှ
” ဟင် တီချယ်၊ ကြည့်စမ်း၊ ရုတ်တရက် မမှတ်မိဘူး၊ အသားတွေဖြူပြီး ပိုချောလာတယ် ” သူကား ဘော့တနီမှ ဆရာမလေး တီချယ်နီလာ ပင်တည်း။
“ချယ် နတ်သား တဖက် ၅၀၀ နဲ့ စံပယ်နေတာလား” ဟုနောက်လိုက်ရာ ” ကလမ-ဒိုးလုံးမ- အကျင့်ဆိုးတွေမပျောက်သေးဘူး” ဟုဆိုကာရယ်နေလေ၏။ ကောင်းကောင်းသွားကြလာနှုတ်ဆက်တာဟုဆိုကာ ပျောက်ကွယ်သွားလေ၏။ ထိုအခိုက်အနားသို့ ထူးဆန်းသော နတ်သားတပါးကြွလာချေ၏၊
နေကာမျက်မှန်ကိုဆင်မြန်းကာ မျက်နှာသနပ်ခါးအဖွေးသားနှင့် ပခုံးကိုလာပုတ်၏။
“ဒိုးလုံး နင့်ကိုငါပြောမယ်ကွ၊ ငါပြောစရာတွေအများကြီးရှိပါတယ်၊
နင်က သီချင်းဆိုဖို့မစဉ်းစားပါနဲ့ ၊ ငါပြောပြမယ်ကွ၊ နောက်လာမည့် ခရီးကျရင် ငါအကုန်လုံး ပြောပြမယ်နော်။ ဟားဟားဟား” ဆိုသောအသံရှင်ကား နတ်သားကြီး-ကိုကြမ်းပိုး (ထွေးအောင်) ဖြစ်လေသည်။ ကောင်းကောင်းသွားရန်မှာလိုက်၏။ လမ်းတွင်လိုရင်ထုတ်ရှူရန် ပူစီပေါင်းထဲ စာအုပ်ရောင်းပြီး ထည့်ပေးလိုက်၏။

( အင်္ဂါ ဂြိုလ်က Olympus Mons အိုလံပတ်မွန့်(ခေါ်) အိုလံပျာ တောင်ကို သွားတက်ကြတော့မည်- ) သူတို့ “ဒေဝတာ မြို့တော်” ထိပ်က “အားသစ်ဆိုင်” မှ စထွက်ခဲ့ကြသည်။
ကိုနံပြား၏ Mark-II 4wheel-drive ကြီးတစ်စီးထဲတွင် အင်တာနေရှင်နယ်-နတ်ကသိုလ်များတောင်တက်အဖွဲ့သားအားလုံးလိုက်ပါလာခြင်းဖြစ်၏။ ။ သိပ်မကြာလိုက်ပေ၊ အင်္ဂါ ဂြိုလ်ကိုရောက်၏။ အမြင့်မီတာ နှစ်သောင်းတစ်ထောင်ကျော် (ပေ ခြောက်သောင်းကိုးထောင် ကျော် (21,229 m (69,649 ft) မြင့်တဲ့ အိုလံပျာတောင်မို့ ကိုယ်လန့်မိသည်၊ အောက်စီဂျင်ပါးပြီး ရင်ကျပ်နေမှာကို ပူမိသည်၊ ကိုကြောင်လေးက စိတ်ပူရန်မလိုကြောင်းပြော၏။ ကိုပုံကြီးက နတ်ပြည်က နတ်ဟိုက်ကာများ ရောင်းသည့် စာအုပ်ကို ရှူပါက မမူးမော်တော့ကြောင်းပြော ၏၊ ကိုကြမ်းပိုး ၏ပူစီပေါင်းထဲမှစာအုပ်ကား အသုံးတည့်လေပြီ။
စီးတော်ယဉ်ကောင်းမှူဖြင့် တောင်ခါးပန်းထိတက်ရ၏၊ တောင်ထိပ်ထိမောင်း၍ရနိုင်သော်လည်း တောင်တက်ခရီးပီပီ လမ်းလျှောက်ကြဖို့ပြင်ကြ၏။ များမကြာမီပင် အိုလံပျာရှိ ဒယ်အိုးစောက်ပုံစံ တောင်ထိပ်သို့ရောက်လေ၏။ ထိုစဉ်ရာသီဥတု ဆိုးရွားလာသည်လားမသိ။ လေနီများနှင့်အတူ ဖုတ်ထူထူလေကြီးဝေ့ဝိုက်တိုက်ခက်လေ၏၊ နတ္ကသိုလ်တောင်တက်သမားများမှာ နတ်တို့တန်ခိုးဖြစ်ပြန်နိုင်သောလည်း ပူစီဖောင်းထဲက စာအုပ်ကို ရှူပြီးတက်ခဲ့သော ကျွန္နုပ်ကား မလွယ်ချေ။ နောက်ဆုံးကျည်စံကိုထုတ်သုံးရပေတော့မည်။ ကိုယ့်အား နတ်အင်မဂရေးရှင်း အိန်ဂျယ်ကြီး နဲ့ ညှိထား သည့်အတိုင်း အိမ်ပြန်ဂါထာ
အာ တီ ယူ။။။။။။။။သိသောက် ။။။. မွိုက်ကေ ( အာတီယူ သိသောက် မွိုက်ကေ ) ဟု ရင်ခေါင်းသံကြီးဖြစ် ရွတ်ဆိုလိုက်မိတော့ပေသည်။

” ဟော သတိရပြီထင်တယ် ”
” ဟုတ်တယ်၊ ဟုတ်တယ်၊ တစ်ခုခု ပြောနေတယ် ”
လေနီများ မီးခိုးများ ပြယ်စပြုလာသည်။ မြင်ကွင်းသည် တစ်စတစ်စ ကြည်လင်လာ၏။ တစ်စုံတစ်ယောက်က ကိုယ့်လက်ကိုလာကိုင်သည်။
မျက်စိ ဖွင့်ကြည့်လိုက်၏။ ပေါင်သားရယ် ချစ်ဇနီး၏ မျက်နှာကို မြင်ရသည်။ ပြီးတော့ နားကြပ်ကို လည်ပင်းတပ်ပြီး ဖေ့စဘုတ်ပွတ်နေသော ဆရာဝန်တစ်ယောက်။ သူဆေးရုံပေါ်ရောက်နေခြင်း ဖြစ်၏။
” ကျွန်တော် ဘာဖြစ်သွားတာလဲ ”
သူက မေးသည်။ ဆရာဝန်က… ” ခင်ဗျား တောင်ပေါ်မှာ ၃ရက်လောက်ပျောက်ပြီး မေ့နေလို့ ကယ်ဆယ်ရေးအဖွဲ့က ခက်ခက်ခဲခဲကယ်ထုတ် လာတာပဲ။ မသေကောင်းမပျောက်ကောင်းဗျာ”

ဇနီး-ပုံ့ပုံ့ ကလည်း – တောင်တက်လောကသား တွေက ရှင့် Status ကိုတွေ့ကြတယ် ( ကျူမီးငါး ဆိုတဲ့ စတေးတပ် နဲ့ လိုကေးရှင်းအတိုင်း လိုက်ရှာကြရင်း ပြန်တွေ့လို့ ) ဟုထပ်ဖြည့်သည်။
ကျွန်တော့statusများတွင် commentများဝင်ဝုံးနေသော ZwePatiya မှာcomment replyမရသဖြင့် ကယ်ဆယ်ရေးအတွက်ပြင်ခဲ့ကြောင်း။ location သိသိချင်း ဘန်ကောက်မှစင်းလုံးငှါး ဟယ်လီကောပတာဖြစ်ရောက်လာကြပြီး ကယ်ယူသည်ဟူသတတ်။ ( Wilderness Medical Technician) WEMT တက္ကနီရှင် နှစ်ယောက် ဖြစ်တဲ့ Thinpapa Cool​ သင်းပပဝက်လေး နဲ့ လိမ်ကျစ် Zwe Patiya​ တို့ နှစ်ယောက် အတင်း CPR တွေလုပ်သဖြင့် အက်ရုံသာအက်နေသော နံရိုးများထဲမှ နံရိုးတစ်ချောင်းကျိုးသွားကြောင်းကိုပါ သိလိုက်ရသည်။

အနားမှ ဝိဝီ WP Htaik​ ကလည်း – “နင် မေ့မြောနေတုံး ကိုဗလကြီး Lin Htet Aung​ နဲ့ လူလူကျော်တင်ဦး တို့ လူနာလာကြည့်တယ်။ ”
” မပြောကောင်းမဆိုကောင်း ပြန်သတိရမလာတော့ရင် ကျန်ခဲ့တဲ့ ဂီယာလေးတွေကို အမွေခွဲဖို့ အမီလာတာတဲ့ ” ။
ကိုရဲမင်း လည်းလာသွားတယ်။ Climber Poe Pin​ ဖွန်ချုပ်လည်းလာကြည့်ရှာတယ် ၊
” ဒင်ဒေါ် တောင်တက်တဲ့လမ်းကြောင်းသေချာမမေးလိုက်ရလို့တဲ့ စိတ်ထိခိုက်နေရှာတယ်။ ” :v

ဪ ဟုတ်လား- ငါက နတ်ကသိုလ် တောင်တက်အသင်းကို ခဏရောက်နေတာ – ကိုပုံကြီးတို့ ကိုနံပြားတို့နဲ့ အိုလံပျာတောင်တက်ခဲ့သေးတယ်
အနားမှ ပုံ့အပါအဝင် ဘော်ဒါများ မျက်လုံးအနည်းငယ်ပြူးသွား၏။ ဆရာဝန်ကို အဓိပ္ပါယ်ပါပါ မော့ကြည့်သည်။ ဆရာဝန်က….
” ခင်ဗျား အေးအေးဆေးဆေး အနားယူလိုက်ပါဦး၊ ကျွန်တော် ဆေးတစ်လုံးထိုးပေးမယ် ”
ဟု ပြောသည်။
” ကျွန်တော် အခုရောက်နေတာ ဘာဆေးရုံလဲဟင် ”
ဆရာဝန်က ” ဒါရွာသာကြီး စိတ်ရောဂါ အထူးကုဆေးရုံလေ ”
ဆရာဝန်ကဆေးတစ်လုံး ထိုးပေးသည်။ ခဏအကြာတွင် သူပြန်အိပ်ပျော်သွားသည်။ နတ်ကသိုလ်များနှင့် အိုလံပျာ တောင်ကိုထပ်ရောက်မလား၊ဒင်ဒေါ်ရာဇီရောက်မလားတော့ တပ်အပ်မပြောနိုင်ပါချေ။

————————————————————————–

(ကွယ်လွန်လေပြီးသော တောင်တက်သမားများကို အမှတ်တရရှိကြစေရန် အလွမ်းပြေ ရေးလိုက်ခြင်း ဖြစ်ပါသည်။)

နယ်စည်းမခြားလူပေါကြီးများ ဖေ့စဘုတ်-
ဒိုးလူ – ဧပြီ ၂၀၁၅ – (ခေတ္တ-နတ္ကသိုလ်များတောင်တက်အဖွဲ့)

Posted in Fiction, Memorial | Tagged , , , , | Leave a comment

တက္ကသိုလ်ကျောင်းရဲ့ ဆရာမျိုး

ဝန်ခံချက် ။ အောက်ပါ စာများရေးသားရာတွင် ဆရာသိပ္ပံမောင်ဝ၏ တက္ကသိုလ် ဆရာကြီးဦးပွါး ဟူသောဆောင်းပါးအား အပြည့်အဝကူးချထားကြောင်း ဝန်ခံအပ်ပါသည်။ @@@@ သိပ္ပံမောင်ဝ – စာပေ ယဉ်ကျေးမှု(ဒုတိယအကြိမ် နှာ-၃၂၇-၃၃၀ ) @@@@

2002 tyrolean traverse

2002 tyrolean traverse SayaMyo on Tyrolean , during 2002 Mt.Lunkrumardin mountaineering trip in Putao region, the YUHM’s self-recently-built-bamboo-bridge swept away by flood in KhawSharrLaw stream. Probably the most adventurous trip ever with unique Tyrolean Traverse in the Mountaineering History in Myanmar.

194334_1476507972007_1579032_o

ဆရာမျိုး- စာရာမေတိခရီးစဉ် ၂၀၀၉ Saya Myo on Suspension Bridge between KyelKawt & YawParrMe village. Photography courtesy of KoAungMyoe(MPS)

ရန်ကုန်မြို့ တက္ကသိုလ်ကျောင်းတိုက်တွင် နှစ်ပေါင်းများစွာ ပို့ချလာခဲ့သော ဆရာမျိုးကျောင်းမှထွက်ကာ အားလပ်ခွင့်ယူတော့မည့်အတွက် ကျောင်းသားအပေါင်းတို့၏ စိတ်မှာ ဝမ်းသာဝမ်းနည်း ဒွန်တွဲလျက်နေကြလေတော့သည်။ ဝမ်းသာခြင်းကား ဆရာမျိုးမှာ အသက်အရွယ်ရလာပြီဖြစ်၍ အလုပ်တာဝန်မှအနားယူကာ အေးအေးချမ်းချမ်း အပူအပင်မရှိ အစိုးရမင်း၏ ရိက္ခာတော်ကို စားရမည် ဖြစ်သောကြောင့်တည်း ။ ဝမ်းနည်းခြင်းကား နှစ်ပေါင်းများစွာ တက္ကသိုလ်ကျောင်းတော်ကြီးတွင် တပည့်များအား ရင်ဝယ်သားကဲ့သို့ ကိုယ်ဖိရင်ဖိသင်ကြားလာသော ဆရာကြီးတစ်ဦးနှင့် ခွဲခွါရမည် ဖြစ်သောကြောင့် ဖြစ်လေသည်။
ဆရာမျိုး၏ တပည့် ဟုဆိုရာ၌မြန်မာစာ ကျောင်းသားကြီးများသာလျင်မဟုတ် ၊ တက္ကသိုလ်ကျောင်းတိုက် အသီးသီး၊ အထူးပြု ဘာသာရပ်အသီးသီးမှ ကျောင်းသူကျောင်းသားများဖြစ်လေသည်။ ကျောင်းအသီးသီးမှ လူမှုကရုနာလုပ်ငန်းများကို စိတ်ဝင်စားကြကုန်သောကြက်ခြေနီအသင်းဝင်ကျောင်းသားများ၊ သွေးလှူရှင်များ၊ခြေလျင်တောင်တက်အားကစားကိုစိတ်ပါဝင်စားကြကုန်သော ကျောင်းသားများ ကျောင်းသူများသည်လည်း ဆရာမျိုး၏ တပည့်စာရင်းတွင် ပါဝင်ကြကုန်၏။

ရှင်းပါအံ့။ ဆရာကြီး ဦးမျိုးသန့်မှာ မြန်မာစာဌာနတွင် တွဲဖက် ပါမောက္ခတာဝန်ကိုယူ၍ စာပေများကို ပို့ချသောတာဝန်သာလျင်ဖြင့်သာ အလျင်းမတင်းတိမ်ကုန်။ မြန်မာနိုင်ငံတက္ကသိုလ်များ ခြေလျင်တောင်တက်အသင်းကြီး ၏ ဥက္ကဌ အဖြစ်လည်းကောင်း ၊ ရန်ကုန်တက္ကသိုလ်တွင် ရန်ကုန်တက္ကသိုလ် ခြေလျင်တောင်တက်အသင်းဥက္ကဌ ရန်ကုန်တက္ကသိုလ် ကြက်ခြေနီအသင်းဥက္ကဌ ရန်ကုန်တက္ကသိုလ်ငွေစုငွေချေး သမဝါယမအသင်းဥက္ကဌ ရန်ကုန်တက္ကသိုလ်မဂ္ဂဇင်း ဖြစ်မြောက်ရေးကော်မတီဝင် စသည်ဖြင့် များပြား မွန်မြတ်လှသော တာဝန်များကိုကျေပြွန်စွာ ဆောင်ရွက်လေသောကြောင့်ဖြစ်သည် ။                        ထိုမျှမကသေး ရန်ကုန်တက္ကသိုလ် ပင်မဝင်းကြီးအတွင်းရှိအစဉ်အလာကြီးသော အမျိုးသားကျောင်းဆောင်များအနက်မှ “အင်းဝ” ဆောင်၏ အဆောင်မှူးအဖြစ်ဖြင့် အနယ်နယ်အရပ်ရပ်မှ တက္ကသိုလ်ကျောင်းတိုက်ကြီး၏ ရင်ငွေ့ခိုလှုံ ပညာရည်သောက်စို့ရန် ခရီးနှင်လာသော ကျောင်းသားအပေါင်းတို့၏ အကျိုးကိုဆောင်လျက်ရှိသော ဆရာကြီးဖြစ်သောကြောင့်တည်း ။ ဆရာ၏ မေတ္တာဖြန့်ကျက်မှူအတိုင်းအတာကို မှန်းဆကြည့်ပါကုန်။ ထို မေတ္တာ၏ အေးမြမှုနှင့် ရောင်ပြန်ဟက်မှုအတိုင်းအတာကား ဆရာမျိုး၏ ရိုးစင်းအေးချမ်းသော ဘဝဖြတ်သန်းမှုက သက်သေပြလျက်ရှိ၏ ။

ထိုသို့သော ဆရာကြီးနှင့် တွေ့ဆုံကြုံကြိုက်ခဲ့သော မိတ်ဆွေသင်္ဂဟ၊ လုပ်ဖော်ကိုင်ဖက်များ၊ ကျောင်းသားအပေါင်းနှင့်တကွ အဘယ်သူတို့မှာ ဆရာမျိုးနှင့်ခွဲခွါရမည်ကို ဝမ်းမနည်းပဲနေပါအံ့နည်း။ ဝမ်းနည်းမည်အမှန်ပင်ဖြစ်တော့၏ ။ သို့သော် အချိန်အခါ ကျရောက်ပြီဖြစ်သောကြောင့် မည်သို့မှမတတ်နိုင်။ခွဲခွါကြရတော့မည်။ ဤသို့မခွဲခွါမီ ဆရာမျိုးအား ချစ်ခင်သောအထိမ်းအမှတ်၊ ကြည်ညိုသောအထိမ်းအမှတ်ဖြင့် နှုတ်ဆက်ပွဲများကျင်းပကြပေသည်။ လက်ရှိကျောင်းသားများတင်မက ရပ်နီးရပ်ဝေး ရေမြေခြားမှ ကျောင်းသားဟောင်းများလည်း ဆရာကြီးအား ကြည်ညိုသောကြောင့် “ဆရာမျိုး”အား အမြဲသတိရစေမည့် အထိမ်းအမှတ်တစ်ခုခုကို ပြုလုပ်ရန် စီစဉ်နေကြပေသည်။ ဤသည်တို့ကို ထောက်ရှူခြင်းအားဖြင့် ဆရာမျိုးအား တက္ကသိုလ်ကျောင်းတော်သူကျောင်းတော်သားတို့ အဘယ်မျှ ချစ်ခင်လေးစားကြသည်ကို ချင့်ချိန်ထောက်ဆနိုင်ပေသည်။

ဤနေရာတွင် ဆရာကြီးဦးမျိုးသန့်၏အကြောင်း အတ္ထုပ္ပတ္တိကို သိသရွေ့ အနည်းငယ်ရေးသားရပေမည်။

             ဆရာကား ရခိုင်ပြည်၊ စစ်တွေမှ ဖခင် ဦးဗတင် နှင့် မိခင် ဒေါ်ကြည် တို့၏ မွေးချင်း (၇)ခုနှစ် ဦးအနက် တတိယမြောက် သား ဖြစ်လေသည်။ ၁၉၅၂ခု မတ်လ ၆ရက်နေ့တွင် ဖွားမြင်သည်။

               ဆရာ၏ ဖခင်ကား “လက်သီးပုန်း” ဟူသောစာအုပ်နှင့်တကွ ဘာသာပြန်နှင့် တိုးတက်ရေးစာပေများရေးသားခဲ့သော၊ ဗမာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင်ပါဝင်ခဲ့သော ဗိုလ်ဗတင် ခေါ် သခင်ဗတင် ဖြစ်လေသည်။ မျိုးရိုးအစဉ်အလာကြီးသူပါတည်း။ ဆရာသည် ငယ်စဉ်က ရန်ကုန်မြို့ စိန့်ဂျွန်းကျောင်း (အထက-၁ လမ်းမတော်) တွင် အခြေခံပညာကိုသင်ယူခဲ့ပြီး ရန်ကုန်တက္ကသိုလ်တွင်မြန်မာစာအဓိကဖြင့် ဝိဇ္ဇာဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့ထူးများကို လေ့လာခဲ့သူဖြစ်ပါသည်။ထို့နောက်အမိတက္ကသိုလ်တွင်ပင် မြန်မာစာဆရာအဖြစ်နှင့် တာဝန်ဆက်လက်ထမ်းဆောင်လေသည်။ ထိုမှတဖန် ပုသိမ်ဒီကရီကောလိပ် (ယခု ပုသိမ်တက္ကသိုလ်) သို့ ပြောင်းရွှေ့တာဝန်ယူခဲ့ပြီးနောက်တစ်ဖန် ၁၉၉၆ခုနှစ်မှ ၂၀၁၂ခုနှစ် ပင်စင်ယူချိန်ထိ ရန်ကုန်တက္ကသိုလ်ကျောင်းတိုက်တွင် တွဲဖက်ပါမောက္ခမြန်မာစာဆရာကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့လေသည်။ ခရီးသွားလုပ်ငန်းပညာ ဒီပလိုမာလည်း ရရှိခဲ့လေသည်။


( ယခုပင်စင်ယူပြီးနောက် ရန်ကုန်မြို့ သင်္ကန်းကျွန်းရပ်ရှိ နေအိမ်တွင်အလုပ်တာဝန်များမှ ကောင်းမွန်စွာအနားယူလျက် စာပေရေးသားလျက်ရှိပြီး မောင်ဘုန်းပြည့်(တက္ကသိုလ်) ကလောင်ဖြင့် စာရာမေတိသွားတောလား စာအုပ်အား ၂၀၁၂ခုနှစ်တွင် ပုံနှိပ်ထုပ်ဝေခဲ့ပါသည်။ အနှစ်၃၀ကျော် တာဝန်ယူခဲ့ပြီး ၂၀၁၂ခုနှစ်တွင် တာဝန်မှအငြိမ်းစားယူပြီးနောက် သဘာဝခေါ်သံ ဖောင်ဒေးရှင်းအားတည်ထောင်၍ ခြေလျင်တောင်တက်နှင့် လူမှုရေးလုပ်ငန်းများကိုဆောင်ရွက်ရင်း စာပေများအခါအားလျော်စွာရေးသားလျက်ရှိပါသည် )

Mt.Saramayti by Mg Phone Pyae ( Tattkatho) -@SayaMyo the comprehensive guide and trip experience book about the Summit on the frontier and borderline of Myanmar India , Highest Peak of Naga Hill , described in two chapters about the author's expertise leading expeditions in 2009 and recent trip 2011. Must have book on shelves for Myanmar Mountaineers.

Mt.Saramayti by Mg Phone Pyae ( Tattkatho) -@SayaMyo
the comprehensive guide and trip experience book about the Summit on the frontier and borderline of Myanmar India , Highest Peak of Naga Hill , described in two chapters about the author’s expertise leading expeditions in 2009 and recent trip 2011. Must have book on shelves for Myanmar Mountaineers.


                       မြန်မာစာဆရာအဖြစ် တာဝန်များမအားလပ်သည့်ကြားမှ ဝါသနာအလျောက် လူမှုအကျိုးပြုလုပ်ငန်းများနှင့် အားကစားလှုပ်ရှားမှူများကို အောင်မြင်စွာကမကထပြုဆောင်ရွက်နိုင်ခဲ့ပေသည်။ တက္ကသိုလ်ကျောင်းတိုက်ကြီးမှကြီးမှူးသော နိုင်ငံအနှံစာတတ်မြောက်ရေး “အ”သုံးလုံး လှုပ်ရှားမှုများ၊ ကြက်ခြေနီသင်တန်းများ၊ စုပေါင်း သွေးလှူဒါန်းပွဲများ၊ စာတမ်းဖတ်ပွဲ၊စိန့်ဂျွန်းကျောင်း ပုသိမ်တက္ကသိုလ် ရန်ကုန်တက္ကသိုလ် တောင်တက်အသင်းစသည် တို့၏ လှူဒါန်းပွဲ၊ ဆရာကန်တော့ပွဲ၊ ကျောင်းသားဟောင်းပြန်လည်တွေ့ဆုံပွဲများ ၊ တက္ကသိုလ်လမ်းလျှောက်ပြိုင်ပွဲ စသောအားကစားပွဲများ၊ မဂ္ဂဇင်းဖြစ်မြောက်ရေးစာပေလှုပ်ရှားမှူများနှင့်တကွ တက္ကသိုလ်ဝင်တန်း မြန်မာစာအဖြေလွှာစာစစ်မှူးတာဝန်ပင်မကျန်တက္ကသိုလ်ကျောင်းတိုက်ကြီးဖွံ့ဖြိုးသာယာတိုးတက်ရေးများကို မငြီးမငြူအောင်မြင်စွာဆောင်ရွက်ခဲ့ပါသည်။

ဆရာကြီး၏ ဆောင်ရွက်ချက်မြောက်များစွာအနက်မှ ဆရာမျိုး” ဟူသောအမည်နှင့်အမြဲဒွန်တွဲတစ်သားတည်းကျလျက်ရှိသော “တက္ကသိုလ်ခြေလျင်နှင့်တောင်တက်အသင်း” များ၏လှုပ်ရှားအောင်မြင်မှုများကို မီးမောင်းထိုးပြချင်လှပါသည်။ ဆရာမျိုးသည် မိမိကိုယ်တိုင်လည်း ကျန်းမာဖျတ်လတ်၍ ကိုယ်ကျင့်တရားနှင့်ပြည့်စုံသော သဘောထားတည်ကြည်သောသူဖြစ်သည့်အားလျော်စွာ တပည့်များကိုလည်း လမ်းမှန်သို့ ရောက်စေလိုသော စေတနာနှလုံးကောင်း အမြဲတစေရှိသူဖြစ်လေသည်။ ထိုအတိုင်းပင် ကျောင်းသားလူငယ် များ ကာယ ညာဏ စာရိတ္တနှင့် ဗဟုသုတ တိုးတက်စေမည့်လှုပ်ရှားမှုများကို ဆရာကြီးကိုယ်တိုင် ဦးဆောင်ခဲ့လေသည်။ ဝါသနာအလျောက် အပင်ပန်းခံ ခေါင်းဆောင်ဦးရွက်ဆောင်ရွက်ခဲ့သော အသုံးလုံး ၊ ကြက်ခြေနီ ခြေလျင်တောင်တက် လှုပ်ရှားမှူများအနက်မှ ဆရာမျိုး၏ ပုသိမ် နှင့် ရန်ကုန်တက္ကသိုလ်အခြေစိုက် တက္ကသိုလ်ပေါင်းစုံ ခြေလျင်တောင်တက်လှုပ်ရှားမှူကြီးကား လူတစ်စုမှ လူထုသို့ ဟူ၍ဆိုထိုက်သော နိုင်ငံ၊ပြည်ရွာအနှံ့ တခဲနက် အောင်မြင်မှူကြီးပေတည်း။ ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဆရာကြီး ဦးဘသန်းဟက် (၁၉၂၅-၂၀၀၂ ) မျိုးစေ့ချခဲ့သောတောင်တက်လှုပ်ရှားမှုကို ဆရာမျိုးအနေဖြင့် မြန်မာစာဆရာတစ်ဦးအနေဖြင့် ရန်ကုန်မှပုသိမ်ဒီကရီကောလိပ်သို့ ပြောင်းရွှေ့တာဝန်ထမ်းရင်း ပုသိမ်ဒီကရီကောလိပ်တောင်တက်အသင်းဟူ၍ဖွဲ့စည်းကာ မျိုးစေ့မှသည်အပင်ပျိုအဖြစ် ကြီးထွားသက်ဝင်လှုပ်ရှားခဲ့ပါသည်။ ပုသိမ်ကန်ကြီးဒေါင့် စသောခရီးတို ခရီးရှည်လမ်းလျှောက်လေ့ကျင့်ရေးခရီးစဉ်များမှစတင် ဦးစည်းခဲ့ကာ ပုသိမ်တစ်ကျောင်းတည်းအနေဖြင့် ချင်းပြည်နယ် ဝိတိုရိယတောင် အမြင့်ပေ ၁၀၅၀၀ ကျော် တောင်မြင့်ကြီးများနှင့်ခရီးရှည်များ၊ ရှမ်းပြည်နယ် ဆင်တောင်၊မြင်းမထိတောင် အရှေ့မြင်အနောက်မြင်တောင်၊ မိုးကုပ်တောင်မဲတောင် စသော ခရီးကြမ်းများကို အထစ်အငေါ့မရှိအောင်မြင်စွာဦးစီးဆောင်ရွက်လိုက်ပါခဲ့ပါသည်။

၁၉၉၅ ပုသိမ်ဒီကရီကောလိပ်တောင်တက်အသင်း နှုတ်ဆက်ပွဲ

၁၉၉၅ ပုသိမ်ဒီကရီကောလိပ်တောင်တက်အသင်း နှုတ်ဆက်ပွဲ (Photo Courtesy : ION /YUHM archives )

ထို့နောက် ပုသိမ်ကောလိပ်နှင့်အတူ ရေဆင်းတက္ကသိုလ်နှင့် အခြားတက္ကသိုလ်ကျောင်းသားများပါဝင်သော တက္ကသိုလ်ပေါင်းစုံလှုပ်ရှားမှူအဖြစ် မန္တလေး-ပြင်ဦးလွင်-ခရီးကြမ်း အစရှိသောလှုပ်ရှားမှူများကိုလည်း ကမကထဆောင်ရွက်ခဲ့ပြီး နှစ်ပေါင်းများစွာအိပ်စက်နေသော တက္ကသိုလ်များတောင်တက်အသင်းအား လှုပ်နှိုးခဲ့ပါသည်။ ထို့နောက် ၁၉၉၆ခုနှစ်တွင် ဆရာရန်ကုန်တက္ကသိုလ်သို့ပြန်လည်ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရင်း ခြေလျင်တောင်တက်လေ့ကျင့်မှူများ၊ရန်ပုံငွေရှာဖွေပွဲ၊ ဟောပြောပွဲ၊တွေ့စုံပွဲများကိုပါ ဆက်လက်ဆောင်ရွက်၍ ခရီးစဉ်များကိုပါ စဉ်ဆက်မပြတ်စီစဉ်ခဲ့ပါပေသည်။ အထူးအားဖြင့် ဗိုလ်မှူးကြီးလှအောင်လက်ထက်နောက်ပိုင်း နှစ်ပေါင်းများစွာ ပြန်လည်ခြေမချနိုင်ခဲ့သော ရေခဲတောင်ခရီးစဉ်များအား ၁၉၉၈ခုနှစ်တွင် ဖွန်ဂမ်ရာဇီရေခဲတောင်ကို ရန်ကုန်တက္ကသိုလ်တစ်ကျောင်းတည်းအနေဖြင့် အောင်မြင်စွာတက်ရောက်ခဲ့ပြီးနောက်ပိုင်း ဆက်တိုက်ဆိုသလို နှစ်စဉ်ရေခဲတောင်မြင့်ကြီးများဖြစ်သော အီမောဘွန်း (၂၀၀၀ ဧပြီ-နိုဝင်ဘာ ၂ကြိမ်) လွန်ခရုမာဒင်(၂၀၀၂ /၂၀၁၆ ၂ကြိမ်) ဖန်ဂရန်(၂၀၀၃) ဖွန်ဂမ် (၁၉၉၈ / ၂၀၀၈ ၂ကြိမ် ) ၊ စာရာမေတိ (၂၀၀၉ – ၂၀၁၁) ၊ ဖုန်ရင်၊ စသောရေခဲတောင်များကို ဆက်တိုက်ဆိုသလို အရှိန်အဟုန်ကောင်းစွာဖြင့် စီစဉ်ခေါင်းဆောင်ခဲ့ပါသည်။ သဘာဝအခြေခံခရီးသွားလုပ်ငန်းအတွက် အားထားရသောတောင်တက်သမားကောင်းများ ပေါ်ထွက်လာသည်အထိ ဆရာကြီးဦးမျိုးသန့်၏တပည့်များ ပွဲလည်တင့်ခဲ့ကြပါပေသည်။ ထို့ပြင် မြန်မာနိုင်ငံနှင့် ကမ္ဘာ့တောင်တက်သမိုင်းတွင် ခရီးစဉ်ဖြစ်သော အမြင့်ပေ ၁၉၀၀၀ကျော်မြင့်သော ခါကာဘိုရာဇီ တောင်ကြီးအား မြန်မာနိုင်ငံ ခြေလျင်တောင်တက်အဖွဲ့ချုပ်နှင့် ဂျပန်ဝါရင့်တောင်တက်သမား အိုဇာကီတို့ ၁၉၉၆ခု တောင်ထိပ်သို့အောင်မြင်စွာခြေချနိုင်ခဲ့သောခရီးစဉ်တွင် ဆရာမျိုးဦးဆောင်ခဲ့သော ပုသိမ်တက္ကသိုလ်မှ ကိုစိုးမိုးအစရှိသော လူငယ်တောင်တက်ဝါရင့်များပါဝင်အားဖြည့်ခဲ့သည်မှာလည်း သာဓကကောင်းများပင်ဖြစ်လေသည်။ ယခု ဆရာပင်စင်ယူချိန်အထိလည်း မြန်မာ့ခြေလျင်တောင်တက်လှုပ်ရှားမှူကြီး တက္ကသိုလ်တောင်တက်လှုပ်ရှားမှူများမှာ ဆက်လက်၍ ကြီးထွားတိုးတက်လျက် ရှိနေလေသည်။ ဤသို့သော ဆရာကြီးတစ်ဦး၏ တပည့်ဖြစ်ခဲ့ဖူးသည်မှာ အလွန်အားတက်စရာ၊ ဂုဏ်ယူစရာပင်ဖြစ်လေ၏။

            ယခုအခါတွင် ဆရာမျိုး၏တပည့်တို့ကား မြန်မာပြည် တစ်နံတစ်လျားသာမက နိုင်ငံတကာအနှံ့ ပျံ့နှံ့လျက်ရှိနေပေပြီ။ မြို့အုပ်၊ဝတ်လုံ၊သံတမန်၊ရှေ့နေတို့လည်းရှိ၊ ကျောင်းဆရာ၊ ဆရာဝန် ကွန်ပျူတာဆရာလည်းမရှား ၊ အယ်ဒီတာ၊ စာရေးဆရာ၊ လူမှူပညာရှင်၊ သားရဲပညာရှင် ၊စာကြည့်တိုက်ပညာရှင်များသာမက တောင်တက်လမ်း ညွှန် ဓာတ်ပုံဆရာ စသည်ဖြင့် စုံလင်များပြားလှ၏။ မည်သည့်အရပ်ဒေသသို့ ရောက်စေကာမူ တပည့်တို့မှာ ဆရာမျိုးအား ဘယ်အခါမှ မမေ့ကြ။ အမြဲအမှတ်ရကြသည်။ ကျွန်တော်တို့ကျောင်းသားများ နယ်/တိုင်းတပါးဌာနများသို့ရောက်၍ ကျောင်းသားဟောင်းကြီးများနှင့် တွေ့ဆုံမိသောအခါ ယင်းပုဂ္ဂိုလ်ကြီးများမှာ အခြားအကြောင်းမမေးခင် “ဟေ့ ဆရာမျိုးကောကွဲ့ ၊ မာသေးရဲ့နော် ၊ အရင်လိုတောင်တက်တုန်းပဲလားကွ ၊ ဆရာနဲ့ တောင်တက်ရတာ ပညာလည်းရ စည်းကမ်းလည်းတိုး ၊ ပျော်စရာလည်းကောင်းသကွဲ့ ” ဟူ၍ မေးမြန်းလေ့ရှိသည်ကို မကြာခဏပင် ကြားရလေသည်။

     ဆရာမျိုးသည် တောင်တက်ရာတွင် ကျွန်တော်တို့ လူငယ်များ၏ စွန့်စားလိုသောစိတ်များကို လမ်းမှန်သို့ရောက်အောင် စကားလုံးကျစ်လျစ်စွာဖြင့် ဆုံးမပဲ့ထိမ်းလေ့ရှိသူလည်းဖြစ်၏။ ဆရာ့၏ “မလိုအပ်ပဲ မစွန့်စားနှင့်” ဟူသော အဆိုအမိန့်မှာ တောင်တက်ခရီးလမ်းစဉ်တွင်သာမက ဘဝခရီး တစ်လျှောက်လုံးပါ အသုံးဝင်နေဦးမည်ဖြစ်တော့လေသည်။

225323_1529845905422_2127934_n

IDEAL PERSON of MYANMAR UNIVERSITIES HIKING & MOUNTAINEERING-SAYA U MYO THANT, weaving the national flag with his Ice Axe on the Summit of Mt.Phungan ,1998…which is the HISTORIC ASCENT & restart of ICE & SNOW mountaineering by YU team after several decades of U Hla Aung expedition,,,,Saya Myo led & conquered Mt.Phungan with his Yangon University H&M team , turning new pages & beautiful start of Universities H&M teams……….still he again conquered by following Syagyee U Hla Aung expeditions & summits ( Mt, Imawbum, Mt.Phungan 2 times , Mt.Lunkrumardin3 times, Mt.Saramayti 2times and so much more trips and some pioneered ascents to Mt.Phangaran and so many expeditions)…… currently …Saya Myo retired from Unviversity, Assoc:Prof job but he still leading actively for the developments of Myanmar Mountaineers with his foundation INVITATION OF NATURE……….

             ဆရာသည် ဘာသာတရားလည်းကိုင်းရှိုင်းသူဖြစ်ရကား သံဃာတော်များအား အမြဲ လှူဒါန်းဝတ်ဖြည့်သူလည်းဖြစ်လေ၏။ ကိုယ်တိုင်လည်း ပရိတ်ကြီး၊ ပဌာန်း၊ ဓမ္မစကြာဒေသနာတော်များကို အလွတ်ရွတ်ဆိုနိုင်သူဖြကျသည်။
တစ်လလျင် တစ်ကြိမ်၂ကြိမ်ကျစီ ရာသီအလိုက် ကထိန် ဝါဆို စသည်ဖြင့် သံဃာတော်များအားလှူဒါန်း၏။ အစားအသောက်လှူရာ၌လည်း ဆရာသည်ကိုယ်တိုင်အပင်ပမ်းခံ၍လက်ရာကောင်းမွန်စွာ ချက်လေ့ရှိသူဖြစ်၏။ ဆရာ့ မိတ်ဆွေသင်္ဂဟများ၊ တပည့်များ၊ တောင်တက်အဖွဲ့သားများသာမက ကျောင်းဝန်းထဲရှိ ဝန်ထမ်းများပါမကျန် စားဖွယ်ရာများ ရက်ရောစွာ တည်ခင်းလေ့ရှိသူဖြစ်လေသည်။ သံဃာတော်များ၊လူဧည့်ပရိသတ်များအတွက် ကိုယ်တိုင်ညလုံးပေါက် ဇွဲနဘဲကြီးစွာ ချက်ပြုတ်နေသော ဆရာနှင့် ဆရာ့အနီးရှိ ပါရမီဖြည့်ဘက် တပည့်များကို အင်းဝဆောင်တွင် အပတ်စဉ် သောကြာ စနေညများတွင် တွေ့နိုင်လေသည်။ ဆရာမျိုးနှင့် တပည့်များ အတူတကွ ဈေးဝယ်သူကဝယ်၊ ချက်သူကချက်၊ ကူသူကကူ ၊ မကူအားသူကလည်း ဖုံးဆက်မေး၊ နည်းနည်းအချိန်ရသူတို့က ဆရာနှင့်တပည့်များ ဟင်းချက်ရင်းစစာပြေ မုန့်တွေဝယ်လာ ၊ အတူတကွ ချက်ပြုတ်ရင်နှင့် ရာeekyပျာ်စyက်နေ့မနက်အလှူနှင့် တောင်တက်လေ့ကျင်ခန်းအတွက် ညလုံးပေါက်ပြင်ဆင် စကားတွေပြော၊ သီချင်းတွေဆိုနှင့်ပျော်ရာကြီးပင်ဖြစ်တော့သည်။ ဤကား ဆရာမျိုးနှင့် အင်းဝဆောင် တပည့်များ၏ပြယုဂ်ပင်ဖြစ်၏။

             ထို့ပြင် စာသင်ကြားရာတွင်လည်းကောင်း ၊ တောင်တက်ခရီးစဉ်များတွင်လည်းကောင်း ကျောင်းသားများ မပျင်းစေရန်၊ရယ်စရာများကို အလျင်းသင့်စွာပြောကြားလေ့ရှိသည်မှာ ဆရာ့၏ဂုဏ်တစ်ရပ်ဖြစ်၏။ ရယ်စရာဆိုသော်လည်း အကျိုးမဲ့ပျက်လုံးထုပ်နေသည်မဟုတ်ချေ။ ဖတ်စာသင်ခန်းစာနှင့်ဆီလျော်သော ၊ တောင်တက်ခရီးစဉ် ကာလံဒေသံနှင့် ကိုက်ညီသော ဆင်ခြင်ဖွယ်များ၊ ရယ်စရာလင်္ကာရသများကိုသာ သင့်စွာ ပြောကြားတတ်သူဖြစ်၍ ဆရာ့အနားတွင် ကျောင်းသားများ တစ်ဟားဟားနှင့် နေကြသည်ကို တွေ့မြင်ရပေမည်။   ဤကား ဆရာ၏ နှစ်လိုဖွယ်ရာ ဟာသဉာဏ်ပါပေ ။   ဤသို့  ကျောင်းသားများ တစ်ဟားဟားနှင့် နေကြသော်လည်း စာပေဗဟုသုတအရာ၊  အတွေးအခေါ်    စာရိတ္တအရာ၊ ဘဝနေနည်း သင်ခန်းစာများတွင်မူကား    ဆရာ၏ ဆရာ့တပည့်များမှာမခေပါချေ။

      ကျောင်းသားများ မြန်မာစာပေကိုချစ်မြတ်နိုးအောင်  မြန်မာ့ရေမြေတောတောင်သဘာဝအလှကိုတန်ဖိုးထားတတ်စေအောင် တိုင်းရင်းသားများကို လေးစားတတ်စေအောင် စာနာတတ်အောင်၊ ယင်းဒေသများ ဖွံ့ဖြိုးအောင် ကူညီလိုစိတ်တဖွားဖွားပေါ်ပေါက်စေအောင် ဆရာမျိုးကိုယ်တိုင် ဦးဆောင်ထမ်းရွက်ပြ ၍တစ်နည်း၊  သွယ်ဝိုက်ဆုံးမ၍တစ်ဖုံ၊ တိုက်ရိုက် ညွှန်ကြားသည်လည်းရှိပေ၏။ တပည့်များကို ခင်မင်လေ့ရှိသည့်အတိုင်း ငေါက်ငမ်းခဲ၏၊ နားလည်ခွင့်လွှတ်ပေးသည်သာဖြစ်လေ၏။

        ဆရာမျိုး၏ ထူးခြားချက်တစ်ခုမှာ ပျို့ကဗျာများကို စာအုပ်မကိုင်ပဲ အလွတ်ရွတ်ဆိုသင်ပြနိုင်ခြင်းဖြစ်၏။ အင်းဝဆောင်တွင် တပည့်များကဆရာ့ခြေရင်းy၌ထိုင်ကာ တောင်တက်ဒဏ်ကြေရန်၊ ခြေထောက်အရိုးအတက်၊ ဒူးအရွတ်ဝေဒနာစသည်သက်သာစေကြောင်း ဆေးလူးနှိပ်နယ်စဉ်တွင်လည်းကောင်း၊ တောင်တက်ခရီး တောတောင်လျှိုမြောင် တစ်စ်ထောက်နားစဉ်တွင်လည်းကောင်း၊ တောင်ငူဆောင်ဦးချစ်ဆိုင်တွင်လည်းကောင်း ၊ အဖြစ်အပျက်တို့နှင့် လျောက်ပက်သောပျို့၊ လင်္ကာ ၊ မေတ္တာစာစသည်တို့ကို ထုတ်နှုတ်ရွတ်ဆိုလေ့ရှိသည် ။ ” မှတ်ဉာဏ်ကောင်းပါပေ၏” ဟု တပည့်များက မချီးမွမ်းပဲမနေနိုင်တော့ပြီ။ ဤသည်မှာဆရာငယ်စဉ်ကပင် မြန်စာပေနှင့် နိုင်ငံတကာစာပေများကို ကောင်းစွာလေ့လာခဲ့ခြင်းကြောင့်ဖြစ်လေသည်။ ခက်ခဲနက်နဲသော ရှေးမြန်မာကျောက်စာ ၊ကဗျာအကြောင်းအရာစသော “ပါရဂူကျမ်းပြု” စာတမ်းများကို အကဲဖြတ်ရသော ဆရာကြီးဖြစ်သည်သာမက တက္ကသိုလ်မဂ္ဂဇင်း တောင်တက်စာစောင်ဖြစ်မြောက်ရေး စာတည်း၊အယ်ဒီတာ အလုပ်များလည်း အောင်မြင်စွာဆောင်ရွက်ခဲ့သူဖြစ်၍ ရှေးဟောင်းစာပေကော၊ ခေတ်စမ်းစာပေပါ နှံ့စပ်ကြောင်းပေါ်လွင်ပေ၏။

         အသက်အရွယ်ရပြီဖြစ် သော်လည်း ကဗျာ ဉာဏ်၌မူကား လူငယ်များထက်ပင် ထက်မြတ်ပေသေး၏။ ယခုတိုင် တောင်တက်ခရီးစဉ်နှင့်ပက်သက်သော ခံစားချက်များကို ခေတ်စမ်းကဗျာများအဖြစ်စပ်ဆိုလျက်ရှိ၏။ ရသမြောက်ပါပေသည်။
ထို့ပြင်တောင်တက်ခရီးစဉ်အမှတ်တရ လက်ရေးတိုမှတ်တမ်း လိတ်စာစာအုပ်များတွင်လည်း၊ “ရထားအခုန် လက်အတုံမို့ ၊ လက်ရေးသည်းခံပါ” စသော ရယ်ရွှင်စရာ စာချိုးလေးများကို တပည့်များအမှတ်ရဖွယ် ရေးတတ်သူလည်းဖြစ်၏။ အချို့မှာ မပြုံးပဲ ဝါးလုံးကွဲရယ်ရသည်အထိပင်။ စိတ်ကူးကောင်း ဉာဏ်ရွှင်စွာဖြင့် ကျောင်းသားများ တစ်သက်တာအမှတ်တရ သိမ်းထားရအောင် ကောင်းသော ကဗျာ လင်္ကာတိုလေးများဖြစ်၏။ ယင်းတို့မှာလည်းမည်ကာမတ္တမဟုတ် ။ အဓိပ္ပာယ် ဂုဏ်၊ ရသပြည့်စုံသောစာများဖြစ်လေသည်။

             ဆရာသည် လင်္ကာဂီတအရာတွင်လည်း အကြွမ်းဝင်သူဖြစ်၏၊ နေ့စဉ် သီချင်းတညည်းညည်းနှင်လည်း တောင်တက်ခရီးစဉ်များတွင်လည်း စိတ်အားတက်ဖွယ် သီချင်းများကို တပည့်များအတွက် သီဆိုပေးလေ့ရှိသူ ၊ဂီတစွမ်းဖြင့် စိတ်ခွန်အားတက်စေသူလည်းဖြစ်၏။ ကျောင်းသားများ ပျော်ရွှင်စေရန် ဟာသသီချင်းများကို ရယ်မောသီဆိုလေ့ရှိသလို ဇာတိမာန်တက်ကြွဖွယ်၊မျိုးချစ်စိတ်တိုးတက်ဖွယ် သီချင်းများကိုလည်း တပည့်များနှင့်အတူ မီးပုံဘေးတွင်ထိုင်ကာ သီဆိုလေ့ရှိသူလည်းဖြစ်သည်။

တစ်ခါတွင် ရေခဲတောင်ထိပ်စခန်း၌

“အမြင့်ဆုံးသို့ – ရောက်ဖို့ရာ ခြေနာမောဟိုက်ခြင်းကို မာကြောစွာ ဆက်ဆံနိုင်ရမယ်

အမြင့်ဆုံး မရောက်ခင် သိမြင်လိုချင်း ဆန္ဒ ရင်ထဲက လွင့်မကျဖို့လိုတယ် “””””

အစချီသော သစ်လွင်-ဘူမိ၏ အမြင့်ဆုံးသို့ ဟူသော ကဗျာအား ဌာန်ကရိုဏ်းကျစွာရွတ်ဆို၍ တောင်ထိပ်တက်မည့် တပည့်များအား အားတက်ဖွယ် သွန်သင်သော။ ကိုယ်တိုင်ဦးဆောင်သော ဆရာမျိုးအား မည်သည့် တပည့်က မချစ်ခင် မကြည်ညိုပဲ နေပါအံ့နည်း ။။

   လင်္ကာကဗျာ သီချင်းဂီတသာလျင်မဟုတ် ဆရာသည် ခဲချစ်ပုံကလေးများကိုလည်း ရံဖန်ရံခါရေးဆွဲလေ့ရှိသည်။ ဆရာ့အနီးရှိ သတင်းစာစက္ကူထောင့်များ၊ မင်္ဂလာပွဲမွေးနေ့ပွဲဖိတ်စာအဟောင်းများပေါ်တွင် စေတီတော်ပုံ၊ ခြင်္သေ့ပုံ၊ စုလစ်မွန်းချွန်း တန်ဆောင်း ပြသာဒ်နှင့် နန်းတော်ပုံ၊ မြို့ရိုးစသည်ဖြင့် ချစ်စဖွယ် အနုစိတ်လက်ရာသေးသေးနုပ်နုပ်ကလေးများကို ဆရာ့ကိုချစ်ခင်သော တပည့်တစ်ချို့ သတိထားမိချေမည်။ တစ်ခါတွင် တပည့်ကျောင်းသူ ခပ်ဝဝတောင်တက်အသင်းဝင်တစ်ဦး၏ အော်တိုစာအုပ်တွင် အမြီးလိမ်ကောက်ကောက် နှာခေါင်းတွန့်တွန့်နှင့် လက်ရာမြောက်သော ချစ်စဖွယ်ဝက်ပုံကလေးပါ အမှာတရစာနှင့်အတူ အဆစ်ထည့်သွင်းရေးဆွဲပေးသည်မှာလည်း ငိုအားထက်ရယ်အားသန်၊ ဆရာနှင့်တပည့် တစ်သက်မမေ့ဖွယ် အမှတ်တရလေးများ စစ်မှန်သော ခင်မင်မှူများကို ထားတတ်သူပါပေ။

       တပည့်များအား ဆုံးမရာတွင်လည်း တစ်ဦးချင်းစီ၏ စိတ်နေစိတ်ထားကိုလိုက်၍ မည်သို့မည်ပုံပညာပေးလမ်းညွှန်ရမည်ကို သိသူဖြစ်ပါပေသည်၊နှုတ်ဖြင့်ဆောင်မနည်းတစ်ဖုံ၊ စာကောင်းပေမွန်များ လက်ဆောင်ပေး၍ ကိုယ်တိုင်လိုက်နာလိမ္မာအောင် လမ်းပြသည်က တစ်သွယ်နှင့် တပည့်များအပေါ် ဆရာသည် အကျိုးဆောင်ပါပေသည်၊ နူးညံ့စွာကိုင်တွယ်ပါပေသည်ဟူ၍ မချီးမွမ်းပဲမနေနိုင်တော့ပြီ ။

                အထက်အဆိုပါ ဂုဏ် အင်္ဂါ အဖြာဖြာ စိတ္တဗလ ဉာဏ်ပညာ အမြော်အမြင်များနှင့်ပြည့်စုံမွှမ်းထုံသော အဆင်လှကြာ ဆရာမျိုးနှင့် ခွဲခွါရမည့် တပည့်တို့ကား အဘယ်မှာလျင် ဝမ်းမနည်းပဲ နေနိုင်အံ့နည်း။ သို့သော်ဆရာ ပင်စင်ယူချိန်ကျပြီဖြစ်၍ သူချစ်သော တက္ကသိုလ်ကျောင်းတော်ကြီး၊ တောင်တက်အသင်းတို့နှင့် တာဝန်ဝတ္တရားများနှင့် ခွဲခွါရပေတော့မည်။ ကျောင်းသားများ တပည့်များနှင့် ချစ်စဖွယ်ဆက်ဆံရေးကား ခွဲခွါရသော်လည်း ပျက်စီးအံ့မထင်။ ခွဲခွါရန်ကား မည်သို့မျှ တားဆီးမရ ။ ဤသို့ တားဆီးမရ ခွဲခွါရမည်ဖြစ်သော်လည်း ကျွန်တော်တို့ ဆရာကြီး ဦးမျိုးသန့်မှာ အေးအေးချမ်းချမ်း ကျန်းကျန်းမာမာဖြင့် အသက်တစ်ရာ့နှစ်ဆယ် ရှည်ပါစေ သောဝ် ၊ သာသနာ့အကျိုး ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ပါစေ သောဝ် ၊ တောင်တက်အသင်းနှင့် လူမှူကရူနာလုပ်ငန်းများကို ဆထက်ထမ်းပိုးခေါင်းဆောင်မှူပြု အောင်မြင်ပါစေသောဝ်ဟူ၍ တောင်တက်သမားအပေါင်း၊ တက္ကသိုလ်ကျောင်းသား တပည့်သစ် တပည့်ဟောင်းအပေါင်းတို့က နှစ်နှစ်ကာကာ ဆုတောင်းလိုက်ရပါတော့ သတည်း။

194078_1475026534972_3506177_o

with saya myo during 2009 Mt.SaraMayTi expedition in Sagain Region.

ဝန်ခံချက် ။ အောက်ပါ စာများရေးသားရာတွင် ဆရာသိပ္ပံမောင်ဝ၏ တက္ကသိုလ် ဆရာကြီးဦးပွါး ဟူသောဆောင်းပါးအား အပြည့်အဝကူးချထားကြောင်း ဝန်ခံအပ်ပါသည်။

Copied the Main body of article from the book  သိပ္ပံမောင်ဝ – စာပေ ယဉ်ကျေးမှု(ဒုတိယအကြိမ် နှာ-၃၂၇-၃၃၀ )

Posted in Biography, Essay, Memorial | Tagged , , , , , , | Leave a comment

Mt.Hkakaborazi/GamlangRazi route coordinates

Putao
27°20’4.12”N 97°25’46.75”E

Machanbaw
27°18’30.35”N 97°34’56.88”E

Allanga
27°17’21.41”N 97°42’55.48”E

HtanGa
27°17’58.25”N 97°49’36.37”E

Ba Baw
27°22’21.59”N 97°53’32.40”E

Gattu
27°28’11.61”N 97°57’29.45”E

Naung Moon
27°30’6.65”N 97°49’6.02”E

Kawle
27°37’32.60”N 97°54’9.29”E

Ngawa
27°49’57.33”N 97°45’47.70”E

Gawai
27°57’11.17”N 97°39’40.34”E

Ta Zung Dann
28° 2’32.39”N 97°34’15.62”E

Ta Su Htu
28° 3’4.55”N 97°38’56.24”E

TaHaungDann
28°10’13.69”N 97°40’27.30”E

(thanks a lot to KoSoeThuWin for providing the coordinates from Putao to TaHaungDann)


Mt.GamlangRazi

28°18’25.03”N 97°28’04.83”E   (Google Earth Ref : )

(  28.30596°N   97.46803°E location courtesy of GamlangRazi  2013 USA/Myanmar Expedition Record )

AndyTyson led USA team recorded the summit of GamlangRazi with Juniper Archer2 : acquiring the GPS data of summit for 20 minutes ( measured as Longitude: E 97 28’04.64641”Mean Sea Level Height: 5870.084 meters (+/- 2 meters) 2013 September 7)


Mt.Hkakaborazi
28°19’41.76”N 97°32’09.29”E     (Google Earth Ref : )

221565_3101071425078_928414164_o

Posted in Mountaineering, Myanmar | Tagged , , , , , , , , | Leave a comment

ခါကာဘိုတောင်ထိပ်ကို နောက်ထပ်ဘယ်သူခြေချနိုင်အုံးမလဲ

 “”” Ye Min Thu  “””””ခါကာဘိုတောင်ထိပ်ကို နောက်ထပ်ဘယ်သူခြေချနိုင်အုံးမယ်ထင်လဲ Nyi Nyi Aung Doelone ခုတက်တဲ့ အမေ၇ိကန်ရော ဂျပန်ပါ မရောက်ဘူးဆိုတော့လေ “””””””

အပေါ်က မေးခွန်းက ကိုရဲမင်းသူ က ကျွန်တော့ရဲ့ post တစ်ခုအောက်မှာမေးထားတဲ့ မေးခွန်းပါ

( ကိုရဲမင်းသူဟာ မြန်မာ-ဧဝရတ် တောင်တက်အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ် ၊ လတ်တလော ခါကာဘိုရာဇီ ပျောက်ဆုံးတောင်တက်သမားနှစ်ဦးကယ်ဆယ်ရှာဖွေရေးအဖွဲ့မှာတောင်ပေါ်ထိ လိုက်လံရှာဖွေပါဝင်ခဲ့တယ် ၊ နီပေါက မီတာ ၆၀၀၀ကျော် IslandPeak/ImjaTse တို့ကိုတက်ထားပြီး မနှစ်က ဂမ်လန်ရာဇီ အခြေခံစခန်းအဖွဲ့မှာလည်းပါဝင်ခဲ့သူမို့ သူ့မေးခွန်းကို ပေါ့ပေါ့ဖြေရင် အမေးဘုရားအလောင်း အဖြေနွားကျောင်းသားဖြစ်ဖွယ်ရာပါပဲ )  ဒီအကို့ မေးခွန်းက ကျွန်တော်ဖြေရလောက်အောင် လက်လှမ်းမမီတော့ စာတွေပြန်ရှာ ဖတ်ရပါတယ် အချက်အလက်တွေကိုးကားပြီး ကြိုးစားပြီး ဖြေကြည့်ထားပါတယ်

cropped-cropped-241250_1563211459540_7626357_o1.jpg
ဒီမေးခွန်းက ဖြေရခက်ပါတယ် ဘယ်သူဘယ်ဝါ ***လူနာမည် မောင်ဖြူ မောင်နီ  ****”ဘာညာ တောင်တက် ဖောင်ဒေးရှင်း ကလပ်” ****ဘယ်နိုင်ငံခြားသား ကတော့ဖြင့်ရောက်နိုင်တယ်ဆိုပြီး ဖြေလို့မရပါ

မောင်ဖြူတို့ ဘယ်လို တက်ခဲ့တယ် ၊ မောင်နီတို့ ဘယ်လို တက်ရင် ရောက်နိုင်တယ် ဆိုတာလောက်ကို သင်ခန်းစာယူပြီး ဆွေးနွေးရင်တော့ နီးစပ်တဲ့ အဖြေထွက်နိုင်ပါတယ် ။

  • Alpine Style နဲ့ တက်မလား   ??
  • Expedition Style နဲ့ တက်မလား  ???

ဆိုတဲ့ အပေါ်လည်းမူတည်ပါတယ်

  • ( ၉၅/၉၆ အိုဇာကီ Expedition Style နဲ့ပဲတက်သွားတယ် )
  • (၂၀၁၄ သဘာဝခေါ်သံ မှာအားပူနဲ့ အမ်းကွန်းလိုက်ပို့ပြီး dumping လုပ်တာလေးက Expedition Style ပုံစံပေါက်ပေမဲ့ တစ်ကယ်တော့ Alpine Style လို့ပြောလို့ရတယ် )
  • ( ၂၀၁၄ အမေရိကန်အဖွဲ့က လုံးဝ Alpine Style နဲ့ တက်သွားတယ် )
  • ( ၂၀၁၄ ဂျပန်အဖွဲ့တော့ မပြောတက်ဘူး Alpine Style ပဲဖြစ်ဖို့များတယ် )

(သမိုင်းကြောင်းအရတော့ ဒီတောင်ဟာ တစ်ကယ့် တောင်တက်သမား ရင့်မာကြီးတွေ ခက်ခက်ခဲခဲတက်ယူရတောင်မှ ရာသီဥတုနဲ့ ကံတရားက ကိုယ့်ဘက်မပါရင် အသက်ပြန်ပါအောင် မနည်းပြန်လာရတဲ့ တောင်မျိုး )

ဥပမာပြောရရင် အန်ဒီ ၁၉၉၇ လောက်ကတည်းက ခါကာဘိုကို လေ့လာခဲ့တယ် စာကြည့်တိုက်မှာ မြေပုံရှာ အချက်အလက်ရှာပြီး research တွေသေချာလုပ်ထားပြီးတော့ သူ ၁၇နှစ်အကြာမှ ဂမ်လန်ရာဇီကို တက်ဖြစ်တယ် ၊တစ်ခါတဲနဲ့ အောင်မြင်လို့ ဂမ်လန်က လွယ်တယ်လို့တော့ပြောလို့မရဘူး ၊ နောက်ချန်အဖွဲ့တွေရဲ့ logistics အင်အားက expedition အောင်မြင်ရေးမှာ အများကြီး စကားပြောသွားတယ်  ( ပြီးတော့ သူတို့ ကံကောင်းတာလည်းပါတယ် ) လမ်းကြောင်းအရွေးမှန်တာလည်းပါတယ် ၊
( အန်ဒီက အနောက်တောင်ဘက် ရေခဲမြစ်ကနေ ဂမ်လန်ရဲ့ အနောက်ဘက် တောင်ကျောအတိုင်းတက်သွားတယ် )

ဒီနှစ်အမေရိကန်အဖွဲ့ကော ဂျပန်အဖွဲ့ကော ခါကာရဲ့ အနောက်ဘက် တောင်ကျောကပဲတက်ကြတယ်
မြေပုံထဲမှာ ခါကာ west ridge က ဂမ်လန် west ridge ထက် ၂ဆနီးပါး ပိုရှည်တယ်   ကျောက်သားအနေအထားက မီတာ ၅၀၀၀ကျော်လောက်မှ အန်ကာကောင်းကောင်း မြဲလောက်အောင်မာတယ်ဆိုတော့ base camp ကနေ မီတာ၅၀၀၀ကိုတက်ရတဲ့ အပိုင်းက ခက်နိုင်တယ်

အိုဇာကီလည်း ဒီလိုပဲ မတက်ခင်မှာ အတော်လေး လေ့လာခဲ့တယ် ၊ ၁၉၉၅ မှာ မိသားစုလိုက် လာတယ် ( သူ ခါကာမတက်ခင် မီတာ ၈ထောင်အထက် တောင် ၁၄ခု ( 14 8000ders ) မှာ ၉ခုကို တောင်ထိပ်ထိတက်ခဲ့ပြီးသား ၊ Everest ဧဝရတ်တောင်ထိပ်ကို ၂ခါတိတိ ရောက်ပြီးသားသူတစ်ယောက်အနေနဲ့ လာတက်တာ ) ၊ သူ့ကို စပွန်စာပေးတဲ့ တီဗီအစာဟိ (TV-ASAHI ) က ရိုက်ကူးရေးအဖွဲ့ကလည်း K2 ကေတူး တက်ပြီးသားဘဲတွေပါတယ်ဆိုတော့၊သူတို့climbing team ရဲ့ manpower အနေအထားကို တွေးကြည့်လို့ရတယ် ၊

၉၅ မှာ ပေတစ်သောင်းခြောက်ထောင် Camp 2 ( 16000 ft++ ) ကနေ ပြန်ဆင်းလာပြီး ဗိုလ်မှူးကိုင်ခန်မုန်နဲ့ အိုဇာကီ တိုင်ပင်ပြီး ဆက်မတက်ပဲ ပြန်ခေါက်တယ် ၊ ၉၆ ပြန်တက်တယ် ၊ အမ်းဆေး ရဲ့ အကူအညီကော ပြင်သစ်ပြန် ကိုသက်ထွန်းတို့ ကိုစိုးမိုးတို့ အကူအညီကော ရာသီဥတုကော အားလုံးသောအချက်တွေကြောင့် တောင်ထိပ်ကို ရောက်တယ် ဆရာပိုင်ကိုယ်တိုင် base camp အထိလိုက်တယ် ၉၆က( ပြောရရင် – တဟောင်ဒမ်းကိုပြန်ပြေးပြီး မီးဖိုပြန်ယူတဲ့ သူကြီးကအစ ခါကာဘို အောင်နိုင်ရေးရဲ့ သော့ချက်တွေပဲ )

ခါကာကို Alpine Style နဲ့ တက်တာ က Risk အရမ်းများတယ် ,
ဒီတောင်ပေါ်မှာ weather/visibility မကောင်းလို့ သွားမရရင် မလွယ် ၊

ခါကာဘိုကိုExpedition Style နဲ့ တက်တာ အောင်မြင်ဖို့ ပိုသေချာမယ်၊ အသက်အန္တရယ်ပိုပြီး နည်းနိုင်မယ်…….

ကျွန်တော့မှတ်ချက်ကတော့

  • ခါကာဘိုတက်ဖို့ ဒေသခံ တိဘက်လူမျိုးတွေရဲ့ အကူအညီအဓိကလိုမယ် ၊
  • ပြီးတော့ တစ်ယောက်ကောင်းနဲ့ တက်လို့ရတဲ့တောင်မဟုတ်ဘူး
  • အဖွဲ့လိုက် teamwork လှုပ်ရှားမှူကောင်းကောင်းနဲ့
  • တောင်အောက်ကနေ
    summit team အတွက် support လုပ်ပေးမဲ့ တောင်တက်သမား တွေ ရဲ့အကူအညီနဲ့
  • ရာသီဥတုကို စောင့်ပြီး တက်နိုင်ရင်
  • နည်းစနစ် ပြည့်ဝတဲ့ ဘယ်တောင်တက်အဖွဲ့မဆို

ရောက်နိုင်တယ်လို့ပဲ ဖြေရမှာပဲ ။


စာကြွင်း – Alpine style နဲ့ expedition style ဆိုတာလေး အနှစ်ချုပ်နဲ့ သူတို့ရဲ့ကွာခြားချက်

*************Alpine style က တက်တဲ့အခါ ရိက္ခာ၊ တဲ၊တောင်တက်ဂီယာတွေအားလုံးကို တစ်ခါတည်းသယ်သွားပြီး တောင်စဉ်စခန်းစဉ်တစ်ထို တောက်လျှောက် တောင်တက်တာမျိုး…………..

****************expedition style ကကြတော့ တောင်တက်လမ်းကြောင်းမှာ တက်ဖို့ fixed line ဆိုတဲ့ တောင်တက်ကြိုးတွေဆင်တယ် ၊ ပြန်ဆင်းတယ် ၊ တောင်ပေါ်စခန်းထောက်ပို့ လုပ်တယ် ( ရိက္ခာ၊ တဲ climbing gear စတာကို တောင်တက်သမားကိုယ်တိုင်ဖြစ်စေ နောက်ချန်အဖွဲ့ဝင်တွေက ဖြစ်စေ တောင်ပေါ်စခန်းအဆင့်ဆင့် ရိက္ခာ ပုံပြီးတော့မှ ) အခြေခံအခန်းကနေ တောင်မြင့်စခန်း တောင်ထိပ်စခန်း တောင်ထိပ် စသည်ဖြင့် အဆင့်ဆင့်တက်တာမျိုး ……………………..

  • #Alpine style က မြန်တယ် သွက်တယ် အန္တရယ်များတယ် ရိက္ခာအကန့်အသက်နဲ့ အချိန်တိုတွင်း ပါတဲ့ ပစ္စည်းနဲ့ တက်ရတာ
  • # Expedition Style က ပြင်ဆင်ချိန်ပိုများတယ် ကြာတယ် ငွေကုန် ကြေးကျပိုများပါတယ်

( Alpine style နဲ့ expedition style ကွာခြားချက် အသေးစိပ်နောက်မှရေးပါဦးမယ်)

Posted in Hkakaborazi, Mountaineering, Myanmar | Tagged , , | Leave a comment